← Chapters

အမှောင်ယင်စွမ်းအင်ကိုးစင်း

Vol. 57 Ch. 4.362

အမှောင်ယင်စွမ်းအင်ကိုးစင်း

Vol. 57 Ch. 4.362

'ကောင်လေး မင်းတကယ် ကံကောင်းတာပဲ'

ရုတ်တရက် ရွှေကျီးကန်းရဲ့ အသံက သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။ တစ္ဆေလိုဏ်ဂူမှာတုန်းက တုံ့ပြန်မှု မရှိခဲ့သော်လည်း ယခု ရုတ်တရက် ပေါ်လာတာကြောင့် လုရွှမ် ထိတ်လန့်လုနီးပါး ဖြစ်သွားသည်။

'မင်း ဘယ်​သွား​နေတာလဲ? ငါမင်းကို​ မေး​နေတာကြာပြီ တစ်ခုမှ ပြန်မဖြေဘူး... မင်းတို့ တစ်ခုခုများ ဖြစ်နေလို့လား?'

ရွှေကျီးကန်းမျက်နှာ အနည်းငယ် နီရဲသွားသည်။ အရင်က တစ္ဆေလိုဏ်ဂူထဲတွင် ဖြစ်ပျက်ခဲ့သမျှနှင့် ပတ်သက်၍ သူနည်နည်းတော့ ရှက်သွားမိ၏။ သူ့ရဲ့ ဂရုမစိုက်မိလိုက်တဲ့ အခိုက်မှာ တစ္ဆေလိုဏ်ဂူကို ရောက်သွားမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။ သူ့အိပ်ရာထဲ ယင်ချီတွေ အပြေးအလွှား ဝင်ရောက်လာမှ သူနိုးလာခဲ့တော့သည်။

'အဟမ့် ကောင်လေး... အရေးကြီးတာက မင်းအစောက အခွင့်အရေးကြီးတစ်ခု ရခဲ့တဲ့ ကိစ္စပဲ'

လုရွှမ် ထိုကျီးကန်း ခေါင်းစဉ်ကို တမင်ပြောင်းနေမှန်း ခန့်မှန်းနိုင်သော်လည်း သူအစောက တစ္ဆေလိုဏ်ဂူထဲမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်​ပြီး အလွန်စိတ်ရှုပ်ထွေးခဲ့သည်။ ရွှေကျီးကန်းက ထိုပြဿနာကို စိတ်အနှောင့်အယှက် မဖြစ်စေဘဲ ဖြေရှင်းနိုင်လိမ့်မယ်ဟု မျှော်လင့်​နေခဲ့သည်။

"ဘာအခွင့်အရေးလဲ?"

"မင်းရဲ့ ဒန်တန်မှာရှိတဲ့ အပျက်သဘောဆောင်တဲ့ အရာတွေကို မင်းသိလား?"

ရွှေကျီးကန်းက စကားလမ်းကြောင်း ပြောင်းရန် ကြိုးစားနေမှန်း သိသဖြင့် လုရွှမ်လည်း ပြန်ပူးပေါင်းကာ မေးလိုက်သည်။

"အဲဒါတွေက ဘာတွေလဲ?"

'ငါ့ရဲ့ ခန့်မှန်းတာသာ မှန်ရင် အဲဲဒါက ယင်းစွမ်းအင်ကိုးစင်းပဲ'

'ဘယ်လို ရတနာမျိုးလဲ? ကြောက်စရာ ကောင်းလား?'

'ကောင်စုတ်လေး... မင်းမှာ အားသာချက် ရှိနေတာတောင် ဘယ်လိုသုံးရမလဲ မသိဘူးလား? မင်းလေ့ကျင့်တာက ယွမ်ယန်ကျင့်စဥ် ဆိုတာကို မင်းသိထားရမယ်... မင်းခန္ဓာကိုယ်က ယန်စွမ်းအင်နဲ့ နေမင်းလောက် သန်မာတယ် ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ယင်အမျိုးအစား ပေါင်းစပ်ထားတဲ့ အရာတွေလည်း ရှိ​နေတယ်... အဲဒါကမင်းရဲ့ ရုပ်ပိုင်းဆိုင်ရာကို မသက်မသာ မဖြစ်စေတဲ့အပြင် မထိခိုက်စေဘူး... အဲဒါက ရတနာမဟုတ်လို့ ဘာဖြစ်ရမှာတုန်း!'

လုရွှမ်သည် ရွှေကျီးကန်း ပြောတာမှန်ကြောင်း သိပါသည်။ သူအစောက ထုတ်လွှတ်လိုက်သော လက်ဖဝါးရဲ့ ကြောက်စရာကောင်းတဲ စွမ်းအားက သူ့ကို တိတ်တဆိတ် ထိတ်လန့်စေခဲ့တယ် မဟုတ်လား။ အခုဘာပဲဖြစ်နေနေ သူ့ဒန်တန်မှာရှိတဲ့ စွမ်းအင်တွေကို မစုစည်းနိုင်သေးတာတော့ နှမြောစရာ ကောင်းလှသည်။

သခင်ကျားဖြူသည် မြွေအိုကြီးရဲ့ အလောင်းကို စိုက်ကြည့်နေစဥ် နတ်ဆိုးမျိုးနွယ်မှ ကောင်းကင်ဘုံသခင်တွေကလည်း ပြန်လည် ကောင်းမွန်ခြင်း မရှိသေးသော မြွေအိုကြီးရဲ့ အလောင်းဆီကနေ အကြည့်မခွာနိုင်သေးပေ။

ဒါက ဘယ်လိုစွမ်းအားမျိုးလဲ?

သူတို့ နည်းနည်းလေး သတိထားမိလိုက်တာက တစ္ဆေလိုဏ်ဂူရဲ့ အငွေ့အသက် နည်းနည်း ပါသွားသလိုပဲ။ ယခုအချိန်တွင် သူတို့အားလုံးရဲ့ နှလုံးဟာ တဆက်ဆက် တုန်နေတာကို ခံစားလိုက်ရသည်။

အရူးဧကရာဇ်နဲ့ ပတ်သက်ရင်တော့ သူသန်မာခဲ့တဲ့ သတင်းတွေက အတော်ကြာနေပါပြီ။ သူတို့ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ရတဲ့ လက်ရှိ လုရွှမ်ဟာ သူတော်စင်အဆင့်မှာသာ ရှိပါသေးသည်။ ယခုအခါ သူ့ကိုပြောတဲ့ စကားလုံးများဟာ လေးစားမှု အပြည့်ရှိသော်လည်း နှလုံးသားက လေးစားမှု မရှိနိုင်ပေ။

ခွန်အားဆိုတာ လူတွေရဲ့ ဂုဏ်သိက္ခာပင်။ မြွေအိုကြီးက ကောင်းကင်ဘုံသခင် ဖြစ်နေတုန်းပဲ ဆိုတာတောင် သူက လက်ဖဝါး တစ်ချက်တည်းနဲ့ ရိုက်ချပစ်သေးတယ်တဲ့လား?

အခု လုရွှမ်ရဲ့ စွမ်းပကားက သူတို့ကို ကြောက်လန့်လာစေသည်။ အကြောက်တရားသည် အပေါ်ယံ စကားလုံးမျှသာ မဟုတ်ဘဲ နှလုံးသားမှ လာခြင်းသာ ဖြစ်ချေသည်။

"မြွေအိုကြီးက အရူးဧကရာဇ်ကို သစ္စာဖောက်ခဲ့တယ်... သူ သေဖို့ ထိုက်တန်တယ်"

ရုတ်တရက် ဒေါသအပြည့်နဲ့ အသံတစ်သံ ထွက်လာခဲ့သည်။

နတ်ဆိုးမျိုးနွယ် အုပ်စုတစ်စုက အံ့အားသင့်စွာ လှည့်ပတ်ကြည့်လိုက်သည်။ စကားပြောသူကို တွေ့တော့ သူတို့အားလုံး အံ့သြသွား၏။ အဲဒါက မြွေအိုကြီးရဲ့ ညီအစ်ကို ကောင်းကင်ဝံပုလွေ မဟုတ်လား? သူကလည်း ကောင်းကင်ဘုံသခင် အဆင့်ပဲလေ။

"ဟုတ်တယ်... ငါတို့နတ်ဆိုး​တွေအတွက် အရေးကြီးဆုံး အရာက ယုံကြည်မှုပဲ.... ငါတို့ရဲ့ နှုတ်စည်းတွေကိုတောင် မထိန်းထားနိုင်ရင် ငါတို့က လူသားတွေနဲ့ ဘယ်လိုလုပ် ကွာခြား​တော့မလဲ? မိတ်ဆွေက ကယ်တင်ခဲ့တာကို သစ္စာဖောက်လိုက်တာက ငါတို့ရဲ့ ဥပဒေ မဟုတ်ဘူး... သေသင့်တယ် "

ကောင်းကင်ဘုံသခင် တစ်ယောက်ကလည်း အော်လိုက်သည်။

ဘာတွေ ဖြစ်ကုန်တာလဲ? လက်ရှိ ဖြစ်ပျက်နေတဲ့ နေရာက လူတိုင်းဟာ မြွေအိုကြီးကို ကင်းဆိတ်တစ်ကောင်လို ကြည့်နေကြပြီ။ ဘယ်သူကသူ့ကို အဖွဲ့ထဲမှာ အားအပျော့ဆုံး ဖြစ်ခိုင်းလို့လဲ? ပြီးတော့ လုရွှမ်ကို အပြစ်လုပ်မိပြီး လှုပ်ရှား အရေးယူဖို့ အကြောင်းပြချက်တောင် ပေးလိုက်သေးသည်။

သခင်ကျားဖြူက ချောင်းဆိုးလိုက်သော် ကောင်းကင်ဘုံသခင်များနှင့် မဟာသူတော်စင်တို့ရဲ့ မျက်လုံးများကို မျှော်လင့်ချက်များဖြင့် ကိုယ်စီ မတ်တပ်ရပ်လိုက်သည်။ ဒီအခြေအနေတွေကို ရှင်းဖို့ အချိန်တန်ပြီဆိုတာ သူသိလိုက်ပြီ။

"မြွေအိုကြီးကို သခင်အဖြစ် သတ်မှတ်ထားခဲ့ရတာ နှမြောစရာပဲ... သူက နတ်ဆိုးမျိုးရိုးအတွက် အမြတ်အစွန်း ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မစဉ်းစားတတ်ဘူး.... လူသားတွေနဲ့ နတ်ဆိုးတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ရည်မှန်းထားပေမယ့် သူကတော့ အရူးဧကရာဇ်ကို လုပ်ကြံ သတ်ဖြတ်ချင်နေခဲ့တယ်... တစ္ဆေလိုဏ်ဂူရဲ့ ခြိမ်းခြောက်မှုတွေ ကြားကနေ အရူးဧကရာဇ်က ငါတို့အတွက် ပြဿနာကို ဖြေရှင်းပေးနေပြီ... ဒါကိုတောင် မြွေအိုကြီးက အရူးဧကရာဇ်ကိုသတ်ဖို့ အခွင့်အရေးကို ယူချင်နေတုန်းပဲ!"

သခင်ကျားဖြူက ပူလောင်သော မျက်လုံးများဖြင့် ကောင်းကင်ဘုံသခင် အားလုံးကို ကြည့်လိုက်ရာ ကောင်းကင်ဘုံသခင်များသည် သူတို့ ခေါင်းများကို တစ်ယောက်ပြီး တစ်ယောက် ငုံ့သွားကြသည်။

"ကျုပ် သခင်ကျားဖြူ ဒီနေ့ ဒီစကားကို ဒီမှာပဲ ထားခဲ့မယ်... ငါတို့ နတ်ဆိုးမျိုးနွယ်စုတွေရဲ့ ရှင်သန်မှုက တူညီတဲ့ နိယာမအပေါ်မှာ အခြေခံထားတယ်.... ရန်သူဆိုရင် ရန်ငြိုးဖွဲ့မယ်... ကြင်နာမှုရှိရင် ပြန်ဆပ်ရမယ်... အရူးဧကရာဇ် လုရွှမ်က ငါ့မိတ်ဆွေ ပြီးတော့ ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ မိတ်ဆွေပဲ.... ငါ့မိတ်ဆွေနဲ့ ရန်သူဖြစ်ရဲတဲ့ လူက သခင်ကျားဖြူဆိုတဲ့ ငါ့ရဲ့ရန်သူပဲ... ဒါဆိုရင် ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ ရန်သူပဲလို့ မထင်ဘူးလား?"

"ဟုတ်တယ်!"

ကောင်းကင်ဘုံသခင် အသီးသီးသည် သူတို့ရဲ့ တိတ်ဆိတ် ငြိမ်သက်နေမှုက လုရွှမ်နဲ့ သခင်ကျားဖြူတို့ကို သံသယ ဖြစ်စေမှာကို စိုးရိမ်သဖြင့် လျင်မြန်စွာ အော်လိုက်ကြသည်။

ယခင်က သခင်ကျားဖြူဟာ လုရွှမ်ကို ကယ်တင်ဖို့ တစ္ဆေလိုဏ်ဂူထဲ အသက်စွန့် ဆင်းသွားတာက လုရွှမ်နဲ့သူရဲ့ ဆက်ဆံရေးဟာ ထူးခြားကြောင်း ပြသနေပြီ ဖြစ်သည်။ အခု ဒီစကားတွေက သူတို့ကို ပိုပိုပြီး နှောင့်ယှက်နေတာ သိနေပြီ။

လူတိုင်းရဲ့ နှလုံးသားထဲတွင် မေးခွန်းများဖြင့် ပြည့်နေသော်လည်း ယခုအချိန်က မေးရမယ့် အချိန် မဟုတ်ကြောင်းကိုလည်း သိကြသည်။ သခင်ကျားဖြူက လုရွှမ်ကို မသတ်နိုင်စေဖို့ အကျိုးဆက်တွေကို ပြောသွားတာဟာ လျှို့ဝှက်ချက်တချို့ ရှိရပေမည်။

သခင်ကျားဖြူက လုရွှမ်ကို မျက်စိ မှိတ်ပြပြီး စကားပြောရန် အချက်ပြလိုက်သည်။

လုရွှမ်လည်း အချက်ပြတာကို နားလည်ပါ၏။ သူ အခွင့်အာဏာကို ထူထောင်ထားပြီးပြီမို့ နောက်တစ်ဆင့်မှာ သူ့ကို ကျေနပ်စေရန် ဒီစကားတွေ ပြောပေးတာ ဖြစ်ကြောင်းလည်း သိသည်။ ဘာပဲဖြစ်ဖြစ် သူက တစ်ယောက်တည်းနဲ့ ကောင်းကင်ဘုံသခင်ကို လူမြင်ကွင်းမှာ သတ်ပစ်လိုက်တာလေ။

"လူတိုင်းပဲ...လုရွှမ်ဆိုတဲ့ ငါ့ကို အရူးဧကရာဇ် လွမ်ကျွင်းလို့လည်း သိကြပါတယ်...ငါ အနှစ်သက်ဆုံးက သူငယ်ချင်းဖွဲ့တာ ဆိုပေမယ့် သူငယ်ချင်းဆီက သစ္စာဖောက်ခံရတာကို အမုန်းဆုံးပဲ... ဥပမာ ကျိုးရန်..... သူက ငါ့ညီဖြစ်ခဲ့ဖူးပေမယ့် အခုတော့ ငါ့ရဲ့အကြီးမားဆုံး ရန်သူပဲ ငါလုရွှမ် အဲဒီလိုလူတွေကို သတ်ပစ်မယ်!"

လုရွှမ်က ခေါင်းစဉ်ပြောင်းပြီး

"ဒါပေမဲ့ ငါ့သူငယ်ချင်းတွေဆီ သွားဖို့ ဓားတောင်နဲ့ မီးပင်လယ်ကို ဖြတ်ဖို့ ငါတွန့်ဆုတ်မနေပါဘူး.... အားလုံးက ငါလုရွှမ်ရဲ့ သူငယ်ချင်းပဲ မင်းတို့မှာ အခက်အခဲတွေရှိရင် ငါ့ဆီလာပြီး ပြောပြနိုင်တယ် ငါ ဘယ်တော့မှ ငြင်းမှာ မဟုတ်ဘူး"

ကောင်းကင်ဘုံသခင်များ အားလုံးသည် သူငယ်ချင်းများ ဖြစ်နိုင်ကြကြောင်း ကျယ်လောင်စွာ အော်ကာ သဘောတူကြလေသည်။

အသိဉာဏ်ရှိသော လက်အောက်ငယ်သားများသည် သူတို့ဆီကို စပျစ်ရည်နှင့် အသားများကို အလျင်အမြန် ယူဆောင်လာကာ တစ္ဆေလိုဏ်ဂူ၏ ခြိမ်းခြောက်မှုကို ချိတ်ပိတ်နိုင်မှု အတွက် ဂုဏ်ပြုရန် ကျယ်လောင်စွာ ကြွေးကြော်ခဲ့ကြသည်။

သုံးရက်ဆက်တိုက် အောင်ပွဲခံပြီးနောက် လုရွှမ်သည် ကောင်းကင်ဘုံသခင် အားလုံး၏ ဂါဝရပြု နှုတ်ဆက်မှု အောက်တွင် ကျားငယ်လေးနှင့်အတူ စိုးရိမ်ခြင်းမဲ့ပင်လယ်မှ ထွက်ခွာသွားခဲ့သည်။

တောက်လျှောက် ခရီးဆက်လာပြီးနောက် လုရွှမ်နှင့် ကျားလေးသည် တစ်နှစ်ခွဲအကြာ၌ ကျိုးရန်ဧကရာဇ် အင်ပါယာသို့ ပြန်​ရောက်လာခဲ့သည်။

တစ်နှစ်ခွဲလောက် အဆက်မပြတ် ပြေးလွှားပြီးတဲ့ နောက်မှာ လူတစ်ယောက်နဲ့ ကျားတစ်ကောင်ရဲ့ လေပြင်းနိယာမ အရှိန်က အရမ်းမြန်နေရင်တောင်မှ ဒီအချိန်မှာတော့ သူတို့ တော်တော်လေး ပင်ပန်းနေကြပါပြီ။

နယ်ခြားမြို့လေး တစ်မြို့ကို ရောက်တဲ့အခါမှာတော့ မြို့ဟာ စစ်ပွဲတွေ ကြုံ​တွေ့ခဲ့ရသလို အတော်လေး ပြိုပျက်သွားတာကို မြင်လိုက်ရ၏။ မြို့ထဲကို ဝင်ပြီးနောက် တစ်မြို့လုံးက ခြောက်ကပ်နေပြီး ကျင့်ကြံမှုအဆင့် အလွန်နိမ့်ကျတဲ့ လူတွေကိုသာ တွေ့ရပြီး သူတော်စင်တစ်ပိုင်းတွေကိုပင် မတွေ့ရတော့ပေ။

လုရွှမ် တစ်ချက် ထိတ်လန့်သွားသည်။

ကျိုးရန်ဧကရာဇ် အင်ပါယာဘက်က စစ်ပွဲတွေကို စတင်ခဲ့တာများလား?

ဖန်းမင်ယန် ပျောက်ကွယ်သွားတာက နေရာ​ပြောင်း အစီအရင်နဲ့ ဖြစ်ကောင်းဖြစ်နိုင်ပြီး ဖန်းမင်ယန်က ကျိုးရန်ဧကရာဇ် အင်ပါယာသို့ ပြန်လည်လွှဲပြောင်း ယူသွားလိမ့်မည်။ စိုးရိမ်ခြင်းမဲ့ပင်လယ်တွင် အလွန် အရှက်ကွဲခဲ့ရသော ဖန်းမင်ယန်သည် တခြားသူတွေကို ပြဿနာ ရှာရန်အတွက် သူမရှိတုန်း အခွင့်ကောင်းယူပြီ ဆိုတာ သံသယ ဝင်နေစရာတောင် မလိုတော့ပေ။

ဗုန်း!

အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်။

လုရွှမ် လျင်မြန်စွာ ပျံတက်သွားသော် သူရှိနေတဲ့ နေရာနဲ့ မိုင်သုံးရာ အကွာ​လောက်တွင် လူတွေ စုဝေးနေကြပြီး အတော်လေး စည်ကားလျက် ရှိသည်။

All Chapters