← Chapters

ပြင်ပကမ္ဘာကလူတွေ

Vol. 57 Ch. 4.363

ပြင်ပကမ္ဘာကလူတွေ

Vol. 57 Ch. 4.363

"ရှောင်ပိုင်... သွားကြည့်ကြည့်ရအောင်!"

စိုးရိမ်ခြင်းမဲ့ ပင်လယ်မှ လူသားတွေ နေထိုင်ရာအရပ်သို့ ပြန်​ရောက်လာခြင်းက သဲကန္တာရမှ သာယာဝပြောသော နေရာသို့ ရုတ်ချည်း ပြန်လာရသလိုပင်။

ရှောင်ပိုင်က အလွန်ပျော်နေပြီး ရံဖန်ရံခါ ညည်းတွားသံများပင် ထုတ်လွှတ်နေသေးသည်။ လုရွှမ်ရဲ့ အသံကို ကြားတော့ ရှောင်ပိုင်က ဝမ်းသာအားရ ဟောက်ပြီး နှစ်ယောက်သား ပြေးထွက်သွားကြသည်။

အပြေးအလွှား ရောက်သွားတော့ ကျင့်ကြံသူတွေ စက်ဝိုင်းပုံစံ စုရုံးနေတဲ့ အလယ်မှာ ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေကြတာကို ချက်ချင်းပဲ တွေ့လိုက်ရသည်။

နှစ်ယောက်စလုံးက ကျင့်ကြံမှု သိပ်မမြင့်တဲ့အတွက် သူတော်စင်တွေလို ထင်ရပေမယ့် တိုက်ပွဲရဲ့ ပြင်းထန်မှုကတော့ မဟာသူတော်စင် သခင်နှစ်ယောက်ကြားက တိုက်ပွဲထက် မနည်းပါဘူး။

နေရာတိုင်းမှာ မီးပွားများ တောက်လောင်နေကာ အလင်းတန်းများ တဖျပ်ဖျပ် ဖြာထွက်နေပြီး သူတော်စင် စွမ်းအင်များနှင့်လည်း အပြင်အထန် တိုက်ခိုက်​နေ​ကြသည်။ နှစ်ယောက်သား ရန်ဖြစ်နေကြပုံ ရပေမယ့် အချင်းချင်း အဆက်မပြတ် တိုက်ခိုက်နေသည်။

သွေးများစီးကျလာပြီး ဟောက်သံများ ထွက်ပေါ်လာကာ အနီးနားရှိ ကျင့်ကြံသူများက ၎င်းတို့ရဲ့ အမြင်အာရုံကို ထိခိုက်သွားမှာ စိုးတာကြောင့် အဆက်မပြတ် နောက်ဆုတ်သွားကြသည်။

လုရွှမ် ရောက်ရှိလာခြင်းမှာ လူအများ၏ အာရုံကို မစွဲဆောင်နိုင်သော်လည်း ကျားဖြူလေးကတော့ လူတိုင်းအား သူ့ကို အ​ကြိမ်အနည်းငယ် စိုက်ကြည့်လာစေသည်။ မကြာမီတွင်ပင် ကွင်းအလယ်တွင် ရန်ဖြစ်​နေကြသော လူနှစ်ယောက်၏ မျက်လုံးများကလည်း ကျားဖြူလေးပေါ် ကျရောက်သွားသည်။

လုရွှမ် သူ့ပတ်ဝန်းကျင်မှ လူများ၏ ဆွေးနွေးမှုများကို နားထောင်လိုက်ရာ ၎င်းတို့နှစ်ဦးသည် အလွန်ဝေးကွာသော အရပ်မှလာရင်း တောက်လျှောက် တိုက်နေခဲ့ကြောင်း သိလိုက်ရသည်။ ထိုပြင်းထန်သော တိုက်ပွဲသည် သုံးရက်နှင့် သုံးညတာ ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ၎င်းတို့နှစ်ဦးမှာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းတော့ ဘယ်သူမှ မသိနိုင်​သေးပေ။

လူနှစ်ယောက်ရဲ့ တိုက်ခိုက်ရေး နည်းလမ်းများနှင့် ပြင်းထန်သော ခွန်အားကို မြင်ပြီးနောက် လုရွှမ်သည် ဤလူနှစ်ယောက်ဟာ တိမ်ပင်လယ်နယ်မြေမှ မဖြစ်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။ လုရွှမ် တခြားအရာကို မကြည့်ဘဲ သူတော်စင် စွမ်းအားကို အားကိုးကာ နှိုင်းယှဥ်ကြည့်လိုက်တော့ သူတို့နှစ်ဦးထက် အနည်းငယ်ပဲ သာလွန်တာကြောင့် စိတ်လှုပ်ရှားမိလာသည်။

သူတို့နှစ်ဦး၏ ခွန်အားသည် သာမန် မဟာသူတော်စင်ကြီးများနှင့် လုံးဝ နှိုင်းယှဉ်နိုင်နေပြီ။

သူတို့နှစ်​​ယောက်​က အရမ်း သန်​မာ​နေ​သေးပြီး လုရွှမ်ရဲ့ မျက်​လုံး​တွေကလည်း စူးရှလွန်းသည်။ အကြည့်တစ်ချက် ကြည့်လိုက်တာနဲ့ သွေးတွေဖုံးလွှမ်းနေပြီး အထူးရက်စက်တဲ့ပုံ ပေါ်တဲ့လူဟာ လက်စားချေဖို့ တက်ကြွစွာ ကြိုးစားနေသူ ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတာ သိလိုက်သည်။

တစ်ဖက်လူက ထပ်တူထပ်မျှ ကြမ်းတမ်းသော်လည်း သူ လှုပ်ရှားသောအခါတွင် သူက ပြိုင်ဘက်နှင့် ဆော့ကစားနေပုံအတိုင်း ခွန်အားကို အပြည့်အ၀ အသုံးမပြုထားပေ။

“ဟင် ကျားဖြူလား?”

ရုတ်တရက် အပျော်သဘော တိုက်ခိုက်နေသူက ကျားဖြူကို မျက်လုံးထောင့်မှ တွေ့လိုက်ကာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

သူသည် တစ်ဖက်လူအား ဓားနှစ်ချက် ဆက်တိုက်ထိုးနှက်၍ လုရွှမ်ဆီသို့ ရုတ်တရက် ပြေးသွားခဲ့သည်။ လုရွှမ်ရဲ့ နှလုံးသားတည့်တည့်ကို ဓားအလင်းတန်း တစ်ခုက တိုက်ရိုက် ပစ်ခတ်လိုက်ပြီး တခြားလက်တစ်ဖက်က ကျားဖြူလေးကို ဖမ်းဆုပ်လိုက်သည်။

သူ့နည်းလမ်းတွေက ရက်စက် ကြမ်းကြုတ်ပြီး လုရွှမ် သေသေရှင်ရှင် လုံးဝဂရုမစိုက်ပေ။

"ထျန်းဝူ.... မင်းဘယ်သွားမလို့လဲ"

နောက်ကလူက အော်ပြောပြီး သူ့ဓားကို လှိုင်းလုံးကြီးနဲ့ ထိုးလိုက်ကာ အဲဒီလူရဲ့ ကျောဘက်ကို သွေးတွေ စီးကျလာခဲ့သည်။

ထျန်းဝူက အော်ဟစ်လိုက်ပြီး နောက်ကနေ ချပ်ဝတ်တန်ဆာ ရုတ်တရက် ထွက်လာခဲ့၏။ သူက နောက်ကနေ ခိုးဝင်တိုက်ခိုက်တာကို လုံးဝ ဂရုမစိုက်ဘဲ ကျားဖြူလေးကို ဖမ်းဆွဲလိုက်သေးသည်။

ကျားဖြူငယ်လေးက ဟောက်လိုက်သည်။ အပြာရောင် အလင်းတန်းက သူ့ခြေထောက်အောက်မှာ ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို ဘေးဘက်ကို ရွေ့သွား၏။

ထျန်းဝူ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး

"လေပြင်းနိယာမ.... ဟားဟား အသည်းအသန် ပြေးရှာဖို့တောင် အားစိုက်ထုတ်စရာ မလို​တော့ဘူး!"

သူ့လက်ထဲမှ မြေဝါရောင် အလင်းတန်းတစ်ခု လင်းလက်လာပြီး လေပွေကြီးက ရုတ်တရက် ထွက်လာကာ ခဏအကြာမှာတော့ ကျားဖြူလေးကို လှောင်အိမ်ထဲ သော့ခတ်သလို ပိတ်လှောင်ထားလိုက်သည်။

သူက ဝမ်းသာအားရဖြင့် မြေဝါရောင် လှောင်အိမ်ကို သိမ်းမည်အလုပ် ရုတ်တရက် အလင်းတန်းတစ်ခု ဖြတ်ဝင်လာရာ ထိတ်လန့်တကြားဖြင့် သူ့လက်ဖဝါးကို ပြန်ဆွဲထုတ်လိုက်ရသည်။ ထိုဓားစွမ်းအင်သည် ယခင်က သူ့​လက်ဖဝါးရှိရာ ​နေရာပေါ်မှ တောက်ပသွား၏။ အကယ်၍ မိနစ်ဝက်လောက် နှေးသွားပါက သူ့လက်ဖဝါးကို ဖြတ်ပစ်လိုက်ရပေလိမ့်မည်။

"မင်းကိုး!"

ထျန်းဝူက အော်ဟစ်ရင်း လှည့်ကြည့်လိုက်တဲ့ လူတစ်ယောက်ကတော့ လုရွှမ်ပဲ ဖြစ်သည်။

လုရွှမ် သူ့လက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားစွမ်းအင်ပေါင်းများစွာ အဆက်မပြတ် ပြေးထွက်သွားကာ ကျားဖြူလေးအား ဖမ်းချုပ်ထားသော မြေဝါရောင် လှောင်အိမ်ပေါ် ဖြတ်သန်းသွားသည်။ လှောင်အိမ်က ဖြည်းညှင်းစွာ အက်ကွဲသွားပြီး အငွေ့ လုံးတစ်လုံး ဖြစ်သွားသည်။

ကျားဖြူလေးက အကြိမ်ကြိမ် နှာချေပြီး လှောင်အိမ်ထဲမှ ခုန်ထွက်လိုက်သည်။

“ဝူး...ဝူး!”

ကျားဖြူလေးသည် ဒေါသတကြီး အော်ဟစ်ကာ ထျန်းဝူကို အဆက်မပြတ် မာန်ဖီနေတော့၏။

သူက အသက်မကြီးပေမယ့် ကျားဖြူသွေးနဲ့ ဟောက်သံက စွမ်းအားပြည့်နေဆဲပဲ။ သူ့​ပါးစပ်မှ အသံလှိုင်းလုံးများသည် ကျားပုံရိပ်များ အဖြစ် ပြောင်းလဲကာ ထျန်းဝူဆီသို့ အားအင်အပြည့်ဖြင့် ပြေးကိုက်လိုက်သည်။

"ဟာဟား ကောင်းလိုက်တာ"

ထျန်းဝူ သူ့လက်ဝှေ့ယမ်းလိုက်သော် ကျားပုံသဏ္ဌာန် ရိုက်ခတ်မှုဟာ မြေဝါရောင်အလင်းတန်းများ အောက်မှာ ချက်ချင်း ပျောက်ကွယ်သွား၏။

"ရှောင်ပိုင်!"

လုရွှမ်ဆီက အသံကြားတော့ ရှောင်ပိုင်က နှစ်ကြိမ် ညည်းညူရင်း သွားများကို ဖြဲပြကာ လုရွှမ် အနားသို့ ပြေးသွားခဲ့သည်။

ထျန်းဝူကို အနောက်ကနေ တိုက်ခိုက်တဲ့လူက ပြေးတက်လာပြီး ထျန်းဝူနဲ့ အပြင်းအထန် တိုက်ခိုက်ပြန်သည်။ သူတို့နှစ်ယောက်ရဲ့ ခွန်အားက အတူတူပါပဲ။ ထျန်းဝူရဲ့ ခွန်အားက အနည်းငယ် ပိုမြင့်နေပေမယ့် အဲဒီလူက အရမ်းစိတ်အားထက်သန်နေတော့ ထျန်းဝူကတော့ ခဏလောက်အထိ ဘာမှ ​ပြန်မလုပ်ပေးနိုင်သေးပါဘူး။

ထျန်းဝူမှာ အရန် အစီအစဉ်တစ်ခု ရှိသော်လည်း ၎င်းကိုအသုံးပြုရန် ဝန်လေးနေပုံရသည်။ သူက လုရွှမ် ထွက်သွားမှာကို ကြောက်သလိုဖြင့် လုရွှမ်ကို မျက်လုံး​ထောင့်​​တွေကနေ ​စောင့်ကြည့်နေသည်။

လုရွှမ်က ပြုံးလိုက်သည်။ ထိုလူက တကယ်ကို အစွမ်းမပြတဲ့ ကျားတစ်ကောင် ဖြစ်ပြီး ဖျားနေတဲ့ ကြောင်အဖြစ် ဟန်ဆောင်နေခြင်းသာ ဖြစ်ပေသည်။

"မင်းတို့နှစ်ယောက် ရပ်လိုက်!"

လုရွှမ် ရုတ်တရက် အော်ဟစ်လိုက်သည်။

သူ့လက်ထဲက မိုးနတ်ဘုရားဓားဟာ တောက်ပလာပြီး တုန်လှုပ် ခြောက်ခြားစရာ ကောင်းတဲ့ ဓားစွမ်းအင်က သူတို့နှစ်ယောက်ကြားကို တိုက်ရိုက်ပဲ စူးစူးစိုက်စိုက် ခုတ်ထစ်ပစ်လိုက်သည်။

ဓားအလင်းသည် အလွန် ထက်မြက်သဖြင့် တိုက်ပွဲထဲက လူနှစ်ဦး၏ မျက်နှာများပေါ်တွင် ထိတ်လန့် တုန်လှုပ်သွားမှုများ ထွက်ပေါ်လာကာ ဓားအလင်းလာရာ လမ်းမှ အမြန်ထွက်သွားသည်။ ဓားစွမ်းအင်သည် သူတို့နှစ်ဦးကြားမှ ဖြတ်သန်း၍ တစ်ဖက်ကမ်းသို့ ပျံထွက်သွားသည်။

တစ်ဖက်မှ ကြည့်နေသော လူအုပ်ကြီး လန့်ဖျပ်သွားကာ လျင်မြန်စွာ ရှောင်တိမ်းသွားကြသော်လည်း ဓားစွမ်းအင်က အဝေးကို ပြေးထွက် ပျောက်ကွယ်သွားတာ မြင်လိုက်ရ၏။ ဓားရောင်ဝါက လူသတ်ရန် ရည်ရွယ်ချက် အပြည့်ဖြင့် အတားအဆီး မရှိချေ။

လူနှစ်ယောက် ရန်ဖြစ်နေကြသည့် ပွဲကို ကြည့်နေသည့် လူအုပ်ပရိတ်သတ်မှာ လုရွှမ်ကို ထိတ်လန့်သွားသော လှိုင်းလုံးကြီးဖြင့် ကြည့်နေကြသည်။

ဒီလို သခင်လေးတွေက ဘယ်လိုလုပ် ဝေးလံခေါင်သီတဲ့ ဒီအရပ်ကို ရောက်လာကြတာလဲ?

တိုက်ခိုက်ရေးသမား နှစ်ယောက်က လုရွှမ်ကို သေသေချာချာ စိုက်ကြည့်နေ၏။ အကြောင်းမှာ တူညီသော ခွန်အားရှိသူ သခင်များကို ကြောက်ရွံ့ရခြင်းကြောင့် ဖြစ်သည်။

“မင်းက ဘယ်သူလဲ”

နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် စူးစူးဝါးဝါး စိုက်ကြည့်ရင်း တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

လုရွှမ်က သူ့ဓားကို ဖယ်လိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်ကာ

"ဒီမေးခွန်းကို ငါက မေးသင့်တာ"

ထိုအခါ ထျန်းဝူက

"ငါက ထျန်းဝူ... ရှေး​ဟောင်းသိုင်းကမ္ဘာက!"

သွေးစွန်းနေသော လူသည် သူ့ယခင်က ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် အသက်ပြင်းပြင်း ရှုလိုက်ပြီးမှ မိတ်ဆက်လာခဲ့သည်။

"တိကျို!"

"တိမ်ပင်လယ်နယ်မြေ... လုရွှမ်!"

လူနှစ်ယောက်၏ မျက်လုံးများက တစ်ပြိုင်နက်တည်း တောက်ပလာကာ

"မင်းက တိမ်ပင်လယ်နယ်မြေက လုရွှမ်လား?"

လုရွှမ်က ပြုံးလိုက်သည်။ သူတို့ နှစ်ယောက်သည် ရှေးဟောင်းသိုင်းကမ္ဘာ လောကမှ ထူးခြားတဲ့ အရည်အချင်းတွေနဲ့ မွေးဖွားလာသူများ ဖြစ်နိုင်သည်။ သူ့အကြောင်းကို ကြားသောအခါတွင် သူတို့ အနည်းငယ် အံ့သြသွားပုံအရ လုရွှမ်ဆိုတဲ့ နာမည်ကို ကြားဖူးလောက်သည်။

"မင်းက တကယ်ကို အရည်အချင်းရှိတဲ့ ကျားဖြူတစ်ကောင်ကို မွေးထားတာပါ...ဟုတ်ပြီ ငါ့ကို ပေးလိုက်တော့"

တိကျိုသည် ထျန်းဝူရဲ့ အပြုအမူကြောင့် လုံးဝအံ့သြသွားပုံ မပေါ်ပေ။

"ဟာဟားဟား"

လုရွှမ်ရဲ့ ရယ်သံက ကောင်းကင်အထက်မှာ ပျံ့လွင့်သွားသည်။ သူ့အရင်ဘဝကပဲဖြစ်ဖြစ်၊ ဒီဘဝမှာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က သူ့ပစ္စည်းကို အရမ်းယုံကြည်မှု အပြည့် ရှိနေတာကို ပထမဆုံးအကြိမ် တွေ့လိုက်ရတာပဲ။

"မင်းဘာရယ်နေတာလဲ?"

"မင်းရဲ့ အရည်အချင်းတွေကို မင်းဘာသာ လွန်လွန်ကဲကဲ တွက်ဆထားတာကို ရယ်နေတာလေ"

လုရွှမ် တိကျိုကို လှမ်းကြည့်လိုက်ကာ ထျန်းဝူဘက်ကို လက်ညှိုး ထိုးပြလိုက်သည်။

"သူက မင်းရဲ့ရန်သူ ဖြစ်မယ်... ကံမကောင်းစွာပဲ သူကအခု ငါ့ရဲ့ရန်သူပါ ဖြစ်သွားပြီ"

ထျန်းဝူရဲ့ မျက်နှာတွင်တော့ အထင်အမြင်သေးမှု အရိပ်အယောင်များ ရှိနေသည်။

"မင်း နတ်သမီးအောင့်ယွဲ့ကို စွဲလန်းနေတယ်လို့ ငါကြားတယ်... ငါ မင်းကို သင်ခန်းစာ ပေးချင်နေတာ ကြာပြီ... တိကျိုနဲ့ ကြီးမားတဲ့ တိုက်ပွဲကြီးပြီးရင် ငါ တိမ်ပင်လယ် နယ်မြေမှာ မင်းကိုလိုက်ရှာမလို့ပဲ... ဒါပေမဲ့ တန်းတွေ့တာပဲ... ကောင်းတယ် အတော်ပဲ ဖြစ်သွားပြီ"

"ငါအနိုင်ရရင် အဲဒီ ကျားဖြူလေးက ငါ့အပိုင်ပဲ"

"မင်းရဲ့ယုံကြည်မှုကို ဘယ်ကရလာမှန်းတော့ ငါမသိဘူး.... ဒါပေမဲ့ လူငယ်တွေက မာနကြီးပြီး သန်မာတဲ့ ဆန္ဒရှိနိုင်ပေမယ့် လက်ရည် နိမ့်နေရင်တော့ နောက်ထပ် နည်းနည်းလောက် အရိုက်ခံရဖို့ ထိုက်တန်တယ်"

လုရွှမ် တိကျိုဆီကို ဆေးလုံးတစ်လုံးကို ပစ်ချ​ပေးလိုက်သည်။

"မင်းရဲ့ ဒဏ်ရာကို ဂရုစိုက်ပြီး ငါ သူ့ကို ဘယ်လို ရိုက်မလဲ သေချာကြည့်နေ!"

All Chapters