ဓားမပါဘဲ ထွက်ခွာခြင်း
Vol. 57 Ch. 4.366
မာနကြီးနေသော ထျန်းဝူကို သတ်ရန် ဓားကို ကျွမ်းကျင်စွာ အသုံးပြုနေခြင်းက ဓားသမား၏ ဂုဏ်အသရေ ဖြစ်သော်လည်း မဖြစ်သေးပေ။
လုရွှမ် မျက်လုံးများကို မှိတ်ထားလိုက်သည်။ အခုက တခြားနည်းလမ်းကို သုံးဖို့ အသုံးမဝင်တော့ပေ။ သူ့မျက်လုံးများကို မှိတ်ထားကာ နှလုံးသားနှင့် ခံစားလိုက်တာက ပိုကောင်းလိမ့်မည်။
သူ့ပတ်ဝန်းကျင်ရှိ လှုပ်ရှားသံ အားလုံးသည် လုရွှမ်၏ စိတ်အာရုံထဲတွင် ရှိနေသည်။ လုရွှမ် ဝိညာဉ်စွမ်းအားကို အသုံးမချဘဲ အကျပ်အတည်းကို အေးအေးဆေးဆေး ခံစားရန် ဓားရည်ရွယ်ချက်ကိုသာ မှီခိုအားထားခဲ့သည်။
မိုးနတ်ဘုရားဓားက သူ့လက်ထဲတွင် ရှိနေပြီး သူ့ကို ညင်သာစွာ လှည့်ပတ်နေသည်။
နောက်ဆုံးတွင် မိုးနတ်ဘုရား ဓားဆီမှ အသံထွက်လာပြီး လုရွှမ်လက်ထဲ ဖမ်းမိသွားခဲ့သည်။ လုရွှမ် ဓားကို နောက်ပြန်လှည့်၍ သူ့ခေါင်းပေါ်မှ တိုက်ရိုက် ထိုးချလိုက်သည်။
လုရွှမ်ရဲ့ ဦးခေါင်းထက်တွင် ဓားရှည်တစ်စင်း ရုတ်တရက် ပေါ်လာသော်လည်း ဓားရိပ်တစ်ခုသာ ဖြစ်သည်။ ထို့နောက် ကောင်းကင်ထက်တွင် ထျန်းဝူ သူ့ဓားကို ဆွဲလှည့်ကာ ထပ်မံ ဝေ့ယမ်းလိုက်ပြန်သည်။
လုရွှမ် လုံးဝ သတိမထားမိသလိုဖြင့် သူ့ခန္ဓာကိုယ်သည် ဓားအဖြစ်သို့ ပြောင်းလဲသွား၏။ သူ့ဓားက ကောင်းကင်သို့ ထိုးတက်သွားကာ သူ့ခန္ဓာကိုယ်သည်လည်း ယခုတစ်ကြိမ်တွင် လှုပ်ရှားသွားခဲ့သည်။
လုရွှမ်၏ ဓားကို လက်ဖဝါးတွင် တင်းကျပ်စွာ ကိုင်ထားလျက် ကောင်းကင်သို့ ပျံတက်သွားသည်။ သူ့မျက်လုံးထဲတွင် လူမပြောနှင့် ဓားတစ်ချောင်းပင် မရှိပေ။ သူ့ရဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်မှာ ဓားစွမ်းအင်ထဲတွင် မရှိတော့ပေ။
တိကျိရဲ့ မျက်လုံးထဲတွင်လည်း လုရွှမ်က ဓားတစ်ချောင်းလို လူတစ်ဦး ဖြစ်နေပြီ။ သူ့ပုံစံက လူသေတစ်ယောက်လို အရှိန်အဟုန် မရှိဘဲ သူ့စိတ်အလုံးစုံကို ဓားထဲတွင် ပေါင်းစည်းထားသည်။
တိကျိုရဲ့စိတ်တွေ ရုတ်တရတ် လှုပ်ရှားသွားကာ မျက်လုံးတွေကို မှိတ်လိုက်ပြီး လေထုအလယ်က လုရွှမ်ရဲ့ ရုပ်သဏ္ဌာန်က ဘယ်မှာလဲ ဆိုတာကို စိတ်စွမ်းအားဖြင့် ခံစားလိုက်သည်။
သို့သော်လည်း အားနည်းပုံရတဲ့ လုရွှမ်ဟာ သူ့ဓားကို သိပ်တောင် မလှုပ်လိုက်ဘဲ ဓားရိပ်၊ ဓားရောင်ဝါနှင့် ဓားစွမ်းအင်တို့ကို တိုက်ရိုက်ချိုးဖျက်ကာ ထျန်းဝူလက်ထဲမှ ဓားရှည်ကိုပါ ဝါးလုံးတစ်လုံးလို အလယ်မှ ခွဲထုတ်ပစ်လိုက်တော့သည်။
"မင်းလုပ်ရဲလား? ငါက ကောင်းကင်ပဲ!!"
ထျန်းဝူ စကားမဆုံးခင် လုရွှမ်လက်ထဲက မိုးနတ်ဘုရားဓားဟာ ထျန်းဝူရဲ့ လက်ဖဝါးထဲကို ထိုးဖောက် ဝင်ရောက်နေပါပြီ။ ဒါပေမဲ့ ထျန်းဝူ မခံမရပ်နိုင်ဖြစ်နေတုန်း တည့်တည့် ဆက်တက်သွားပြီး ထျန်းဝူရဲ့ခေါင်းကိုပါ ဓားနဲ့ ထိုးခွဲပစ်လိုက်သည်။
လုရွှမ်သည် ထျန်းဝူရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်း ဝင်ရောက်ပြီးနောက် သူ့ခြေထောက်များ လျင်မြန်စွာ ပြေးထွက်လာပြန်သည်။ ထျန်းဝူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အပေါက်ပေါက်တွေ ဖြစ်ကုန်၏။ နောက်ဆုံး ထျန်းဝူ အသက်တစ်ချက်ရှူရင်း လဲကျသွားခဲ့သည်။
တိကျို ပြေးလာပြီး ထျန်းဝူကို လေထဲတွင် ဖမ်းထားလိုက်သည် ထိုအချိန်တွင် ထျန်းဝူရဲ့ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာလုံးဝ မရရှိကြောင်း တွေလိုက်ရသဖြင့် သူ အံ့အားသင့်သွား၏။ သူမြင်နေခဲ့တဲ့ အရာအားလုံးက လွဲမှားနေတာများလား။
သို့သော် ဓားရှည်ကတော့ အမှန်တကယ် ကျိုးသွားသဖြင့် တိကျိုလည်း သူမြင်ခဲ့တာက မှန်လားမှာလား မသိတော့ပေ။
သူ လုရွှမ်ကို တစ်ဖန် ကြည့်လိုက်တော့ ထိုလူမှာ အညစ်အကြေးတွေ ကင်းစင်နေတဲ့ လူတစ်ယောက်လို လေထုထဲတွင် ရပ်တန့်နေသေးပြီး ခဏအကြာတွင်မှ သူ့ခန္ဓာကိုယ်မှ ထွက်သက်ဝင်သက်များ ပြန်လည် ဝင်ရောက်လာခဲ့သည်။
" 'ဓားမပါဘဲ ထွက်ခွာခြင်း' ဒီဓားသိုင်းက သေဖို့ဆိုတာ တကယ်ကို လွယ်ပါတယ်... ကံမကောင်းတာက လွှမ်းမိုးချုပ်ကိုင် နိုင်လွန်းတယ်.... မင်းမအောင်မြင်မှတော့ ငါမင်းကို စေတနာ ထားပေးရတော့မှာပေါ့"
တိကျိုမှာ လုရွှမ်ကို အလွန် ထိတ်လန့်စွာ စိုက်ကြည့်နေမိလေ၏။
"ကောင်းကင် ဓားကိုးချောင်းသိုင်းကို မင်းတကယ်ကြီး ခိုးသင်လိုက်တာလား?"
"ဒါက ကောင်းကင်ဓားကိုးစင်းသိုင်းပဲမလား? ဒါက သူတို့ပဲ သင်ယူနိုင်ပြီး တခြားသူတွေက သင်ယူလို့ မရဘူးလား? ဟမ့် ကြည့်ရတာ သူတို့မိသားစုက ကမ္ဘာပေါ်က သူရဲကောင်းတွေကို လျှော့တွက်လိုက်တာ ဖြစ်လိမ့်မယ်"
တိကျိုလည်း သူ့စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး လုရွှမ်ပြောတာ မှန်ကြောင်း သဘောတူလိုက်ရသည်။ မယုံနိုင်စရာပါပဲ။ ကောင်းကင်ဓားကိုးစင်သိုင်းဟာ ရှေးဟောင်းသိုင်း ကမ္ဘာထဲက ထျန်းမျိုးနွယ်ရဲ့ အဖိုးအတန်ဆုံးသော ရတနာ ဖြစ်လေသည်။ အစကတည်းက သူတို့သည် နှစ်ထောင်ပေါင်း များစွာကတည်းက ထိုသိုင်းကို ပြုပြင်မွမ်းမံရင်း လေ့ကျင့်ခဲ့ကြရ၏။
ဒါပေမဲ့ အခုအချိန်မှာတော့ တစ်ယောက်ယောက်က သူ့နာမည်ကို နားထောင်ပြီး ထျန်းဝူရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရုံနဲ့ သိုင်းကွက်ကို တကယ်ပဲ ဖန်တီးနိုင်ခဲ့လေသည်။
"မင်းက ထျန်းဝူရဲ့အလောင်းကို ကိုင်ပြီး ဘာလုပ်နေတာလဲ? သူ့ကိုသတ်ဖို့ အသဲအသန် ကြိုးစားနေတာ မဟုတ်ဘူးလား?"
လုရွှမ် မေးလိုက်သည်။ တိကျိုလည်း ခေါင်းညိတ်ပြီး
"ဟုတ်တယ်... ငါ သူ့ကို သတ်ချင်ခဲ့တာ အစောတုန်းက သူ့ရဲ့တိုက်ကွက်တွေကို ကြည့်ပြီးမှ ငါ သူ့ကို သတ်နိုင်စွမ်း မရှိဘူးဆိုတာ သိသွားခဲ့တယ်..... ဒီမှာ ငါ မင်းကို ကြိုပြီး ကျေးဇူးတင်ပါတယ် သူ့အလောင်းကို ငါ ယူသွားမယ်.... သူ့အလောင်းနဲ့ ငါ့မိသားစုထဲက လူ၁၃၈ ယောက်ရဲ့ အသက်ကို ပူဇော်ရမှာ!!"
လုရွှမ်လည်း တိကျို ပြောတဲ့စကားက အမှန်ဖြစ်နိုင်ကြောင်း ရိပ်မိပါသည်။ မဟုတ်ပါက သူဟာ အစောတုန်းကလို အသက်စွန့် တိုက်ခိုက်နေတာမျိုး လုပ်မှာ မဟုတ်ပေ။
လုရွှမ် တွေးတောနေတာ မြင်တော့ တိကျိုလည်း လုရွှမ် သဘောမတူဘူး ထင်ပြီး အမြန် ပြောလိုက်သည်။
"သူ့ခန္ဓာကိုယ်ကို ဝယ်ဖို့ ငါပေးချေရမလား?"
"မလိုပါဘူး... မင်းရဲ့နာကျင်မှုကို ငါလက်ခံနိုင်တယ်... မြို့ထဲမှာ ပျက်စီးနေတဲ့ မိသားစုတွေရဲ့ နာကျင်မှုကိုလည်း ငါခံစားလို့ရတယ် မင်းသူတို့ကို တောင်းပန်ပြီးရင် ထွက်သွားလိုက်ပါ"
တိကျို အံ့အားသင့်သွားတာတောင် မထိန်းနိုင်လိုက်ပေ။ လုရွှမ် နောက်ပြောင်နေတယ်လို့ သူ မထင်ခဲ့ပေမဲ့ သူလုံးဝ အလေးအနက် ထားမယ်လို့ မျှော်လင့်ထားခဲ့ပါဘူး။ တိကျိုလည်း မဆိုင်းမတွဘဲ ခေါင်းညိတ်ပြလိုက်ပြီး။
"ကောင်းပြီ!"
သူ ကလဲ့စားချေနိုင်ဖို့ အတွက် ပေးဆပ်ခဲ့တာတွေက များလွန်းတယ်။ သူဘယ်တုန်းကမှ အရှက်တကွဲ ဖြစ်ရပ်မျိုး မကြုံဖူးဘူး။ ဒါက တောင်းပန်မှု တစ်ခုသာဖြစ်ပြီး သူ့အပြစ်လည်း မကင်းပေ။
တိကျို မြို့သားများကို တောင်းပန်ပြီး လျော်ကြေးပေးကာ ထျန်းဝူရဲ့ အလောင်းကို သိုလှောင်လက်စွပ်ထဲ ထည့်၍ ထွက်သွားခဲ့သည်။ လုရွှမ် အောက်မှ အားပေးနေသော သာမန်လူများကို ကြည့်လိုက်သည့။
လုရွှမ်ရဲ့ နှလုံးသားက ရုတ်တရက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့ပြန်သည်။ လူသေတာက သေတာပါပဲ။ လျော်ကြေးနည်းနည်းက ဘာမှ ပြန်မလုပ်ပေးနိုင်ဘူး။
မြို့ငယ်လေးမှ ထွက်ခွာပြီးနောက် လုရွှမ်နဲ့ ကျားဖြူလေးတို့သည် ရွှမ်ယွီဂိုဏ်းဆီသို့ ဆက်လက် ပျံသန်းလာခဲ့သည်။
ထျန်းဝူရဲ့ ဦးခေါင်းက ကွဲကြေသွားသော်လည်း အရည်အချင်းနှင့် အမွေများပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။ လုရွှမ်လည်း ထိုအရာအတွက် မျှော်လင့်ချက်များစွာ မထားခဲ့ပေ။ နောက်ဆုံးတွင် မိသားစုကြီးများမှ ဆင်းသက်လာသေယ သားသမီးများ၏ အရည်အချင်းများကို များသောအားဖြင့် သူတို့စိတ်ထဲတွင် ဖုံးကွယ်ထားလေ့ရှိပြီး ချိတ်ပိတ်ထားလိမ့်မည်။
အဲဒီ အရည်အချင်းတွေကို သူ စူးစမ်းလိုတယ် ဆိုရင်တောင် ဘာမှမရလိုက်တာက မထူးဆန်းတော့ပါဘူး။
နောက်ဆုံးတော့ သိုလှောင် လက်စွပ်ထဲမှာ ကောင်းတဲ့အရာတွေ အများကြီး ရှိတယ်လေ။ ပြီးတော့ လုရွှမ်နဲ့ ကျားဖြူလေးတို့ လမ်းတစ်လျှောက် ဆင်နွှဲခဲ့တဲ့ တိုက်ခိုက်ပွဲတွေကနေ ရလာတဲ့ အသားတချို့လည်း ရှိနေပြီ။
ထျန်းဝူရဲ့ သိုလှောင်လက်စွပ်ကို သိမ်းဆည်းပြီး စားသောက်နေတာကိုသာ သိရင် ဒေါသထွက်ပြီး နောက်တစ်ခါ သေတဲ့အထိ ပေါက်ကွဲသွားဦးမှာလားလို့ တွေးမိလာတော့သည်။
ရွှမ်ယွီဂိုဏ်းနဲ့ ပိုနီးလေလေ ပတ်ဝန်းကျင်က ပိုချမ်းသာလေလေပါပဲ။ လဝက်လောက် ခရီးထွက်ပြီးနောက် လုရွှမ်လည်း မောပန်းလာရာ အနားယူဖို့ မြို့ကြီးတစ်မြို့ထဲ ဝင်လာခဲ့၏။
မေးမြန်း ကြည့်လိုက်တော့ သူ ရှင်းချန်ဧကရာဇ် အင်ပါယာထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း သိရှိခဲ့ရပြီး နောက်လဝက်လောက်သာ ဆက်သွားရင် ရွှမ်ယွီဂိုဏ်း တည်ရှိရာ အင်ပါယာလေးခု၏ လမ်းဆုံကို ရောက်မှာ ဖြစ်သည်။
ဤမြို့ကို လော့ရစ်မြို့ဟု ခေါ်တွင်ပြီး ရှင်းချန်ဧကရာဇ် အင်ပါယာအတွင်းက ဖြစ်သောကြောင့် ကျင့်ကြံသူတွေကလည်း ထူးထူးခြားခြား ကျင့်ကြံမှုအဆင့်တွေ ရှိကြလေသည်။
ကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင်များကြောင့် သူတော်စင်တစ်ပိုင်းမှ သူတော်စင်အဆင့် အထိ ရှိကြပေသည်။ တချို့ဆိုင်ငယ်လေးများရှိ စားပွဲထိုးများပင်လျှင် အနည်းဆုံး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၌ ရှိကြလေသည်။
လုရွှမ် စားသောက်ဆိုင် တစ်ဆိုင်ကို ရွေးချယ်၍ ဝိညာဉ်ကျောက်တုံးများဖြင့် ငွေရှင်းလိုက်သည်။ ကျားဖြူလေးက သေရည် စားပွဲပေါ်တွင် ကျကျနန တက်ထိုင်ကာ လုရွှမ်နဲ့အတူ စားသောက်ရင်း လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားတော့သည်။
"အဲဒီလူက ဘယ်သူလဲ? အရမ်း ကြီးစိုးတဲ့ပုံနဲ့"
"ဟမ့်... အဲ့တာက ဘာဖြစ်တုန်း? ဟိုးက ကျားဖြူလေးကို မမြင်ဘူးလား? သူတော်စင် အဆင့်နဲ့ ဘယ်လိုလုပ် အဲဒီလိုသားရဲကို မွေးထားလဲ မသိဘူး"
လူတွေက သူတို့ နီးစပ်ဖို့ သတ္တိရှိရှိ ပြောနေကြ၏။ ယခင်က လူတစ်ယောက်သည် ကျားငယ်ကို အခွင့်ကောင်းယူရန် ကြိုးစားခဲ့သော်လည်း ကျားငယ်ရဲ့ ခြေသည်းကြောင့် နောက်ဆုတ်သွားခဲ့ရသည်။
ယခုအခိုက်တွင် စားသောက်ဆိုင် ပိုင်ရှင်သည် ကျားဖြူလေး အနီးတွင် တုန်တုန်ယင်ယင် ရပ်နေရင်း လွန်ခဲ့သောနှစ်က ဖြစ်ပျက်ခဲ့သမျှကို ပြောပြနေရသည်။
ကျိုးရန်ဧကရာဇ် အင်ပါယာမှာ အတွင်းပိုင်း စစ်ပွဲဖြစ်ပွားပြီး ဖန်းမင်ယန် ခေါင်းဖြတ် အသတ်ခံခဲ့ရသည်။ ယနေ့တွင် ဖန်းမိသားစုသည် ကျိုးရန်ဧကရာဇ် အင်ပါယာရှိ တော်ဝင်မိသားစုအဖြစ် ဆက်လက်ဘတည်ရှိနေသော်လည်း ဧကရာဇ်ကျိုးရန် ရှိစဉ်ကလို ဂုဏ်ကျက်သရေ မရှိတော့ဘဲ အင်ပါယာကို တခြား အဓိက မိသားစုလေးခုနှင့် ပူးတွဲ အုပ်ချုပ်နေရသည်။
ရွှမ်ယွီဂိုဏ်းသည် ဤအာဏာ လွန်ဆွဲပွဲတွင် ကြီးကျယ်သော ဂုဏ်ဒြပ်ကို ရရှိခဲ့ပြီး ကျော်ကြားမှုများလည်း ရရှိလာခဲ့သည်။
သို့သော် လူပြောအများဆုံး ကိစ္စမှာ လုရွှမ် အမည်ရှိ လူကို ရှာဖွေပေးရန် ရွှမ်ယွီဂိုဏ်းက အမိန့်ထုတ်ပြန်ခဲ့ခြင်းပဲ ဖြစ်သည်။