← Chapters

ကယ်တင်မှု

Vol. 56 Ch. 4.360

ကယ်တင်မှု

Vol. 56 Ch. 4.360

သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တချို့ကို ခံစားခဲ့ရပြီးနောက် လုရွှမ်သည် သူအရင်က ခံစားခဲ့ရသော အရာများက အိပ်မက် မဟုတ်ကြောင်း သိလိုက်ရတာကြောင့် နှုတ်ဆိတ်သွားခဲ့သည်။ ယင်စွမ်းအင်မှာ သူ့ခန္ဓာကိုယ်ထဲက ဒန်တန်ထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေခဲ့ပြီး ဘယ်လိုပဲဖြစ်ဖြစ် မောင်းထုတ်လို့ မရပေ။

ထိုယင်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲက အလျင်အမြန် ထွက်ခွာရန် ရည်ရွယ်ချက် မရှိကြောင်း ထင်ရတာကြောင့် လုရွှမ်လည်း ဒန်တန်ထဲတွင် တိတ်တဆိတ် မြုပ်နှံထားလိုက်သည်။

အရင်ထွက်သင့်လား?

လုရွှမ် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်တော့ ဘာမှကောင်းတာ မရှိ​တော့ဘူး။ မြွေအိုကြီးကိုလည်း အမြီးတောင် မမြင်ရတော့ချေ။ လုရွှမ် အစောကကိစ္စကို အနည်းငယ် ကြောက်နေတုန်းပဲ။ သူဒီမှာသေလုနီးပါး ဖြစ်သွားတာ မဟုတ်လား။ ဒီလိုပြဿနာကြီး တစ်ခုကြောင့် အနာဂတ်မှာ ပိုပြီး သတိထားရတော့မယ့် သင်ခန်းစာလည်း ရသွားပြီ။

ခွန်အား အနည်းငယ်လောက်နဲ့ တချို့နေရာတွေကို ဖြတ်ကျော်လို့ မရတော့ဘူး။ ဒီကမ္ဘာပေါ်မှာ အားကောင်းပြီး အန္တရာယ်ရှိတဲ့ နေရာတွေ အများကြီးပဲ။ ဒီတစ်ကြိမ် ကံကောင်းပြီး ဂူထဲမှာ အဲဒီကျောက်ပြားကိုသာ မရခဲ့ရင် သေခြင်းတရားရဲ့ လက်ထဲကနေ ကျဉ်းကျဉ်းကလေးတောင် လွတ်မြောက်နိုင်ပါ့မလား။

သူ့စိတ်ဝိညာဉ်ကတော့ သေမင်းတမန်ရဲ့ တိတ်ဆိတ်မှုကို ဘယ်တော့မှ ထပ်မစမ်းချင်တော့ပါဘူး။

ဂူလမ်းထဲက ထွက်လာတော့ လေတိုက်သံ နှစ်ချက်ကို ကြားလိုက်သည်။

လုရွှမ်လည်း ကမန်းကတန်း ပုန်းနေလိုက်၏။ ဒီမှာ သူ မသတ်ရသေးတဲ့ သရဲတစ္ဆေတွေ ရှိနေသေးတာလား?

"ဝူး!" အဖြူရောင် အလင်းတန်းတစ်ခု ပြေးဝင်လာပြီး ရင်းနှီးသော အသံတစ်ချက် ထွက်ပေါ်လာသည်။

အဲဒါ ကျားဖြူကလေးပဲ!

လုရွှမ် ဝမ်းသာအားရ ခုန်ထွက်ကာ ကျားဖြူဖြူလေးကို ကောက်ချီပြီးနောက် သခင်ကျားဖြူလည်း အရှေ့မှ ရှိနေ​တာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"အရူးဧကရာဇ် အဆင်ပြေရဲ့လား? ဟူး တော်သေးတာပေါ့!"

သခင်ကျားဖြူလည်း လုရွှမ် အသက်ရှင်နေသေးတာကို မြင်လိုက်ရမှ သက်ပြင်းချရင်း ပြောလိုက်ပါတော့သည်။

ဒီလိုအခြေအနေမျိုးမှာ လူနှစ်ယောက် ဆင်းလာရခြင်းရဲ့ ရည်ရွယ်ချက်ကို လုရွှမ် သဘာဝကျကျ သိပြီးသားမို့ သူ့စိတ်ထဲတွင် အလွန်ကျေးဇူး တင်နေမိသည်။

"သခင်ကျားဖြူ လာကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"

သခင်ကျားဖြူ လုရွှမ် ကြည့်လိုက်သော် ခန္ဓာကိုယ်က အလွန်ကောင်းမွန်ပြီး ဒဏ်ရာလုံးဝမရှိချေ။

"ဘယ်ကသာ.. မင်းကသာ ကောင်းကင် ပုံပန်းသဏ္ဌာန်ရှိတဲ့ လူတစ်ယောက်ပဲလေ... ဟုတ်သားပဲ အရူးဧကရာဇ် မင်းတစ္ဆေလိုဏ်ဂူရဲ့ ပြဿနာကို ဖြေရှင်းလိုက်ပြီလား"

သခင်ကျားဖြူလည်း မြင့်မားတဲ့ လေ့ကျင့်မှုအဆင့် ရှိသည်။ သူအရင်က ဒီနေရာကို လာရောက်တွေ့ကြုံဖူးပြီး ကောင်းကင်ဘုံသခင် ဖြစ်တာကြောင့် သဘာဝကျကျ ထူးခြားမှုကို ခံစားနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအေးစက်သော ထွက်သက်ဝင်သက်များ ပျောက်ကွယ်သွားသလိုပင်။ အခု သူဂူထဲကို ပြန်ဝင်လိုက်တာနဲ့ အဲဒီခံစားချက်မျိုး မရတော့ဘူး။ ဒီနေရာက ရိုးရှင်းတဲ့ ဂူတစ်ခုလိုပဲ။

လုရွှမ်က ပြုံးပြီး ပြောပါ၏။

"ဖြစ်နိုင်ပါတယ်"

"အရူးဧကရာဇ်ကတော့ တကယ် အရူးဧကရာဇ်ပါပဲ ... ကျားဖြူ လေးစားပါတယ်"

ဆိုရင်း စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ ဒီတစ်ခါတော့ သူ အရူးဧကရာဇ်ကို အမှန်တကယ် ယုံကြည်သွားခဲ့​​ပြီ။ တစ်ချိန်က ဧကရာဇ်ငါးပါးနှင့် ဘုရင်တစ်ဆူတို့ ကြီးစိုးသောအခါ၌ သူသည် ယင်းကို အတန်ငယ် သဘောမတူခဲ့ပေ။

ယခု လုရွှမ် ပြန်လည် မွေးဖွားလာပြီ ဖြစ်သောကြောင့် လုရွှမ်အား အရူးဧကရာဇ်ဟု ခေါ်ဆိုသော်လည်း သူ့စိတ်ထဲတွင် အငယ်တန်း လူတစ်ဦးအဖြစ် ပုဂ္ဂလဓိဋ္ဌာန်ပြုဆဲ ဖြစ်သည်။ သူ့အရင်ဘဝက ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ အခုက သူတော်စင်အဆင့်ပဲ ရှိတော့တာမို့ ဘယ်လိုများ မာနကြီးနိုင်မှာမလို့လဲ။

သို့သော် ယခုတော့ သူ လုံးဝ ယုံကြည်သွားပြီ။ အရင်ကပြောခဲ့သလိုပဲ သူဆင်းလာရတဲ့ အကြောင်းရင်းက လုရွှမ်ဟာ အသက်တိုတဲ့လူ မဟုတ်ဘူး။ အနည်းဆုံးတော့ သူဟာ တစ္ဆေလိုဏ်ဂူထဲမှာ ဘယ်တော့မှ မသေနိုင်ဘူးလို့ ခံစားမိတဲ့အတွက် ရဲရင့်စွာ ဆင်းလာခဲ့ခြင်းသာ ဖြစ်သည်။ ဖြောင့်မတ်တယ်လို့ ဆိုသော်လည်း အမှန်မှာ မိမိကိုယ်ကို လှည့်စားလိုက်ခြင်းသာ ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် လုရွှမ်ဟာ သူတို့ နှစ်ပေါင်းများစွာ မအောင်မြင်ခဲ့သော အရာကို လုပ်နိုင်ခဲ့သည်။ ဒီအရာသည် ခွန်အားကြောင့် မဟုတ်တော့ဘဲ ကံကြမ္မာကြောင့်လည်း ဖြစ်နိုင်သွားပြီ။

လုရွှမ်သည် သခင်ကျားဖြူ ဘာတွေးနေမှန်း မသိသော်လည်း ကယ်ဆယ်ဖို့ ဆင်းလာ​ပေးတဲ့ အတွက် အလွန်ကျေးဇူးတင်​နေခဲ့ပြီး သူ့သဘောထားသည်လည်း အနည်းငယ် နီးစပ်လာသလို ခံစားလာရသည်။

"သခင်ကျားဖြူ ဒီမှာ ကိစ္စပြီးပြီ... ကျွန်တော်တို့ အပေါ် တက်ကြရအောင်လား"

“ဒါပေါ့ အရူးဧကရာဇ် ကြွပါ”

သခင်ကျားဖြူကလည်း ဆိုလိုက်သည်။

သခင်ကျားဖြူ သူ့ကို လေးလေးစားစား ဆက်ဆံနေတဲ့ အကြောင်းအရင်းမှန်ကို မသိဘဲ လုရွှမ်ကတော့ သူ တစ္ဆေလိုဏ်ဂူကို ပြုပြင်ပေးတဲ့အတွက်လို့ပဲ တွေးကာ သူ့ရဲ့ ကျေးဇူးတင်မှုကို ယဉ်ကျေးမ​နေတော့ပေ။

သူ လုပ်နိုင်ပေမယ့် တခြားသူသာဆိုလျှင် သေမှာ သေချာပါ၏။

သူတို့နှစ်ဦးသည် တစ္ဆေလိုဏ်ဂူထဲမှ ပြေးထွက်လာကြသည်။ နေ​ရောင်ကို ပြန်မြင်ရသောအခါမှသာ လုရွှမ် ယခင်ကထက် ပို၍သက်တောင့်သက်သာ ရှိလာခဲ့သည်။ သူ့လက်နှစ်ဖက်ကို ဖွင့်လိုက်ရုံနဲ့ သူ့ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို တိုးဝင်လာတာကို ခံစားလိုက်ရပြီး အရမ်းကို စိတ်အေးလက်အေး ဖြစ်နေတော့၏။

ရုတ်​တရက်​ သူတို့ ​ပြေးထွက်​လာတော့ ပတ်​ပတ်လည်​မှာ စုဝေးနေခဲ့တဲ့ လူတွေဟာ ချက်ချင်း ထခုန်လိုက်ကြသည်။ သခင်ကျားဖြူ၊ ကျားဖြူ​လေနဲ့ လုရွှမ်တို့ကို သေသေချာချာ မြင်​လိုက်​ရ​တော့ သူတို့အားလုံး ထိတ်​လန့်​သွားလေသည်။

တစ္ဆေလှိုဏ်ဂူက ဘယ်အချိန်က ဒီလောက် ရိုးရှင်းသွားတာလဲ ဟူသည့် မျက်လုံးများဖြင့် အချင်းချင်း ကြည့်နေကြတော့သည်။

"သခင်ကျားဖြူ... အရူးဧကရာဇ် ခင်ဗျားတို့ အဆင်ပြေကြရဲ့လား"

ကောင်းကင်ဘုံသခင် တစ်ယောက်က ခပ်မြန်မြန်လေး မေးမြန်းလိုက်သည်။ အားလုံးကလည်း အဖြေကို စောင့်မျှော်နေလျက် သူတို့နှစ်ဦးကို အံ့အားသင့်စွာ ကြည့်နေကြသည်။

သခင်ကျားဖြူက ရယ်မောရင်း

"ဒါပေါ့.... အမှန်တော့ ငါနဲ့ရှောင်ပိုင် ဆင်းသွားတဲ့အချိန်မှာ အရူးဧကရာဇ်က ဘေးကင်းကင်းနဲ့ ပျံသန်းနေတာကို တွေ့လိုက်ရတာပဲ"

"အရူးဧကရာဇ် မင်းအဆင်ပြေတာ ကောင်းပါတယ်.... ဟိုမှာ ဖြစ်ပျက်ခဲ့တာကို မြွေအိုကြီး ပြောပြတယ်... ငါတို့ နားထောင်ရင်း မင်း လဲကျသွားတယ် ဆိုတော့ အရမ်းစိုးရိမ်နေခဲ့တာ..အခု အဆင်ပြေတယ် ဆိုတော့ အရမ်းကောင်းပါတယ်...တကယ်ပဲ အစွမ်းထက်လွန်းတယ် တစ္ဆေလိုဏ်ဂူထဲကနေတောင် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့တဲ့ အတွက် မင်းကို လေးစားပါတယ် လေးစားပါတယ်"

ကောင်းကင်ဘုံသခင်များ အားလုံး အမြန်ချီးကျုးကြသည်။ တစ်ယောက်ယောက်ကို ချော့မော့ဖို့ ပိုက်ဆံမလိုပါဘူး။ ချစ်စရာကောင်းတဲ့ စကားလေး နည်းနည်းပြော​ပေးရုံပါပဲ။

သို့သော် လုရွှမ်ရဲ့ အင်အားကြောင့် သူတို့ အံ့သြသွားကြသည်။ သခင်ကျားဖြူ ကောင်းကင်ဘုံသခင်ကတော့ မုသာပြောမှာ မဟုတ်ပေ။ အဲဒီလို ကြောက်စရာ ကောင်းတဲ့ ​နေရာကတောင်မှ လွတ်မြောက်အောင် လုပ်နိုင်ခဲ့ရုံသာမက လုံလုံခြုံခြုံ ရှိနေခဲ့ပုံလည်းရ၏။

လုရွှမ် လက်ရှိအင်အားနဲ့ ပတ်သက်၍ သူတို့သည် ထပ်ခါတလဲလဲ လွန်ကဲသည်ဟု ထင်ခဲ့ကြသော်လည်း လုရွှမ်ရဲ့ စွမ်းဆောင်မှုကတော့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းထက် အကြိမ်ကြိမ် ကျော်လွန်သွားခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ နတ်ဆိုးမျိုးနွယ်ကို နှိပ်စက်ညှဉ်းပန်းခဲ့သည့် တစ္ဆေလှိုဏ်ဂူသည်ပင် သူ့ကို ထောင်ချောက်ဆင်လို့ မရခဲ့ပေ။

လုရွှမ်သည် ၎င်းတို့ကို ကြည့်ရုံဖြင့် နတ်ဆိုးများ တွေးနေပုံကို သိနိုင်သော လူသားတစ်ဦးဖြစ်သည်။ သူတို့ရဲ့ စကားတွေက ချီးမွမ်းသံတွေနဲ့အတူ သူတို့မျက်လုံးတွေထဲက စူးစူးရှရှ ကြောက်ရွံ့မှုတွေပါ ပေါ်လာကြ၏။

လူသားဖြစ်ဖြစ် သားရဲဖြစ်ဖြစ် သက်ရှိသတ္တဝါ အားလုံးဟာ အင်အားကြီးသူများကို ကြောက်ရွံ့ကြလိမ့်မည်။ သို့သော် ကြောက်ရွံ့မှု လွန်ကဲလာသောအခါတွင်လည်း ခုခံရန် သတ္တိ ရှိလာတတ်သည်။

ထိုအရာမှာ အလွန်ထူးဆန်းသော စိတ်ပညာရပ် တစ်ခုဖြစ်ပြီး ယခု လုရွှမ် ထိုနတ်ဆိုးမျိုးနွယ်တွေရဲ့ မျက်လုံးများထဲက ပြင်းထန်သော အလင်းရောင်ကို မြင်နေရသည်။

ဒီကောင်တွေက သူ့ကို ဒီမှာ ထားခဲ့ပြီး အန္တရာယ်ကို ကြိုပြီး ဖယ်ထုတ်ချင်နေတာ ဖြစ်နိုင်သည်။ သူကြီးပြင်းလာပြီး အနာဂတ်မှာ အင်အား ပိုကြီးပြင်းလာမှာကို ကြောက်နေကြတာပဲ။

လုရွှမ် သူ့နှလုံးသားထဲမှာ လှောင်ရယ်လိုက်သည်။ သူ့အရင်ဘဝက ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးပါ၏။ ထိုအရာ အတွက် သူ့မှာ ဖြေရှင်းချက် တစ်ခုပဲရှိတယ်။ အဲဒါကတော့ သူတို့ကို ပြင်းပြင်းထန်ထန် တွန်းလှန်ရဲဖို့ပဲ။

ဒါကို ဘယ်လိုလုပ်ရမလဲ? ဒီနေရာမှာ အခွင့်အာဏာကို ထူထောင်မှာလား? အခွင့်အာဏာ ထူထောင်ပုံက လူတွေကို သတ်ပစ်တာပဲလား?

လုရွှမ် ချောင်းဟမ့်လိုက်ပြီး နတ်ဆိုးမျိုးနွယ်တွေ ဘက်ကို စိုက်ကြည့်ရင်း သူ့မျက်နှာက ရုတ်တရက် အေးစက်သွားသလို တင်းမာသွား၏။

"အားလုံးပဲ.... လူတိုင်း ကြောက်ရတဲ့ ဒီတစ္ဆေလိုဏ်ဂူထဲကို ဝင်ဖို့ ငါ့အသက်ကို စွန့်စားရတဲ့ အကြောင်းရင်း နှစ်ချက်ရှိတယ်.... ပထမတစ်ချက်က ငါ မင်းတို့နဲ့ရှိထားတဲ့ အလောင်းအစားကြောင့်ပဲ... ဒါဆို မင်းတို့ရော လောင်းကြေးကို လိုက်နာရဲလား ပြန်မေးချင်တယ်"

"ဒုတိယအနေနဲ့ မင်းနတ်ဆိုးမျိုးနွယ်ရဲ့ ဆိုးရွားလှတဲ့ အခြေအနေ အကြောင်း သိပြီးတော့ တစ္ဆေလိုဏ်ဂူကိစ္စကို ဖြေရှင်းပြီး ချိတ်ပိတ်ပစ်ဖို့ပဲ"

"အခု ငါ တစ္ဆေလိုဏ်ဂူထဲကို ဆင်း​ပြီးသွားပြီ... တစ္ဆေလှိုဏ်ဂူကိုလည်း ငါ ချိတ်ပိတ်ထားလိုက်ပြီ... ဒါကို သခင်ကျားဖြူက သက်သေပြနိုင်တယ်။ မယုံနိုင်သေးဘူး ဆိုရင် မင်းတို့ကိုယ်တိုင် ဆင်းပြီး ကြည့်လို့ရတယ် အရင်က ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ ရှိတယ်... အခုတော့ ပျောက်ကွယ်သွားပြီမလို့ ဒီနေရာက သက်ရှိတွေ မျိုးသုဉ်းသွားမယ့်နေရာ မဟုတ်တော့ဘူး"

လုရွှမ်စကားများ ထွက်လာသည်နှင့် တပြိုင်နက် နတ်ဆိုးမျိုးနွယ်စုများနှင့် သားရဲများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား​ကြသည်။

တစ္ဆေလိုဏ်ဂူကို ချိတ်ပိတ်ပစ်တယ်တဲ့လား?

ဟုတ်မဟုတ် သိချင်စိတ်ဖြင့် သက်သေ တောင်းရမ်းနေသော မျက်လုံး အစုံများက သခင်ကျားဖြူကို လှမ်းကြည့်လိုက်သည်။

သခင်ကျားဖြူကလည်း သူတို့ရဲ့ စိုးရိမ်မှုများကို သိတာကြောင့် ပြုံးကာ ခေါင်းညိတ်​ပြလိုက်သည်။

All Chapters