ထျန်းဝူ ဓားကိုးစင်းသိုင်း
Vol. 57 Ch. 4.364
ထျန်းဝူက ရယ်မောပြီး လုရွှမ်ကို သူ့ဓားထိပ်ဖြင့် ညွှန်ပြပြီး
"ကမ္ဘာ သူရဲကောင်းတွေကို မသိဘဲ ထောင့်တစ်နေရာမှာ နေရတဲ့လူက လာပြီး မာနကြီးပြနေတာပဲ!"
တိကျိုက စကားမပြောသော်လည်း သူ့မျက်လုံးများတွင် သံသယများ ပြည့်နှက်နေသည်။ သူခဏလောက် စဉ်းစားပြီးမှ လုရွှမ်ကို သတိပေးစကား ဆိုလိုက်သည်။
"ဒီကညီအစ်ကို... အစောကသုံးသွားတဲ့ မင်းရဲ့ဓားစွမ်းအင်က တကယ်ကို အစွမ်းထက်ပါတယ်... ဒါပေမဲ့ ထျန်းဝူက ရှေးဟောင်းသိုင်းကမ္ဘာရဲ့ ထိပ်တန်း ပါရမီရှင်တွေထဲက တစ်ယောက်ပါ... လျှို့ဝှက်နဂါးစာရင်းရဲ့ ထိပ်တန်းစာရင်းမှာ ပါဝင်တယ်.... အနောက်တောင်ကမ္ဘာငယ်လေး တစ်ခုလုံးက ထိပ်တန်း သခင်ငယ်တစ်ရာကိုတော့ သတိမပေါ့ထားသင့်ဘူး"
လုရွှမ်က ရယ်စရာကောင်းသော ပုံစံဖြင့် သူ့လည်ပင်းကို ဆန့်ထုတ်လိုက်ပြီး ရုတ်တရက် မှင်တက်သွားသည့် အကြည့်ဖြင့်
"အိုး... အနောက်တောင် ကမ္ဘာငယ်လေး တစ်ခုလုံးမှာ ထိပ်တန်းလူငယ်သခင် ၁၀၀?? လျှို့ဝှက်နဂါးစာရင်းရဲ့ ထိပ်တန်း ၁၀၀ စာရင်းမှာ ပါဝင်နေပါတယ်ပေါ့ ကြောက်ဖို့ကောင်းလိုက်တာ!"
"ရှောင်ပိုင် မင်းကြောက်လား?"
လုရွှမ်က ပေါ့ပေါ့ပါးပါးမေးပြီး ရှောင်ပိုင်ရဲ့ခေါင်းကို ပွတ်သပ်လိုက်သည်။ ရှောင်ပိုင်က သူ့မျက်နှာပေါ်မှ အထင်အမြင် သေးဟန်ဖြင့် ညည်းတွားလိုက်ရာ လုရွှမ်လည်း အော်ရယ်လိုက်တော့သည်။
ရှောင်ပိုင်က စကားမပြောနိုင်သေးပေမယ့် သူတို့သုံးယောက်ကို ကြည့်ရင်း သူ့အော်သံမှာပါတဲ့ အဓိပ္ပာယ်ကို ခန့်မှန်း ကြည့်ရရင်တော့။
'မင်းဘာသာ နံပါတ်တစ်ဖြစ်ဖြစ် ဂရုစိုက်မနေဘူး...ငါက မင်းတို့ လူတစ်ရာထက် မောက်မာပြီး အရေထူပြီးသား'
ဒီလူနဲ့ ကျားတစ်ကောင်က နည်းနည်း မာနကြီးတယ်လို့ တိကျို ခံစားမိပေမယ့် ထျန်းဝူရဲ့ မာနကို တိုက်ခိုက်နေတာမို့ သူ လုံးဝ သဘောတူလိုက်သည်။
ထိုအခါ ထျန်းဝုကလည်း
"ငါ တိရိစ္ဆာန်တွေနဲ့ ငြင်းခုံနေမှာ မဟုတ်ဘူး"
"ငါကတော့ မင်းနဲ့ ဆန့်ကျင်ဘက်ပဲ"
လုရွှမ် ပြုံးပြီး ဆိုလိုက်တဲ့အခါ ထျန်းဝူ ဒေါသထွက်လာတော့သည်။
"မင်း သေမင်းကို ရှာနေတာပဲကွ!"
လုရွှမ်ရဲ့ အမူအရာကလည်း ပြောင်းလဲသွားသည်။
"ကောင်လေး... မင်းရဲ့ဓားတိုက်ခိုက်မှုက လုံလောက်တယ်လို့ မထင်လိုက်ပါနဲ့... အခုမင်းကို အမှတ်ပေးလိုက်မယ်... မင်းတို့နှစ်ယောက်က ဟိုမြို့ကို ဖျက်ဆီးခဲ့တာပဲ မဟုတ်လား? မင်းတို့ကြောင့် ဘာမှမလုပ်နိုင်သေးတဲ့ သာမန်လူ လူဘယ်နှစ်ယောက်တောင် သေသွားခဲ့တယ် ထင်လဲ? မင်းအိမ်ပျက်စီးပြီး မင်းချစ်ရတဲ့ သူတွေကို သတ်ပစ်ရင်ရော မင်းမောက်မာ နေနိုင်မှာလား? ငါ့အမြင်အရတော့ ဒါက ရာဇ၀တ်မှုကြီးပဲ"
လုရွှမ် စကားပြောနေစဉ်အတွင်း ထျန်းဝူကို ကြည့်လိုက်တဲ့ သူ့မျက်လုံးများသည် အေးစက်နေပြီး မကောင်းဆိုးဝါး ရောင်ဝါများ ပြည့်နှက်နေသည်။
ယခု မြို့ငယ်လေးထဲက ကျင့်ကြံသူတွေ ဝိုင်းကြည့်နေကြတာပဲ ဖြစ်သည်။ သူတို့ နှစ်ယောက်ကြားက ရန်ပွဲကြောင့် လိုက်လာကြပြီး အများစုမှာ ဒေါသ ထွက်နေကြသော်လည်း မိမိတို့၏ ဇာတိမြေအတွက် ရပ်တည်ရန် လုံလောက်တဲ့ ကျင့်ကြံမှု မရှိကြပေ။
ယခုအချိန် လုရွှမ်ရဲ့အသံကို ကြားလိုက်ရရာ တစ်စုံတစ်ယောက်က အော်ငေါက်ရင်း ကျယ်လောင်စွာ ထောက်ခံလိုက်သည်။
ထျန်းဝူက မထီမဲ့မြင်ပြုဟန်ဖြင့် သူ့ နှုတ်ခမ်းကို ကွေးညွတ်လိုက်၏
"သူတို့က သေမျိုးတွေပဲလေ... သေတော့လည်း သေပေါ့... မင်းက ဘာလိုချင်လို့လဲ?"
"ဒါက ရှင်းပါတယ် မင်းကိုသတ်ပြီး ကောင်းကင်ကို ယဇ်ပူဇော်မယ်!"
"ဒါဆို မင်းမှာ အဲဒီစွမ်းရည်ရှိမရှိ ကြည့်ရသေးတာပေါ့"
ထျန်းဝူက အော်ပြောလိုက်ပြီး သူ့ဓားရှည်ကို ဝေ့ယမ်း၍ လုရွှမ်ဆီ ပြေးဝင်သွားသည်။
"ငါ့ရဲ့ဓားချက်ကို ကြည့်လိုက်စမ်း!!"
လူနဲ့ဓားပေါင်းစည်းမှု နယ်ပယ်လား?
စောင့်ကြည့်နေကြတဲ့ ကျင့်ကြံသူတွေ အားလုံး ထိတ်လန့်သွားကြသည်။ ဒါက ဒဏ္ဍာရီဆန်ဆန် ဓားသိုင်းသမားလား။
လုရွှမ်ကတော့ ကောင်းကင်အလယ်မှာ မလှုပ်မယှက် ရပ်နေဆဲပင်။ သူ့မျက်လုံးများက ထျန်းဝုအား လျစ်လျူရှုထားလျက် အလွန်သာမန် ကုန်တင်ကုန်ချ လှည်းတစ်စီးကို ကြည့်ရှုနေရသကဲ့သို့ပင်။
ထျန်းဝူမှာ လုရွှမ် တုတ်တုတ်မှ မလှုပ်တာကိုတွေ့တော့ သူ့စိတ်ထဲတွင် ထိတ်လန့်ကာ ဒေါသလည်း ထွက်လာခဲ့သည်။ ထျန်းဝူက သူ့ရဲ့ သူတော်စင် စွမ်းအားကိုပင် အသက်သွင်းပြီး လုရွှမ်ရဲ့ နှလုံးကို မြှားတစ်စင်းလို ထိုးဖောက်ပစ်ရန် ရည်ရွယ်ချက်ဖြင့် သူ့အရှိန်ကို မြှင့်လိုက်သည်။
လုရွှမ် သူ့ခန္ဓာကိုယ်ကို ဓာဖြင့် မထိုးမီလေးတွင်မှ လှုပ်ရှားလိုက်သည်။ မိုးနတ်ဘုရား ဓားသည် လုရွှမ်လက်ထဲမှ ဓားသွားသံနှင့်အတူ ခုန်တက်သွားပြီး ထျန်းဝူရဲ့ ဓားထိပ်ကို သူ့ကိုယ်ထည်ဖြင့် တိကျစွာ ပြန်တွန်းထုတ်လိုက်သည်။
အမြန်နှုန်းက မြန်ပြီး ပြေးထွက်လာတဲ့ ထောင့်က တိကျသည်။ ဓားစွမ်းအင်က အားကောင်းကာ တောက်ပတဲ့ ဝိညာဥ်စွမ်းအင် စီးကြောင်းလိုပင်။
ထျန်းဝူ လှည့်ပြီး ခုန်ထွက်သွားရာ မိုးနတ်ဘုရား ဓားသည် လုရွှမ်ရဲ့အနောက်သို့ ပြန်လည် နေရာယူလိုက်သည်။
"ဘာဖြစ်တာလဲ?" လုရွှမ် ပြုံးလိုက်သည်။
ထျန်းဝူရဲ့ မျက်လုံးများက လေးနက်လာပြီး
"မင်းကိုငါ လျှော့တွက်မိသွားမယ်လို့ မမျှော်လင့်ထားဘူး... မင်းက ငါဓားနဲ့သေဖို့ တန်တယ်"
လုရွှမ်ကတော့ သူ့နှုတ်ခမ်းကို ကွေးညွတ်ရင်း ဆိုလိုက်လေသည်။
"မင်းကတော့ ငါ့ဓားအောက်မှာသေဖို့ မထိုက်တန်ဘူး... ငါမင်းကို သုံးကွက် လှုပ်ရှားခွင့်ပေးမယ်... ပြီးရင်တော့ သေလမ်းပို့ပေးမယ်"
ထျန်းဝူက ပြင်းပြင်းထန်ထန် ရယ်မောလိုက်ပြီး
"ကောင်းပြီ.... မင်းငါ့ကို သုံးကွက် အကျောပေးပြီး ဘယ်လိုထိအောင် တိုက်ခိုက်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
သူ့ခန္ဓာကိုယ်ပုံစံက မပြောင်းလဲသွားဘဲ တုန်လှုပ်ချောက်ချားဖွယ် ဓားသွားလို ရည်ရွယ်ချက်က သူ့ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ခေါင်းဖြတ်!"
"ခေါင်းဖြတ်!"
"ခေါင်းဖြတ်!"
သူက "ခေါင်းဖြတ်" ဟူသော စကားလုံးကို အော်ငေါက်လိုက်ရာ ကောင်းကင်နှင့် မြေကြီး၏ စည်းချက်ကိုပင် တုန်လှုပ်သွားစေပုံဖြင့် အံ့အားသင့်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ပဲ့တင်သံကြီးများ ဆက်တိုက်ပင် ထွက်လာသည်။
ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျင့်ကြံသူတွေမှာ အရမ်း ကြောက်လန့်သွားပြီး ဒီလောက် တန်ခိုးကြီးတဲ့ ကျင့်ကြံသူ တစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးဘူးလေ။ သူတို့က အပြင်ကမ္ဘာက လူတွေ ဖြစ်ကြောင်း ကြားတော့ အံ့သြမိပေမယ့် သူတို့တွေ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကို မြင်လိုက်ရတော့ အဲဒီနေရာမှာ ဝိုင်းဝိုင်း လည်နေဖို့ မဝံ့ကြတော့ဘဲ အမြန် ထွက်ပြေး သွားတော့ကြသည်။
လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဒီလူရဲ့ ဓားသိုင်းပညာက အတော်လေး တိုးတက်လာနေပြီ ဖြစ်သည်။ ရှေးဟောင်းသိုင်းကမ္ဘာက ပါရမီရှင်တစ်ဦး ဖြစ်ထိုက်သူပင်။ သူ့ဓားစွမ်းအင်က အလွန် အစွမ်းထက်လှသည်။
လုရွှမ်မှာ သူ့လက်ထဲက မိုးနတ်ဘုရားဓားကို ကိုင်ထားသော်လည်း ထိတ်လန့်သွားပုံပေါ်သည်။ အကြောင်းမှာ သူက ထိုနေရာမှာပဲ ရပ်နေပြီး ထျန်းဝူ သူ့ကိုလာသတ်တော့မှာကို ကူကယ်ရာမဲ့စွာ ကြည့်နေ၏။
"သေမှာကို ကြောက်နေပြီလား?"
တိကျို သူ့စိတ်ထဲ တွေးလိုက်မိသည်။ သူဟာ ထျန်းဝူရဲ့ ခွန်အားကို သဘာဝကျကျ အကောင်းဆုံး သိထားသူပါပဲ။ လုရွှမ်ရဲ့ စကားတွေကြောင့် ထျန်းဝူ ဒေါသထွက်သွားတာ သိသာသည်။ သူသည် ထျန်းဝူ မိသားစုမှ ဆင်းသက်လာသော သခင်လေး ဖြစ်သလို သူတို့မိသားစုက ရှေးဟောင်းဓားပညာကို နှစ်ထောင်ပေါင်း များစွာကတည်းက တိုက်ရိုက် အသုံးပြုခဲ့တာ ဖြစ်သည်။
ရှေးဟောင်း ဓားသိုင်းပညာသည် ရှေးဟောင်းသိုင်းကမ္ဘာက ထျန်းဝူမိသားစုရဲ့ အမြင့်မြတ်ဆုံး ဓားသိုင်းပညာ ဖြစ်သည်။ သူတို့မိသားစုရဲ့ ဓားသိုင်းတွင် စုစုပေါင်း ဓားကိုးချောင်း ရှိပြီး ဓားတစ်ချောင်းစီသည် တခြားဓားတစ်ချောင်းစီထက် ပိုမိုနက်ရှိုင်းပြီး ပိုမိုရက်စက်သည်။
ထျန်းဝူမိသားစု သမိုင်းတွင် အထူးချွန်ဆုံး ပါရမီရှင် နတ်သမီးထျန်းလင်သည် တစ်ချိန်က ဓားကိုးစင်သိုင်းကို ၆စင်းမြောက် ဓားအထိ လေ့ကျင့်နိုင်ခဲ့ပြီး အလယ်အလတ်တန်းစား ကမ္ဘာသို့ ဖောက်ထွင်း ဝင်ရောက်သွားခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်လျက်ရှိသည်။
အတိအကျ ပြောရသော် သူမရဲ့ ဒဏ္ဍာရီကြောင့် ကမ္ဘာငယ်လေးများထဲက ကိုယ်ခံပညာလောကတွင် ရှေးဟောင်းသိုင်းကမ္ဘာက အထူးတလည် တံဆိပ်ခတ် ခေါင်းစဉ်တပ်ခံထားရခြင်း ဖြစ်သည်။
နတ်သမီးထျန်းလက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့တာက သနားစရာတော့ ကောင်းလှသည်။ မဟုတ်ပါက သူမရဲ့ စွမ်းရည်အရ ၈စင်းမြောက် ဓားသိုင်းကိုဖြင့် အနည်းဆုံး လေ့ကျင့်နိုင်ဦးမှာပင်။ ရှေးဟောင်းသိုင်းကမ္ဘာဟာ ဝမ့်ဝူကမ္ဘာ ဒါမှမဟုတ် တိဝူကမ္ဘာတောင် ဖြစ်လာနိုင်ပါ၏။
ထျန်းဝူသည် လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာအတွင်း ရှေးဟောင်းသိုင်းကမ္ဘာတွင် နံပါတ်တစ် ပါရမီရှင်အဖြစ် လူသိများလာခဲ့သည်။ မျှော်လင့်ထားသည့် အတိုင်း သူသည် ဓားကိုးစင်းသိုင်းကို သင်ယူခဲ့ပြီးသား ဖြစ်သော်လည်း ဘယ်ဓားအဆင့်ထိ သင်ယူခဲ့တယ် ဆိုတာတော့ တိကျိုလည်း မသိပေ။
ပထမဓားရဲ့ လှုပ်ရှားမှုကို တိကျို ပြင်းပြင်းထန်ထန် ခုခံထားဖို့ ခံနိုင်ရည်ရှိပေမယ့် တတိယဓားကို ဆိုရင်တော့ သူ ခံနိုင်ရည်မရှိမှာ သေချာပါသည်။
လုရွှမ်ရဲ့ မျက်လုံးများသည် ရင်သပ်ရှုမောဖွယ် အလင်းရောင်ဖြင့် လင်းလက်သွားခဲ့သည်။ သူအသုံးပြုခဲ့သော ဓားသိုင်းအတွက် အလွန်ဂုဏ်ယူမိသော်လည်း ပြင်ပကမ္ဘာမှ တစ်ယောက်ယောက်က ထိုဓားကို ကျွမ်းကျင်နေမယ်လို့ မမျှော်လင့်ထားခဲ့ပေ။
သူ့နှလုံးသားထဲက တိုက်ခိုက်ရေး စိတ်ဓာတ်များ ပေါက်ထွက်လာကာ လုရွှမ်သည် ဘယ်သူ့ဓားက ပိုအစွမ်းထက်မလဲ မြင်ချင်လာသည်။
သူ့လက်ထဲက ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်စဥ် မိုးနတ်ဘုရား ဓားကြီးရဲ့ ရောင်ဝါက လုရွှမ်ခန္ဓာကိုယ်မှ အရှိန်ပြင်းပြင်း ထွက်ပေါ်လာသည်။ ကောင်းကင်ကိုးထပ်ကို ထိတ်လန့် တုန်လှုပ်စေကာ အောက်ကမ္ဘာကိုးထပ်ကိုပါ ထိုးဖောက် ဝင်ရောက်တော့မယ့် လူနဲ့ဓားပေါင်းစည်းမှု အဆင့်သည် ရှည်လျားသော ဟောက်သံကို ထုတ်လွှတ်လိုက်ပေ၏။
"ခေါင်းဖြတ်!"
"ခေါင်းဖြတ်!"
"ခေါင်းဖြတ်!"
ကောင်းကင်နှင့် မြေကြီးကလည်း အသံနှစ်ခု ဆက်တိုက် ပဲ့တင်ထပ်စေခဲ့သည်။ ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းတန်း နှစ်ခုသည် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဝုန်း!
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ကောင်းကင်နှင့် မြေကြီးကြားတွင် အလင်းရောင် ကိုးရောင် လင်းလက်သွား၏။ တခဏချင်းတွင် ကမ္ဘာကြီး တစ်ခုလုံး ဘာမှ မမြင်ရ မကြားရတော့သလို ဖြစ်သွားသည်။
ခပ်ဝေးဝေးက ပုန်းရှောင်နေတဲ့ ကျင့်ကြံသူတွေဟာ အရှက်တကွဲနဲ့ ပြန်ပြေးသွားကြရင်း အားလုံးက ထိတ်လန့်သွားကြပြန်သည်။ ဒါက သူတို့နဲ့ ရင်းနှီးနေကြဆဲ သူတော်စင်နယ်ပယ် မဟုတ်ပါလား။ ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ။
သူတော်စင်နယ်ပယ်မှာ သူတို့ မသိသေးတဲ့ အဆင့်တွေများ ရှိနေသေးတာလား?
အလင်းရောင် မှိန်ဖျော့သွားပြီး လုရွှမ်နဲ့ ထျန်းဝူတို့ နှစ်ယောက်စလုံး ထိုနေရာတွင် ရပ်နေကြကာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။
လုရွှမ်က တစ်ဖက်လူကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသော်လည်း ထျန်းဝူမှာ ထိတ်လန့်နေပုံပေါ်သည်။