← Chapters

ပူးပေါင်းဆောင်ရွက်မှု

Vol. 57 Ch. 4.374

ပူးပေါင်းဆောင်ရွက်မှု

Vol. 57 Ch. 4.374

ဆရာကြီးကွာရစ်က အကျယ်ကြီး အော်ရယ်လိုက်လေသည်။

"အကြံဉာဏ်ပေးတာမျိုး မလုပ်ရဲပါဘူး... ကျုပ်အထင် မိတ်ဆွေလေးက မွေးရာပါ မွန်မြတ်တဲ့ မိသားစု နောက်ခံရှိပြီး ထူးကဲတဲ့ အရည်အချင်းတွေ ရှိပါတယ်... ကျုပ်မှာက အတွေ့အကြုံ နည်းနည်းလေးပဲ ရှိသေးတာမို့ အကြံဥာဏ်လေး တစ်ခု နှစ်ခုလောက်ပဲ ပေးနိုင်ပါတယ်... အတူတူ ဆွေးနွေးကြရင်ရော ဘယ်လိုလဲ?"

လုရွှမ်ကလည်း ပြုံးပြီး ပြောလိုက်သည်။

"ဒါဆို အကြီးအကဲ အနားယူလိုက်ပါဦး... သခင်မလေးလီက ရှေးဟောင်းလကမ္ဘာမှာ ကျုပ်အသက်ကို ကယ်တင်ခဲ့တယ်.... သူ့ကျေးဇူးကို ကျုပ်​ပြန်ဆပ် ပေးသင့်တယ်လေ... အခု လီမိသားစုက ဆင်းရဲကျပ်တည်းပြီး မိသားစုကိစ္စတွေ အားလုံးက သူမခေါင်းပေါ် ရောက်နေပြီ..ဒီအငယ်​လေးက သူမတို့ လီမိသားစုကို အရင်​ခွဲထုတ်​ဖို့ ကူညီ​ပေးရဦးမယ်"

ဆရာကြီး ကွာရစ်က ခေါင်းညိတ်ကာ ပြုံး​ပြလိုက်သည်။

"ဒါပေါ့ ဒါပေါ့ မိတ်ဆွေလေးလုရွှမ် သွားပါ"

လီလင်ရှို့ရဲ့ မျက်လုံးများက သံသယများဖြင့် ပြည့်နှက်နေလေသည်။ လုရွှမ်လည်း ဆရာကြီးကွာရစ်အတိုင်း လီမိသားစုရဲ့ အဂ္ဂိရတ်ပညာကို ဆုပ်ကိုင်ဖို့ ကြိုးစားလာမှာကို စိုးရိမ်​နေမိသည်။

လုရွှမ်မှာ သူမအကြည့်တွေကို သတိထားမိတာကြောင့် ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး

"မိန်းကလေးလီ... မင်း သိပ်အများကြီး မတွေးနဲ့... အခုဝမ်မိသားစုက ပျက်စီးသွားပြီ ဒီစည်းစိမ်ဥစ္စာတွေ အားလုံးက မင်းမိသားစု အပိုင်ပဲလေ.... ဒါပေမဲ့ မင်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါ့မလား ဆိုတာ စဥ်းစားရဦးမယ်.... ဒီတစ်ခါ ဖြစ်သွားတဲ့ကိစ္စကြောင့် မင်းတို့ လီမိသားစု ဆေးလုံးသန့်စင်တဲ့ ပညာက မလွဲမသွေ ပြန့်နှံ့သွားမှာပဲ.... ငါတို့ထွက်သွားပြီးတာနဲ့ မင်းတို့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာလား?"

ကလေးမလေး မြောင်ယွဲ့ကို လုရွှမ် လက်ကာပြလိုက်ပြီးနောက် ပြောလိုက်သည်။

"သာမန်လူ တစ်ယောက်က အပြစ်မရှိပါဘူး... ဒါပေမဲ့ ကျောက်စိမ်းတုံးကို ကိုင်ထားတဲ့ လူကတော့ အပြစ်ရှိတာပဲ... ဆေးဆရာကြီးလီက ဒါကို နားလည်မယ်လို့ ထင်ပါတယ်"

ဆေးဆရာလီက ချောင်းဆိုးပြီး

"မြန်မြန်.. ငါမတ်တပ် ထရပ်နိုင်အောင် ကူညီ​ပေးပါ"

လီလင်ရှို့ နှင့် မြောင်ယွဲ့တို့က ဆေးဆရာလီကို အမြန် ထူမလိုက်ရာ သူက လုရွှမ်ကို အရိုအသေပေးဖို့ ပြင်လေ၏။ လုရွှမ်လည်း သူ့ကို ထူမပေးရင်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။

"အားနာစရာ မလိုပါဘူး... ခင်ဗျားရဲ့ သမီးက ကျုပ်အသက်ကို ကယ်ခဲ့တာ သူ့ရဲ့ ကြင်နာမှုကို ကျုပ်က ပြန်ဆပ်လိုက်ရုံပါပဲ"

ဆေးဆရာလီက သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောပြီး

"လင်ရှို့... သခင်လေးလုရွှမ် ပြောတာ မှန်တယ်.... သခင်လေးလုရွှမ် ငါတို့ဆီက တစ်ခုခုကို အတင်းလုယူ ချင်နေတာလို့ မထင်ရဘူး... သူက ငါတို့ လီမိသားစုရဲ့ အသက်တွေကို ကယ်တင်နေတာ... မဟုတ်ရင် ငါတို့ အစောကြီးကတည်းက သေသွားလိမ့်မယ်"

"ရိုးရိုးသားသား ပြောရရင် ဝမ်မိသားစုက သမီးအသက်ကို သုံးပြီး မခြိမ်းခြောက်ခဲ့ဘူးဆိုရင် အဖေစောစောကတည်းက အဂ္ဂိရတ်ပညာကို လွှဲပြောင်းပေးလိုက် မိလိမ့်မယ်.... ဒီတစ်ခါတော့ ငါတို့လိုလူတွေအတွက် ဆေးသန့်စင်တဲ့ နည်းပညာက ရှားပါးလွန်းတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ... မင်းရနိုင်ရင် ဖြန့်လိုက်... အဲဒါက ငါတို့အသက်ကို ကယ်နိုင်တယ်"

"ဟုတ်ကဲ့ ဖေဖေ သမီးသိပါပြီ"

ဆေးဆရာလီက လုရွှမ်ကို ကြည့်ပြီး

"သခင်လေးလုရွှမ်ကလည်း အဂ္ဂိရတ်ဆရာပဲ မဟုတ်လား ? ဒီအဘိုးကြီး သခင်လေးလုရွှမ်ဆီကနေ တူညီတဲ့ မူလဇစ်မြစ် တစ်ခုကို ခံစားရတယ်... ပြီးတော့ သခင်​လေးရဲ့ အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှုက ကျုပ်ထက် အများကြီး သာလွန်တာကို ခံစားမိပါတယ်"

"ဒါကို သခင်လေးလုက ကျေးဇူးပြုပြီး လက်ခံပေးပါ"

ဆေးဆရာကြီးလီက သူ့လက်ဖဝါးမှာ ဝိညာဥ်အသိစိတ်ရဲ့ ရောင်ခြည်တွေ စုစည်းပြီး လုရွှမ်ရဲ့လက်ကို ထိလိုက်သည်။

လုရွှမ်လည်း ဆေးဆရာလီရဲ့ အဂ္ဂိရတ်ပညာက တစ်ကယ်တော့ ရှုပ်ထွေးလွန်းတဲ့ ပညာရပ် မဟုတ်ကြောင်း ခဏအတွင်း နားလည်သွားခဲ့သည်။ ဒီနည်းလမ်းက သဲကန္တာရအတွင်းက သားရဲများ အတွက် များစွာ အထောက်အကူ ဖြစ်သောကြောင့် တန်ဖိုးရှိသော်လည်း တခြားနေရာတွင်တော့ တန်ဖိုး မရှိနိုင်ပေ။

လီမိသားစု သုံးယောက်တို့ သူတို့ရဲ့ ယခင်နေရပ်သို့ ပြန်ပို့ပြီးနောက် ဝမ်မိသားစုဝင်များလည်း ထိုသတင်းကို ကြားသွားခဲ့သည်။ လုရွှမ်တစ်ယောက် သူတို့ဆီကို စာရင်း လာရှင်းမှာ စိုးရိမ်သဖြင့် ချက်ချင်းပင် ထွက်ပြေးသွားခဲ့သည်။

သူတို့သုံးယောက်ကို အခင်းအကျင်း ပညာတစ်ခု ပေးပြီးနောက် လုရွှမ်လည်း နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့သည်။ ထို့နောက် ဆရာကြီးကွာရစ် စောင့်နေသော ဝမ်အိမ်တော်သို့ ပြန်လာခဲ့၏။

"ညီလေးလုရွှမ်... ရလာပြီလား"

လုရွှမ် ခေါင်းညိတ်ပြတာကို မြင်လိုက်တော့ ဆရာကြီးကွာရစ်လည်း အလွန်ပျော်ရွှင်နေတော့သည်။ သူက လုရွှမ်အား သူ့ရဲ့ လျှို့ဝှက်နေရာကို အလည်အပတ် ခေါ်သွားမည်ဖြစ်ကြောင်း စိတ်လှုပ်ရှားစွာ ဆိုလာခဲ့သည်။

လုရွှမ်လည်း တခြားဘာမှ လုပ်စရာ မရှိတာကြောင့် ဆရာကြီးကွာရစ် နောက်ကို လိုက်သွားခဲ့၏။

ဆရာကြီးကွာရစ်၏ လျှို့ဝှက်နေရာသည် မြို့အပြင်ဘက်ရှိ ကျောက်ဆောင် ချိုင့်ဝှမ်း တစ်ခုထဲတွင် တည်ရှိနေသည်။ အခင်းအကျင်းကို ဖျက်သိမ်းလိုက်တဲ့အခါ လုရွှမ် သားရဲ ၃ ကောင်ကို တွေ့လိုက်ရသည်။

ဒီနေရာမှာတော့ ထိုသားရဲများကို ဝန်ထုပ်ဝန်ပိုး သားရဲများဟု ခေါ်ကြကြောင်း သိရလေသည်။ သားရဲတစ်ကောင်ကို ပထမဆုံး မြင်လိုက်တာနဲ့ ဒါက သဲဝါကမ္ဘာ သူတော်စင်သားရဲမှန်း သိသာပါ၏။ အရပ်က သိပ်မမြင့်ပေ။ ရှစ်ပေခန့် ရှည်လျားကာ ခြေလက်တွေ ကြီးကြီးနဲ့ ဦးခေါင်းက တိုသည်။ ခန္ဓာကိုယ်က တိုတိုတုတ်တုတ်နဲ့ ဆိုတော့ ကြည့်ရတာ အလွန်ထူးဆန်းလှသည်။

သူတို့ရဲ့ အစွမ်းသတ္တိက သာမန်ပဲ ဆိုပေမယ့် ဝိညာဥ်စွမ်းအင်ကတော့ အတော် အားကောင်းကြသည်။ အဝေးကတောင်မှ သူတို့အပေါ်က ကြွယ်ဝတဲ့ မြေဓာတ်စွမ်းအင်ကို ခံစားရနိုင်သည်။

လီလင်ရှို့ ပြောတာတော့ ဒီမှာ ဝန်ထုပ်ဝန်ပိုး သားရဲတွေက ရှာရတာ အရမ်းခက်လေသည်။ ဆရာကြီး ကွာရစ်ကလည်း ဒီနေရာမှာ သားရဲ ၃ ကောင်လုံး ရှိနေဦးမယ်လို့ မမျှော်လင့်ထားပုံ ရသည်။

"ဆရာကြီးကွာရစ်... ခင်ဗျား တစ်ယောက်ယောက်ကို စောင့်နေတာလား?"

"ဟုတ်တယ်.... အဲဒါ ငါ့သူငယ်ချင်း.... ငါ့သူငယ်ချင်း မလာသေးဘူး... မဟုတ်ရင် ဆေးဆရာကြီးလီ သေသွားတာ ကြာပြီပေါ့"

လီမိသားစုမှ ကလေးမလေး မရှိတာကြောင့် ဆရာကြီးကွာရစ်လည်း ပြောချင်တာ ပြောနေတော့သည်။ အစောက ယွမ်သူတော်စင် ဆေးရည်ကို ပေးလိုက်ရတာကြောင့် အတော်လေး မကျေမနပ် ဖြစ်နေပုံပဲ။

လုရွှမ် သူ့စိတ်ထဲကပဲ လှောင်ရယ်​​နေလိုက်သည်။ ဒီလူကြီးက လူကောင်း မဟုတ်ပေမယ့် သတိထားနေတာ အကောင်းဆုံးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ယခုအခါမှာ မြေကြီးသလင်းကျောက်များကို အတူတူ ရှာဖွေရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။

သေချာတာပေါ့။ ဒီလူကြီးသာ အနာဂတ်မှာ မိုက်မဲတဲ့ အကျင့်တစ်ခုခု လုပ်လာခဲ့ရင် အမှန်တရားက သူ့ဓားအောက်မှာ ပေါ်လာမှာပဲ။

ကျောက်စိမ်းပြားနဲ့တော့ အဆက်အသွယ် လုံးဝ မရသေးပေ။ လုရွှမ် ဝမ်မိသားစုထံမှ သိုလှောင်အိတ်တစ်ခုနှင့် ဓားရှည်တစ်လက်ကို တိုက်ရိုက် ဝယ်ယူခဲ့သည်။ အရည်အသွေးက အလွန်ကောင်းမွန်ပြီး သူကိုယ်တိုင်လည်း ကောင်းကောင်း ပြင်ဆင်ထားလိုက်သည်။

ဒီနေရာမှာ စုဆောင်းထားတဲ့ ပစ္စည်းတွေက အများကြီးပါပဲ။ အားလုံးက ဆရာကြီးကွာရစ် စုဆောင်းထားတာတွေ ဖြစ်မယ်လို့ ထင်ရ၏။ လုရွှမ် ယဥ်ကျေးမနေဘဲ သူ့ရဲ့စွမ်းရည်ကို လေ့ကျင့်ရန်နှင့် သားရဲများကို အစာကျွေးရန်အတွက် အသုံးပြုတဲ့ ဆေးလုံးများစွာကို သန့်စင်ပစ်လိုက်သည်။

တစ်လလောက် စောင့်ပြီးမှ နောက်ဆုံးတော့ လူ တစ်ယောက် ရောက်လာ၏။

ရောက်လာသူကလည်း မဟာသူတော်စင် ဖြစ်ပြီး အဆင့်၅ ဖြစ်သည်။ သူ့နာမည်က လူကြီးမင်းထျန်ယွမ်ရှန် ဖြစ်ပေသည်။ သူကလည်း မြေကြီးသလင်းကျောက်တွေ ရနိုင်မလား ဆိုတာ နောက်ဆုံး စမ်းကြည့်ဖို့ ဆရာကြီးကွာရစ်နဲ့ အတူတူ ပူးပေါင်းဖို့ စိတ်ကူးထားသူပင်။

သူတို့နှစ်ယောက်က သူ့ရှေ့မှာ ရံဖန်ရံခါ နီးနီးကပ်ကပ် ရှိလျက် သူ့ကို ပြန်ကြည့်နေကြတာကြောင့် လုရွှမ် ရယ်လိုက်မိသည်။ ပူး​ပေါင်းတာတွေ အားလုံးက ဟန်ပြဖို့သက်သက်ပဲ။ ဆရာကြီးကွာရစ်က ဘယ်သူ့ကိုမှ မယုံတာ သိသာထင်ရှားသည်။ မဟုတ်ပါက သူ့လက်တွဲဖော်က အသက်အရွယ် တူသော်လည်း ခွန်အားအနည်းငယ် နိမ့်သော လူကြီးမင်းထျန်ယွမ်ရှန် ဖြစ်နေမည် မဟုတ်ပေ။

လုရွှမ်ကတော့ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့နောက်ခံကြောင့် ပိုကြောက်စရာ ကောင်း​နေတာလို့ မှန်းဆမိလေသည်။ လူအိုကြီး နှစ်ယောက်သာ ရိုးသားရင် လုရွှမ်လည်း သူတို့ကို ဒုက္ခပေးဖို့ စိတ်၀င်စားမှာ မဟုတ်ပါဘူး။

ပြင်ဆင်မှု တချို့ ပြုလုပ်ပြီးနောက် သူတို့သုံးဦးသည် ထွက်လာခဲ့ကြသည်။

သဲကန္တာရထဲသို့ တဖြည်းဖြည်း ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာရာ လူသုံးဦးရဲ့ အရှိန်လည်း တဖြည်းဖြည်း နှေးကွေးလာကာ ပျံသန်း​နေတာကို ရပ်တန့်ကာ သားရဲ၏ နောက်ကျောတွင် ထိုင်နေခဲ့သည်။ ကံကောင်း ထောက်မစွာ သားရဲသည် အလွန် လျင်မြန်လှသည်။ မဟုတ်ပါက အဝါရောင်သဲများ ဖုံးလွှမ်းနေတာ တစ်ကမ္ဘာလုံး နီးပါးဖြစ်နေတာကြောင့် သလင်းကျောက်ကို ရှာဖွေဖို့ ကြိုးစားခြင်းက ကောက်ရိုးပုံအတွင်း အပ်တစ်ချောင်းကို ရှာဖွေနေသကဲ့သို့ ဖြစ်​နေလိမ့်မည်။

ယခုအချိန်တွင် လူသုံးယောက်မှာ နားလည်မှုများဖြင့် တာဝန်ကိုယ်စီ ယူနေကြသည်။

လူကြီးမင်းထျန်ယွမ်ရှန်က သူ့လက်ထဲတွင် မြေပုံတစ်ခု ရှိပြီး သူ့အဆိုအရ မြေကြီးသလင်းကျောက်ရဲ့ တည်နေရာကို ၎င်းပေါ်တွင် အမှတ်အသား ပြုထား​လေသည်။

ဆရာကြီး ကွာရစ်သည် အမှန်တကယ်ပင် သားရဲသခင် တစ်ယောက် ဖြစ်သည်။ လက်ရှိ စီးနေသော သားရဲကောင်များကို သူကိုယ်တိုင် ရှာထားကာ သားရဲများကလည်း သူ့တစ်ယောက်တည်းရဲ့ အမိန့်ကိုပဲ နာခံသည်။

အဂ္ဂိရတ်ပညာရှင်နှင့် ဆေးပညာရှင်တစ်ဦးအနေဖြင့် လုရွှမ်သည် သဲကန္တာရအတွင်း အန္တရာယ် ကျရောက်လာပါက သားရဲများက ဒဏ်ရာရနိုင်တာကြောင့် အဲဒီအချိန်က လုရွှမ် လှုပ်ရှားရမယ့် အချိန်ပဲ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း တစ်လကုန်သွားသည်နှင့် လုရွှမ်နဲ့ တခြားသူတွေ သဲကန္တာရထဲသို့ နက်နဲစွာ ဝင်ရောက်လာခဲ့ကြသည်။

လုရွှမ် နောက်ဆုံးတွင် သဲဝါကမ္ဘာမှ သဲကန္တာရ၏ ထိတ်လန့် ကြောက်ရွံ့စရာ ကောင်းမှုကို မြင်လိုက်ရပြီ။ အ​ကြောင်းမှာ သူအခု အရှေ့အနောက် မသိတော့ဘဲ လမ်းပျောက်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်တွင် နေရောင်က ခဲယဉ်းစွာ ပြောင်းလဲသွားသော်လည်း ပတ်ဝန်းကျင်ရှိ အဝါရောင် သဲများကတော့ အဆက်မပြတ် ရွေ့လျားနေသည်။

ခဏကြာလို့ သူတို့အစောက လာခဲ့တဲ့ ခြေရာများကို မြင်လိုပါက ပြန်တွေ့ရတော့မည် မဟုတ်ပေ။

လူကြီးမင်းထျန်ယွမ်ရှန်မှာ မြေပုံကို ကိုင်ထားရုံနဲ့ မြေကြီး သလင်းကျောက်တွေကို ရှာတွေ့နိုင်မယ် ဆိုတာကို ဘယ်လောက်တောင် ယုံကြည်မှု ရှိ​နေလဲ မသိချေ။

All Chapters