ဓားသုံးစင်း
Vol. 57 Ch. 4.365
"မင်း... ငါတို့ ကောင်းကင်သိုင်း မိသားစုရဲ့ ကောင်းကင်ဓားကိုးစင်းသိုင်းကို ဘယ်လိုလုပ် သိနေတာလဲ"
ထျန်းဝူ သူ့မျက်နှာမှာ မယုံကြည်တဲ့ အကြည့်နဲ့ ကြည့်ရင်း ဒေါသတွေ အပြည့်နဲ့ မျက်လုံးတွေကလည်း အင်မတန် စူးရှနေသည်။ ထိုမျက်လုံးများသည် လုရွှမ်ကို အပိုင်းပိုင်း ဖြတ်ပစ်ချင်နေပြီး အရှက်မဲ့သော သူခိုးကို ကြည့်နေသည့်အတိုင်း စိုက်ကြည့်နေသည်။
လုရွှမ် အစောက ဓားနှစ်ချောင်း ထိပ်တိုက်တွေ့ကာ ပေါက်ကွဲသွားတာကို ပြန်သတိရသွားပြီး ရုတ်တရက် ပြုံးလိုက်သည်။
"ကောင်းကင်ဓားကိုးစင်သိုင်းလား? ဒီဓားသိုင်းမှာ ဓားကိုးချောင်း တကယ်ရှိနေတာပဲ... ဟမ့် ကမ္ဘာကြီးက အရမ်းကြီးတော့ ပညာရှင်တွေကလည်း အများကြီး ရှိနေတာကိုး"
ထျန်းဝူက ပြင်းပြင်းထန်ထန် ဟားတိုက် ရယ်မောလိုက်ပြီး
"လုရွှမ် မင်းက ဒီဓားသိုင်းကို မင်းကိုယ်တိုင် ဖန်တီးခဲ့တယ်လို့ ပြောချင်နေတာလား?"
တိကျို အလွန်ထိတ်လန့်သွားသည်။ ဆိုရသော် တိုက်ခိုက်သူများရဲ့ စွမ်းအားက ရှုပ်ထွေးနေသော်လည်း ဘေးလူများကတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လုရွှမ်နှင့် ထျန်းဝူတို့၏ ဓားသိုင်းစွမ်းရည်မှာ တူညီသော်လည်း အရှိန်အဟုန်အရ ကွဲပြားသည်။
ထျန်းဝူရဲ့ ဓားရှည်ဟာ ထက်မြက်မှုကို အလေးပေးသော်လည်း လုရွှမ်ရဲ့ ဓားစွမ်းအင်ကတော့ နံဘေးအထိ ကျယ်ပြောလှသည်။ ဒါပေမဲ့ ဘယ်သူက ပိုအစွမ်းထက်တယ် ဆိုတာ မပြောနိုင်သေးပေ။
သို့သော် ဒီဓားသိုင်းကို လုရွှမ်သာ တကယ်ဖန်တီးခဲ့မယ် ဆိုရင် သူ့ရဲ့ဓားစွမ်းရည်က တကယ့်ကို အံ့ဩစရာကောင်းနေမှာပဲ။
လုရွှမ်က ပြုံးပြီး ပြောလိုက်သည်။
"ဒါက ဓားသိုင်းတစ်ခုပဲလေ... ဘာလို့ ငါကိုယ်တိုင် ဖန်တီးလို့ မရမှာလဲ? နောက်ပြီး ဒီဓားသိုင်းက သိပ်မခက်ပါဘူး... ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းချက်တွေကို ချိတ်ဆက်ပေးတဲ့ ဓားတစ်လက်ပဲ... လူနဲ့ဓားပေါင်းစည်းမှု နယ်ပယ်အတွက် လိုအပ်ချက်တွေက မမြင့်ဘူးမလား"
ထျန်းဝူ ထိုအကြံအစည်ကို ကြိုတွေးထားပြီးသားပါ။ ယခုအချိန်မှာ လုရွှမ်ဟာ ပေါ့ပေါ့ဆဆပဲ သူ့မိသားစုကို လှောင်ပြောင်သရော်နေပုံရသည်။ မိသားစုရဲ့ အမြင့်မြတ်ဆုံး ကောင်ကင်ဓားကိုးစင်းသိုင်းကို သူ တိတ်တဆိတ် သင်ယူခဲ့ပြီး လူကြီးတွေကတောင် သူ့ကို ဂုဏ်ပြုနိုင်သေးသည်။
ဒါက သူ့မိသားစုကို ပေါ်ပေါ်ထင်ထင် ရှုတ်ချနေတာပဲ!
"ကောင်းပြီ... ကောင်းပြီ မင်းငါ့ရဲ့ ဒုတိယဓားကို ခုခံနိုင်မလား ငါကြည့်ချင်သေးတယ်"
"သြော်... ဟုတ်သားပဲ မင်းငါ့ကိုမပြောရင် ငါမေ့တော့မလို... ငါမင်းကို သုံးအတွင်း သတ်မယ်လို့ ပြောထားတာနော်... ဒါပေမယ့် ကိစ္စမရှိပါဘူး၊ မှန်တယ်။ မင်းရဲ့ ကောင်းကင်ဓားကိုးစင်းက ဘယ်လောက်တောင် အစွမ်းထက်တယ် ဆိုတာ ကြည့်ကြည့်ရအောင်... စကားမစပ် မင်း တတိယအဆင့်အထိ သင်ယူပြီးပြီ ဟုတ်တယ်မလား? ငါ့ကို စိတ်မပျက်စေနဲ့နော်"
လုရွှမ်ရဲ့ စကားများက သူ့ကိုအလွန်အမင်း ဒေါသထွက်လာစေခဲ့ပြီး ထျန်းဝူရဲ့ မျက်နှာသည်လည်း ဒေါသတွေကြောင့် နီရဲလာခဲ့သည်။
"အစတုန်းက မင်းကို သတ်ပစ်မလိုပဲ.... ဒါပေမဲ့ အခုတော့ မင်းကို အရှင်လတ်လတ်ဖမ်းဖို့ ဆုံးဖြတ်လိုက်ပြီ... မင်းကို ဖမ်းခေါ်သွားပြီး အိမ်တော်က အကြီးအကဲတွေလက်ထဲ လွှဲပေးလိုက်မယ်...ငါတို့ မိသားစုရဲ့ ဓားသိုင်းကို လျှို့ဝှက်ပြီး လေ့လာထညးတဲ့ မင်းရဲ့ဘဝကို သေတာထက် ပိုဆိုးအောင် ငါလုပ်ပေးလိုက်မယ်!!"
"စကားများလွန်းတယ်.... ဒုတိယဓား မြန်မြန်ထုတ်လိုက်တော့"
ထျန်းဝူ ကျိန်ဆဲလိုက်ပြီး သူ့လက်ထဲက ဓားရှည်ကြီးကို ဆွဲကိုင်လိုက်ပြီး စက်ဝိုင်းပုံ ဆွဲလှည့်လိုက်သည်။ တခဏအတွင်းမှာပင် စွမ်းအင်စီးကြောင်းများက ထျန်းဝူ လက်ထဲတွင်ရှိသော ဓားရှည်ဆီသို့ တိုးဝင် စုစည်းလာကြသည်။ ဓားစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော စက်ဝိုင်းက ပို၍ တောက်ပလာ၏။
ဓားစက်ဝိုင်းသည် ပို၍ပို၍ ကြီးမားလာပြီး ဓားစွမ်းအင်များ တဖျပ်ဖျပ် ခတ်လျက်။ ဓားအရိပ်တစ်ခုဟာ ပထမပိုင်းတွင် လူ၏ ထက်ဝက်ခန့်သာ အရွယ်အစားသာ ရှိသော်လည်း တဖြည်းဖြည်း အရွယ်အစားမှာ ဆယ်ပေကျော်အထိ တိုးလာခဲ့သည်။ အတွင်းပိုင်းရှိ ဓားစွမ်းအင်သည် မှော်လက်နက် အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်လာသည်။
လုရွှမ်က ဆန့်ကျင်ဘက်တွင် ရပ်နေပြီး ဓားစက်ဝိုင်းထဲရှိ ဓားစွမ်းအင်ကို ရှင်းရှင်းလင်းလင်း ခံစားရလေသည်။
ဒီလှုပ်ရှားမှုဟာ အလွန် အစွမ်းထက်တယ်လို့ ပြောရမှာဖြစ်သလို ဓားစွမ်းအင်ဟာ လုံးဝကို ထူးထူးခြားခြားပါပဲ။ လုရွှမ် အလိုအလျောက် ခိုးယူသွားဖို့တောင် စိတ်ကူးရှိလာခဲ့သည်။
တိမ်ပင်လယ်ကမ္ဘာတွင် အဓိက ဂိုဏ်းကြီးခြောက်ခု၏ လျှို့ဝှက်ချက်များက အလွန်အစွမ်းထက်သည်ဟု ခံစားမိသော်လည်း တခြားကမ္ဘာငယ်လေးတွေက သိုင်းပညာတွေက ဒီလောက် အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဓားချက်ကို ကြည့်!"
ထျန်းဝူက အော်ဟစ်လိုက်သည်။
လုရွှမ် သူ့ခွန်အားကို မထိန်းထားဝံ့ပေ။ ထိုဓားသည် ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်အောင် ထိတ်လန့် တုန်လှုပ်သွားစေလေသည်။
"ဓားတစ်သောင်း ရိုက်ချက်!"
လုရွှမ်နှုတ်ဖျားမှ ဟောက်သံ ထွက်ပေါ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်သည် တစ်နေရာတည်းတွင် ရပ်တည်နေသော်လည်း အမွေးအမှင်များ လွင့်စင်နေသကဲ့သို့ ကောင်းကင်သို့ ဓားတစ်စင်း တက်သွားပြီး အဖြူရောင် အလင်းတန်းများ ပြေးဝင်သွားကာ လုရွှမ်ရဲ့ ဓားရည်ရွယ်ချက်အဖြစ် ပေါင်းစပ်သွားခဲ့သည်။
ဗုန်း!
ကောင်းကင်နှင့် မြေကြီး ကြားတွင် ရုတ်တရက် အင်မတန် ကျယ်လောက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထျန်းဝူလည်း သူထိန်းချုပ်ထားသော ဓားစွမ်းအင်ဟာ အလွန် လျင်မြန်ခြင်း မရှိသေးကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး သူ့ရဲ့ ဓားစွမ်းအင် တချို့ကတောင် ပြိုင်ဘက်ဆီကို အပြေးအလွှား ပူးပေါင်းလုနီးပါး ဖြစ်သွားသည်။
တိကျိုရဲ့ ခံစားချက်က ပိုလို့တောင် ကြည်လင်လာပါတော့သည်။ ပြင်းထန်တဲ့ အင်အားတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်လာကာ သူ့ခန္ဓာကိုယ်ထဲက သွေးတွေ ပွက်ပွက်ဆူနေပြီး နားမလည်နိုင်တဲ့ ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ ရုတ်တရက် လှည့်ကြည့်လိုက်တော့ ဓားရှည်တွေက မိုးကုတ်စက်ဝိုင်းကနေ သူ့ဆီ ဦးတည်ပျံသန်းနေတာကို တွေ့လိုက်ရလေ၏။
ဓားအလင်းသည် အလိုအလျောက် ပျံသန်းနေသော ဓားရှာ်ကဲ့သို့ လျှပ်တစ်ပြက် အတွင်း လုရွှမ် နောက်သို့ ပျံသန်းသွားကာ သူ့ဓားရည်ရွယ်ချက်တွင် ပေါင်းစပ်သွားခဲ့သည်။
"ဓားတစ်သောင်းရိုက်ချက်?"
လုရွှမ် ယခင်က ဆိုလိုက်တဲ့ ဓားသိုင်းရဲ့ အမည်ကို တိကျို အမှတ်တမဲ့ ရေရွတ်လိုက်မိသည်။ အနီန်ပင် အရပ်ရပ်မှ ဓားရှည်တစ်သောင်းကျော် ပျံသန်းလာနေ၏။
ဓားရည်ရွယ်ချက်များက ကျဉ်းမြောင်းသွားပြီး ဓားပေါင်းများစွာဟာ ဓားရိပ်ကြီး တစ်ခုအဖြစ် ပေါင်းစည်းသွားသည်။
"ခေါင်းဖြတ်!" လုရွှမ် ထပ်မံဟောက်သည်။
အလွန်ကြီးမားသော ဓားရိပ်သည် ဆန့်ကျင်ဘက် အရပ်ရှိ ထျန်းဝူဆီသို့ ပြင်းထန်သော ဖိအားအဖြစ် လှုံ့ဆော်ပေးလာသည်။
ဝုန်း!
ဓားစွမ်းအင်က ဓားအရိပ်ကြီးကို ယခင်ဓားထက် ပိုမိုတောက်ပသော အလင်းတန်း တစ်ခုအဖြစ် ထွက်ပေါ်လာစေပြီး ကြီးလှသော တုန်ခါသံသည် ကောင်းကင် အတိဒုက္ခကို ဖြတ်ကျော်နေရတဲ့ မိုးခြိမ်းသံကဲ့သို့ပင်။
ယခင်က ကောင်းကင်နဲ့ မြေကြီးဟာ ကြည်လင်တောက်ပနေပြီး နေကလည်း အပူတပြင်း တောက်လောင်နေခဲ့သည်။
သို့သော် ယခုအချိန်တွင်တော့ ကောင်းကင်ကြီး တစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားပြီး ဓားနှစ်ချောင်း တိုက်မိသွားချိန် အလယ်ဗဟိုတွင် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဓားအလင်းတွေက ခဏအကြာတွင် လျင်မြန်စွာ ပြန်ပျောက်ကွယ်သွားသော်လည်း အမှန်တကယ်တွင် တိုက်ပွဲကို ကြည့်နေသော တိကျိုကို ထိတ်လန့်စေသည့် အရာမှာ အာကာသ ကွဲအက်မှုကို ဖန်တီးနိုင်ခဲ့ခြင်းပင်။
ကြည့်ရတာ သူတို့နှစ်ယောက်ရဲ့ ဓားစွမ်းအင်တွေက ဒီကမ္ဘာကြီးရဲ့ ခံနိုင်ရည်အားကို ကျော်လွန်သွားခဲ့ပြီ ထင်ပါရဲ့။
လုရွှမ်ရဲ့ ခန္ဓာကိုယ် နောက်သို့ လွင့်ပျံသွားသည်။ ထျန်းဝိုက်စွေ့ကမ္ဘာမှာတုန်းက ကိစ္စတချို့က လုရွှမ်ခေါင်းထဲ ပြေးဝင်လာခဲ့သည်။ တိမ်ပင်လယ်နယ်မြေရဲ့ နိယာမများက မပြည့်စုံသေးပေ။ အစိတ်စိတ် အမွှာမွှာ ကွဲသွားပြီး နောက်ထပ် ထျန်းဝိုက်စွေ့ကမ္ဘာ တစ်ခု ဖွင့်ပေးလိုက်ပါက တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးမှာ နည်းဥပဒေ မပြီးပြည့်စုံတာကြောင့် အပိုင်းပိုင်း ပြတ်သွားလိမ့်မည်။
လုရွှမ် ဆုတ်ခွာသွားတာကို မြင်သောအခါ ထျန်းဝူက အားရပါးရ ရယ်မောလိုက်ပြီး
"ကောင်လေး... မင်းရဲ့ ဓားသိုင်းလေးကို သိရရင် အရမ်းကောင်းမယ်လို့ ထင်ခဲ့တာ.... ငါတို့ရဲ့ ကောင်းကင်ဓားကိုးစင်းသိုင်းနဲ့ ယှဉ်လိုက်ရင် မင်းက တော်တော် ဝေးသွားပြီပဲ"
လုရွှမ်ကို ဓားတစ်ချောင်းတည်းနဲ့ အနိုင်ယူလိုက် နိုင်တာကြောင့် ဂုဏ်ယူတယ်လို့ ခံစားလိုက်ရသည်။ နောက်ဆုံးမှာတော့ လုရွှမ်ရဲ့ ပထမဆုံးလှုပ်ရှားမှုဟာ သူ့မိသားစုရဲ့ ဓားကိုးစင်းသိုင်းရဲ့ အသွင်အပြင်နဲ့ အနည်းငယ်သာ တူညီနေကြောင်းကို သိလိုက်ရမှ အလွန် စိတ်သက်သာရာ ရသွားခဲ့သည်။
တိကျိုကတော့ မျက်မှောင်ကြုတ်နေပြီ။ သူ့အမြင်အရ လုရွှမ်လည်း ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။ သူ ပိုလို့တောင် ထိတ်လန့်သွားတာက ထျန်းဝူရဲ့ ခွန်အားက ဒီအဆင့်ကို တကယ်ရောက်နေမယ်လို့ မထင်ထားခဲ့မိတာပါပဲ။ ဒါဆို နောက်ပိုင်း သူ ဘယ်လို လက်စားချေရတော့မလဲ။
လုရွှမ်က မျက်မှောင်ကြုတ်ကာ အေးစက်စွာပဲ ပြောလိုက်သည်။
"ကောင်လေး... ငါ့စကားကို ငါထိန်းထားတယ်... မင်းကို လှုပ်ရှားမှု သုံးကွက်အတွင်း သတ်ပစ်မယ်ဆိုတာလေ... အခုနောက်ဆုံး လှုပ်ရှားမှုနဲ့ မင်းကို သတ်ပစ်မယ်.... မင်းရဲ့ အစွမ်းထက်ဆုံး အကွက်ကို သုံးလိုက်ပါတော့ မဟုတ်ရင် မင်းမျက်လုံးဖွင့်ပြီး သေသွားရင် နောင်ဘဝအထိ ငါ့ကို စိတ်ဆိုးနေရဦးမယ်"
"ကိုယ့်အဆင့်ကို မသိတဲ့ကောင်... ကောင်းပြီလေ ငါမင်းကို ကူညီပေးရတာပေါ့ ဒါပေမဲ့ ကောင်းကင်ဓားကိုးစင် သိုင်းအောက်မှာ မင်းသေရတာ ဂုဏ်ယူစရာ ကောင်းပါတယ်... ကောင်းကင် ဓားကိုးချောင်းရဲ့ ပထမဆုံး အကွက်က ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ဆွဲဆောင်တာ... ဒုတိယအကွက်က ချီရွေ့လျားမှု.... တတိယဓားကွက်ကိုတော့ ငါ သိပ်မနားလည်သေးပေမယ့် မင်းကို ပို့ဆောင်ပေးဖို့ လုံလောက်ပါတယ်"
လုရွှမ် သူ့လက်ညှိုးတစ်ချောင်းကို ကွေးညွတ်လိုက်သည်။
"မာနကြီးနေတဲ့ ကောင်!"
ထျန်းဝူ ဒေါသတကြီး ဖြစ်လာကာ သူ့ရှေ့မှ ဓားရှည်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ နှစ်ကြိမ်ဆက်တိုက် ဝေ့ယမ်းပြီးနောက်တွင် သူ့ဓားရှည်က ရုတ်တရက် ပျောက်ကွယ်သွားကာ ထျန်းဝူကိုယ်တိုင်လည်း ပျောက်သွားခဲ့သည်။ အရာအားလုံး လုရွှမ်ရဲ့ မြင်ကွင်းထဲမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။
အိုး။ ဒါက ထင်ထားတဲ့အတိုင်း သူ့မှာတော့ အဲဒီလို အရည်အချင်း မရှိသေးဘူးပဲ။
လုရွှမ် သူ့စိတ်ထဲက လှောင်ရယ်လိုက်တော့သည်။ သူ့ဓားကို ပစ်ချလိုက်ပြီးတာနဲ့ ချက်ချင်း သေဆုံးသွားလိမ့်မည်။ ဒီဓားသွားလှုပ်ရှားမှုက တကယ်ကို ဂရုတစိုက် လေ့ကျင့်ထားပုံရသည်။
လုရွှမ်သည် နေမင်းမျက်လုံးကို အားကိုးနေပါက ထျန်းဝူကို ရှာတွေ့နိုင်ဖို့ ပြဿနာ မရှိသော်လည်း အခုဟာက ဓားရောင်ဝါတစ်ခု ဖြစ်နေ၏။