← Chapters

ရင်းနှီးတဲ့စွမ်းအား

Vol. 56 Ch. 4.358

ရင်းနှီးတဲ့စွမ်းအား

Vol. 56 Ch. 4.358

လုရွှမ် မရယ်ဘဲ မနေနိုင်လိုက်ပေ။ တစ်သက်လုံး လောဘကြီးပြီး သေမှာကြောက်တဲ့ ဒီကောင်က သူ့နောက်မှာ နေရတာက နောက်ထပ်ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေတာ သိသာပါသည်။

လုရွှမ်၏ ခန္ဓာကိုယ်သည် အလိုလို တောက်ပနေပြီး ယွမ်ယန်စွမ်းအင်ကလည်း အားအင် အပြည့်ဖြင့် လည်ပတ်နေသည်။ သူ့နောက်မှ ဖီးနစ်တောင်ပံများ ဖြန့်ကျက်သွားကာ အပေါ်မှ လေထုသည် အလင်းတန်း တစ်ခုလို လှုပ်ခါသွားသည်။ လုရွှမ်၏ ရုပ်ပုံသည် ဖျတ်ကနဲ လင်းလက်သွားကာ တစ်စုံတစ်ခုကို တခဏချင်း ရှောင်ထွက်သွားသည်။

သို့သော် အရိပ်တစ်ခုလို မှုန်မှိုင်းသော မျက်လုံးများဖြင့် ကြည့်လိုက်တဲ့ အချိန်မှာ သူအရင်ရှိနေခဲ့တဲ့ နေရာမှာ အဖြူရောင် ဝတ်စုံနဲ့ အမျိုးသမီးတစ်ဦး ရပ်နေတာကို မြင်လိုက်ရသည်။ သူမရှေ့တွင် နှစ်သောင်းချီ ဆန်းကြယ်ရေခဲ၏ အအေးဓာတ်နှင့် မတူသော ပြင်းထန်သည့် အေးစက်မှုကို ခံစားလိုက်ရပြီး စိတ်ဝိညာဉ်ပင် တဆတ်ဆတ် တုန်ခါလာသည်။

ဒါက ဘာကြီးလဲ?

အရံမြင်ကွင်းတွင်၊ မြွေဟောင်းသည် အဝေးသို့ ပြေးသွားကာ အရူးအမူး ပျံတက်သွားခဲ့သည်။

"သေလမ်းကို လိုက်ရှာနေပြန်ပြီ!"

လုရွှမ် တစ်ယောက်တည်း တွေးပြီး သူ့စိတ်ဝိညာဉ် စွမ်းအားများကို ပေါင်းစည်းလိုက်သည်။ သူ့လက်ချောင်းကို ပွတ်ဆွဲလိုက်သည်နှင့် မီးတောက် အနည်းငယ်သည် မြွေအိုကြီးအား ပြေးဖမ်းလိုက်သည်။

သေချာတာကတော့ အဖြူရောင်ဝတ် အမျိုးသမီးက ဒါကို သတိပြုမိသွားပုံရကာ မြွေအိုကြီးနောက်ကို အသည်းအသန် ပြေးလိုက်လေ၏။

"အား.... အရူးဧကရာဇ် ငါ့ကိုကူညီပါ ကူညီပါဦး!!!"

အသံကုန် အော်လိုက်သည်။

လုရွှမ်ကတော့ ထိုမြွေတစ်ကောင်ကို ဂရုမစိုက်ဘဲ သူ့မျက်လုံးတွေက အင်္ကျီအဖြူနဲ့ အမျိုးသမီးရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင်း မီးတောက်တွေကို အဆက်မပြတ် တောက်လောင်စေသည်။

အဖြူရောင် ၀တ်စုံနဲ့ အမျိုးသမီးသည် မြွေအိုကြီး၏ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားတော့သည်။

မြွေအိုကြီးရဲ့ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်နေပေမယ့် အဖြူရောင်၀တ်စုံနဲ့ အမျိုးသမီးကို လုံးဝ မဖယ်ရှားနိုင်ခဲ့ပါဘူး။ သူ့မူလ ခန္ဓာကိုယ်က တဖြည်းဖြည်း တောင့်တင်းလာပြီး သူ့ခန္ဓာကိုယ်ထဲက မီးတောက်တွေလည်း အဆက်မပြတ် တောက်လောင်နေခဲ့သည်။

အရေပြား၊ ကြွက်သားနှင့် အရိုးများ လောင်ကျွမ်းသွားသော်လည်း ပြောင်းလဲမှု လုံးဝမတွေ့ရတာက အလွန်ထူးဆန်းလှသည်။

လုရွှမ် အနီးသို့ ပျံသန်းလာသော် အဖြူရောင် ၀တ်စုံနဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်သည် အဆက်မပြတ် ယိုစိမ့်နေပြီး စွမ်းအင် အများအပြား ကုန်ဆုံးသွားသလို တဖြည်းဖြည်း ပါးလွှာလာတာကို တွေ့လိုက်ရသည်။

မြွေအိုကြီးသည် ရှောင်တိမ်းဖို့ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေကာ ဝိညာဉ်စွမ်းအား အနည်းငယ် စိမ့်ထွက်လာတာကို မြင်တော့ အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။

"အမှိုက်ကောင်!" လုရွှမ် မကူညီနိုင်ဘဲ ကျိန်ဆဲလိုက်သည်။

အတန်ကြာအောင် ကြည့်ပြီးနောက် အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးသည် အရမ်း ကြောက်စရာ ကောင်း​​နေတာ မဟုတ်ကြောင်း သူမဟာ တခြားစွမ်းအား တစ်ခုကို အသုံးပြုနေကြောင်း တွေ့သွားခဲ့သည်။ တကယ့် အခြေအနေနှင့် နှိုင်းယှဉ်ပါက သူမသည် သူတော်စင်အဆင့်တွင်သာ အ​မြင့်ဆုံး ဖြစ်နိုင်သည်။

ကောင်းကင်ဘုံသခင် မြွေအိုကြီးကတော့ သူ့သတ္တိကြောင့် လုံးဝကို ထိတ်လန့်သွားခဲ့ခြင်းသာ ဖြစ်ချေ၏။

မင်းက နတ်ဘုရားလို ပြိုင်ဘက်တွေကို မကြောက်ဘဲ ဝက်နဲ့တူတဲ့ ဝိညာဥ်တွေကျ မင်းကြောက်နေတယ်ပေါ့လေ!

လုရွှမ် သူ့လက်ဖဝါးက နို့ဖြူရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ အလင်းရောင်သည် မီးတောက်နှင့် ပေါင်းစပ်သွားကာ စီးဆင်းနေသော အလင်းအလွှာ တစ်ခုလို ဖြာထွက်သွားသည်။

“ကယ်ပါ ကယ်ပါဦး ကယ်ပါဦး...”

မြွေကြီးသည် ဟောက်ဆဲပင်။ သူ့ခမျာ နည်းမျိုးစုံဖြင့် ကြိုးစားသော်လည်း အဖြူရောင် အမျိုးသမီးသည် သူ့ဝိညာဉ်ကို သိမ်းပစ်လုနီးပါး နီးကပ်လာဆဲ ဖြစ်သည်။

ဒီမြွေအိုကြီးက ကယ်တင်ပေးဖို့ မထိုက်တန်သော်လည်း သူသည် လုရွှမ်အတွက် စမ်းသပ်မှုတစ်ခု အဖြစ် အသုံးပြုရန် ကောင်းမွန်သော ကိရိယာတစ်ခု ဖြစ်နေတုန်းပင်။

လုရွှမ် ရုတ်တရက် အမျိုးသမီး၏ ခန္ဓာကိုယ်ကို လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်ပြီး ဇတ်ကနဲ ဆွဲထုတ်လိုက်သည်။

အမျိုးသမီးက စူးစူးဝါးဝါး အော်ဟစ်လိုက်တဲ့အခါ နားမလည်နိုင်တဲ့ အသံလှိုင်းတစ်ခုက လုရွှမ်နားထဲ တုန်ခါသွားသည်။ နားထဲ တိုးဝင်လာခိုက် စိတ်ဝိညာဉ်ကို ထိခိုက်သွားသလိုပင်။ လုရွှမ်ပင် သတိမထားမိဘဲ အနည်းငယ် စိတ်မသက်မသာသလို ခံစားလိုက်ရသည်။

"ဟမ့်!"

တိုးတိုးလေး ညည်းရင်း လုရွှမ် သူ့လက်ဖဝါးကို တင်းတင်းကျပ်ကျပ် ဖိချလိုက်သည်။ ယွမ်ယန်စွမ်းအင် မှတစ်ဆင့် အလွန် ကြီးစိုးနေသော ​​မီးတောက်တွေ တောက်​လောင်လာပြီး ချက်ချင်းပဲ ထိုအမျိုးသမီးကို မီးခိုးပြာဖြစ်အောင် ပြောင်းလဲပစ်ပေးလိုက်သည်။

ထိုအချိန်တွင်မှ မြွေအိုကြီး နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။ သူ့ရဲ့ လူ့ခန္ဓာကိုယ်ကို ပြန်လည်ရရှိသွားတာ တွေ့ရတဲ့အခါ လုရွှမ် အနားတွင် ရှက်ရွံ့စိတ်နှင့် အပြစ်ရှိသော ပုံဖြင့် ရပ်နေခဲ့သည်။

"အရူးဧကရာဇ်!"

ဖြောင်း!

လုရွှမ်က မြွေအို​ကြီးရဲ့ မျက်နှာကို လက်ပြန် ပါးရိုက်လိုက်ပြီး

"မင်းမှာ တန်ဖိုးရှိလို့ ငါ ကယ်ခဲ့တာ နားလည်လား?"

"ဟုတ်​ကဲ့ပါ အရူးဧကရာဇ် နားလည်​ပါပြီ"

"စကားမစပ်... ခုနက အမျိုးသမီးဆီကနေ ရင်းနှီးတဲ့ စွမ်းအားတစ်ခု ခံစားမိလိုက်လား"

မြွေအိုကြီးက စိတ်ရင်းမှန်ဖြင့် ခေါင်းကို အကြိမ်ကြိမ် ခါယမ်း​​ပြလိုက်သည်။

"မေ့လိုက်ပါ... ငါ အတွေးလွန်နေတာ ဖြစ်နိုင်တယ်"

လုရွှမ် သူ့စိတ်ထဲမှာ အာရုံပျံ့လွင့်နေတဲ့ အတွေးတွေကို ရှင်းထုတ်ဖို့ ခေါင်းယမ်းလိုက်သည်။ ထို့နောက် နှစ်ယောက်သား ရှေ့ကို ဆက်သွားကြသည်။

ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မိုက်​နေပြီး လျှို့ဝှက် ဆန်းကြယ်သော ဥမင်လိုဏ်ခေါင်း တစ်ခု ဖြစ်ပုံရသည်။ လုရွှမ် ရှေ့ကသွားစဥ် မြွေအိုကြီးက နောက်မှ လိုက်လာသည်။

'ရွှေကျီးကန်း ဒီနေရာက ဘယ်နေရာလဲ? မင်းအရင်က ဒီလိုအရာတွေကို နားလည်ဖူးလား?'

ရွှေကျီးကန်းဟာလည်း အရင်က ဖြစ်ပျက်ခဲ့သမျှ အားလုံးကို မြင်ပြီးသား ဖြစ်တာ​ကြောင့် ပြန်ဖြေလာ၏။

"ငါမှန်းတာသာမှန်ရင် ဒါက အာကာသ ဥမင်လိုဏ်ခေါင်း တစ်ခုပဲ ဖြစ်နိုင်တယ်... တခြား ကမ္ဘာငယ်လေးကို ဆက်သွယ်ဖို့အတွက် ဖွင့်ထားတာ ဖြစ်နိုင်တယ် ဒါကြောင့် သူတို့ကြားက နည်းဥပဒေတွေက အရမ်းကွာနေတာ"

လုရွှမ်လည်း ဒီအချက်ကို သံသယဝင်နေခဲ့တာပဲ ဖြစ်သည်။ အခု ရွှေကျီးကန်းရဲ့ ခန့်မှန်းချက်ကို ကြားလိုက်ရတော့ ဒါက ဖြစ်နိုင်ချေရှိတာ သေချာသွားပြီ။

နတ်ဆိုးမျိုးနွယ်များဆီမှ အဆိုအရ ယခုတစ္ဆေလှိုဏ်ဂူသည် နှစ်ထောင်ပေါင်းများစွာ ကတည်းက တည်ရှိနေခဲ့သည်။ လျှို့ဝှက်လွန်းတာကြောင့် ကမ္ဘာငယ်လေးထဲက ဆန့်ကျင်ဘက်လူများပင် ဒီအခြေအနေအား သတိမပြုမိကြပုံ ရသည်။

ထျန်းဝိုက်စွေ့ကမ္ဘာ၊ သူတော်စင်တစ်ပိုင်း ကမ္ဘာနှင့် နှိုင်းယှဉ်ပါက လက်ရှိနေရာက အာကာသ ဥမင်လိုဏ်ခေါင်းသည် အချိန်များစွာစော၍ ဖွင့်ထားတာ သံသယဖြစ်စရာ မရှိပေ။ အမှန်တော့ နိယာမစွမ်းအင်တွေ တစ်ချိန်လုံး ဖိနှိမ်ခံနေရတာက ကမ္ဘာငယ်လေးရဲ့ တစ်ဖက်ခြမ်းက သားရဲတွေ မပေါ်ပေါက်နိုင်တဲ့ အကြောင်းရင်းလို့လည်း ပြောလို့ရသည်။

နတ်တောင်တန်းက ဒီဘက်ခြမ်းကို အမြဲတမ်း ဖိနှိပ်ထားနိုင်တာကြောင့်လို့ လုရွှမ် တွေးလိုက်မိချိန် သူ့နှလုံးသားက ထိတ်လန့် တုန်လှုပ်သွားပြီး ကျောက်ပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။

ဤကျောက်​ပြားသည် နတ်တောင်တန်းအပေါ်က လှိုဏ်ဂူထဲတွင် တွေ့ခဲ့တာ ဖြစ်ကာ ယင်းပေါ်တွင် "ကျန့် (မြို့)" ဟူသော စကားလုံး တစ်လုံးသာ ရှိသည်။

ကျောက်ပြားက ရိုးရှင်းပြီး ဘာစွမ်းအင်မှ မရှိပေ။ ဒါပေမဲ့ "ကျန့်" ဆိုတဲ့ စကားလုံးကို မြင်လိုက်ရုံနဲ့ လုရွှမ်ဟာ အမည်မသိတဲ့ စိတ်ငြိမ်သက်မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

အဲဒီတုန်းက ကျောက်ပြားကို ဖယ်လိုက်တော့ ကျောက်ပြားရဲ့ အလေးချိန်က ထင်ထားတာထက် ကျော်လွန်နေတာကို တွေ့လိုက်ရ​သေးသည်။ အတော်လေး အားစိုက်ထုတ်ပြီးမှ နောက်ဆုံးတော့ ကျောက်စိမ်း​ပြားရဲ့ နေရာထဲကို ထည့်နိုင်ခဲ့တာပဲ ဖြစ်လေသည်။

"ရှေ့ဆက်သွားရအောင်!"

လုရွှမ် ကျောက်​ပြားကို ထုတ်ယူလိုက်စဉ်တွင် ဝိညာဥ်အသိ အလင်းရောင် တစ်ခုဟာ သူ့နှလုံးသားထဲသို့ ရုတ်တရက် လင်းလက်သွားပြီး နားမလည်နိုင်သော စွမ်းအားတစ်ခုက ခေါ်သံတစ်သံလိုမျိုး သူ့ကို ရှေ့သို့ ဆက်သွားနိုင်အောင် တွန်းအားပေးလို့​နေသည်။

မြွေအိုကြီးမှာ အစောကကိစ္စကြောင့် သူ့ရဲ့ ဉာဏ်အမြော်အမြင်တွေ ဆုံးရှုံးကာ ထိတ်လန့်နေပြီ။ ယခုပင် သူ့ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းနေသေး၏။ သူ ဒီကိုရောက်လာခဲ့ရတာက သူ့နှလုံးနဲ့ ဝိညာဉ်တွေကို ဆုံးရှုံးသွားရသလိုပါပဲ။

ဒီအကြောင်းကို တွေးပြီးတော့ လုရွှမ်စကားကို မနာခံဘဲ မနေဝံ့ပါဘူး။ သူ့ကိုဒီမှာ တကယ်စွန့်ပစ်ခဲ့ရင် သင်္ချိုင်းနေရာ မရှိဘဲ သေသွားရမှာကို စိုးရိမ်မိလေသည်။

နောက်ထပ် အဖြူရောင် အရိပ်တစ်ခု ရုတ်တရက် လွင့်ထွက်လာပြန်သည်။ ထိုအရာက ၎င်း၏လက်ငါးချောင်းကို ခြေသည်းများအဖြစ် ပြောင်းလဲကာ လုရွှမ်နှင့် မြွေအိုကြီးတို့ကို ဖမ်းဆုပ်လိုက်သည်။

"အရူးဧကရာဇ်!"

မြွေအိုကြီး ထအော်လိုက်တော့သည်။ ဒီတစ်ခါတော့ သူ သင်ခန်းစာရပြီးပြီမလို့ ထွက်ပြေးဖို့ မဝံ့ရဲတော့ပါဘူး။

လုရွှမ်၏ မျက်လုံးများထဲမှ ကောင်းကင်မီးတောက် အလင်းမှုန်များ တောက်ပလာပြီး အဖြူရောင် အရိပ်နှစ်ခုကို ပစ်သတ်လိုက်ပြီးတဲ့ နောက်မှာတော့ ထိုအရာက စိတ်ဆင်းရဲစွာ အော်ဟစ်ရင်း အရွယ်အစား နှစ်ဆတိုးသွားတဲ့အပြင် သေမှာကို မကြောက်ဘဲ ထပ်ပြီး ပြေးဝင်လာပြန်၏။

"သေလမ်းကို လာရှာပြန်ပြီ!"

လုရွှမ် သူ့လက်ထဲက ယွမ်ယန် စွမ်းအင်တွေ တက်လာပြီး နို့ဖြူရောင် အလင်းတန်းတွေ ထွက်လာခဲ့သည်။

ဝူးကနဲ ဟောက်သံနှင့်အတူ အဖြူရောင် အရိပ်က ရှောင်ထွက်သွားသည်။ လုရွှမ် လက်ညှိုးကို လှည့်လိုက်သည်နှင့် အဖြူရောင် အရိပ်မှာ အပြာရောင် မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားတော့သည်။

"အရူးဧကရာဇ်.... မင်းကဒီလိုပဲ ဖြစ်ထိုက်... "

"သောက်စကားတွေကို ရပ်ပြီး လမ်းကို ကြည့်စမ်း!!"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

လုရွှမ် နှလုံးသားထဲတွင် နောက်ဆုံး အံ့အားသင့်မှုနှင့် သံသယစိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ။ ဒီအဖြူရောင် အရိပ်ဆီကနေ ရင်းနှီးသော စွမ်းအားကို သူ တစ်ဖန် ခံစားလိုက်ရပြန်ပြီလေ။

အဲဒါက နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအင်ပဲ။

နတ်ဆိုးဧကရာဇ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အခါတုန်း နောက်ဆုံး အခိုက်အတန့်မှာ နတ်ဆိုးဧကရာဇ်ဟာ နားမလည်နိုင်သော မှော်အစွမ်းကို အသုံးပြုခဲ့သည်။ အကယ်၍ နတ်ဆိုးဧကရာဇ် ဒဏ်ရာ ပြင်းထန်စွာရထားပြီး တိုက်ပွဲ မစတင်မီကတည်းက တန်ပြန် တိုက်ခိုက်ခံရခြင်းကြောင့်သာ မဟုတ်ပါက လုရွှမ် နတ်ဆိုးဧကရာဇ်ကို သတ်ဖို့ ယုံကြည်မှုရှိမည် မဟုတ်ပေ။

ဒါပေမဲ့ အဲဒီအခိုက်အတန့်တုန်းက ထိတ်လန့်မှုက သူ့ကို အထင်ကြီးသွားစေခဲ့သည်။ မထင်မှတ်ဘဲ ဒီနေ့မှာလည်း အဲဒီခံစားချက်ကို ပြန်ရလာခဲ့ပြန်ပြီ။

All Chapters