← Chapters

သားကောင်

Vol. 57 Ch. 4.373

သားကောင်

Vol. 57 Ch. 4.373

ဆေးဆရာလီသည် အလွန် ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရတာ သိသာသည်။ သူ့ခမျာ လူမဆန်လောက်အောင် ရိုက်နှက်ခံထားရသော်လည်း သတိရှိနေဆဲ ဖြစ်သည်။ လီလင်ရှို့ ရောက်ရှိလာတာကို မြင်တော့ ရုတ်တရက် စွမ်းအားတွေက သူ့ ခန္ဓာကိုယ်ထဲကို စွမ်းအားတွေ ထိုးတက်လာပြီး

"လင်ရှို့ မြန်မြန် ထွက်သွားတော့.. အဖေ့ကို ဂရုမစိုက်နဲ့!"

​ဖြောင်း!

လက်ဝါးတစ်ချက်က ဆေးဆရာလီရဲ့ မျက်နှာကို ထိမှန်ပြီး ကျန်စကားလုံးများကို ပြန်ခေါက်ချလိုက်သည်။

လီလင်ရှို့ မျက်ရည်တွေ စီးကျလာပြီး

"သခင်လေးလုရွှမ်...."

"စိတ်မပူပါနဲ့ မင်းအဖေကို ငါ ကယ်ပေးမယ်"

လုရွှမ်က ဆိုလိုက်သည်။ သူက လူလေးယောက်ကို မကြည့်ဘဲ သူတို့အနောက်ကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"မင်းဒီကို ရောက်လာ​ပြီ ဆိုကတည်းက ဘာလို့ ဖုံးကွယ်နေသေးလဲ?"

အတန်ကြာအောင် အသံမထွက်လာခဲ့ပေ။ လုရွှမ် လှောင်ပြောင်ပြီး ဓားစွမ်းအင်ကို ဆွဲဝေ့ယမ်းပစ်လိုက်သည်။

ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ အိမ်တစ်လုံး ပေါက်ကွဲသွားပြီး အရိပ်တစ်ခုက ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ထိုလူမှာ တစ်ခေါင်းလုံး ဆံပင်ဖြူနေကာ ပါးပြင်များလည်း ရှုံ့တွနေပြီး သိသိသာသာပင် အသက်ကြီးနေပြီ ဖြစ်သည်။

"ကောင်လေး.... မင်းနည်းနည်းလေး လေးစားရကောင်းမှန်း မသိဘူးလား? ငါဒီမှာရှိနေတာ မင်းသိနေတယ်ပေါ့"

လုရွှမ် နောက်ထပ် ဓားစွမ်းအင်ကို ထုတ်ပစ်လိုက်သည်။ အဘိုးအိုက သူ့လက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး သူ့ချိုင်းထောက်မှ အလင်းတန်းများ ထွက်လာရာ အားကြီးသော အင်အားစု နှစ်ခုသည် တပြိုင်နက်တည်း တိုက်မိပြီး လေထုတစ်ခုလုံး တုန်ခါသွားသည်။

"အဘိုးကြီး.... မင်းအသက် ကြီး​​​နေတာကိုပဲ အားမကိုးနဲ့.... မင်းကငါ့ရှေ့မှာ ဘာအရည်အချင်းမှ မရှိဘူး.... မင်း ဆေးဆရာလီကို အခွင့်ကောင်း ယူချင်နေတာပဲ မဟုတ်လား?"

အဘိုးအိုသည် လုရွှမ်ရဲ့ ခွန်အားကြောင့် တိတ်တဆိတ် ထိတ်လန့်သွားသည်။ အစောက မဟာသူတော်စင် နှစ်ယောက်နဲ့ မတူဘဲ သူ့အတွေးထဲတွင် ဤလူငယ်သည် မိသားစုကြီးတစ်ခုမှ ဂရုတစိုက် ပြုစုပျိုးထောင်ထားသော လူငယ်သခင်ဖြစ်ရမည် ဟု ချက်ချင်း ကောက်ချက်ချလိုက်သည်။

ဒီလိုလူကို စော်ကားဖို့ သူတကယ် မတတ်နိုင်ဘူး!

"လူငယ်လေး... မင်း ဒီအဘိုးကြီးကို ချီးမွမ်းလွန်းနေပါပြီ... မင်းကို ဘယ်လိုခေါ်ရမလဲ?"

"လုရွှမ်!"

လုရွှမ် အေးစက်စွာ ဆိုလိုက်သည်။ အဘိုးအိုက အသက်ကြီးပေမယ့် သူ့နယ်ပယ်က မဟာသူတော်စင် အဆင့်၇မှာ ရှိနေ၏။ လုရွှမ်ကတော့ သူ့နှလုံးသားထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင်ကို လုံးဝ မခံစားရပါဘူး။

တစ်ဖက်လူက မျက်မှောင် ကြုတ်လိုက်သည်။ လုမျိုးရိုးနဲ့ မိသားစုကြီးတွေကို ကမ္ဘာငယ်လေးထဲမှာ မကြားဖူးခဲ့သလိုပဲ။

"ကောင်လေး... ငါက အသက်ကြီးနေပါပြီ ငါမတိုက်ခိုက်ချင်ဘူး ဆေးဆရာလီကို မင်းတို့ဆီ ပြန်ပေးနိုင်တယ်.... ငါ သူ့အဂ္ဂိရတ်နည်းပညာပဲ လိုတာ ဒါပေမယ့် အဲဒီအဘိုးကြီးက အရမ်း ခေါင်းမာလွန်းတယ်လေ"

ဒီစကားတွေ ပြောပြီးတာနဲ့ ဝမ်ယန်တို့ ညီအကိုလေးယောက် အထိတ်တလန့် ဖြစ်သွားကြသည်။ အရင်တုန်းက သခင်ကြီးကွာရစ်ဟာ လုံးဝ လူလုံးထွက် မပြတဲ့အတွက် သန်မာကြောင်း ချီးကျူးခဲ့ကြပေမယ့် အခုချိန်မှာတော့ သူက တစ်ဖက်လူနဲ့ ဆွေးနွေးနေပြီ။

မဟာသူတော်စင်ကသာ မဟာသူတော်စင်တွေနဲ့ အပေးအယူ လုပ်ဆောင်နိုင်ကြတာ မဟုတ်ဘူးလား?

ဝမ်ယန်က ဆေးဆရာလီရဲ့ လည်ပင်းကို ရုတ်တရက် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး မဟာသူတော်စင်ကြီးကို အော်ပြောလိုက်သည်။

"အကြီးအကဲ.... အဲ့ဒီတုန်းက ခင်ဗျားပြောတာ ဒီလိုမဟုတ်ဘူးလေ... ကျုပ်တို့ကို ဆေးဆရာလီကို တိုက်ခိုက်ဖို့ တောင်းဆိုခဲ့တာ ခင်ဗျားပဲလေ မဟုတ်ရင် ဝမ်မိသားစုဖြစ်တဲ့ ကျုပ်တို့က ဘယ်လိုလုပ်ပြီး လုပ်ရဲမှာလဲ? ဒီလောက်ကောင်းတဲ့ လူကို ဖြိုခွဲသတ်ဖြတ်တာက ကျုပ်တို့အင်အားနဲ့ လုပ်ရဲတာ မဟုတ်ဘူး"

ဆရာကြီး ကွာရစ်ရဲ့ မျက်နှာက မည်းမှောင်လာပြီး သူတို့လေးယောက်ကို သတ်ပစ်ချင်နေမှန်း မသိစိတ်က သိလိုက်​ကြသည်။ နောက်ဆုံးတော့ ထိုကောက်ကျစ်တဲ့ အဘိုးအိုက သူ့ဒေါသကို မျိုသိပ်ရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။

"ဒီအဘိုးကြီး မင်းတို့ကို အရင် လှုပ်ရှားခိုင်းတာက ငါ့ကျင့်ကြံမှုအဆင့်နဲ့ သူတော်စင်လေးကို အနိုင်ကျင့်တယ်လို့ ပြောကြမှာမလို့လေ"

"မင်းတို့ လေးယောက်က အမြတ်ရဖို့ လောဘကြီးနေတာ ထင်ရှားပါတယ်... ကောင်လေး အရမ်းစိတ်ရှုပ်ခံမနေနဲ့.... ငါတကယ် စိတ်ဆိုးလာတော့မယ် ထင်တယ်!"

နောက်ဆုံး စာကြောင်းမှာ သိသိသာသာ ခြိမ်းခြောက်တဲ့ စကားဖြစ်ပြီး သူတို့လေးဦးစလုံးရဲ့ ခန္ဓာကိုယ်များ တုန်လှုပ်သွားကာ အလွန်ထိတ်လန့်သွားကြသည်။

လုရွှမ်ကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ ခွေးခွေးချင်း ကိုက်နေတာကို ရပ်ကြည့်နေ၏။ ယခုအချိန်တွင် သူသည် ဆေးဆရာကြီးလီကို ဦးစွာ ပြန်ပို့​စေလိုတာကြောင့် အကြံတစ်ခု ထုတ်လိုက်သည်။

"ကောင်းပါပြီ ဘာလို့ စိတ်ဆိုးနေ​​ကြတာလဲ? ငါ့အမြင်တော့ ဆေးဆရာကြီးလီလည်း အများကြီး မထိခိုက်သွား​ပါဘူး... ထားလိုက်ပါတော့ ဆေးဆရာလီကို လွှတ်လိုက်ပါ.... ငါလည်း မင်းတို့ ညီအကိုလေးယောက်ကို အခက်မ​တွေ့စေရဘူး"

လီလင်ရှို့မှာ ထိုလေးယောက်ကို မကျေမနပ် ဖြစ်နေပေမယ့် သည်းမခံနိုင်တော့တဲ့ သူမအဖေကို အရင်ကယ်ဖို့ အရေးကြီးနေသည်။

"မင်း မင်းစကားက သေချာလား?"

"ဒါပေါ့.... ဒီလောက် လူတွေအများကြီး ကြည့်နေတာ ငါ့စကားကို ပြန်​ပြင်ပြောနိုင်မယ်လို့ ထင်နေတာလား?"

နှစ်ခါတောင် မပြောရဘဲ ညီအစ်ကို လေးယောက်က ဆေးဆရာကြီးလီကို အမြန် တောင်းပန်ပြီး တလေးတစား ပြန်ပို့လိုက်ကြသည်။ လီလင်ရှို့က ဆေးဆရာလီအား တင်းတင်းကြပ်ကြပ် ဖက်တွယ်ကာ ဝမ်းသာအားရ ငိုချလိုက်​တော့သည်။

ဆရာကြီးကွာရစ်လည်း လုရွှမ်က ထိုညီအစ်ကို လေးယောက်ကို လွှတ်ပေးတဲ့အထိ စကားပြောရ အရမ်းလွယ်နေမယ်လို့ မမျှော်လင့်ထားပေ။ သူနဲ့ ဘာမှမဆိုင်ဘူးလို့ ခံစားရတာကြောင့် လုရွှမ်ကို ပြုံးပြပြီး လှည့်ထွက်ဖို့ ပြင်လိုက်သည်။

ဒီတစ်ခါတော့ တာဝန်က မပြီးမြောက် သွားသေးပေမယ့် အခုဒီလူကို​တော့ ချက်ချင်း လွှတ်လိုက်ပြီး တတ်နိုင်သမျှ ခပ်ခွာခွာ နေလိုက်တာ ပိုကောင်းပါသည်။

ဝှစ်!

ဓားစွမ်းအင် တစ်ချက်က ဆရာကြီးကွာရစ်ရဲ့ လမ်းကို တိုက်ရိုက် ပိတ်ဆို့ထားလိုက်သည်။

ဆရာကြီးကွာရစ်ရဲ့ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး လုရွှမ်ကို စိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် မေးလိုက်သည်။

"ကောင်လေး... မင်း ဘာလုပ်ချင်တာလဲ"

"ကျုပ်သူတို့ကို အခက်မတွေ့စေရဘူးလို့ ပြောခဲ့တယ်.... ဒါပေမဲ့ တခြားသူတွေက သူတို့ကို အရှက်မခွဲနိုင်ဘူးလို့ ပြောခဲ့လို့လား?"

ဆရာကြီး ကွာရစ့က သက်ပြင်းတစ်ချက် ချကာ ပြုံးလိုက်ပြီး

"ကောင်းပြီ ဒီကိစ္စအတွက် ငါ့မှာလည်း တာဝန်တစ်ခုရှိတယ်.... ဒါကြောင့် မင်းရှင်းချင်တာကို ငါကူညီပေးမယ်"

ညီအကိုလေးယောက်ရဲ့ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကာ ကျယ်လောင်စွာ အော်ငေါက်ကာ ကျိန်ဆဲလိုက်ကြပြီး အလျင်အမြန် ပြေးသွားကြသည်။ သို့သော် သူတို့သည် မဟာသူတော်စင်နဲ့ နှိုင်းယှဉ်လို့ မရပေ။ ခဏအတွင်းမှာ လူလေးယောက်က ၈ပိုင်း ပြတ်သွားတော့သည်။

"ကောင်းပြီ.... ငါနားလည်ပါတယ် ကောင်လေး ဒီအဘိုးကြီး သွားတော့မယ်"

ဆရာကြီးကွာရစ်က လုရွှမ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ လုရွှမ်ကတော့ လီလင်ရှို့အား ကြည့်လိုက်ရာ ဆရာကြီးကွာရစ်လည်း လီလင်ရှို့ထံ အကြည့်လွှဲလိုက်ရ၏။

"သခင်လေးလုရွှမ် ကျွန်မကို ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... ကျွန်မအဖေကို အနိုင်ကျင့်တဲ့ တရားခံက သတ်သွားပြီ ဆိုတော့ ကျွန်မ ဘာမှ ထပ်မတောင်းဆို ရဲတော့ပါဘူး"

ထိုအခါမှ ဆရာကြီးကွာရစ်လည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ကလေးမလေး ထပ်ပြန်ပြောလာမှာကို သူတကယ် ကြောက်နေမိသည်။ ဒီကောင်လေးက စကားပြောရ​တာ လွယ်ပုံမပေါ်ပေ။ ကလေးမလေး ထပ်ပြောလိုက်ရင် ရန်ထဖြစ်ချင်မှာကို တကယ် ကြောက်နေရသည်။

"ကလေးမလေး... ငါ့မှာ ယွမ်သူတော်စင် အရည် တစ်ပုလင်းရှိတယ်.... ယူသွားပြီး မင်းအဖေကို တိုက်လိုက်... အာနိသင် ကောင်း​စေရမယ်"

ယွမ်သူတော်စင် ဆေးရည်သည် မဟာသူတော်စင်တွေ ဒဏ်ရာရှိသောအခါတွင် ကုသဆေးအဖြစ် သောက်သော ဆေးရည် ဖြစ်သည်။ ယခုတော့ လီလင်ရှို့အား တောင်းပန်တဲ့ အနေနဲ့ ပေးလိုက်ရလေပြီ။

လုရွှမ်လည်း ပြုံးပြီး ပြောလိုက်သည်။

"ယူထားလိုက်ပါ... ဒါအကြီးအကဲရဲ့ ကြင်နာမှုပဲ"

"ဒါဆို ကျေးဇူးတင်ပါတယ် အကြီးအကဲ"

လီလင်ရှို့လည်း နောက်ဆုံးတော့ ပျော်ရွှင်လာခဲ့သည်။ သူမဟာ ထက်မြက်တဲ့ သူတစ်ယောက် ဖြစ်တာမို့ မဟာသူတော်စင်က လုရွှမ်ရဲ့ မျက်နှာကြောင့် ပေးတာဖြစ်ကြောင်း နားလည်ပါသည်။

ဆရာကြီးကွာရစ်က သူ့လက်ကို ကြင်နာစွာ ဝှေ့ယမ်းပြီး

"ငါ့မှာ လုပ်စရာတွေ ရှိ​​​​သေးလို့ အရင် သွားလိုက်ဦးမယ်"

"ခဏနေဦး"

လုရွှမ် အော်ဟစ်လိုက်ပြန်သည်။ ဆရာကြီးကွာရစ်ရဲ့ သူ့မျက်နှာက မည်းမှောင်သွားပေမယ့် သူ့ကိုယ်သူ အတင်းလုပ်ယူ ပြုံးပြပြီး လုရွှမ်ကို ပြန်ကြည့်လိုက်ပါသေးသည်။

"အငယ်လေး မင်းဘာလုပ်ချင်​သေးတာလဲ?"

သူ့စကားတွေက မကြမ်းတမ်းပေမယ့် ဒေါသတွေ အပြည့်နဲ့။ လုရွှမ်ကို အငယ်တန်းလို့ ပြောရင်း ပူလောင်တဲ့ မျက်လုံးတွေနဲ့ စူးစူးဝါးဝါး စိုက်ကြည့်နေတော့သည်။

လုရွှမ်လည်း မဟာသူတော်စင် တစ်ယောက်ကို တိုက်ခိုက်ဖို့ တွန်းအားပေးလိုခြင်း မရှိပေ။ မဟာသူတော်စင် အဆင့်၇ ဆိုတာ တိမ်ပင်လယ်နယ်မြေမှာ ရှိတဲ့ သူတွေထက် အများကြီး အားကောင်းတယ်လေ။

ဒါ့အပြင် တိမ်ပင်လယ် နယ်မြေတွင်ပင် လုရွှမ်သည် မဟာသူတော်စင် အဆင့်ခုနစ်မှ သခင်တစ်ဦးကို အနိုင်ယူရန် အခွင့်အလမ်းများစွာ မရှိပေ။

"ဆရာကြီးကွာရစ် ဘာလို့ ဒီလောက် အလျင်စလို ထွက်သွားချင်ရတာလဲ? အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကောင်းကောင်း စကားစမြည် ပြောနိုင်တယ်လေ... သဲဝါကမ္ဘာကို လာဖို့ဆိုတာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲလေ... ဒီမှာ ဒြပ်စင်ငါးပါးထဲက မြေကြီးအခြေခံတဲ့ သလင်းကျောက်တွေ ရှိတယ်လို့ ကြားမိတယ်....ဆရာကြီးရော အဲဒါတွေကို တူးဖော်ဖို့ စိတ်မဝင်စားဘူးလား?"

ဆရာကြီးကွာရစ်ရဲ့ အမူအရာသည် ဒေါသမှ ရွှင်မြူးခြင်းသို့ ပြောင်းသွားကာ သူက ပြုံးလိုက်လေသည်။

"သြော်.... ဒီက သူငယ်ချင်းလေးလည်း စိတ်ဝင်စားလို့လား?"

"ဒါပေါ့ .... ဒါပေမဲ့ ဒီအငယ်တန်းက ဒီကိုအခုမှ ရောက်လာတာ ဆိုတော့ ဒီနေရာအကြောင်း နားမလည်သလောက်ပဲ... အကြီးအကဲ အချိန်ရရင် လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

All Chapters