ရှေးဟောင်းလကမ္ဘာ
Vol. 57 Ch. 4.368
"သခင်မလေး မြန်မြန် ပြန်ထိုင်လိုက်ပါ"
လုရွှမ်ကလည်း မြန်မြန် ဝင်ပြောလိုက်သည်။ မိန်းကလေးရဲ့ အသွင်အပြင်ကို မြင်လိုက်ရတာနဲ့ သူမသည် မွေးရာပါ ကျန်းမာရေး မကောင်းမှန်း သိလိုက်သည်။
မိန်းကလေးက ပြုံးပြီး ထိုင်ချလိုက်သည်။
“သခင်လေး ကျေးဇူးပြုပြီး ထိုင်ပါဦး”
လုရွှမ်လည်း ယဉ်ကျေးမနေတော့ပေ။ မိန်းကလေးရဲ့ တစ်ဖက်က ထိုင်ခုံမှာ ဝင်ထိုင်ပြီး သူ့နာမည်ကို မိတ်ဆက်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး... ကျုပ်နာမည်က လုရွှမ်ပါ.... ဝေးလံခေါင်သီတဲ့ တိမ်ပင်လယ် ကမ္ဘာက လာခဲ့တာ ဘာဖြစ်သွားမှန်း မသိပေမယ့် မထင်မှတ်ပဲ ဒီလိုမျိုး ကပ်ဆိုးကြီးနဲ့ တွေ့ခဲ့ရတာပဲ"
မိန်းကလေးက မျက်မှောင်ကြုတ်ကာ
"တောင်းပန်ပါတယ်... ကျွန်မ အဲ့နေရာကိုတော့ တစ်ခါမှ မကြားဖူးဘူး... ကျွန်မနာမည်က လီလင်ရှို့ပါ... လင်ရှို့လို့ပဲ ခေါ်လို့ ရပါတယ်"
"သခင်မလေး... မင်းအရင်ကပြောတဲ့ အာကာသကပ်ဆိုး တိုက်ခတ်တယ် ဆိုတာက ဘာလဲ?"
လီလင်ရှို့ကလည်း ဒီဇာတ်လမ်းကို ပြောပြလာခဲ့သည်။ လုရွှမ်ဟာ ကံမကောင်းသူ တဦးတည်း မဟုတ်ကြောင်း သိလိုက်ရ၏။ အကြောင်းအရင်းတခုကြောင့် အာကာသ ဥမင်လိုဏ်ခေါင်းတွေကြားက ထူးဆန်းတဲ့ အပြောင်းအလဲ တချို့ ဖြစ်ပေါ်ခဲ့တာကြောင့် ဒီလို အကျိုးဆက်တွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်သည်။
လီလင်ရှို့ သိသလောက်တော့ လုရွှမ်ဟာ ကပ်ဆိုးတိုက်ခတ်မှုကနေ လွတ်မြောက်လာတဲ့ တတိယမြောက်လူပင်။
"သခင်လေးက ကျန်ရစ်သူ အားလုံးထဲမှာ ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးပဲ"
လုရွှမ်လည်း ကျောက်စိမ်းပြားသာ မရှိလျှင် သူ သေချာပေါက် သေသွားလိမ့်မယ် ဆိုတာကို သိထားတာကြောင့် စိတ်ထဲမှာ တိတ်တဆိတ် ကြောက်လန့်နေမိသည်။
ဒါပေမဲ့ လီလင်ရှို့ ကလည်း လေပြင်း ကပ်ဆိုးတိုက်ခိုက်မှုတွေကြား ဘာကြောင့် ဖြစ်ပျက်ခဲ့လဲ ဆိုတာကို အတိအကျ မသိတာကြောင့် လုရွှမ် ဘာမှလည်း ဆက်မမေးနိုင်ခဲ့ချေ။
ဤကမ္ဘာကို ရှေးဟောင်းလကမ္ဘာ ဟု ခေါ်သည်။ ပြိုကွဲသွားသည့် အလွန်ရှေးကျသော ကမ္ဘာငယ်လေးသာ ဖြစ်သည်။ အပျက်အစီးတွေနဲ့ ဆက်စပ်နေတော့ အပါယ်ဘေးဒဏ်ခံရပြီးနောက် လူတိုင်းဟာ ဒီနေရာကို ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်သည်။
ပြီးတော့ ဒီနေရာဟာ မိသားစုကြီးတွေရဲ့ အခြေချရာ နေရာလည်း ဖြစ်လာလေသည်။
ဒီနေရာက စည်းမျဉ်းအရ လုရွှမ်ကို လီလင်ရှို့က ကယ်တင်ခဲ့သောကြောင့် လုရွှမ်ကို တစ်နှစ်အတွင်း ပိုင်ဆိုင်ခွင့် ရှိသည်။
ဒါကိုပြောတဲ့အခါ လီလင်ရှို့ အနည်းငယ် ရှက်သွားပြီး သူမရဲ့မျက်နှာက နှင်းဆီရောင် ပြောင်းသွားတော့သည်။ လုရွှမ်ကတော့ ပြုံးသာ ပြုံးပြလိုက်၏။ ဒီစည်းမျဉ်းနှင့် ပတ်သက်၍ သူ ရှက်ရွံ့ခြင်း မရှိပေ။ ဒီနေရာမှာက အန္တရာယ်ရှိပေမယ့် ကြီးကြီးမားမား မရှိပေ။
"ဒါပေမဲ့ ရှင်က သူတော်စင် အဆင့်တစ်ရဲ့ ခွန်အားပဲရှိတယ်.... ခွန်အားက ညံ့ဖျင်းလွန်းတယ်.... ကပ်ဆိုးထဲကနေ ရှင် ဘယ်လိုများ လွတ်မြောက်ခဲ့တာလဲ မသိဘူး"
သူ့ကို ကယ်တင်ခဲ့သူ မိန်းကလေးကို မြောင်ယွဲ့ ဟုခေါ်သည်။ ထက်မြက်ပြီး သခင်မလေးရဲ့ အကာအကွယ် အစောင့်အရှောက် ဖြစ်သည်။
"မှန်တယ်! အသက်ရှင်ကျန်ရစ်သူ အများစုက အနည်းဆုံး သူတော်စင် အဆင့်၇ အဆင့်၈ တွေ... ပြီးတော့ မဟာသူတော်စင်တွေတောင် ပါသေးတယ်... ဒါ့အပြင် ဒီအာကာသ ကပ်ဆိုးတိုက်ခတ်မှုက နည်းဥပဒေသနဲ့မညီဘဲ ရုတ်တရက် ခြိမ်းခြောက်ခံလိုက်ရသလို ဖြစ်လာခဲ့တာ. .. ကျွန်မတို့ဒီမှာနေတာ ကြာပြီ အသက်ရှင်နေတဲ့သူ အများကြီး မရရှိခဲ့ဘူး... ကျွန်မတို့ ထွက်သွားဖို့ အဆင်သင့်ဖြစ်ပေမဲ့ မင်းကို တွေ့ခဲ့မယ်လို့ ဘယ်သူက ထင်မှာလဲ?"
လုရွှမ်က ရယ်မောကာ ကောင်မလေးရဲ့ စကားကို စိတ်ထားမထားဘဲ ဖြေလိုက်သည်။
"အဲဒါကြောင့် ငါ မင်းကို ကျေးဇူးတင်ရမှာ မဟုတ်လား? ငါ့ရဲ့ ကျင့်ကြံမှု အဆင့်က နည်းနည်းနိမ့်နေပေမယ့် အသက်ကယ်ပေးတဲ့ ကျေးဇူးကို ငါ မမေ့ဝံ့ပါဘူး... မိန်းကလေး တစ်ခုခု အကူအညီလိုရင် ပြောပါ ငါလုပ်နိုင်သလောက်ကတော့ ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူး"
ကလေးမလေး မြောင်ယွဲ့က ရဲရင့်စွာ ပြောနေသော်လည်း သခင်မလေး ဆိုသူက ဘာမှမပြောဘဲ စိုက်ကြည့်နေသည်။
ထို့နောက် လီလင်ရှို့က
"သခင်လေးက အရမ်းယဉ်ကျေးနေပါပြီ... ရှင့်ရဲ့ ကြင်နာမှုကို ကျွန်မတို့ အသိအမှတ်ပြုပါတယ်.. အမှန်တော့ ကျွန်မမှာ တခြားရွေးချယ်စရာ ရှိရင် ဒီကိုလာဖို့ စွန့်စားမိမှာ မဟုတ်ဘူး... ဒါပေမဲ့ ဒါက အခွင့်အရေး တစ်ခုဆိုတော့လည်း အတင်းအကြပ် လုပ်လို့ မရဘူးလေ....သခင်လေးကို ကယ်တင်နိုင်ခဲ့တယ် ဆိုတာကလည်း ကံကြမ္မာက ဒီခရီးစဉ်ရဲ့ ဆုလာဘ်အဖြစ် သတ်မှတ်စေလို့ပဲ ဖြစ်မှာပါ"
လီလင်ရှို့က နှစ်ကြိမ် ချောင်းဆိုးလိုက်ပြီး
"သခင်လေး... ကျွန်မရဲ့ ကျန်းမာရေးက သိပ်နေမကောင်းပါဘူး... ဒါကြောင့် ငါ အခုပြန်သွားတော့မယ် ရှင်လည်း ကောင်းကောင်း အနားယူသင့်တယ်... မြောင်ယွဲ့ သခင်လေးကို အနားယူဖို့ ခေါ်သွားပေးလိုက်ပါ"
ထိုစကားကို ပြောပြီးနောက် သူမ အခန်းထဲသို့ ပြန်ထွက်သွားခဲ့သည်။
လီလင်ရှို့ ဒုက္ခရောက်နေတယ် ဆိုတာ သိသာပါ၏။ လုရွှမ်ဆိုတဲ့ သူဟာ ကျေးဇူးသိတတ်ပြီး ပြန်ဆပ်ဖို့ မကြိုးစားတဲ့လူတော့ မဟုတ်ပါဘူး။ ခန်းမထဲက ထွက်လာပြီးနောက် လုရွှမ်က ပြောလိုက်သည်။
"မြောင်ယွဲ့ ငါ့ခွန်အားက မမြင့်ပေမယ့် ငါ့မှာ ကျေးဇူးသိတတ်မှုတော့ ရှိပါတယ်...မင်းတို့ အကူအညီလိုရင် ငါ့ကိုပြောပါ"
မြောင်ယွဲ့က လုရွှမ်ကို တစ်ချက် ကြည့်လိုက်ပြီး
"ရှင်က ကျေးဇူးသိတတ်တဲ့ လူတစ်ယောက် ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး... ရှင် အများကြီး မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ အကြံဉာဏ်ပေးလို့ ရပါတယ်"
လီလင်ရှို့ရဲ့ ဖခင်က အဂ္ဂိရတ်ပညာရှင် ဖြစ်ပြီး သူတို့နေထိုင်ရာ ကမ္ဘာငယ်လေးတွင် လူသိမများခဲ့ပေ။
အထူးသဖြင့် သူတော်စင် သားရဲများကို အစာကျွေးရာတွင် အလွန်ထိရောက်သော သားရဲနတ်ဆေးများ ကဲ့သို့သော အဂ္ဂိရတ်ဆေးများကို သန့်စင်ပေးရာတွင် အထူးကျွမ်းကျင်သူ ဖြစ်သည်။ လွန်ခဲ့တဲ့ လအနည်းငယ်က တစ်စုံတစ်ယောက်သည် တံခါးကို လာခေါက်ခဲ့သည်။
မမျှော်လင့်ထားတဲ့ သူမရဲ့ ချစ်လှစွာသော ဖခင် သန့်စင်ထားသော အဂ္ဂိရတ်ဆေးကို စားပြီးနောက် သူတော်စင်သားရဲ တစ်ကောင် သေဆုံးသွားကြောင်း သတင်းက ထွက်ပေါ်လာခဲ့သည်။
သားရဲရဲ့ အလောင်းကို ခွဲလိုက်သောအခါ ၎င်း၏ ခန္ဓာကိုယ်တွင် ဖခင်ဖြစ်သူမှ သန့်စင်ထားသော ဆေးလုံးတစ်လုံးကို တွေ့ခဲ့ရသည်။ ဆေးလုံးက အစာမကြေသေးဘဲ ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။
သူမ အဖေက ဒီလိုထူးဆန်းတဲ့ အရာတွေကို သန့်စင်မယ်လို့ လုံးဝ မယုံပေမယ့် ဆေးလုံးက သူအရမ်းအစွမ်းထက်ပြီး ကြောက်စရာ ကောင်းတာကြောင့် သူမအဖေကို ပြန်ပေးဆွဲသွားခဲ့သည်။
သူမရဲ့ ခွန်အားနည်းပါးလှသည်။ သူမကိုလည်း ဖခင်က ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့သည်။ သူမနှာ မိသားစုပိုင်ဆိုင်မှု အားလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သော်လည်း တစ်ဖက်က သူမဖခင်ကို လုံးဝ မလွှတ်ပေးခဲ့ပေ။
နောက်ဆုံးတွင် စဉ်းစားတွေးခေါ်တတ်သူ တချို့ရဲ့ အကြံပြုချက်ကြောင့် တစ်ဖက်လူဟာ သူမဖခင်ရဲ့ အဂ္ဂိရတ်ကျွမ်းကျင်မှုကို စိတ်ဝင်စားပြီး အတင်းအကျပ် သိမ်းယူချင်နေပုံရကြောင်း သိလိုက်ရသည်။ သူတို့မှာ ကျောထောက်နောက်ခံ မရှိဘူး၊ ဒါကြောင့် သဘာဝကျကျ အနိုင်ကျင့်ခံရသူတွေ ဖြစ်လာခဲ့သည်။
ဒီလိုနဲ့ သခင်မလေးနဲ့ ကျွန်တို့ဟာ သူတို့ရဲ့ အိမ်တွေကို ရောင်းပြီး ရှေးဟောင်းလကမ္ဘာကို ရောက်လာခဲ့သည်။ အဲဒီလို အဖတ်ဆယ်လှေကို ငှား၍ အခွင့်အလမ်းကို ရှာဖွေဖို့ လာခဲ့ကြတာပဲ ဖြစ်ချေသည်။
နောက်ဆုံးတွင် အာကာသ လေပြင်းကပ်ဆိုး တိုက်မိမှုများက အလွန်အဖြစ် များလာခဲ့သည်။ မကြာခင် ရှေးဟောင်းလကမ္ဘာသို့ တခြားလူတွေရော ပြောင်းရွှေ့လာမလား ဆိုတာ ဘယ်သူမှ အာမခံနိုင်မှာ မဟုတ်။
လေပြင်းကပ်ဆိုး တိုက်ခတ်မှုမှာ သေချာပေါက် ခြိမ်းခြောက်မှုကြီး ဖြစ်သလို ကျဉ်းမြောင်းသော လွတ်မြောက်မှု တစ်ခုဖြစ်သည်။ ထို့ကြောင့် ကယ်တင် ခံရသူများသည် တခြားသူများကို တစ်နှစ်တာ အစေခံရမည်။ ဒါမှသာ တစ်စုံတစ်ခု ကူညီနိုင်စေလိုလျှင် လူအစည်းအဝေးကြီး တစ်ခု ဖြစ်လာမှာပဲ ဖြစ်သည်။
လီလင်ရှို့နှင့် မြောင်ယွဲ့တို့သည် ဒီနေရာတွင် သုံးလကျော် နေထိုင်ခဲ့ကြပြီး သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှု အားလုံးနီးပါးလည်း ဆုံးရှုံးသွားခဲ့ပြီ။ သူတို့တွေ့လိုက်ရသမျှမှာ လူသေများသာ ဖြစ်တာကြောင့် အမျိုးသမီးနှစ်ဦးမှာ ထွက်ခွာရန် ဆုံးဖြတ် ခဲ့ကြသော်လည်း မမျှော်လင့်ဘဲ လုရွှမ်ကို တွေ့လိုက်ရသည်။
လုရွှမ် ထိုစကားကို ကြားလိုက် ရသောအခါ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။ ကမ္ဘာကြီးသည် အလွန်ကျယ်ဝန်းပြီး အံ့သြစရာ ကောင်းလောက်တဲ့ အလုပ်တစ်ခုကိုလည်း လုပ်နေသေးသည်။
"သခင်လေး... ရှင် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ယောက်နဲ့ သိလား? မဟာသူတော်စင် ဖြစ်ဖြစ်ပေါ့"
မြောင်ယွဲ့ရဲ့ အားကိုးရာမဲ့ အမူအရာကို ကြည့်ရင်း လုရွှမ် သူမအား လိမ်ညာရန် ရည်ရွယ်ချက်မရှိသဖြင့် ခေါင်းခါရုံသာ တတ်နိုင်ခဲ့သည်။
“မသိပါဘူး.... ဒါပေမဲ့ ငါ ကူညီနိုင်မယ်ထင်တယ်”
"ရှင်?"
မြောင်ယွဲ့ရဲ့ မျက်နှာမှာ မယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့ ပြည့်နှက်သွားတော့သည်။
လုရွှမ်ရဲ့ ကျင့်ကြံမှု သူတော်စင်အဆင့် ဘယ်လောက် သို့မဟုတ် သူတော်စင် ပြီးပြည့်စုံသောကာလ အဆင့်သို့ ရောက်ထားလျှင် ကောင်းပေလိမ့်မည်။ သို့သော် သူတော်စင် ပထမအဆင့်က သူတို့အတွက် အကျိုးမရှိပေ။
ဒီကလေးမလေးက သူ့ကို မယုံမှန်း သိတာကြောင့် လုရွှမ်လည်း ဆက်မပြောတော့ပါ။ ဘာပဲဖြစ်ဖြစ် သူအရင်ဆုံး ခွန်အားကို ပြန်ရအောင်ပဲ လုပ်ရဦးမယ်လေ။
အခန်းထဲ ပြန်ရောက်တော့ ကလေးမလေး မြောင်ယွဲ့က လှည့်ကွက်တွေ မကစားဘဲ ပြန်လည်ကုစားခြင်း ဆေးလုံးများကို အများကြီး ပို့ပေးလာပါသေးသည်။ သူ့စကားအရ သခင်မလေးဟာ သူတောင်းသမျှကို ပေးမှာ ဖြစ်ပြီး လူတစ်ယောက်ကို ကယ်တင်ပြီးကတည်းက အဆုံးထိ ကယ်သင့်သည်ဟု ဆိုလေ၏။
ဒါက လုရွှမ်အား လီလင်ရှို့အပေါ် အလွန်နှစ်သက်လာစေသည်။
ကျောက်စိမ်းပြားကိုက ဆက်သွယ်လို့ မရသေးပေ။ သိုလှောင်အိတ်ကလည်း အစောကတည်းက ပျက်စီးသွားပြီ။ သိုလှောင်လက်စွပ်မှာ ကျောက်စိမ်းပြားထဲတွင် ရှိနေသောကြောင့် ယခုအချိန်တွင် သူ့မှာ ဘာမှမရှိတော့ပေ။