တစ္ဆေမီးတောက်ကို ဖျက်စီးခြင်း
Vol. 56 Ch. 4.357
"မြွေအိုကြီး သွားကြရအောင်"
လုရွှမ်က ဆိုလိုက်သည်။
မြွေအိုကြီးကတော့ သူ့မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်နေသည့် အကြည့်များဖြင့် သနားစရာ ကောင်းနေသည်။ သူ့ခမျာ သေရန် အသင့်ဖြစ်နေပုံ ပေါ်သော်လည်း သူ့မျက်နှာပေါ်က ထိတ်လန့်မှုကိုတော့ မဖုံးကွယ်နိုင်ဘဲ တခြား ကောင်းကင်ဘုံသခင်များကိုပင် ရယ်မောစေခဲ့သည်။
ဒီလူကြီးက သူ့ဘဝတစ်လျှောက်လုံး တခြားသူတွေကို လုပ်ကြံနေခဲ့တာလေ။ အခု သူ့ကိုယ်သူ ပြန်လုပ်ကြံခံလိုက်ရပြီ ဆိုတော့ ဘယ်လိုလုပ် ပျော်ပါတော့မလဲ။ တခြားလူတွေ အတွက်ကတော့ တကယ်ကို ကျေနပ်စရာ ကောင်းနေသည်။
လုရွှမ် မတွန့်ဆုတ်နေဘဲ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်၍ စစ်ဆေးကြည့်လိုက်သော် ဝိညာဉ်စွမ်းအားကို တားဆီးထားနိုင်သည့် နားမလည်နိုင်သော စွမ်းအားတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ လုရွှမ် ခုခံဖို့ မကြိုးစားနေဘဲ ခုန်ဆင်းလိုက်ပေသည်။
မြွေအိုကြီးသည် လုရွှမ်နှင့် ခွဲခွာလိုက်လျှင် အန္တရာယ် ကျရောက်လာမည်ကို စိုးရိမ်တာရော အကြောင်းပြချက်မရှိဘဲ တစ္ဆေလိုဏ်ဂူ အတွင်း သေဆုံးမှာကို စိုးရိမ်တာကြောင့်ရော လျင်မြန်စွာ လိုက်ခုန်ဆင်းသွားခဲ့သည်။
လုရွှမ် သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ကာ မြွေအိုကြီးကို ချည်နှောင်ဖို့ ကြိုးတစ်ချောင်းအား လွှတ်လိုက်သည်။ နောက်ဆုံးတော့ တစ်ဖက်လူက ကောင်းကင်ဘုံသခင် ဖြစ်နေ၏။ ယခုအချိန်တွင် မသန်မစွမ်း ဖြစ်နေသော်လည်း အလွန် အသုံးဝင်နေသေးလို့ သူ့အခန်းကဏ္ဍကို အရင်ကစားရမည်။
"ကျေးဇူးအများကြီး တင်ပါတယ် အရူးဧကရာဇ်"
လုရွှမ် မြွေအိုကြီးကို အာရုံစိုက်ရန် အလွန်ပျင်းနေပြီ။ သူ့ခန္ဓာကိုယ်က အဆက်မပြတ် ကျဆင်းနေပြီး ခန္ဓာကိုယ်အတွင်းက စွမ်းအားများကို ထိန်းချုပ်ထားတာတောင် တဖြည်းဖြည်း ကျဆင်းလာနေတာကို ခံစားနေရသည်။
အောက်ခြေ မရှိသော တွင်းကြီးတစ်ခုထဲ ကျသွားသလိုမျိုး အချိန်အတော် ကြာတဲ့အထိ သူတို့နှစ်ဦး ဆင်းသက်ရမည့် အရိပ်အယောင်ကို မခံစားရသေးပေ။
"မြွေအိုကြီး... အောက်ကို ပျံသန်းကြရအောင်!"
လုရွှမ်အတွက်ကတော့ ဒီမှာ အချိန်ဖြုန်းနေဖို့ အချိန်မရှိပါဘူး။ မြွေအိုကြီးမှာလည်း သဘောမတူဘဲ မနေရဲတာကြောင့် အလျင်အမြန်ပင် လိုက်သွား၏။
"အိုး... နောက်ဆုံးတော့ အလင်းရောင်ကို တွေ့ပြီ"
လုရွှမ်ကဆိုရင်း သူ့လက်ကို ဝှေ့ယမ်းပြီး ခရမ်းရောင် မီးတောက်တစ်ဆုပ်ကို ပစ်လွှတ်လိုက်ရာ အနီးနားရှိ ပတ်ဝန်းကျင် တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
“အဲဒါ တစ္ဆေမီးတောက်ပဲ!”
မြွေအိုကြီးသည် ရုတ်တရက် တောက်လျှောက် လှုပ်ရှားနေသည့် အစိမ်းရောင် မီးတောက်ဘောလုံးကို ညွှန်ပြကာ သူ့ရင်ထဲက အထိတ်တလန့် အသံကြီးနဲ့ အော်ပြောလာခဲ့သည်။
လုရွှမ်၏ မျက်လုံးထဲတွင် နေတစ်လုံးလို အလင်းရောင်များ ပွင့်ထွက်လာပြီး ကောင်းကင်မီးတောက်၏ အလင်းမှုန်များက အလင်းတန်းနှစ်ခု အဖြစ် ပြေးထွက်သွားသည်။ သို့သော် လုရွှမ်၏ မျက်လုံးစွမ်းအင်များကို ရှောင်ရန် လှည့်ပတ် ပြေးလွှားနေသော စိတ်ဝိညာဉ်တစ်ခု ရှိနေပုံရသည်။
"သူတို့ကို မလိုက်နဲ့တော့.... သူတို့က ဒီမှာ သေဆုံးသွားတဲ့ သားရဲတွေရဲ့ ဝိညာဉ်တွေ.... သူတို့က မင်းရဲ့စိတ်ဝိညာဥ်ကို ဆွဲထုတ်ပြီး ဒီမှာ ထာဝရနစ်မြုပ်သွားအောင် လုပ်ပစ်လိမ့်မယ်"
မြွေအိုကြီးက ဟစ်အော်လာခဲ့သည်။
လုရွှမ် ဒေါသတကြီး ပြန်လှည့်လာပြီး မြွေအိုကြီးအား စိုက်ကြည့်လိုက်သည်။ ဒါက ကောင်းကင်ဘုံသခင် ပြောလိုက်တဲ့ စကားလား။
ကောင်းကင်ဘုံသခင် ဆိုတာ ဘာလဲ? ကမ္ဘာပေါ်က ကျင့်ကြံသူတွေ အားလုံး ချီးမွမ်းကြတဲ့ အဆင့်တစ်ခုလေ။
မြွေအိုကြီးမှာ ရှိုက်ကြီးတငင် ပြုံးရင်း
"အရူးဧကရာဇ်.... မင်းက တန်ခိုးကြီးပါတယ် မင်းသေပြီးရင်တောင် ပြန်မွေးနိုင်တယ် ဒါပေမဲ့ ငါတို့မှာ အဲဒီအခွင့်အရေး မရှိဘူးလေ... ဒါအပြင် အခု အာကာသ ဥမင်လိုဏ်ခေါင်းကို ဖွင့်ထားတော့ ကောင်းကင်ဘုံသခင် ဆိုတာ ကမ္ဘာငယ်လေး တစ်ခုထဲက အလွန်အကျွံ စွမ်းအားကြီးတဲ့ အခြေအနေ တစ်ခုပဲဆိုပြီး လူတိုင်း သိကြတယ်... အထက်မှာ နတ်မီးတောက်နဲ့ တခြားနယ်ပယ်တွေ ရှိသေးတယ် ကောင်းကင်ဘုံရှင်သခင်က ဘာအရေးပါမှာလဲ? ဒီကမ္ဘာပေါ်မှာ ကြောက်စရာကောင်းတဲ့ အရာတွေ အများကြီး ရှိတာကို မင်းလည်း သိပါတယ်ကွာ"
"ငါက အသက်ကြီးနေပါပြီ အသက်ကြီးမှတော့ ကောင်းကောင်းပဲ ဖြတ်သန်းချင်တယ်.... ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာကြောင့် မတိုက်ခိုက်ချင်တော့ဘူး... ရိုးရိုးရှင်းရှင်းပဲ နေချင်တယ်"
မြွေအိုကြီးရဲ့ စိတ်အား ထက်သန်သော စကားလုံးများကို မြင်လိုက်ရတော့ လုရွှမ် အနည်းငယ် အံ့အားသင့်သွားသည်။ ဒီအဘိုးကြီး ပြောနေတာက အမှန်တွေလား လိမ်ညာနေတာလား ဆိုတာ ရုတ်တရက် မခွဲခြားတတ်တော့ဘူး။
သို့သော် သူတို့ မထင်မှတ်ထားသတဲ့ အရာမှာ သူတို့နှစ်ဦး၏ အလိုဆန္ဒကို နှောင့်ယှက်ချင်နေတဲ့ တစ္ဆေမီးတောက်သည် သူတို့ဆီသို့ အပြေးအလွှား ပြေးချလာတော့သည်။
မြွေအိုကြီးက အကျယ်ကြီး အော်ဟစ်ကာ လှည့်ထွက်ပြေးသွားခဲ့သည်။ သူတို့နှစ်ယောက်ကြားက ချိတ်ထားတဲ့ ကြိုးဟာ ဘယ်အချိန်လောက်က ပြတ်သွားလိုက်တယ် မသိ။ လုရွှမ် လှည့်ကြည့်လိုက်တော့ မျက်စိတစ်မှိတ် အတွင်းမှာပဲ မြွေအိုကြီးက အဝေးကြီးကို ပြေးသွားပြီ။
လုရွှမ် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူ့မျက်လုံးများထဲက ကောင်းကင်မီးတောက် အလင်းမှုန်များ တောက်ပလာပြီး အလင်းတန်း နှစ်စင်းသည် တစ္ဆေမီးတောက်ကို တရစပ် တိုက်ခိုက်လေ၏။
ရုတ်တရက် လှောင်ပြောင်သံ တစ်ချက်ဖြင့် တစ္ဆေမီးတောက်က ပျောက်ကွယ်သွားသည်။ လုရွှမ်စိတ်ထဲ နားမလည်နိုင်သော မှတ်ဥာဏ်တစ်ခု ဝင်လာခဲ့သည်။
တစ်ဒါဇင်ကျော်လောက် ရှိသော မဟာသူတော်စင်ကြီး တစ်စုသည် တစ္ဆေလိုဏ်ဂူ အထက်ရှိ ကောင်းကင်ယံမှ သတိကြီးစွာ ပြေးဆင်းလာပြီးနောက် ချက်ချင်းပင် အောက်ဘက်ရှိ တစ္ဆေမီးတောက်ကို တွေ့လိုက်ရသည်။ သူတို့အားလုံး ဘာမသိညာမသိနဲ့ မီးတောက်တွေကို စုဆောင်းချင်ကြသည်။
သို့သော် တစ္ဆေမီးတောက်ကို ဖမ်းမိသွားတဲ့ မဟာသူတော်စင်မှာ ရုတ်တရက် မလှုပ်တော့ချေ။
ထို့နောက် နတ်ဆိုးများ ဝင်ရောက် ပူးကပ်နေသလို ထိုလူများ၏ မျက်လုံးများမှာ အလိုဆန္ဒ အရိုင်းဆန်းစိတ်များ ထွက်ပေါ်လာပြီး သူတို့နှင့်အတူ ဆင်းသက်လာသော အဖော်များကို မမျှော်လင့်ထားဘဲ အားလုံးနီးပါး သုတ်သင်ပစ်လိုက်သည်။
လုရွှမ် ရုတ်တရက် ထိတ်လန့်သွားသည်။ သူ သတိ ပြန်ဝင်လာသောအခါတွင် သူ့စိတ်ထဲတွင် နောက်ထပ် တစ်စုံတစ်ခုကို ခံစားလိုက်ရပြန်သည်။
ဟမ့်!
ညည်းညူ ညည်းတွားသံနှင့်အတူ လုရွှမ် စိတ်ထဲတွင် နတ်စွမ်းအင် သန့်စင်ရေးနည်းလမ်းကို အသက်သွင်းလိုက်ပြီး သူ့စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး တိုးလာသည်။ နတ်စွမ်းအင် သန့်စင်ခြင်းနည်းလမ်းဖြင့် သန့်စင်သော ဝိညာဉ်စွမ်းအားသည် ကြမ်းတမ်းပြီး ရက်စက်သော အမည်းရောင် အငွေ့များကို လျင်မြန်စွာ ဖယ်ရှားပစ်လိုက်သည်။
ထိုအမှတ်အသားကို သူ့စိတ်ထဲမှ ဖယ်ထုတ်လိုက်သည်နှင့် တပြိုင်နက် တစ္ဆေမီးတောက်သည် သွားနှင့် ခြေသည်းများပါသော အကြွင်းအကျန် ဝိညာဉ်အဖြစ် ပြောင်းသွားကာ ချက်ချင်းပင် ခုန်ပေါက်ရန် ကြိုးစားတော့သည်။
"သေလမ်းကို ရှာနေတဲ့ကောင်!"
လုရွှမ်က အော်လိုက်ပြီး ကျန်နေတဲ့ ဝိညာဉ်ကို ထူးဆန်း မီးတောက်ဖြင့် တိုက်ရိုက် ဖုံးလွှမ်းပစ်လိုက်သည်။ ထူးဆန်းသော မီးတောက်ကြောင့် လောင်ကျွမ်းလျက် ရှိသော အကြွင်းအကျန် ဝိညာဉ်သည် ဟောက်နေသေးသော်လည်း ဒဏ်ရာလုံးဝ မရသွားပုံပေါ်၏။
ထိုအချိန်တွင် မြွေအိုကြီးသည် ဂရုတစိုက် ပြေးလာရင်း ချော်လဲလုမတတ် ဖြစ်သွားကာ။
"အရူးဧကရာဇ်... မင်း သူတို့ကို မီးနဲ့ မသတ်နိုင်ဘူး.... သူတို့က မသေနိုင်လောက်ဘူး"
မသေနိုင်ဘူး?
အရင်က ကောင်းကင်မီးတောက်နဲ့ကျ ဘာလို့ မီးလောင်သွားခဲ့တာလဲ?
လုရွှမ်ရဲ့ မျက်လုံးများထဲကနေ အလင်းတန်းများ ပြန်လင်းလာပြီး အလင်းတန်းနှစ်ခု ပြေးထွက်သွားကာ အကြွင်းအကျန်ကို ထိမှန်သွားရာ ၎င်းက စူးစူးဝါးဝါး အော်ဟစ်ရင်း လုံးဝ ကွယ်ပျောက်သွားတော့သည်။
"မင်း? မင်းတကယ်ပဲ ကောင်းကင်ဘုံသခင် အရူးဧကရာဇ် ခွမ်ကျွင်းပဲ..... မင်းရဲ့အစွမ်းသတ္တိက ထူးကဲသန့်စင်တယ် ငါ မြွေအိုကြီးတော့ မင်းကို အဆုံးမရှိ ချီးကျူးလိုက်ပြီ"
မြွေအိုကြီးသည် တုန်လှုပ် ချောက်ချားနေသည့် အကြည့်များဖြင့် ဆိုလာသည်။ သူ့မျက်နှာပေါ် ဖြတ်ပြေးနေသော အားကြိုးမာန်တက် အငွေ့အသက်များသည် သူ့ကို ချော့မော့ချင်နေသလိုပင်။
လုရွှမ်သည် ထိုမြွေအိုကြီးဟာ တစ်သက်လုံး လောဘကြီးလာခဲ့ပြီး သေမှာကို ကြောက်တတ့ကာ ယုံကြည်ဖို့ မထိုက်တန်ကြောင်း နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း သိမြင်ခဲ့သည်။
လုရွှမ်ရဲ့ ကောင်းကင်မီးတောက် အလင်းမှုန်တွေက တဖျပ်ဖျပ် တောက်လျက် လူကတော့ ရှေ့ကို ဆက်လျှောက်သွားသည်။ မြွေအိုကြီးလည်း ခါးခါးသီးသီး ပြုံးရင်း အနောက်က လိုက်သွားလေ၏။
လုရွှမ် တစ္ဆေမီးတောက်ကို သတ်ပစ်လိုက်တဲ့ မြင်ကွင်းနဲ့ ပတ်သတ်ပြီး သူ့မျက်လုံးနဲ့သာ မမြင်ခဲ့ရရင် တစ်စုံတစ်ယောက်က တစ္ဆေမီးတောက်ကို တကယ် သတ်ပစ်နိုင်မယ် ဆိုတာ သူ ယုံမိမှာ မဟုတ်ပါဘူး။
တစ်ချိန်က တစ္ဆေလိုဏ်ဂူထဲ ဝင်လာခဲ့တဲ့ ကျင့်ကြံသူတွေ ဘယ်သွားသွား တစ္ဆေမီးတောက်ရဲ့ လိုက်နှောင့်ယှက်တာကို ခံရပြီး ကောင်းကင်ဘုံသခင်တောင်မှ နောက်ဆုတ်ခဲ့ရသည်။ လုရွှမ် သုံးသွားတက တခြား နည်းဥပဒေသရဲ့ စွမ်းအားဖြစ်ပုံရ၏။
ဒီလို တစ္ဆေမီးတောက်သာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပါက တခြားလူများကို ခြိမ်းခြောက်လာမည်။ သို့မဟုတ် တစ္ဆေမီးတောက်က အားလုံးကို တစ်ချိန်တည်းမှာ ပျက်စီးသွားမှာ ဖြစ်သည်။
အရုဏ်တက်ပြီးရင် တစ္ဆေမီးတောက်ရှိသူဟာ တစ္ဆေလိုဏ်ဂူထဲသို့ ပြန်ဝင်သွားရမည်။ မဟုတ်ပါက အကြီးစား ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာ ဘေးဥပဒ်ကို မလွဲမသွေ ဖြစ်ပေါ်စေမှာ ဖြစ်သည်။
သို့သော် ယခုတော့ ထိုကြောက်စရာ ကောင်းသော တစ္ဆေမီးတောက်ကို လုရွှမ်မှ ငြိမ်းသတ်သွားခဲ့ပြီ ဖြစ်သည်။ ဒါကို သူ့မျက်လုံးတွေနဲ့သာ မမြင်ရပါက စိတ်ကူးပင် ယဉ်ဝံ့မည် မဟုတ်ပေ။
သူအရင်က ရှောင်ထွက်သွားမှုကြောင့် လုရွှမ်ကို ဒေါသထွက်သွားစေမှန်း သိလိုက်ရတော့ မြွေအိုကြီးက ရှေ့ကို ပြေးလာပြီး စကားကောင်းတွေ ပြောတော့သည်။ သူအရင်က ခန့်မှန်းထားတာ အမှန်တွေ ဖြစ်လာခဲ့ပြီ။ အရူးဧကရာဇ်နောက်က လိုက်ရင် တကယ် အသက်ရှင်လျက် လွတ်မြောက်သွားနိုင်သည်။
အရှေ့က အမှောင်ထုသည် ပို၍ပို၍ မည်းမှောင်လာသည်။ လုရွှမ် လက်ထဲက ထူးဆန်းသော မီးတောက်ပင် သူ့ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများက အလင်းရောင်ကို စုပ်ယူနေသလို အနီးနားဝန်းကျင် နေရာတစ်ခုကိုသာ အလင်းပေးနိုင်တော့သည်။
သို့သော်လည်း လုရွှမ် သူ့ကိုယ်ခန္ဓာထဲက သူတော်စင် စွမ်းအား၊ စိမ်းပြာနဂါးရဲ့ စွမ်းအားတွေဟာ လုံးဝ မပြောင်းလဲကြောင်း ရှင်းရှင်းလင်းလင်း သတိပြုမိသည်။ စိတ်ဝိညာဉ် စွမ်းအား၏ ပြင်ပကို ထောက်လှမ်းမှုတွေပင် လုံးဝ အပြောင်းအလဲ မရှိခဲ့ပေ။
တစ်ခုခု ထူးဆန်းနေတယ်။ တကယ်ပဲ နောက်ထပ် နည်းဥပဒေ ဆိုတာ ရှိနေတာလား?
"အရူးဧကရာဇ်... ငါတို့ဒီမှာ ခဏလောက်စောင့်ပြီးမှ အပြင်ထွက်ကြရင်ရော ဘယ်လိုလဲ?"
လုရွှမ် လှောင်ရယ်လိုက်သည်။ သူတကယ် လူယုတ်မာပဲ။ အရင်ကတော့ သူ့ကို လှည့်စားခဲ့ပြီး အခုတော့ နတ်ဆိုးမျိုးနွယ်ကို လှည့်စားချင်နေသေးတာလား။
မြွေအိုကြီးက ခဏလောက် နှုတ်ဆိတ်သွားပေမယ့် မထိန်းနိုင်ဘဲ ထပ်ပြောပြန်၏။
"အရူးဧကရာဇ် ရှေ့မှာ အန္တရာယ်များတယ်... တစ္ဆေမီးတောက်ကို ငြိမ်းသတ်ပြီးပြီ ဆိုတော့ ဒါလောက်နဲ့တင် ငါတို့ကြားက သဘောတူညီမှုကို လုပ်နိုင်ပြီ ထင်တယ်နော်"
"အိုး... ငါတို့ထွက်သွားပြီးရင် သူတို့ ဘာပြောကြမလဲ? အရူးဧကရာဇ် ငါက ဒီကိုလာပြီး လမ်းလျှောက်ရုံပဲ ရှိသေးတယ် ကြောက်ပြီး ပြန်ထွက်လာတယ် ဆိုပြီးတော့လား?"
“လုံးဝ မဖြစ်နိုင်ဘူး... ဘယ်သူက ပြောရဲမှာလဲ”
မြွေအိုကြီးက ရုတ်တရက် ထအော်ပြီးနောကိ ပါးစပ်ပိတ်ကာ လှည့်ထွက် ပြေးသွားပြန်သည်။