သဲဝါကမ္ဘာ
Vol. 57 Ch. 4.371
လှံစွမ်းအားလေးခု တစ်ပြိုင်နက် ထွက်လာပြီး လုရွှမ်ရဲ့ လှံရှည်ထဲသို့ ပေါင်းထည့်လိုက်ပြန်သည်။
လှံစွမ်းအားလေးခုကို ကြည့်ရုံဖြင့် ကျုံးယန်ထက် များစွာ အားကောင်းနေတာကို အတိုင်းသား တွေ့နိုင်သည်။ လှံစွမ်းအားသည် ဝိညာဉ်ရှိနေကဲ့သို့ သွက်လက်စွာ လှုပ်ရှားနေပြီး လှံလေးချောင်းဟာလည်း အရိပ်တွေလို ရောနှောကာ လေချွန်သံကြီးများ ထွက်လာသည်။
လှံရှည်သည် လေထဲသို့ ထိုးမဖောက်မီ မီးတောက်အိုင်ထဲသို့ ထိုးကျကာ မီးတောက်များ အဖြစ် တောက်လောင်စေပြန်သည်။ လှံက နဂါးတစ်ကောင်လို အင်အားအပြည့်ဖြင့် လေထဲသို့ ဝင်ရောက်သွားကာ ကျုံးယန်ရဲ့ လှံစွမ်းအားကို ချိုးဖျက်ပစ်သည်။ တစ်ဆက်တည်း ကျုံးယန်အား ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပစ်ခတ်လာခဲ့သည်။
ကျုံးယန် တိတ်တဆိတ် ကျိန်ဆဲပြီး လှည့်ထွက်ပြေးသွား၏။ ဒီလောက် ပြင်းထန်နေတဲ့ လှံစွမ်းအားကို ခုခံရန် မဝံ့ရဲပေ။ လုရွှမ် လှုပ်ရှားလိုက်သည့် အခိုက်တွင် သူ့ခမျာ သေခြင်းတရား၏ အငွေ့အသက်ကိုတောင် ခံစားလိုက်ရသလိုပင်။
အောက်မှာ ကြည့်နေတဲ့ လူတွေကလည်း ဒီမြင်ကွင်းကို အရင်ကတည်းက အကြိမ်ပေါင်းများစွာ မြင်ဖူးနေကြသည့် အတိုင်းကို ရယ်မောနေကြသည်။
လူတွေက သူတို့နှစ်ယောက်ကြားက တိုက်ပွဲအသံကို ရင်းနှီးပြီးသားပါ။ မဟာသူတော်စင် နယ်ပယ်တွင် ရှိသော ကျုံးယန်သည် သူတော်စင်နယ်ပယ်သို့ ဝင်ရောက်ခါစ လုရွှမ်ဆီကနေ အကြိမ်ကြိမ် ရိုက်နှက်ခြင်း ခံနေရပေသည်။
ပွဲစကတည်းက နောက်ပြန်ဆုတ်နေခဲ့တာ ယခုထွက်ပြေး နေရတဲ့အထိ ကျုံးယန်တစ်ယောက်တော့ အမှားများစွာကို ပြုလုပ်လာခဲ့ပြီး လုရွှမ်ရဲ့ အမည်ကတော့ အနီးနားက လူတွေကြားထဲတွင့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
သူတော်စင်အဆင့်၁ အစောပိုင်းကာလက မဟာသူတော်စင်ကို လွှမ်းမိုးနိုင်တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သို့သော် စင်မြင့်ပတ်လည်တွင် ပိုင်းခြားသိမြင်သူ များစွာရှိရာ သူတို့သည် လုရွှမ်ရဲ့ အထောက်အထားနဲ့ နောက်ခံကို ခန့်မှန်းထားပြီးပြီ ဖြစ်သည်။
လုရွှမ်ဟာ အင်အား ကြီးမားသော ပညာရှင်ကြီးတစ်ဦး၏ ထက်မြက်သော တပည့်သာ ဖြစ်ရပေမည်။
လုရွှမ် ခြေဖဝါးအောက်မှ လေထုတ်သည် စွမ်းအင်လိုင်းများဖြင့် တဖျပ်ဖျပ် ခတ်သွားပြီး သူ့ပုံသဏ္ဌာန်က လျှပ်စီးလက်သွားသလို ပျောက်သွား၏။ လေထုထဲတွင် အနည်းငယ် အတက်အဆင်း လုပ်ပြီးနောက် ကျုံးယန် နောက်သို့ လိုက်သွားခဲ့သည်။
ကျုံးယန်ရဲ့ မျက်လုံးများ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြူးကျယ်သွားသည်။ ဤအခိုက်အတန့်တွင် သူဟာ မစော်ကားသင့်တဲ့ လူတစ်ယောက်ကို စော်ကားမိကြောင်း သိလိုက်သောကြောင့် သက်ညှာပေးဖို့ အလျင်အမြန် တောင်းဆိုဖို့ ပြင်လိုက်သည်။
လုရွှမ်ရှေ့မှ လှံစွမ်းအင် လေးခုသည် ရုတ်တရက် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ကျုံးယန် ပါးစပ်ထဲသို့ တိုးဝင်သွားကာ သူ့စကားများကို လုံးဝ မျိုသိပ်ထားလိုက်ရသည်။
ကျုံးယန် မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ အန္တရာယ်များလွန်းတဲ့ လေပြင်းကပ်ဆိုး တိုက်ခတ်မှုရဲ့ နောက်ဆက်တွဲတွေကို ရှောင်ရှားနိုင်ခဲ့တာတောင် ဒီနေရာမှာ သေသွားရတော့မှာလား။
လုရွှမ်ရဲ့ လက်ဖဝါးများ တုန်ခါသွားပြီး ကျုံးယန်ရဲ့ ခန္ဓာကိုယ်ကိုပင် မကြည့်ဘဲ ဝိညာဉ်စွမ်းအင်များ လျော့ပါးသွားတဲ့အထိ ရိုက်ချပစ်လိုက်သည်။
စင်မြင့်က ကွဲအက်သွားကာ လုရွှမ် ခြေရင်းအောက်တွင် ပြေးလွှားနေသော နိယာမစွမ်းအင် လိုင်းများ တောက်ပလာပြီး သူသည် လှေကားထစ်များပေါ် လမ်းလျှောက်နေသလို လေထဲမှ ဆင်းသက်လာခဲ့သည်။ ကျုံးယန်ရဲ့ ခန္ဓာကိုယ်ဟာ ရေထဲသို့ ထိုးကျသွားပြီး အာဟာရ အရင်းအမြစ်အဖြစ် ပြောင်းလဲသွားလေသည်။
လုရွှမ် လူတိုင်းဘက်ကို နောက်တစ်ကြိမ် ကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ မျက်လုံးတွေဟာ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေပြီး ကဲ့ရဲ့လှောင်ပြောင်မှု သဲလွန်စတွေ မရှိတော့ပေ။ ယခင်က လှောင်ပြောင်ခဲ့သူများမှာ ယခုအခါတွင် လူအုပ်ကြားထဲ လျင်မြန်စွာ ပုန်းအောင်းနေကြပြီ။
လီလင်ရှို့ နှင့် မြောင်ယွဲ့တို့ အရှေ့မှာ ဂုဏ်ယူစွာ ရပ်လိုက်တော့ ကောင်မလေး နှစ်ယောက်၏ မျက်လုံးများက အံ့သြစွာဖြင့် ပြူးကျယ်နေတာကို တွေ့လိုက်ရသည်။ သူမတို့က ကရုဏာသက်ပြီး လမ်းမှာ လူတစ်ယောက်ကို ကယ်တင်ခဲ့ရုံပဲ ဆိုပေမယ့် တကယ်ကို မမျှော်လင့်ထားတာက သူမတို့ ကယ်ခဲ့တဲ့လူက ပညာရှင်တစ်ယောက် ဖြစ်နေလေသည်။
ကလေးမလေး မြောင်ယွဲ့မှာ အလွန်အမင်း ထိတ်လန့်နေပြီ။ လမ်းတစ်လျှောက်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို တွေးရင်း မြောင်ယွဲ့မှာ လီလင်ရှို့နောက်တွင် ပုန်းရင်း ရွဲ့စောင်း လှောင်ပြောင်တဲ့ စကားတစ်ခွန်းမျှ မပြောဝံ့တော့ပေ။
လီလင်ရှို့ရဲ့ မျက်လုံးများက စိတ်လှုပ်ရှားစွာ တောက်ပနေသည်။ သူမက ရုတ်တရက် ဒူးထောက် ထိုင်ချလိုက်ချင်သော်လည်း သူမ ခြေထောက်အောက်ရှိ ခွန်အားများက သူမအား ဒူးထောက်ရန် လုံးဝ ခွင့်မပြုတာကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။
"ထုံးစံအတိုင်း မိန်းကလေးလီ ... မင်း ငါ့ရဲ့အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ တစ်ခုခု လုပ်ပေးသင့်တာပါ... ဒါကြောင့် မင်း ဒူးထောက်စရာ မလိုပါဘူး.... မင်း ငါ့ရဲ့အသက်ကယ်ခဲ့တဲ့ ကျေးဇူးကို ငါအခုထိ ကျေးဇူးတင်နေတုန်းပဲ"
လီလင်ရှို့မှာ အလွန် စိတ်လှုပ်ရှားနေသောကြောင့် သူ့အား ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုနေတော့သည်။ မြောင်ယွဲ့လည်း ထွက်လာ၍ လုရွှမ်အား စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်သည်။
လူတိုင်းရဲ့ အံ့အားသင့်မှုအောက်တွင် လူသုံးဦးသည် ဤကျော်ကြားသော ကယ်တင်ရေး မြေနေရာကို လှေငယ်တစ်စင်းဖြင့် ထွက်ခွာသွားကြသည်။ ရှေးဟောင်းလကမ္ဘာရဲ့ အာကာသ ဥမင်လိုဏ်ခေါင်းသို့ ရောက်ပြီးနောက် သန့်ရှင်းသော ဝိညာဉ်စွမ်းအင် အရည်ကြည်ကို ပေးဆောင်ကြပြီး သူတို့သုံးဦးသည် ရှေးဟောင်းလကမ္ဘာမှ ထွက်ခွာသွားကြသည်။
"သခင်လေးလု... သဲဝါကမ္ဘာက ကြိုဆိုပါတယ်"
ဤကမ္ဘာသည် လိမ္မော်ရောင် ကောင်းကင်တစ်ခု ရှိသည်။ လေထုက အလွန်ခြောက်သွေ့ပြီး အသက်ရှုသံထဲ၌ပင် နွေးထွေးသော လေထုကို ခံစားရနိုင်သည်။ ဝိညာဥ်စွမ်းအင်က အလွန် လန်းဆန်းစေတာမျိုး မဟုတ်ဘဲ တိမ်ပင်လယ် နယ်မြေကြီးနှင့် ဆင်တူသလိုပင်။ ပတ်ဝန်းကျင်အရဆိုလျှင် တိမ်ပင်လယ် နယ်မြေလိုတော့ မကောင်းလှပေ။
လမ်းမှာ လီလင်ရှို့က လုရွှမ်အား သဲဝါကမ္ဘာအကြောင်း အကုန် ပြောပြလာသည်။
ဤနေရာသည် သာမန် ဝိညာဥ်စွမ်းအင်နှင့် ရှားပါးသော အရင်းအမြစ်များဖြင့် ဝေးလံသော အရပ်တွင် တည်ရှိလေသည်။ ဤကမ္ဘာတစ်ခုလုံးမှာ ကျယ်ပြန့်ဆုံက သဲကန္တာရများပဲ ဖြစ်သည်။ အကယ်၍ ၎င်းသဲကန္တာရများက မြေဆီလွှာ သလင်းကျောက်များကို ထုတ်လုပ်ပေးလို့သာ မဟုတ်ပါက သဲဝါကမ္ဘာမှာ အစောကတည်းက စွန့်ပစ်ခံရပေလိမ့်မည်။
လီမိသားစုသည် သဲဝါကမ္ဘာတွင် နေထိုင်သော မျိုးနွယ်စုများထဲက မိသားစုတစ်ခု ဖြစ်သည်။ ခွန်အားက သာမန်သာဖြစ်ပြီး မိသားစုတွင် သြဇာအရှိဆုံး ပုဂ္ဂိုလ်မှာ သူမဖခင် ဖြစ်သည်။ သူတော်စင် အဆင့်၇ ဖြစ်ကာ အဂ္ဂိရတ်ပညာကိုလည်း တတ်မြောက်ထားသည်။ သူတော်စင်ကို သားရဲများ မွေးမြူခြင်းနှင့် ၎င်းတို့၏ ဒဏ်ရာများကို ကုသပေးသည့် အဂ္ဂိတ်ရတ်ဆေးများကို သန့်စင်လေသည်။
သဲကန္တာရသည် ဒြပ်စင်ငါးပါးထဲက မြေဒြပ်စင်အခြေခံ သလင်းကျောက်များကို ထုတ်လုပ်ပေးသောကြောင့် ကျင့်ကြံသူများစွာကို သဘာဝအတိုင်း ဆွဲဆောင်နိုင်လေသည်။ သို့သော်လည်း သဲကန္တာရက အန္တရာယ်များပြီး အားကောင်းမောင်းသန် သဲသားရဲများ ရှိပေ၏။
သဲကန္တာရထဲတွင် ကြီးမားသော သဘာဝ အခင်းအကျင်း ဖွဲ့စည်းပုံများပါ ရှိနေသဖြင့် လူတို့ကို လမ်းပျောက်စေကာ သဲကန္တာရကို အန္တရာယ်များနှင့် ပြည့်နှက်နေစေသည်။
သဲကန္တာရထဲကို ဝင်ပြီး လမ်းကြောင်းမှန်ကို ဖော်ထုတ်ချင်တယ် ဆိုရင်တော့ မြည်းသားရဲ တစ်ကောင်တော့ လိုအပ်သည်။ သို့သော် မြည်းသားရဲက ရှာတွေ့ဖို့ ခဲယဉ်းတဲ့အပြင် သူ့ဒေါသကလည်း အတော်လေး ပြင်းထန်သည်။
လူတစ်ယောက်ကို သခင်အဖြစ် အသိအမှတ်ပြုမည့်အစား သတ်သေသွားတတ်လို့ လေ့ကျင့်ပေးသူကလည်း အထူးအရေးကြီးသည်။
သူတော်စင် သားရဲများရဲ့ ဒဏ်ရာကို ကုသပေးနိုင်ပြီး ကျင့်ကြံမှုကို တိုးတက်စေမယ့် ဆေးလုံးများကို သန့်စင်ပေးနိုင်သူ အဂ္ဂိရတ်ပညာရှင် တစ်ဦးရဲ့ အနေအထားက သဘာဝကျကျ မြင့်တက်လာမှာပဲ ဖြစ်သည်။
လီမိသားစုသည် ဤအဂ္ဂိရတ်ပညာကို အားကိုးကာ သဲဝါကမ္ဘာတွင် ခြေကုပ်ယူခဲ့သည်။ သို့သော် ခိုင်ခံ့သော အကာအကွယ် မပါဘဲ ရောက်လာသူများသည် မြေကြီးသလင်းကျောက်ကို ရှာရင်း စည်းကမ်းများကို လိုက်နာကြပြီး လီမိသားစုအား ကြင်နာမှု ပြခဲ့ကြသည်။
သို့သော် ယခုတစ်ကြိမ်တွင် ကြီးစိုးလွန်းသော အမျိုးသားတစ်ဦး ရောက်ရှိလာပြီး အခြားမျိုးနွယ် မိသားစုများနှင့် ပူးပေါင်းခဲ့သည်။ ဒါကြောင့် လီမိသားစုကို နှင်ထုတ်ဖို့ ဒီလိုအစီအစဥ်တွေ ချမှတ်ခဲ့တာပဲ ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ချမ်းသာမှုက ဆွဲဆောင်မှု တစ်ခုဖြစ်ကာ အကာအကွယ် အာဏာ မရှိတာက တခြားသူများဆီမှ ပစ်မှတ်ထားခံရနိုင်သည်။
လီလင်ရှို့ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်သဖြင့် လုရွှမ် နှောင့်နှေးခြင်း မရှိပေ။ နေရာပြောင်း ခင်းကျင်းမှုကို ထုတ်ယူပြီး သူမတို့ လီမိသားစု ဌာနချုပ်ဖြစ်သော သဲဝါမြို့သို့ အမြန်ပြန်လာခဲ့သည်။
အဝါရောင်သဲများရဲ့ စီးဆင်းမှု သဲဝါကမ္ဘာ တစ်ခုလုံးကို နှစ်တစ်ရာတိုင်း မြှုပ်နှံသွားမှာ ဖြစ်လေသည်။ သဲဝါကမ္ဘာတွင် အခင်းအကျင်းများကို တည်ဆောက် ထားသောကြောင့် ဤဘေးအန္တရာယ်ကို မြို့အနည်းငယ်ကသာ ရှောင်ရှားနိုင်ခဲ့သည်။ သဲဝါမြို့ဟာ ၎င်းတို့ထဲမှတစ်ခု ဖြစ်ပြီး သဲဝါကမ္ဘာထဲက အကြီးဆုံးမြို့လည်း ဖြစ်သည်။
မြို့တော်တံတိုင်းသည် အလွန်မြင့်မား၏။ တောင်တံတိုင်းကဲ့သို့ မြင့်မား မာကျောကာ ကြီးမားသော ထုထည်များဖြင့် ထူထပ်စွာ ဖုံးလွှမ်းထားသည်။ လုရွှမ် တံတိုင်းကို အချိန်အတော်ကြာ အာရုံစိုက်ခဲ့ပြီးနောက်မှ အလွန်လေးနက်လွန်းသည့် အခင်းအကျင်း ပုံစံများကို အနည်းငယ် မြင်တွေ့ခဲ့ရသည်။
သူတို့ သုံးယောက်သည် မြို့တံခါးဆီသို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ မြို့တံခါးကို စောင့်ကြပ်နေသော ကျင့်ကြံသူ အများအပြား ရှိကာ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်မှာ သူတော်စင်အဆင့်ပဲ ဖြစ်ကာ အဆင့်မမြင့်ကြချေ။ လီလင်ရှို့ ပြောပြပုံအတိုင်းဆို ဒီကမ္ဘာက ကျင့်ကြံမှု အဆင့်တွေကလည်း သိပ်မမြင့်ပေ။
ဒီလိုအရေးကြီးတဲ့ မြို့လေးမှာ မဟာသူတော်စင် တစ်ယောက် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဝံ့တာ အံ့သြစရာတော့ မရှိတော့ပါ။
လီလင်ရှို့က လီမိသားစု တံဆိပ်ပြားကို ပြသလိုက်တဲ့အခါ စစ်ဆေးခြင်း မပြုဘဲ ဝင်ခွင့်ပေးလိုက်၏။ သို့သော် လုရွှမ်ကတော့ တစ်စုံတစ်ယောက်ဟာ လီလင်ရှို့ကို ဂရုတစိုက် စိုက်ကြည့်ပြီးနောက် သတင်းပို့ရန် တိတ်တဆိတ် ထွက်ခွာသွားတာကို သတိထားမိလိုက်သည်။
သေခြင်းတရားမှ ကျဉ်းမြောင်းစွာ လွတ်မြောက်ပြီးနောက် နောက်ဆုံးတွင် သူမသည် သဲဝါမြို့သို့ ပြန်လာခဲ့သည်။ လီလင်ရှို့သည် မြောင်ယွဲ့ကို စက္ကန့်အနည်းငယ်ကြာ ပွေ့ဖက်ကာ နှစ်ယောက်သား အတူတူ အော်ဟစ် ငိုယိုခဲ့ကြသည်။
"ကျွန်မ သခင်လေးလုရွှမ်ကို ရယ်အောင် လုပ်ခဲ့မိပြီ ထင်ပါတယ်... ကျွန်မအဖေက ဒုက္ခပင်လယ်ထဲက လွတ်မြောက်နိုင်မယ် ဆိုတာကို ကျွန်မအခုထိ မတွေးနိုင်သေးဘူး"
ဒါက လူ့သဘာဝပါပဲ။ လုရွှမ်လည်း အလေးအနက် မထားဘဲ သဘာဝအတိုင်း ပြုံးပြီး
"ငိုဖို့ မလောပါနဲ့ .... မင်းအဖေကို ငါကယ်တင်ပြီးရင် မင်းတို့သားအဖ ဝမ်းသာအားရ ငိုကြတာက ပိုကောင်းတာပေါ့... အခုတော့ ဒီစိတ်အနှောင့်အယှက် ဖြစ်စရာတွေကို အရင် ဖယ်ရှားလိုက်ရအောင်"