မဟာသူတော်စင်ကို နှိုးဆော်ခြင်း
Vol. 57 Ch. 4.369
ဆေးလုံးများသည် အမှန်တကယ်ကို အရည်အသွေးမြင့် အဂ္ဂိရတ်ဆေးများ ဖြစ်သည်။ လုရွှမ် ဆေးလုံးတချို့ကို ကြားပင် မကြားဖူးသော်လည်း သူ့ဒဏ်ရာအပေါ် ပြင်းထန်စွာ ပြန်လည် ကုစားပေးကြောင်း သူ့ခံယူချက်မှ သိနေလေသည်။
ဒီနေရာမှာ ကျင့်ကြံသူများသည် ဒဏ်ရာရသူ၏ လိုအပ်ချက်ကို သိထားတာကြောင့် ကြိုတင်ပြင်ဆင်ထားတာဟု ယူဆနိုင်သည်။
တစ်လခွဲလောက် ကြာပြီးနောက် လုရွှမ် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့သည်။ ကံမကောင်းစွာပဲ ကျောက်စိမ်းပြားနဲ့ အဆက်အသွယ် မရရှိသေးသောကြောင့် လုရွှမ် တိတ်တဆိတ် စိုးရိမ်လာခဲ့သည်။
လုရွှမ်သည် ယခုအကြိမ် အာကာသလေပြင်း ကပ်ဆိုး လှုပ်ခတ်မှုသည် ပြင်းထန်လွန်းတာကို မသိသေးချေ။ သူ့မှာ လှုပ်ရှားမှု တိုကင်တွေ မရှိတော့ဘဲ သူ့မှာ အချိန်အတော်ကြာ ထိန်းသိမ်းထားတဲ့ နယ်ပယ်နှစ်ခု တံဆိပ်ပြားပဲ ရှိတော့သည်။
ဒီနေရာမှာ ဘာစွမ်းအင် တံဆိပ်ပြားမှ လေပြင်းကပ်ဆိုးရဲ့ သက်ရောက်မှုကို ခံနိုင်ရည်မရှိပေ။ သက်ရောက်မှု စွမ်းအား အားလုံးကို အပြည့်အဝ ခံနိုင်ရည်တာက ကျောက်စိမ်းပြားသာ ဖြစ်သည်။ တခြားနေရာတွေမှာ ဆိုရင် ကောင်းကင်ဘုံသခင် ဖြစ်နေရင်တောင် ကပ်ဆိုး တိုက်ခိုက်မှုမှာ သေဆုံးသွားနိုင်သည်။
ကျောက်စိမ်းပြားမှာ စွမ်းအား ကြီးမားသော်လည်း လုရွှမ်နှင့် ရွှေကျီးကန်းတို့ဟာ လက်ရှိတွင် အားနည်းနေပြီး ကျောက်စိမ်းပြားရဲ့ စွမ်းအင်ကို လုံးဝ မထုတ်နိုင်သေးပေ။
"သခင်လေး... ရှင့်ရဲ့ဒဏ်ရာတွေ ပြန်ကောင်းသွားပြီ ကျွန်မတို့လည်း ဒီကနေ ထွက်သွားရတော့မယ်"
မြောင်ယွဲ့က နေ့တိုင်း လာကြည့်ကာ အဂ္ဂိရတ်ဆေး အချို့ကို ဖြည့်စွက်ပေးသည်။
"ဟုတ်လား? နောက်ဆုံးတော့ ဒီကနေ ထွက်သွားရတော့မယ်ပေါ့"
အခန်းထဲမှာ ပုန်းနေတဲ့ လုရွှမ်လည်း အန္တရာယ်ကို ခံစားမိသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း လှေငယ်သည် အရှိန်အဟုန်ဖြင့် အဆက်မပြတ် ပြောင်းလဲနေပြီး တိုက်ပွဲများပင် ဖြစ်လာခဲ့သည်။ မြောင်ယွဲ့ရဲ့ အဆိုအရ သူသည် ကံကောင်းသော လူတစ်ဦးဖြစ်ကာ အနည်းဆုံး ယခုတစ်ကြိမ်တွင် အန္တရာယ်က ကပ်သီကလေး လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
လုရွှမ် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး တစ်လခွဲအတွင်း သူတို့သည် အနည်းဆုံး အန္တရာယ်ငါးခုကို ကြုံတွေ့ခဲ့ရသော်လည်း ထိုပမာဏမှာ အနည်းငယ်မျှသာ ရှိသေးသည်။ ဒီတော့ သူမတို့ ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်တွေ ဘယ်လောက်တောင် ရှိလိုက်မလဲ။
သူတကယ် ကံကောင်းသွားတာပါပဲ။ မိန်းကလေး နှစ်ယောက်က စိတ်ရှည်ရှည်နဲ့ မကယ်တင်ခဲ့ဘူးဆိုရင် တခြားဘယ်သူမှ မရောက်သေးခင် သူဒီမှာ သေသွားနိုင်တယ်။
"သခင်လေး.... ကျွန်မတို့ ဒီကနေ ထွက်သွားရမယ် ရှင်လည်း အပြင်ထွက်ပြီး စစ်ဆေးဖို့ လိုတယ်"
လီလင်ရှို့ နောက်ဆုံးတော့ ထွက်လာခဲ့သည်။ သူမရဲ့မျက်နှာကို ကြည့်လိုက်တာနဲ့ ကျန်းမာရေးက ပိုဆိုးလာတာ သိသာလေသည်။ ဒီခရီးစဉ်က မအောင်မြင်ခဲ့ပါဘူး။ ပြန်သွားပြီးတဲ့ နောက်မှာတော့ သူမအဖေကို ဘယ်လို ကယ်တင်ရမလဲ ဆိုတာ မသိသေးတဲ့အတွက် စိတ်ပူနေမိလေသည်။
လှေအပြင်ဘက်က အခင်းအကျင်း ကန့်သတ်ချက်များကို ဖယ်ရှားခဲ့သည်။ လုရွှမ် ရှေ့ကို လှမ်းမျှော်ကြည့်ရင်း သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရတော့ အံ့သြ တုန်လှုပ်သွားခဲ့သည်။
အံ့မခန်း ခန့်ညားသော တောင်တန်းကြီးပင်။
အမြင့် မီတာ ထောင်ပေါင်းများစွာ မြင့်သော တောင်ကြီးသည် ကောင်းကင်သို့ ပျံတက်သွားသည်။ လှံတစ်စင်း ကဲ့သို့ ဖြောင့်တန်းစွာ ထိုးတက်သွားကာ တုန်လှုပ်ချောက်ချားဖွယ် မကောင်းသော စွမ်းအင်များ ပြည့်နှက်နေသော်လည်း ထိုနေရာက ကျင့်ကြံသူတို့၏ အခင်းအကျင်းကြောင့် အထဲကိုတော့ ဖောက်မဝင်နိုင်ပေ။
ထိုအရာသည် နတ်ဆိုးများ၏ လှုံ့ဆော်မှု ဖြစ်နိုင်သည်။ အခင်းအကျင်းကြောင်း အတွင်းပိုင်း၌ လေပြင်းကပ်ဆိုးကို ခံနိုင်ရည် ရှိနေခဲ့သည်။ သို့မဟုတ်ပါက ရှေးဟောင်းလကမ္ဘာကြီးသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ပြိုကျသွားနိုင်သည်။
လှေငယ်များက တစ်စင်းပြီး တစ်စင်း တန်းစီနေကြသည်။ ဒါဇင်နှင့်ချီသော စစ်ဆေးရေးဂိတ်များရှေ့တွင် စစ်ဆေးခံရန် တန်းစီနေကြသော်လည်း အလွန်စည်ကားနေပုံရသည်။
အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် လှေငယ်များ တစ်ထောင်ထက်မနည်း ရှိကာ လှေများရှေ့တွင် ရပ်နေသူများမှာ တစ်ယောက်ပြီးတစ်ယောက် ကယ်တင်ခံခဲ့ရသူများ ဖြစ်နိုင်သည်။ နောက်ထပ် တချို့လှေတွေပေါ်မှာ ဘယ်သူမှ မရှိပေ။ ဒါကြောင့် လုရွှမ်လည်း သူတို့ကို ရိုးရိုးရှင်းရှင်း အကဲခတ် ကြည့်လိုက်သည်။
အဲဒီလှေငယ်လေးတွေရဲ့ ဆယ်ပုံတစ်ပုံအောက်သာ လူပါနိုင်တာမို့ အဲဒါတွေကိုပါ စစ်ဆေးနေမယ် ဆိုရင် အချိန်ကုန်လုနီးပါး ဖြစ်နေပါပြီ။
လှေငယ်တစ်စင်းမှာ ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ လှေကို ကိုင်ဆောင်ထားသည့် လူနှစ်ဦးမှာ မျက်နှာက ညိုမဲနေပြီး အင်မတန် ရုပ်ဆိုးလွန်းလှသည်။
"ညီမလင်ရှို့... နင်တကယ် အသက်ရှင်နေသေးတယ်နော်... တကယ်ကို ကောင်းချီးတစ်ခုပါပဲလား... အိုး... သူကနင် ဒီတစ်ခေါက် ကယ်တင်လာခဲ့တဲ့သူလား? သူတောင်စင် အဆင့်၁... အင်း သူက တော်တော်ချောသားပဲ"
လုရွှမ် ခေါင်းကို လှည့်၍ လှေ၏ ပဲ့ပြင်ဘက်သို့ လှမ်းကြည့်သော်အခါ လှေ၏ အရှေ့တွင် ဂုဏ်ယူစွာ ရပ်နေသော အမျိုးသမီး နှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့နံဘေးတွင် သူတော်စင် အဆင့်ရှိသော ကျင့်ကြံသူ တစ်ဦးသည် အမျိုးသမီး နှစ်ယောက်ကို ဘယ်ညာ ပွေ့ဖက်လျက် မာနကြီးတဲ့ မျက်နှာကို ဆင်မြန်းထား၏။
လုရွှမ်နဲ့ မြောင်ယွဲ့ဟာ ဒီနေရာက စည်းမျဥ်းစည်းကမ်းများ အကြောင်း ဆွေးနွေးခဲ့ကြသည်။ လှေငယ်များဖြင့် ဖြတ်သန်းသွားလာ သူများသည် ယေဘုယျအားဖြင့် ကျွမ်းကျင်သူများ ဖြစ်ပြီး သူတို့ရဲ့ အဆင့်အတန်းကို လေးစားရန် လိုအပ်သည်။
အဲဒါကြောင့် ကယ်ဆယ်ခံထားရတဲ့ သူတွေကို အနောက်မှာ မတ်တပ်ရပ် ခွင့်ပေးထားပြီး ကယ်ဆယ်ထားတဲ့ သူတွေကို လေးလေးစားစားပြဖို့ ပဲ့ပိုင်းကို မတ်တပ်ရပ်ခွင့်ပေးထား၏။
သို့သော် ယခုမှာမူ ကယ်တင်ခံရသူရဲ့ ရင်ခွင်ထဲ ဝင်နေတဲ့ ထိုအမျိုးသမီးနှစ်ယောက်ရဲ့ ပုံစံက အနည်းငယ် ရှက်စရာ ကောင်းနေသည်။ သို့သော် ကယ်တင်သူ မိန်းကလေး နှစ်ဦးရဲ့ မျက်နှာပေါ်က ရွှင်မြူးသော အမူအရာများကို ကြည့်ပြီး သူတို့ဆန္ဒရှိပုံ ရတာကြောင့် တခြားသူများက ဘာမှပြန်မပြောနိုင်ပေ။
ဤအခိုက်အတန့်တွင် ထိုသူ၏ မျက်လုံးများသည် လီလင်ရှို့ကို စိုက်ကြည့်ကာ သူ့မျက်လုံးများက တောက်ပနေပြီး မကောင်းသော အတွေးများ ရှိနေတာ ထင်ရှားပေသည်။
"ဒီကမိန်းကလေးကို ဘယ်လိုခေါ်ရမလဲ? သဘာဝအတိုင်းကို လှနေတာပဲ.... ဒါပေမဲ့ နေမကောင်း ဖြစ်နေတာက သနားစရာ ကောင်းလိုက်တာ.... မဟုတ်ရင် သူက ငါ့ရဲချောမောတဲ့ မိန်းမ ဖြစ်သွားလောက်ပြီ"
လီလင်ရှို့က မျက်မှောင်ကြုတ်ပြီး ဘေးသို့ အမြန် လျှောက်သွားလိုက်သည်။ လုရွှမ်ဆီက ဟမ့်ဆိုသော အသံ ထွက်လာပြီး ထိုလူက စကားပြောတော့မယ့် အချိန်မှာပဲ လုရွှမ်အသံ ထွက်လာခဲ့သည်။
"မိန်းကလေးလီ... မြောင်ယွဲ့ ကျေးဇူးပြုပြီး အရှေ့မှာ ရပ်လိုက်ပါ"
တစ်ဖက်ကလူဟာ သူမတို့နှစ်ယောက်ကို ကျော်ဖြတ်ပြီး လုရွှမ်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူ လှောင်ပြောင်စကားများ ဆိုလာ၏။
"ဒါက မင်းကယ်တင်ခဲ့တဲ့ သူတော်စင်ပေါ့... သူတော်စင်နယ်ပယ် ပထမအဆင့်ပါလား? ဟားဟား ဟားဟား တကယ် ရယ်စရာ ကောင်းတယ်ဟေ့.... ကောင်လေး မင်းဘာလို့ အာကာသထဲမှာ မသေခဲ့တာလဲ?"
လှေပေါ်က အခြေအနေကို လူတော်တော်များများ မြင်ဖူးကြပြီးသား ဖြစ်သည်။
အာကာသ လေပြင်းကပ်ဆိုး ဘယ်လောက်တောင် အန္တရာယ်ကြီးလိုက်လဲ။ ကယ်တင်နိုင်ရင်တောင် အနည်းဆုံးတော့ အဲဒီ လူအားလုံးဟာ သူတော်စင် အဆင့်ထက် သာလွန်နေရမယ်။ သူတော်စင် အဆင့်က သူတော်စင် ဖြစ်နေသေးပေမယ့် အဆင့်၁ ဆိုတာက ဟာသတစ်ခုလို ဖြစ်နေပါပြီ။
အဆင့်မြင့် ကျင့်ကြံသူများမှာ အထင်သေးသော မျက်လုံးများဖြင့် လုရွှမ်ကို ကြည့်ရင်း လူသတ်ချင်စိတ်များဖြင့် ရယ်မောလိုက်ကြသည်။
လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားများ မြင့်တက်လာချိန် ထိုမဟာသူတော်စင်များ အားလုံး၏ သတ်ပစ်ချင်နေသည့် ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း သိနိုင်လေသည်။
သူ့ရဲ့ ခွန်အားက နည်းတယ်လို့ ခံစားမိပေမယ့် ကပ်ဆိုး တိုက်ခတ်မှုကနေ လွတ်မြောက်လာတဲ့ သူတော်စင်တစ်ယောက် ရှိတယ် ဆိုတဲ့ စကားလုံးက ဒီမှာရှိတဲ့ လူတိုင်းရဲ့ ဂုဏ်သိက္ခာကို ရှုံ့ချနေတဲ့ အတိုင်းပဲ။
လုရွှမ် ရယ်မောကာ ခေါင်းယမ်းသည်။ လူများရှိရာ၌ မြစ်ချောင်းအင်းအိုင်များ ရှိသလို မြစ်ချောင်းအင်းအိုင်များ ရှိသည့် နေရာများတွင် အငြင်းပွားမှုများလည်း ရှိနေလိမ့်မည်။
လီလင်ရှို့ နှင့် မြောင်ယွဲ့တို့သည် လုရွှမ်ကို အံ့သြတကြီး ကြည့်နေကြသည်။ လှေပေါ်တက်သောအခါ ကျေးဇူးတင် စကားများစွာ ပြောခဲ့ကြသော်လည်း သူ့ကို အားကိုးနိုင်မည်ဟု မခံစားမိခဲ့ရပေ။
သို့သော် မမျှော်လင့်ဘဲ ဤအခိုက်အတန့်တွင် လုရွှမ်က သူတို့အတွက် အမှန်တကယ် မတ်တပ်ထရပ်လိုက်သည်။
ဒီအချိန်မှာ မတ်တပ်ထရပ်လိုက်တဲ့ အဓိပ္ပာယ်ကို သူတကယ်ပဲ နားမလည်ဘူးလား?
အဲဒါ တစ်ဖက်က မဟာသူတော်စင်ကို ရန်သူအဖြစ် သတ်မှတ်လိုက်တာပဲလေ!
"မင်းတို့ငါ့အသက်ကို ကယ်ခဲ့တယ်... ငါ့မှာလည်း မင်းတို့ရဲ့ အသက်ကြွေး ရှိတယ်.... အသေးအမွှား ကိစ္စလေး ဆိုရင်တောင်မှ ငါဂရုစိုက်ရမယ်.... အဲဒီလိုလူနဲ့ နီးနီးကပ်ကပ်မှာ ရပ်နေတာက မင်းတို့ရဲ့ အမှတ်သညာကို ညစ်နွမ်းစေလိမ့်မယ်"
လုရွှမ်က မိန်းကလေး နှစ်ယောက် အခက်တွေ့သွားမှာ ကြောက်လို့ အေးအေးဆေးဆေး ပြောပြီး သူ တိုက်ရိုက် လျှောက်သွားလိုက်သည်။
"သခင်လေးလုရွှမ်.. ကျွန်မ တကယ်ကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မရှင့်ကို လုပ်ခွင့် မပေးနိုင်ဘူး"
"ငါ့ကို လှုပ်ရှားခွင့်မပေးဘူးလား?"
လုရွှမ်က ပြုံးပြီး
"မင်းတို့ ငါ့အသက်ကို ကယ်လိုက်တယ်လေ... ငါ့မှာ မင်းတို့ကို ပြန်ပေးဆပ်ဖို့ လုံလောက်တဲ့ အရာ ဘာမှမလုပ်ပေးနိုင်ဘူး... ဟုတ်သားပဲ ဒီမှာ တိုက်ခိုက်လို့ရလား? သူက ငါ့ကို လာရိုက်မှာတော့ မဟုတ်ဘူးမလား?"
လီလင်ရှို့နဲ့ မြောင်ယွဲ့က ခေါင်းကို ထပ်ခါတလဲလဲ ခါလိုက်ပြီး
"ရှင် သဘောမတူရင် သူဘာမှလုပ်လို့မရဘူး"
မြောင်ယွဲ့က အလွန် လိမ္မာပါးနပ်သည်။ သူမက တစ်ခုခုကို တွေးလိုက်မိတာကြောင့် ချက်ချင်း ပြန်မေးလိုက်သည်။
"ရှင် သဘောတူလိုက်မှာတော့ မဟုတ်ဘူးမလား?"
"ဟုတ်တယ်"
သူသည် နောက်ကွယ်မှ မဟာသူတော်စင်အား စိုက်ကြည့်နေ၏။ မဟာသူတော်စင် တတိယအဆင့် ရှိသော ထိုလူသည် အသက် သိပ်မကြီးသေးဘဲ စွမ်းအင်ပြည့်ဝပြီး သန်မာသော ကိုယ်ခန္ဓာရှိတာကြောင့် အထင်ကြီးစရာတော့ ကောင်းလှသည်။