ကျောက်ပြားအပေါက်
Vol. 56 Ch. 4.359
နတ်ဆိုးဧကရာဇ်ရဲ့ အစွမ်းက အဲဒီနေရာက လာတာ ဖြစ်နိုင်သည်။
လူတွေရဲ့ စိတ်ဝိညာဥ်ထဲကို စိမ့်ဝင်သွားတဲ့ အအေးဓာတ် အရိပ်အမြွက် ရှိပြီး စိတ်ဝိညာဉ်က ပြင်းထန်ရင် ခွန်အားက 100% ရှိပေမယ့် စိတ်ဝိညာဉ်က မပြင်းထန်ရင်တော့ 50%တောင် ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ အခုအချိန်မှာတော့ မြွေအိုကြီးက သက်ရှိဥပမာ တစ်ခုပဲ ဖြစ်သည်။
နောက်ဆုံးမှာတော့ နတ်ဆိုးဧကရာဇ်ဆီကနေ နေရောင်လို လင်းထိန်သွားတဲ့ အစိမ်းရောင် မီးခိုးလုံးတွေ ထွက်လာတာကို မှတ်မိနေပါသေးသည်။ ထိုအချိန်က လုရွှမ်သည် မိစ္ဆာဧကရာဇ်၏ လေ့ကျင့်မှု ကျင့်ကြံနှင့် ပတ်သက်သော ပြဿနာတစ်ခုဟု ထင်မြင်ခဲ့သော်လည်း ယခုအခါတွင် ၎င်းသည် တစ္ဆေလိုဏ်ဂူမှ ရရှိခဲ့သော စွမ်းအားဖြစ်နိုင်ကြောင်း ထင်လာခဲ့ပြီ။
ထို့ကြောင့် သူ့ရဲ့ နေမျက်လုံးစွမ်းအင်၊ ယွမ်ယန်ကျင့်စဥ်နဲ့ ကောင်းကင်မီးတောက် အလင်းမှုန်တို့သည် ထိုထူးဆန်းသော အရာများကို အလွန်အမင်း ချုပ်နှောင်ထားနိုင်ကြသည်။ သူ့စွမ်းအင်က ယန်စွမ်းအင် သက်သက်သာ ဖြစ်သည်။
မြွေအိုကြီးနဲ့ ပတ်သက်ပြီး ပြောရရင်တော့ သူ့ ခွန်အားမှာ အစကတည်းက အနုတ်လက္ခဏာ ဖြစ်ပြီး ဤလျှို့ဝှက် ဆန်းကြယ်သော စွမ်းအားကြောင့် သူ လုံးဝ ရှုံးနိမ့်သွားခဲ့သည်။
သူ့စိတ်ထဲတွင် အလိုလို ထိတ်လန့်နေသည့် တစ္ဆေမီးတောက်ကို အရူးဧကရာဇ်က နှစ်ချက်လောက်နဲ့ ရိုက်သတ်လိုက်တာကို မြင်လိုက်ရသဖြင့် မြွေအိုကြီးမှာ စိတ်လှုပ်ရှားလာတော့သည်။ သူ့စိတ်ထဲတွင် နာကြည်းစရာ အရိပ်အယောင် မရှိသောကြောင့် လုရွှမ် နောက်ကနေ သူ့ပတ်ဝန်းကျင်ရှိ အန္တရာယ်များကို သတိထားရင်း နာခံမှုရှိရှိ လိုက်သွားခဲ့သည်။
နှစ်ယောက်သား ရှေ့ကို ဆက်လျှောက်သွားရင်း သူတို့အရှေ့က မြင်ကွင်းဟာ ပိုပို၍ အုံ့မှိုင်းလာခဲ့သည်။ လုရွှမ် ခန္ဓာကိုယ်ရှိ ယွမ်ယန်စွမ်းအင်သည် သေးငယ်သော နေရောင်ခြည်ကဲ့သို့ လင်းလက်တောက်ပနေပြီး မြွေအိုကြီးပေါ်ကိုပါ ထွန်းလင်းနေသည့် အလင်းရောင် တစ်ခုသာ ရှိလာသည်။ မြွေအိုကြီးမှာ နွေးထွေးတဲ့ ခံစားချက်ကို ခံစားလိုက်ရပြီး ကိုးကွယ်ချင်စိတ်များပင် ပေါက်လာတော့သည်။
သူတို့ ပတ်ဝန်းကျင် ဂူလမ်းကြောင်း တစ်လျှောက် လင်းထိန်နေပြီး အလင်းရောင်ကို စုပ်ယူလိုက်သော အရာအားလုံး လွတ်သွားသကဲ့သို့ ယခင်အမှောင်ထုက လွင့်စင်သွားခဲ့သည်။
ယင်စွမ်းအင်တွေ တော်တော် လျော့သွားပြီ!
လမ်းတစ်လျှောက်တွင် လုရွှမ် ထူးဆန်းတဲ့ အရာများစွာကို မတွေ့ရတော့တာကြောင့် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ သူ့ခန့်မှန်းချက်က မှန်နေပုံရသည်။ နတ်တောင်တန်းကို ဖြိုခွင်းခံလိုက်ရခြင်းက ဒီနေရာကို ထူးထူးဆန်းဆန်း အရာများစွာ ရောက်ရှိလာခဲ့ခြင်း မရှိပေ။
ဘယ်လောက်ကြာကြာ နက်နက်ရှိုင်းရှိုင်း ဆက်လျှောက်လာမိမှန်းတော့ မသိပေမယ့် ဆက်လျှောက်လာရင်းနဲ့ လုရွှမ် သူ့ခန္ဓာကိုယ်ထဲမှာ မထင်မရှား သေးငယ်စွာ တိုက်မိနေတဲ့ နားမလည်နိုင်တဲ့ နည်းဥပဒေတစ်ခု ရှိနေတယ်ဆိုတာ ပိုပိုပြီး ရှင်းရှင်းလင်းလင်း ခံစားလာရသည်။
မြွေအိုကြီးမှာ သည်းမခံနိုင်ဘဲ သူ့ပါးစပ်ထောင့်မှာ သွေးတွေ ထွက်ကျလာသည်။
"နောက်ကိုသွား.... ဒီနည်းဥပဒေတွေကို မင်းမခံနိုင်ဘူး"
လုရွှမ်က အော်လိုက်သည်။ မြွေအိုကြီးကိုလည်း ဒီအချိန်မှာ သူ မကူညီနိုင်သေးဘူး။ မြွေအိုကြီးကလည်း လျင်မြန်စွာ နောက်သို့ ဆုတ်သွားပြီး ဆိုလာ၏။
“အရူးဧကရာဇ်... သတိထားပါ”
လုရွှမ်သည် မုခ်ပေါက်တစ်ခု သဏ္ဌာန်ရှိပြီး ၎င်းမှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာနေတဲ့ နေရာတစ်ခုကို တွေ့လိုက်ရသည်။ လုရွှမ် မျက်လုံးများ မှိန်ဖျော့သွားပြီး သူ့မျက်လုံးများမှ ကောင်းကင်မီးတောက် အလင်းနှစ်ရောင် လင်းလက်သွားသည်။
ထိုအလင်းရောင် အောက်တွင် ကြွယ်ဝသော နိယာမစွမ်းအင် လိုင်းများ မှိတ်တုတ်မှိတ်တုတ်ဖြင့် တောက်ပနေ၏။
သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်ကို ခံစားရင်း နိယာမစွမ်းအင် လိုင်းတွေက သူ့ခန္ဓာကိုယ်ထဲကို တစ်မျိုးပြီးတစ်မျိုး စိမ့်ဝင်သွားသည်။ လုရွှမ် ထိုနိယာမစွမ်းအင် လိုင်းများကို ခုခံထားနိုင်သော်လည်း သူ့ကို ထိတ်လန့်စေတဲ့ အရာမှာ နှစ်ရာပေါင်းများစွာ ကြာအောင် ဆာလောင်နေခဲ့သော သို့မဟုတ် အစာရေစာ ငတ်မွတ်နေသော သရဲတစ္ဆေကဲ့သို့ သူ့ခန္ဓာကိုယ်သည် ထိုနိယာမစွမ်းအင်များကို စုပ်ယူနေခြင်းပဲ ဖြစ်သည်။
သူဘယ်လောက်ပဲ ခက်ခက်ခဲခဲ ပြန်ခုခံနေပါစေ နိယာမစွမ်းအင် လိုင်းတွေက ပြေးဝင်လာတုန်းပဲ။
"ကျီးဖိုးဖိုး ဒါ ဘာဖြစ်နေတာလဲ?"
လုရွှမ် သူ့ခန္ဓာကိုယ် အေးခဲသွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် သာမက စိတ်ဝိညာဉ်သည်လည်း အေးခဲ၍ သေလုမျောပါးဖြစ်နေသကဲ့သို့ တောင့်တင်းနေသည်။
အနှစ်တစ်သောင်း ရှိသော အနက်ရောင် ရေခဲများသည် ခန္ဓာကိုယ်ကို အေးခဲစေပြီး စိတ်ဝိညာဉ်အပေါ် သက်ရောက်မှု ရှိသော်လည်း ဤထူးဆန်းသော နိယာမစွမ်းအင် လိုင်းများနှင့် နှိုင်းယှဉ်ပါက နှစ်သောင်းချီရေခဲမှာ များစွာ နိမ့်ကျနေသေးသည်။
ဒါပေမဲ့ ရွှေကျီးကန်းက သူ့မေးခွန်းကို ပြန်မဖြေလာခဲ့ချေ။ တဖြည်းဖြည်းနဲ့ လုရွှမ်ဟာ ကျောက်စိမ်းပြာနဲ့တောက် မဆက်သွယ်နိုင်တော့တာကို တွေ့လိုပ်ရသည်။ သူ့စိတ်တွေ တဖြေးဖြေး မူးဝေလာပြီး မေ့မြောသွားတော့မယ့် အခိုက်မှာ လုရွှမ်ဆီက အလင်းရောင်တစ်ချက် တောက်ပလာပြီး သိုလှောင်အိတ်ထဲက ကျောက်ပြားကို တုံ့ဆိုင်းစွာ ထုတ်ယူ၍ အဖြူရောင် အလင်း တံခါးဆီသို့ ပစ်ချလိုက်တော့သည်။
သူသေတာရှင်တာက ဒီလှုပ်ရှားမှုအပေါ်မှာ မူတည်သည်။
လုရွှမ် လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတော့သည်။
လုရွှမ်ရဲ့ ခန္ဓာကိုယ်မှာ တုန်တုန်ယင်ယင်နှင့်။ အဖြူရောင် အလင်းတန်းများက သူ့ခန္ဓာကိုယ် အတွင်းသို့ ပြေးဝင်လာတာကို မြင်လိုက်ရသော မြွေအိုကြီးမှာ အစောကတည်းက အလွန်ထိတ်လန့်သွားပြီး သတ္တိ ပျောက်ဆုံးသွားခဲ့ပြီ။
သူ့ခမျာ ထွက်ပြေးချင်သော်လည်း လုရွှမ်က သူ့ကိုမှတ်ထားမှာ ကြောက်တာကြောင့် တုံ့ဆိုင်းနေချိန်တွင် လုရွှမ် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ပြေး!
သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ကျန်တော့တဲ့ မြွေဟောင်းက လုရွှမ်ကို မဆိုင်းမတွ ပစ်ချလိုက်ပြီး အရူးအမူး ပြေးထွက်သွားလေ၏။
အပြန်လမ်းသည် မယုံနိုင်လောက်အောင် ချောမွေ့နေသည်။ သူသည် ဂူပေါက်ဝသို့ အမြန်ပြေးထွက်သွားပြီး သူ့ပတ်ဝန်းကျင်ရှိ ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရမှ မြွေအိုကြီးခများ မျက်ရည်များ ဝဲလာတော့သည်။
ဘေးဥပဒ်မှ လွတ်မြောက်ခြင်းကြောင့် ဖြစ်လာသော ပျော်ရွှင်မှုမှာ တခြားအရာများကို မေ့လျော့စေခဲ့သည်။ အသက်ရှင်ခြင်းကသာ အကောင်းဆုံးအရာ ဖြစ်သည်။
သခင်ကျားဖြူနှင့် တခြားလူများမှာ အံ့အားသင့်စွာ ကြည့်နေကြသည်။ မြွေအိုကြီးကို ဒီလို ကြောက်ရွံ့ စေရန်အတွက် တစ္ဆေလိုဏ်ဂူ အောက်က ထိတ်လန့်မှုဟာ သူတို့ထင်ထားတာထက် ပိုကြီးမားတာ သိသာထင်ရှားလှပေသည်။
"အရူးဧကရာဇ် ဘယ်မှာလဲ"
နောက်ဆုံးတော့ မြွေအိုကြီးမှာ သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး “အရူးဧကရာဇ် သေသွားပြီ” လို့ အော်လိုက်တော့သည်။
လူတိုင်း၏ တိုက်တွန်းမှုအောက်တွင် မြွေအိုကြီးလည်း နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သော အရာများကို အမြန် ပြန်ပြောပြလိုက်သည်။ လုရွှမ်သည် အောက်ရှိ တစ္ဆေမီးတောက်များကို ထိန်းထားနိုင်ကြောင်း ကြားရသောအခါ နတ်ဆိုးမျိုးနွယ်များ အလွန်ပျော်ရွှင်သွားကြသည်။
သို့သော် ဂူပေါက်ဝလို အဖြူရောင် အလင်းတန်းနှင့် လုရွှမ် ဖြစ်ပျက်သွားတာကို ကြားလိုက်ရသောအခါတွင် နတ်ဆိုးများအားလုံး ဝမ်းနည်းသွားကြပြန်သည်။
အရူးဧကရာဇ်တောင်မှ ခံနိုင်ရည် မရှိဘူးတဲ့လား?
"ငါတို့ အရူးဧကရာဇ်ကို အဲဒီနေရာမှာ ထားခဲ့လို့မဖြစ်ဘူး!!"
သခင်ကျားဖြူက ရုတ်တရက် ပြောလိုက်သည်။
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ကောင်းကင်ဘုံသခင်များနှင့် မဟာသူတော်စင် အပေါင်းတို့က သခင်ကျားဖြူကို ကြည့်လိုက်ကြသည်။ အရူးဧကရာဇ်တောင် အထဲကို ပြုတ်ကျသွားပြီလေ ဘယ်သူက လုပ်နိုင်မှာလဲ?
သေခြင်းတရားကို ရှာနေတာ မဟုတ်ဘူးလား?
လုရွှမ်သည် သူတော်စင် တစ်ယောက်သာ ဖြစ်သော်လည်း ရောက်လာသူတိုင်းက သူ့ကို သဘောကျကြသည်။ ခွန်အားအရဆိုလျှင် ကောင်းကင်ဘုံသခင် အဆင့်ကို ရောက်ရှိခဲ့သော မဟာပညာရှိပင်လျှင် သူ့ကို အနိုင်ယူနိုင်မည်ဟု မပြောနိုင်ပေ။
လုရွှမ် လဲကျသွားပြီဆိုတော့ သူတို့သာ ဆိုရင် သေတောင် သေသွားနိုင်တယ် မဟုတ်ဘူးလား?
ဘယ်သူကမှ သတ်သေချင်စိတ် မရှိကြဘူးလေ!
"ဝူး......." ကျားဖြူငယ်လေးက အော်လိုက်သည်။ လုရွှမ်အပေါ် သူမသည် သူငယ်ချင်းအဖြစ် မှတ်ယူကာ ပြေးကယ်ပေးပါဟု အမြန်တောင်းဆိုလိုက်သည်။
သခင်ကျားဖြူသည် နတ်ဆိုးသားရဲများကို ကြည့်ကာ သူ့စိတ်ထဲတွင် လှောင်ရယ်မိလေသည်။
"တကယ်ပဲ အမြော်အမြင် မရှိတဲ့ နတ်ဆိုးသားရဲ အုပ်စုဆိုတာ ကောင်းကင်ဘုံသခင် ဖြစ်လာရခြင်းကပဲ အကြီးမားဆုံး အောင်မြင်မှုပဲကိုး... အဲ့ထက်ပိုတဲ့ လမ်းမရှိတော့ဘူး"
"ရှောင်ပိုင်... အဖေတို့သားအဖ ဆင်းသွားရအောင်"
သခင်ကျားဖြူက ရုတ်တရက် ထပြောလိုက်ရာ စကားလုံးများ ထွက်လာသည်နှင့် တပြိုင်နက် တခြား ကောင်းကင်ဘုံရှင်များနှင့် မဟာသူတော်စင်များ အံ့အားသင့်သွားကာ သူတို့စိတ်ထဲတွင် အကျိုးကျေးဇူးများကို စတင်တွက်ချက်ခဲ့ကြသော်လည်း ဆင်းသွားဖို့ကတော့ လုံးဝမဖြစ်နိုင်ပေ။
"ရှောင်ပိုင် သွားကြစို့"
သခင်ကျားဖြူက ပြောပြီး ကျားဖြူလေးကို ကောက်ယူကာ တစ္ဆေလိုဏ်ဂူထဲသို့ ခုန်ချလိုက်တော့သည်။
ဂူအဝင်ဝတွင် စုဝေးနေကြသော ကောင်းကင်ဘုံရှင်သခင် များစွာက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ
"ငါတို့ ဘာလုပ်သင့်လဲ"
"ဆင်းချင်လား?"
နတ်ဆိုးများအားလုံး ခေါင်းယမ်းကြသည်။
တစ်ဖက်မှာတော့ လုရွှမ်မှာ အချိန်တွေ အတော်ကြာသွားသလို ခံစားခဲ့ရသော်လည်း အနည်းငယ်သာ လွန်သွားခဲ့ပုံရသည်။ သူ့စိတ်တွေ ယိမ်းယိုင်သွားကာ မြေပြင်ပေါ်ကနေ ခုန်ထလိုက်ပြီး ဂူထဲမှာ ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်ပါ၏။
သူအရင်က အဖြူရောင် အလင်းရောင်ဘက်ကို အမြန်ကြည့်လိုက်ပြီး ကျောက်ပြား တစ်ချပ်ကြောင့် တင်းတင်းကြပ်ကြပ် ပိတ်ဆို့ခံထားရတာကို အံ့ဩစွာ တွေ့လိုက်ရလေသည်။ ဒါက ထိုအဖြူရောင် အလင်းတွေ ထွက်ပေါ်နေတဲ့ တံခါးကျောက်ပြားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပြီး တစ်ယောက်ယောက်က တမင် ဖယ်ထားခဲ့ပုံရသည်။
ယခုအချိန်တွင် ဂူထဲ၌ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာခြင်း မရှိတော့ဘဲ ပတ်ဝန်းကျင်ရှိ ယင်စွမ်းအင်သည်လည်း အလွန်လျော့ပါးသွားပြီ။ သူ့ စိတ်ဝိညာဉ်မှ ထွက်ပေါ်လာသည့် ရင်တုန်နေခြင်းလည်း မရှိတော့ပေ။
လုရွှမ် ထူးဆန်းသော မီးလုံးတစ်လုံးကို ပစ်လွှတ်လိုက်ရာ ဂူအတွင်းက နွေးထွေးသွားသည်။
လုရွှမ် ကျောက်ပြားကို ဂရုတစိုက် ကြည့်နေ၏။ ကျောက်ပြားကြီးသည် အများကြီး မပြောင်းလဲသေးသော်လည်း ကျောက်နံရံ နှစ်ဖက်စလုံးတွင် ခြေသည်းခြစ်ရာ အနည်းငယ်ရှိသည်။
"တကယ် နတ်ဆိုးဧကရာဇ်ပဲ... ဒါတွေအားလုံးကို သူလုပ်ခဲ့တာ!"
ကျိန်ဆဲပြီးနောက် လုရွှမ်သည် ကျောက်နံရံနှင့် ကျောက်ပြားကြားရှိ အက်ကြောင်းနေရာကို သေချာစစ်ဆေးခဲ့ရာ ၎င်းတို့က အလွန်ခိုင်မာကြောင်း တွေ့လိုက်သည်။ သို့သော် လုရွှမ် အားကို အလွန်အကျွံ မသုံးဝင်ပေ။ ကျောက်တုံးကို အမှန်တကယ် ရွှေ့ပစ်လိုက်လျှင် အန္တရာယ်ရှိလိမ့်မည်။