← Chapters

အရူးဧကရာဇ်ရဲ့ ဒေါသ

Vol. 56 Ch. 4.356

အရူးဧကရာဇ်ရဲ့ ဒေါသ

Vol. 56 Ch. 4.356

သခင်ကျားဖြူ၏ မျက်နှာတွင် ဝမ်းနည်းမှုအပြည့် ရှိ​နေသည်။

"အစတုန်းက တစ္ဆေလိုဏ်ဂူ ဘယ်နေရာ ဘယ်အချိန်မှာ ပေါ်လာမယ် ဆိုတာကို ဘယ်သူမှ မသိခဲ့ကြဘူး... ဒါပေမဲ့ အဲဒီလိုဏ်ဂူ ပေါ်လာတဲ့ နေရာဆိုရင် မြုံနေတဲ့ နေရာကြီး ဖြစ်သွားလိမ့်မယ် အရင်တုန်းက ဓားသွားကျား သားရဲတွေ၊ ရွှေမျက်လုံး သားရဲတွေ ရှိခဲ့ဖူးတယ်။ သူတို့တွေ ခဏတာလောက် ထင်ရှားခဲ့ပေမယ့် အားလုံးက တစ်ခုခုကြောင့် တွင်းနက်ကြီးထဲ မျိုချခံလိုက်ရတယ်"

ထို​အုပ်စုနှစ်စု အကြောင်း ပြောလိုက်သောအခါ နတ်ဆိုးသားရဲ တချို့၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုနှင့် ထိတ်လန့်မှုများ ရှိနေဆဲဖြစ်တာကို လုရွှမ် သတိပြုမိခဲ့သည်။

“နောက်ဆုံးတော့ သဲလွန်စ တစ်ခုကို ရှာတွေ့ခဲ့တယ်.... တွင်းနက်တွေက နှစ်ငါးဆယ်မှာ တစ်ကြိမ် ပေါ်လာတတ်ပြီး နတ်တောင်တန်း လှုပ်ရှားတဲ့အခါ ပေါ်လာမယ်လို့ မျိုးနွယ်စုတွေက ခန့်မှန်းခဲ့ကြတယ်.... ဒါပေမဲ့ အခုအချိန်မှာတော့ နတ်တောင်တန်းတွေ အကုန်လုံး လွင့်ထွက်သွားပြီဆိုတော့ တစ္ဆေလိုဏ်ဂူလည်း ကြိုပြီးပေါ်လာ​လောက်တယ်"

ထို့နောက် မြွေအိုကြီးက

"နတ်တောင်တန်းတွေမှာ ဝိညာဥ်စွမ်းအင် လှိုင်းထန်တဲ့ အခါတိုင်း တစ္ဆေလိုဏ်ဂူတွေ ပေါ်လာတတ်တယ်.... အမှန်တော့ နတ်တောင်တန်း လှုပ်သွားရင်း ကျန်ခဲ့တဲ့ တွင်းနက်တွေကြောင့် ဖြစ်နိုင်တယ်.... တွင်းနက်ကြီး တစ်ခုပေါ်လာတဲ့ အခါတိုင်း နတ်တောင်တန်းတွေပါ လှုပ်ခါသွားတာ... အကြောင်းအရင်းကိုတော့ ငါတို့အခုထိ အဖြေရှာလို့ မရသေးဘူး"

"ဒါပေမဲ့ သေချာတာတစ်ခုက အဲဒီအနက်ရောင် တွင်းပေါက်မှာ လျှို့ဝှက်ချက် တစ်ခုရှိတယ်.... ဒီလျှို့ဝှက်ချက်ကို ရှာတွေ့နိုင်သရွေ့ ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်မှာ တစ္ဆေလိုဏ်ဂူ ရှိတော့မှာ မဟုတ်ဘူး"

လုရွှမ်သည် နတ်ဆိုးမျိုးနွယ်မှာ ဒီလို ပြဿနာ ကြီးကြီးမားမား ရှိထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒီလျှို့ဝှက်ချက်ကို စောစော သိခဲ့မယ်ဆိုရင် နတ်ဆိုးမျိုးနွယ်တွေဟာ စိုးရိမ်ခြင်းမဲ့ ပင်လယ်ရဲ့ ဧရိယာထဲကနေ ထွက်သွားဖို့ သတ္တိရှိမှာ မဟုတ်ပါဘူး။

လုရွှမ်ရဲ့ ခန့်မှန်းချက်က မှန်ကန်​ပေသည်။ အထူးသဖြင့် ဤတစ်ကြိမ် နတ်တောင်တန်းကြီး မြင့်တက်သွားတာက မဟာသူတော်စင်နဲ့ ကောင်းကင်ဘုံသခင်တို့ကို အကြီးအကျယ် ထိတ်လန့်စေခဲ့သည်။ နတ်တောင်တန်း ပျောက်သွားပြီဆိုတော့ နောက်ဆို တစ္ဆေလိုဏ်ဂူတွေ ထပ်ပေါ်လာဦးမှာ မဟုတ်ပါလား။

သို့သော် တစ္ဆေလှိုဏ်ဂူကြီး အမှန်တကယ် ပေါ်လာတာက တိတ်တဆိတ် အကွက်ချချင်နေခဲ့သော နတ်ဆိုးမျိုးနွယ်ကို စိတ်ပူသလို ခံစားရစေသည်။

မဟုတ်ရင် နတ်တောင်တန်းရဲ့ အခင်းအကျင်း ပြိုကွဲသွားတဲ့ အခိုက်အတန့်မှာ ဒီနတ်ဆိုးသားရဲတွေဟာ တိမ်ပင်လယ် နယ်မြေကြီးကို သိမ်းပိုက်ဖို့ စိုးရိမ်ခြင်းမဲ့ ပင်လယ်ထဲကနေ ထွက်ခွာသွားကြမှာ မဟုတ်ပါလား။

တစ္ဆေလှိုဏ်ဂူက တိတ်တဆိတ် ပျောက်ကွယ်သွားမလား ဒါမှမဟုတ် ဆက်လက် တည်ရှိနေမှာလား ဆိုတာ မသိပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ္ဆေလိုဏ်ဂူက အဲဒီ​နေရာက မျိုးနွယ်စုကို ဝါးမြိုသွားပါလိမ့်မယ်။ တစ္ဆေလိုဏ်ဂူဟာ နတ်ဆိုးမျိုးနွယ်တွေရဲ့ ဦးခေါင်းပေါ်မှာ ချိတ်ဆွဲထားတဲ့ ဧရာမဓားနဲ့ တူနေ၏။

မဟုတ်ပါက ဒီလောက်များသော ကောင်းကင်ဘုံသခင်များ အတွက် စိုးရိမ်ခြင်းမဲ့ပင်လယ်၏ အခင်းအကျင်းကို ဖြတ်ကျော်ရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။

လုရွှမ် ခဏမျှ တုံ့ဆိုင်းသွားသည်။ တစ္ဆေလိုဏ်ဂူရှိနေရင် ဒီနတ်ဆိုးတွေ လူသားတို့ဘက်ကို မကျူးကျော်နိုင်ပေ။ တစ္ဆေလိုဏ်ဂူရဲ့ ပြဿနာကို သူဖြေရှင်းလိုက်ရင် ဒီနတ်ဆိုးတွေအတွက် အဆင်ပြေသွားမှာ မဟုတ်ဘူးလား။

သို့သော် နတ်တောင်တန်းပေါ် တက်လာပြီးနောက် ဤတစ္ဆေလှိုဏ်ဂူသည် ဆက်လက်တည်ရှိ နေဦးမှာလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေဆဲပင်။ သူ့စကားအတိုင်း နောင်တရပါပြီလို့ ပြန်ပြောလိုက်ရင် ဒီနတ်ဆိုးတွေက ကျူးကျော်ဖို့ ဆင်ခြေပေးလာလိမ့်မယ်။

"ဘာလဲ? အရူးဧကရာဇ် မရူးတဲ့နေ့လည်း ရှိသေးတာလား? အခု ကြောက်သွားတာများလား?"

လုရွှမ် လှောင်ရယ်လိုက်ပြီး ဒီဒေါသလေးကို သတ္တိရှိရှိ အသုံးချလိုက်ဖို့ သူက မြွေအိုကြီးကို ကြည့်ပြီး

"အရူးဧကရာဇ် ငါက ကတိပေးထားတဲ့ ကိစ္စကို သေချာပေါက် လုပ်မှာပါ... ဒါပေမဲ့ ငါစကားလုံးတချို့ကို ဒီမှာပဲ တိုက်ရိုက် ချန်ထားခဲ့မယ်.... ဘာပဲပြောပြော ငါတစ္ဆေလိုဏ်ဂူ ကိစ္စကို ဖြေရှင်ခဲ့သည်ဖြစ် မဖြေရှင်းခဲ့သည် ဖြစ်စေ ငါ အသက်ရှင်နေသေးသရွေ့ မင်းတို့ရဲ့ ကတိကိုလည်း စောင့်ထိန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"

သူစကားပြောနေစဉ် အတွင်း သခင်ကျားဖြူ အပါအဝင် ကောင်းကင်ဘုံသခင် အားလုံးကို ရွှေရောင် တောက်ပသော စူးရှသည့် မျက်လုံးများဖြင့် ကြည့်နေသည်။

"ဒီကိစ္စမှာ မင်းတို့ ငါ့အတွက် တွင်းကြီးတူးထားပြီး လုပ်ကြံထားလည်း ငါ ဂရုမစိုက်ဘူး.... မင်းတို့ သဘောတူထားတဲ့ အခြေအနေတွေကို လိုက်နာရမယ်.... မဟုတ်ရင် ငါမင်းတို့လို ကျင့်ကြံမှု အဆင့်ကို ရောက်လာခဲ့အခါကျရင်တော့ မင်းတို့ ဘာမှ လုပ်လို့မရဘဲ ဖြစ်သွားမယ်... မင်းတို့အားလုံး ငါ့ဒေါသကိုတော့ သိလောက်မှာပါ"

လေအေးတစ်ချက် ဝေ့တိုက်သွားသည်။ မဟာသူတော်စင်ကြီးတွေ အားလုံး သူတို့ရဲ့ အင်္ကျီထဲမှာ အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရ၏။ လုရွှမ်ကို ပိုပြီး လေးနက်တဲ့ အကြည့်နဲ့ ကြည့်နေတဲ့သူကတော့ သခင်ကျားဖြူပဲ ဖြစ်လေသည်။

လုရွှမ်က ဘယ်သူလဲ? သူဟာ အရင်ဘဝက အရူးဧကရာဇ် ဖြစ်ပြီး မာနကြီးတဲ့ နတ်ဆိုးဧကရာဇ်ကိုတောင် သတ်ခဲ့တဲ့လူလေ။

မြွေအိုကြီးလည်း သူ့စိတ်ထဲတွင် အေးတိအေးစက် ဖြစ်သွားသလို ခံစားလိုက်ရပြီး တခြား ကောင်းကင်ဘုံသခင်ကို မဝံ့မရဲ ကြည့်နေလေသည်။ တချို့က မနှစ်သက်ကြသော်လည်း တချို့မှာ သတိကပ်​​နေကြပြီ။ တစ်ဖက်လူများဟာ အရူးဧကရာဇ် လုရွှမ်ရဲ့ အထောက်အထားက ဘယ်ကလာတယ် ဆိုတာ မသိကြသော်လည်း သူကတော့ ကောင်းကောင်း သိသည်။

"ငါတို့ ကောင်းကင်ဘုံမြွေမျိုးနွယ်က ငါတို့ရဲ့ကတိတွေကို စောင့်ထိန်းပါ့မယ်လို့ ငါကတိပေးတယ်"

မြွေအိုကြီးက ရုတ်တရက် ထအော်လိုက်တယ်။

တခြားလူများက မြွေအိုကြီးကို အံ့အားသင့်စွာ ကြည့်လိုက်​​ကြသည်။ ဒီအဘိုးကြီး အကြောင်း သူတို့ ကောင်းကောင်းသိပါ၏။ ဒီလူဟာ ခေါင်းမာတဲ့ သူဆိုတာ သေချာပါတယ်။ သူဘာကိုမှ အလွယ်တကူ မဖော်ပြတတ်သလို တစ်ခါတလေ ပြက်သားတဲ့ သဘောထားမျိုးနဲ့ ပြုမူတတ်သူပင်။

ဒီလိုအရေးကြီးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရပ်တည်ချက်ကို ပထမဆုံး ဖော်ပြလာမယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီး သူ့စိတ်ထဲမှာ ချိုမြိန်တဲ့ အရာတစ်ခုတော့ ရှိရမယ်။

အားလုံး ထိတ်လန့်သွားတော့သည်။

မြွေအိုကြီးကလည်း တကယ်ကို ထိတ်လန့်နေပေမယ့် လူအုပ်ရှေ့မှာ သူ့ရဲ့ ထိတ်လန့်တကြား အပြုအမူကို ထုတ်ပြလို့ ဘယ်ဖြစ်ပါ့မလဲ။ သူက အေးဆေးတည်ငြိမ်စွာ ဟန်ဆောင်ကာ

"ငါတို့ နတ်ဆိုးမျိုးနွယ်က ကတိတရားကို အမြဲ မစောင့်ထိန်းတတ်တဲ့ လူသားမျိုးနွယ်လို မဟုတ်ဘူး..... အခြေအနေသုံးရပ်ကို သဘောတူပြီးပြီ ဆိုမှတော့ အရူးဧကရာဇ် မင်းလုပ်နိုင်ရင် ငါကကတိပေးထားပြီးသားပဲ မင်းရဲ့ အရည်အချင်းကိုတော့ ဒီမြွေကြီးက ယုံတယ်"

ကောင်းကင်ဘုံသခင် အားလုံးက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြပြီး သူတို့ မျက်လုံးများက သခင်ကျားဖြူဆီ ရွေ့သွားကာ စူးစိုက်ကြည့်နေကြသည်။

သခင်ကျားဖြူမှာ ဒီအကြောင်းကို တွေးမိပြီးသားဖြစ်သလို မြွေအိုကြီးရဲ့ တွေးခေါ်ပုံကိုလည်း သဘောပေါက်ပေမယ့် မြွေအိုရဲ့ ပြောဆိုချက်ကလည်း သူ့ကိုလည်း သတိရှိသွားစေသည်။ အမှန်တော့ လုရွှမ် အရင်ဘဝရဲ့ အရူးဧကရာဇ် စရိုက်က ဘယ်လိုလဲဆိုတာ သူလည်း ကောင်းကောင်းသိသည်။

ဒီဘဝက ပါရမီဟာ ယခင်ဘဝကထက်ပင် ပိုကောင်းနေပုံရသည်။ အနာဂတ်မှာ သူ ဘယ်အဆင့်ထိ ရောက်သွားမယ်ဆိုတာ မှန်းဆလို့ မရနိုင်တာတော့ အမှန်ပင်။ ဒီလိုလူကို ပြဿနာ သွားရှာဖို့ နေနေသာသာ သူ့ကို သွားမစော်ကားမိတာက ပိုကောင်းလိမ့်မည်။

ထို့အပြင် သူ့သမီးနဲ့ လုရွှမ် အကြားက ဆက်ဆံရေးဟာ အနာဂတ်မှာ အခွင့်အလမ်း တချို့ကို ရရှိနိုင်သည်။

"မြွေအိုကြီး ပြောတာမှန်တယ်.... ငါတို့က နတ်ဆိုးအနွယ်ပဲ ငါတို့ကတိက ရွှေတစ်ထောင်လောက် တန်ရမယ်"

တခြားလူများမှာ နှလုံးသားထဲတွင် ရှုပ်ထွေးနေသေးသော်လည်း လိမ္မာပါးနပ်သော မြွေအိုကြီး နှင့် အစွမ်းထက်သော သခင်ကျားဖြူကြီးတို့က ဒီနည်းလမ်းနဲ့ သူတို့ ထင်မြင် ယူဆချက်များကို ဖော်ပြလာကြတာကို တွေ့လိုက်ရသဖြင့် သူတို့မသိသော လျှို့ဝှက်ချက်တချို့ ရှိရမည်ဟု သိလိုက်ကြသည်။

မကျူးကျော်ချင်ရင် မကျူးကျော်တော့ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်တာကလည်း ဘာပဲဖြစ်ဖြစ် ခွန်အားကို အားကိုးရတာပဲ မဟုတ်လား။ သူတော်စင်အဆင့် လူသားတစ်ဦးက သူတို့ နတ်ဆိုးမျိုးနွယ်ကို လွှမ်းမိုးလိုသော လှည့်စားမှုတစ်ခု ဖြစ်နိုင်သည်။

"ကျုပ်တို့ သခင်ကျားဖြူ ပြောတာ နားထောင်ပါ့မယ်"

လုရွှမ်လည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သခင်ကျားဖြူနဲ့ ပတ်သက်ရင်တော့ အလွန်စိတ်သက်သာရာ ရနေသေးသည်။ ဤသူသည် ရေရှည်အမြင် မရှိသော လူမဟုတ်ပေ။

"ကောင်းပြီ ဒါဆို ပြေလည်သွားပြီ.... နှစ်ရက်နေရင် တစ္ဆေလိုဏ်ဂူကို သွားကြမယ်"

နောက်ပိုင်း အချိန်များတွင် လုရွှမ်သည် တစ္ဆေလိုဏ်ဂူ အကြောင်းအရာများကို လေ့လာပြီး အချက်အလက်များ ရှာဖွေသော်လည်း နတ်ဆိုး ကောင်းကင်ဘုံသခင်တွေ ပြောတဲ့အတိုင်း ကြည့်စရာက ဘာမှမရှိပေ။ တစ္ဆေလိုဏ်ဂူထဲကို လူကိုယ်တိုင် ဝင်ရောက်ခြင်းကသာ တကယ့် လျှို့ဝှက်ချက်များကို ရှာဖွေနိုင်မှာပဲ ဖြစ်သည်။

နှစ်ရက် ကြာပြီးနောက် တစ္ဆေလိုဏ်ဂူ ရှေ့တွင်။

တစ္ဆေလိုဏ်ဂူများ အကြောင်း ဒဏ္ဍာရီများစွာကို ကြားသိပြီးနောက် လုရွှမ် အနည်းငယ် စိုးရိမ်နေသော်လည်း သဘာဝကျကျ ကျောက်စိမ်း အမှတ်အသားရှိလို့ လုရွှမ် သတ္တိအပြည့် ရှိ​နေသည်။ သို့သော်လည်း ကျားဖြူလေးကို သခင်ကျားဖြူထံ ပေးလိုက်စဥ် ကျားဖြူလေးက သူ့နောက်လိုက်ရန် အော်ဟစ်နေတာကြောင့် အဖေဖြစ်သူဆီ ဆူပူမှုကို ခံခဲ့ရသည်။

တစ္ဆေလှိုဏ်ဂူကြီးသည် ကြီးကြီးမားမား မဟုတ်ပေ။ ယခုအခါ အချင်းတစ်ပေခန့်သာ ရှိတော့သည်။ အပြင်ကနေ အတွင်းထဲအထိ ဘာကိုမှ မမြင်နိုင်သလို ထူးခြားတဲ့ အငွေ့တွေ ထွက်လာတာကိုလည်း မတွေ့ရဘဲ အရမ်းငြိမ်သက်နေသည်။

သခင်ကျားဖြူရဲ့ အဆိုအရ တစ္ဆေလိုဏ်ဂူဟာ အဆက်မပြတ် ချဲ့ထွင်နေပြီး နောက်ပြန်လည်း ကျုံ့သွားတတ်၏။ အဲဒီကာလမှာ မထွက်လာနိုင်ရင် သေမှာ သေချာလေသည်။

All Chapters