ဂုဏ်သိက္ခာကိုထူထောင်ခြင်း
Vol. 57 Ch. 4.361
"ဟုတ်တယ်... တစ္ဆေလိုဏ်ဂူကို ချိတ်ပိတ်လိုက်ပြီ.... လူတိုင်းဆင်းပြီး ခံစားကြည့်လို့ ရတယ်"
ထိုအချိန်တွင် မဟာသူတော်စင်ကြီး နှစ်ယောက် ခုန်ဆင်းသွားပြီး မကြာမီ သူတို့ အမြန် ပြန်တက်လာကြသည်။ သူတို့ မျက်နှာများမှာ စိတ်ကြွဆေးပြားများ အဝစားလာတဲ့ ပုံစံနဲ့ အော်ပြောလာခဲ့လေ၏။
“ဟုတ်တယ်ဟေ့ တစ္ဆေလိုဏ်ဂူကို ချိတ်ပိတ်လိုက်ပြီ”
တစ္ဆေလိုဏ်ဂူက သူတို့ရဲ့ အကြီးမားဆုံး စိုးရိမ်မှုပဲ။ အခု နောက်ဆုံးတော့ ချိတ်ပိတ်သွားပြီ။ သူတို့ရဲ့ အသက်အန္တရာယ်လည်း မရှိတော့ဘူးလေ။ နတ်ဆိုးမျိုးနွယ်တွေ အားလုံး အရမ်းပျော်သွားကြပြီး သူတို့ရဲ့ ဦးခေါင်းထက်က ချွန်ထက်တဲ့ ဓားရှည်ကြီးကို နောက်ဆုံးတော့ ဖယ်ထုတ်ပစ်လိုက်နိုင်ပြီ ဖြစ်သည်။
"ဒါပေမဲ့!"
လုရွှမ်က မိုးခြိမ်းသံလို သူ့အသံနဲ့ ပျော်ရွှင်နေတဲ့ နတ်ဆိုးမျိုးနွယ်စုတွေ အားလုံးကို လှုပ်နှိုးလိုက်ပြန်သည်။
"ဒါပေမဲ့ ဒီဖြစ်စဉ် တစ်ခုလုံးမှာ ကောင်းကင်ဘုံသခင် လူတစ်ယောက်က ငါ့ကို သုံးခါလောက် သစ္စာဖောက်သွားတယ်.... မြွေအိုကြီး မင်းဘာပြောချင်လဲ"
လူအုပ်၏ အဆုံးတွင် တုန်တုန်ယင်ယင် ရပ်နေသည့် မြွေအိုကြီးကို မြင်လိုက်ရ၏။ လုရွှမ်ရဲ့ မျက်လုံးများက သူ့ဆီသို့ ဦးတည်လာနေတာကို မြင်လိုက်ရတာနဲ့ မြွေအိုကြီးရဲ့ မျက်လုံးများထဲတွင် ပြင်းထန်သော အလင်းတန်းများ လျင်မြန်စွာ ပျောက်ကွယ်သွားကာ အပြစ်ရှိကြောင်း လျင်မြန်စွာ ခံစားလိုက်ရသည်။
ဒီအခိုက်အတန့်မှာ အကြောက်ဆုံးလူက မြွေအိုကြီးပါပဲ။ သူ့မှာ ကြောက်ရွံ့ထိတ်လန့်ရင်း သံသယများကလည်း ပို၍ပင် ပြည့်နှက်လာသည်။ လုရွှမ် မေ့မြောသွားတာကို သူ သေသေချာချာ မြင်လိုက်ရတယ် မဟုတ်ပါလား။
ဒါပေမဲ့ လုရွှမ်က ဘာမှမဖြစ်တဲ့အပြင် အသက်ရှင်လျက် ပြန်ထွက်လာတာက သူ့ကို ပိုလို့တောင် စိတ်ဓာတ် ကျသွားစေခဲ့တာပါပဲ။ ထွက်လာရင်လည်း ထွက်သွားလိုက်တော့ပေါ့။ ဘာဖြစ်လို့များ တစ္ဆေလိုဏ်ဂူကိုပါ ချိတ်ပိတ်နိုင်ခဲ့တာလဲဲ။
တစ္ဆေလိုက်ဂူရဲ့ ခြိမ်းခြောက်မှုကို လုရွှမ် ဖြေရှင်းနိုင်မယ်လို့ သူမျှော်လင့်ခဲ့တာ သေချာပေမယ့် ဒီလိုအချိန်မှာတော့ မဟုတ်နေပေ။
တစ္ဆေလိုဏ်ဂူထဲမှာ သူ လုရွှမ်ကို သုံးကြိမ်ဆက်တိုက် သစ္စာဖောက်ခဲ့သည်။ အရူးဧကရာဇ်က အဲဒီလိုကိစ္စမျိူးကို ခံနိုင်ရည် ရှိနေဆဲ သည်းခံနေဆဲဆိုလျှင် သူက ဘယ်လိုလုပ် အရူးဧကရာဇ် ဘယ်ဟုတ်ပါတော့မလဲ။
လုရွှမ် လူသိရှင်ကြား တိုက်ရိုက် ဖော်ထုတ်လိုက်မယ်လို့ မထင်ထားခဲ့ပေ။ လုရွှမ်က နတ်ဆိုးမျိုးနွယ်စုတွေ အားလုံး ရွှင်လန်းတက်ကြွ နေချိန်မှာ သူ့ကို အပြစ်ပေးချင်တာကြောင့် ဒါကို တိုက်ရိုက် ဖော်ပြခဲ့တာပါပဲ။
မြွေအိုကြီးမှာ သူ့နှလုံးသားထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသော်လည်း သူ့မျက်နှာပေါ်တွင်တော့ အတင်း ပြုံးပြလိုက်သည်။
"အရူးဧကရာဇ်.... မင်းထွက်လာပြီလား? အဟာဟား ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်"
"ဂုဏ်ပြုပါတယ်?? အဟမ်း ငါကတော့ မင်းငါ့ကို အပြင် မထွက်လာစေချင်ဘူးလို့ ထင်တာပဲ"
လုရွှမ်ရဲ့စကားက မြွေအိုကြီးကို အလွန် ထိတ်လန့်သွားစေပြီး
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အရူးဧကရာဇ် မင်းနားလည်မှုလွဲနေပြီ"
သူက အကျယ်ကြီး အော်လိုက်ရင်း လူအုပ်ထဲတွင် ပုန်းနေကာ ထွက်မလာရန် ငြင်းဆန်နေသည်။
လုရွှမ်ရဲ့ စွပ်စွဲချက်ကို ပြန်မချေပရဲသော မြွေအိုကြီးရဲ့ အပြုအမူက ရှင်းရှင်းလင်းလင်း အတည်ပြုခဲ့သည်။ ထိုအချိန်တွင် နတ်ဆိုးသားရဲ အော်ဟစ်၍ သူ့အနားက ဆုတ်ခွာသွားသည်။ သစ္စာဖောက်ခြင်းက သာမန်ကိစ္စ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း နတ်ဆိုးမျိုးနွယ်ကြားတွင် သစ္စာဖောက်မှုက အယုတ်မာဆုံး အရာဖြစ်သည်။
သူက လုရွှမ်ကို သုံးကြိမ်ဆက်တိုက် သစ္စာဖောက်ခဲ့သည်။ သူ ဘာအန္တရာယ်မှ မရှိဘဲ ပြေးလာနိုင်တာ အံ့သြစရာ မရှိပါဘူး။ နောက်ပြီး ဘာဒဏ်ရာမှတောင် မရခဲ့ဘူးလေ။
"မြွေအိုကြီး... မင်းအမှားကို မင်းသိတယ်လို့ မထင်ဘူးလား"
လုရွှမ် လေသံ ပြင်းပြင်းထန်ထန်ဖြင့် အော်လိုက်စဥ် မြွေအိုကြီးက ရွဲ့စောင်းပြုံးပြီး
"အရူးဧကရာဇ်... မင်း နောက်နေတာလား? ငါ့မှာအသေ ကြောက်နေတာကို မင်းကို ဘယ်လိုလုပ် သစ္စာဖောက်ရမှာလဲ?"
လုရွှမ် မြွေအိုကြီးရဲ့ စကားတွေကို ဆက်မရှုပ်စေတော့တာကြောင့် သူ့ကို တိုက်ရိုက် ဟန့်တားလိုက်တော့သည်။
"မြွေအိုကြီး အရင်က မင်းငါ့ကို ရန်စဖို့ ကြံစည်ထားပေမယ့် ငါဘာမှမပြောဘူး.... မင်းက မင်းရဲ့ နတ်ဆိုးမျိုးနွယ်စုကို ကိုယ်စားပြုသလို ငါကလည်း လူသားမျိုးနွယ်ရဲ့ အကျိုးအတွက် လုပ်ခဲ့တာပဲ"
"ဒါပေမဲ့ တစ္ဆေလိုဏ်ဂူထဲမှာ မင်းငါ့ကို သုံးခါတိတိ ပစ်ထားခဲ့တယ်... အဲဒါကမင်း ငါ့ရဲ့ရန်သူ ဖြစ်သွားပြီလို့ ဆိုလိုတာပဲ.... မင်းကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဖို့ အခွင့်အရေးပေးမယ် မင်းအနိုင်ရရင် ငါတို့ အတိတ်ကို ရှင်းမှာ မဟုတ်ဘူး... မင်းရှုံးရင်တော့ မင်းရဲ့အသက်ကို ငါ့လက်ထဲ အပ်ရမယ်"
မြွေဆိုးများ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။ လုရွှမ်ကို မြွေအိုကြီးကို တိုက်ရိုက် စိန်ခေါ်လာမယ်လို့ ဘယ်သူကမှ မထင်ထားဘူးလေ။
ကောင်းကင်ဘုံသခင် များစွာလည်း သူတို့စိတ်ထဲက အတွေးတွေနဲ့ မြွေအိုကြီးကို မကြာခဏ လှည့်ကြည့်လာကြသည်။
သခင်ကျားဖြူမှာလည်း လုရွှမ် ယခုလို လောင်းကြေး ထပ်လိုက်သဖြင့် အနည်းငယ် စိုးရိမ်သွားရာ သူက ပြောလာ၏။
"အရူးဧကရာဇ် ဒါက စိတ်မမြန်လွန်းနေဘူးလား"
"သခင်ကျားဖြူ... ကျုပ်ရဲ့ ရိုးသားမှုကို သက်သေပြခဲ့ပြီးပြီ... ဒါပေမဲ့ အဲဒီ ကောင်းကင်ဘုံရှင်သခင်တွေရဲ့ သဘောထားကိုလည်း ကျုပ် မြင်ဖူးပါတယ် .... သိက္ခာနည်းနည်းမှ မပြရင် ဒီကောင်တွေက ကျွန်တော့်ကို ဒီမှာပဲ ထားခဲ့လိမ့်မယ်"
သခင်ကျားဖြူမှာ ထိုကောင်းကင်ဘုံ သခင်များ ဘာကိုဆိုလိုချင်ကြလဲ မသိပေ။ သူက လုရွှမ်ရဲ အလားအလာကို စိတ်ကူးယဉ်ထားပြီးပြီမို့ စောစောစီးစီး ဆက်ဆံရေးကို မတည်ဆောက်ပါက နှောင့်ယှက်ခံရမှာမှာ သေချာတာကြောင့် ထိုကိစ္စကို စိတ်ပူနေမိသည်။
လုရွှမ်ရဲ့ ဒီအကွက်က ဉာဏ်ကို လွှာသုံးလိုက်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ကြောင်း သူသိပါသည်။ ဒီကောင်တွေကို မဟန့်တားရင် အနာဂတ်မှာ သူတို့ဟာ နှစ်ဖက်ကြားက သဘောတူ စာချုပ်ကို မလိုက်နာတာတွေ ဖြစ်လာနိုင်ကြောင့် သူ စကား ဝင်မပြောတော့ဘဲ နေလိုက်သည်။
မြွေအိုကြီးက ပျော်နေပေမယ့်လည်း တစ်ဖက်ကလည်း အံ့သြသွားခဲ့သည်။
ပျော်နေခဲ့တာက ဒီကောင်းကင်ဘုံ သခင်များသည် နောက်ဆုံးတွင် အခွင့်အရေးယူရန် စီစဉ်ထားခဲ့လို့ပဲ ဖြစ်ကာ အံ့အားသင့်သွားတာက လုရွှမ်က ဦးစွာ တိုက်ခိုက်လိုက်လေခြင်းပင်။
ဘာကြောင့် အမြဲတမ်း အရင်လှုပ်ရှားရတဲ့ လူက သူဖြစ်နေရတာလဲ?
လုရွှမ်ရဲ့ စွမ်းအားက သာလွန် ကောင်းမွန်တယ်ဆိုတာ သူသိသော်လည်း ကောင်းကင်ဘုံသခင် အဖြစ် မြွေအိုကြီးမှာလည်း သူ့ကိုယ်သူ အနည်းငယ် ယုံကြည်မှုရှိနေဆဲ ဖြစ်သည်။
ခဏလောက်စောင့်ပြီးမှ တခြားသူတွေကိုပါ ရေထဲ ဆွဲချနိုင်လိုက်ရင် အဆင်ပြေသွားပြီလေ။
"အရူးဧကရာဇ်....ငါ့ကို အဖြူရောင်အရိပ်တစ်ခု ထိသွားတာကို မင်းလည်း မြင်ခဲ့တာပဲလေ"
"အဓိပ္ပာယ်ကို မရှိဘူး!!"
လုရွှမ် အော်ဟစ်ပြီး ဖျတ်ကနဲ ပြေးထွက်သွားကာ မြွေအိုကြီးရဲ့ ပါးကို ရိုက်ချလိုက်သည်။
သို့သော် လှုပ်ရှားနေစဉ် အတွင်း သူ့နှလုံးက တင်းကျပ်သွားခဲ့သည်။ သူအစက နဂါးဆင်ရွှေလက်ဝါးကို ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအားနဲ့ ပေါင်းစပ်ဖို့ အသုံးပြုချင်ခဲ့ပေမယ့် မထင်မှတ်ဘဲ ဒန်တန်ထဲက ယင်နဲ့ယန် စွမ်းအင်တွေက ဟန်ချက်ညီညီဖြင့် အတူတကွ ထိုးထွက်လာခဲ့လေသည်။
မစဉ်းစားဘဲ လက်ဖဝါးနဲ့ ရိုက်ချလိုက်တဲ့ ပုံစံက စွမ်းအင်လှုပ်ရှားမှု မဟုတ်ပါဘူး။ ကိုယ်ခံပညာ မသိတဲ့ သာမန် လူတစ်ယောက်ကို ကိုယ်ခံပညာရှင် တစ်ယောက်က ကျပန်း ထိုးနှက်လိုက်သလိုပါပဲ။
လှုပ်ရှားမှုထဲက စွမ်းအားကို မမြင်နိုင်သလို အရှိန်အဟုန်ထဲက စွမ်းအင်ကိုလည်း မမြင်ရချေ။
မြွေအိုကြီးမှာ အကြောင်းပြချက် မရှိဘဲ သူ့ခန္ဓာကိုယ်က တဆက်ဆက် တုန်ရီလာတာကို ရုတ်တရက် ခံစားလိုက်ရသည်။ ယခင်က တစ္ဆေလိုဏ်ဂူထဲတွင် ခံစားခဲ့ရသည့် အတိုင်းပင်။
အလိုလို ပြေးချင်မိတာကြောင့် ခဏလောက်တော့ ပြန်ခုခံဖို့ သတ္တိမရှိတော့ပေ။
ယခင်က မိုက်မဲမှုတွေအတွက် သူ့ကိုယ်သူ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ အရူးဧကရာဇ်က တစ္ဆေလိုဏ်ဂူထဲမှာတောင် အသံကောင်းဟစ်ပြီး သူ့ကိုယ်သူ ထိန်းနိုင်စွမ်းရှိတာ အဲဒီစွမ်းအားကို သူဘယ်လိုလုပ် ထိန်းချုပ်နိုင်စွမ်း မရှိနိုင်မှာတဲ့လဲ။
လက်ဖဝါး စွမ်းအားက တိတ်ဆိတ်သော်လည်း အလွန် လျင်မြန်လှသည်။
မြွေအိုးကြီး လှုပ်ရှားချင်လာတဲ့အခါ နောက်ကျနေပြီဆိုတာ သိလိုက်ရ၏။ သူ့ခန္ဓာကိုယ်ထဲကို စွမ်းအားတွေ ထိုးဖောက် ဝင်ရောက်လာပြီး သူ့တစ်ကိုယ်လုံး ရုပ်သေးရုပ်လိုမျိုး တောင့်တင်းနေလျက်သား။
ပြီးတော့ တော်တော်ကို ပူလောင်နေတဲ့ သူ့ခန္ဓာကိုယ်ထဲကို ယန်စွမ်းအင်တွေ ပြေးဝင်လာသည်။ သက်ရောက်မှုက သူ့ခန္ဓာကိုယ်ကို ထိမှန်ပြီး သူ့ဒန်တန်ဆီ တိုက်ရိုက် ရောက်သွားရှိသွား၏။ သူ့ရဲ့ ကျင့်စဥ်က ယင်စွမ်းအင်နဲ့ သက်ဆိုင်တာကြောင့် ဒီအချိန်မှာ အလွန်အမင်း ထိတ်လန့်လာစေတော့သည်။
ဒီအင်အားကို သူ့ဒန်တန်ထဲကို အပြေးအလွှား ဝင်ခွင့်ပြုလိုက်ရင် ဘာဖြစ်သွားမလဲ?
သူတွေးဖို့ အချိန် မရှိတော့ပါဘူး။ နောက်အခိုက်အတန့်မှာတော့ သူ့ခန္ဓာကိုယ်ဟာ အလင်းတန်းတွေနဲ့ ပေါက်ကွဲထွက်ပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ ရုပ်သွင် အစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီး အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားကာ နေရာအနှံ့ သွေးတွေနဲ့ အသားတွေ ပျံ့လွင့်သွားရာ အလွန်ပဲ ထိတ်လန့်ဖွယ် ကောင်းလှသည်။
မြွေအိုကြီးရဲ့ နောက်ဆုံး မျက်လုံးတွေဟာ လုရွှမ် လက်ဖဝါးကို စိုက်ကြည့်ရင်း သူ့ကိုယ်သူ ဒီလိုအဆုံးသတ်သွားရမယ်လို့ လုံးဝမယုံနိုင် ဖြစ်နေတော့၏။
လုရွှမ်မှာလည်း ဒါက သူရိုက်လိုက်တဲ့ လက်ဝါးမှ ဟုတ်ရဲ့လားဟူ၍ အလွန်အမင်း အံ့သြကာ မယုံကြည်နိုင်အောင် ဖြစ်သွားသည်။
တခြားလူတွေ လုရွှမ်ကို ကြည့်တဲ့ အကြည့်တွေက ပိုလို့တောင် ထိတ်လန့် စိုးထိတ်လာကြသည်။
ကောင်းကင်ဘုံသခင် ဆိုတာ အသက်ကြီးပြီး အကြိမ်ပေါင်းများစွာ ဒဏ်ရာတွေ ရခဲ့ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုကတော့ လျော့ကျသွားမှာ မဟုတ်ပေ။ အနည်းဆုံးတော့ သာမာန် မဟာသူတော်စင်တွေတောင် ယှဉ်နိုင်တဲ့ အရာတော့ မဟုတ်ချေ။
သို့တိုင် သူတော်စင်တစ်ယောက်ရဲ့ လက်ဖဝါး တစ်ချက်တည်းဖြင့် ထိမှန်ကာ ပေါက်ကွဲသွားခဲ့ရသည်။
တခဏချင်းမှာပဲ လုရွှမ်ကို သတ်ပစ်ဖို့ ကြံစည်ထားတဲ့ နတ်ဆိုးတွေဟာလည်း သူတို့ရဲ့ အစီအစဥ်ကို လုံးဝ စွန့်လွှတ်လိုက်ရတော့သည်။ လုရွှမ်သည် တချို့သော လူများအတွက် သူငယ်ချင်းဖြစ်နိုင်ကြောင်း သက်သေပြရန် ခွန်အားကို ထုတ်ပြခဲ့သည်။ သူနဲ့ ရန်သူဖြစ်ရဲတဲ့ သတ္တိရှိသူကတော့ သေဖို့ ကြိုတင် ပြင်ဆင်ထားရလိမ့်မည်။