← Chapters

အဝါရောင်သဲမုန်တိုင်း

Vol. 57 Ch. 4.375

အဝါရောင်သဲမုန်တိုင်း

Vol. 57 Ch. 4.375

လုရွှမ် ဤအဝါရောင်သဲ အပိုင်းအစ အောက်တွင် အလွန်မှော်ဆန်သော စွမ်းအား ရှိနိုင်တယ်လို့ ခံစားနေရသည်။ အ​ကြောင်းမှာ သူ့စိတ်ဝိညာဉ် စွမ်းအားကို ဖြန့်ကျက်ကာ အာရုံစူးစိုက်မှုမှာ ပြဿနာ ဖြစ်​နေစေတာကြောင့်ပါပဲ။

ကံကောင်း ထောက်မစွာ သားရဲက ဦးတည်ရာကို အမြဲသိနေတာကြောင့်သာ မဟုတ်ပါက သူတို့သုံးယောက် လမ်းပျောက်နေပေလိမ့်မည်။

"သတိထား!"

ခရီးစဉ်တစ်လျှောက် အေး​အေးချမ်းချမ်း သာယာစွာ ဖြတ်ကျော်လာသော်ငြား ယနေ့ သူတို့သုံးယောက် အနားယူခါနီးမှာ လုရွှမ်မှ ရုတ်တရက် ထအော်လိုက်သည်။

သူပြောလိုက်သည့် အခိုက်တွင် ဓားစွမ်းအင်တစ်ခုက အဝေးကနေ သဲကန္တာရဆီသို့ ပြေးဝင်လာလေသည်။

အဝါရောင်သဲများ လှုပ်ခါပြီး သူတော်စင် သားရဲတစ်ကောင် ပြေးထွက်လာသည်။ ခန္ဓာကိုယ်က ကြီးကြီးမားမား မဟုတ်သော်လည်း အမြီးမှာ ကွေးညွှတ်နေတဲ့ အကိုင်းအခက်တွေ ရှိလေသည်။ သူ့မျက်လုံးအောက်တွင် ရောင်စုံအလင်းတန်းတစ်ခု မှိတ်တုတ်မှိတ်တုတ် ရှိနေကာ ၎င်းကို ကြည့်လိုက်တာနဲ့ စိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာသလို ခံစားလာရသည်။

"အဲဒါက ရွှမ်ထျန်းကင်း​မြီးကောက်ပဲ... အားလုံး သတိထားကြ... သူ့အဆိပ်နဲ့ အကိုက်မခံရစေနဲ့... မဟုတ်ရင် မဟာသူတော်စင်ကြီးတောင်မှ တစ်နာရီကြာအောင် မထိန်းနိုင်တော့မှာ မဟုတ်ဘူး"

ဆရာကြီးကွာရစ်က ဆိုလေ၏။

"ရွှမ်ထျန်းကင်းမြီးကောက်ရဲ့ ခန္ဓာကိုယ်က အရမ်းမာကျောပြီး ခုခံနိုင်စွမ်း ကောင်းလွန်းတယ်လို့ ပြောလို့ရတယ်။ ငါတို့က သူ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး.... ဒါကြောင့် သူ့ကို ရှောင်သွားတာ အကောင်းဆုံးပဲ"

သူ့စကား ရုတ်တရက် ရပ်သွားခဲ့သည်။ အကြောင်းမှာ ရွှမ်ထျန်းကင်းမြီးကောက်ရဲ့ အောက်ပိုင်း ခြေထောက်တစ်ဖက် ကျိုးသွားတာကို ရုတ်တရက် မြင်လိုက်ရတာကြောင့်ပဲ ဖြစ်လေသည်။ တစ်ဖက်ကို ကြည့်လိုက်တော့ လုရွှမ်ရဲ့ ဓားစွမ်းအင်ကြောင့် ဖြတ်တောက် ခံလိုက်ရတာ ထင်ရှား​နေ၏။

လုရွှမ်ဆီက ခြေထောက်တစ်ချောင်း ဖြတ်တောက်ခံလိုက်ရတဲ့ ရွှမ်ထျန်းကင်းမြီးကောက်က နာကျင်စွာ အော်ဟစ်ရင်း သူတို့ကိုပါ ခြိမ်းခြောက်နေသကဲ့သို့ အော်ဟစ်နေလေသည်။

လုရွှမ် နောက်ထပ် ဓားအလင်း နှစ်ချောင်းကို ထုတ်ပစ်လိုက်သည်။ ရွှမ်ထျန်းကင်းမြီးကောက်က အရမ်းမြန်ပေမယ့် လုရွှမ်ရဲ့ ဓားအလင်းက ပိုမြန်နေ၏။ အော်သံများကြားတွင် ရွှမ်ထျန်းကင်းမြီးကောက်ရဲ့ ခြေထောက်များ ပြတ်သွားပြန်သည်။

ကြမ်းပြင်တစ်ခုလုံး သွေးတွေ စီးကျလာပြီး မအော်ဝံ့တော့ဘဲ သခင်တစ်ယောက်နဲ့ တွေ့လိုက်ပြီ ဖြစ်ကြောင်း နားလည်သွားရာ အမြန်လှည့်ပြီး မြေကြီးထဲ ဖောက်ကာ ထွက်ပြေးဖို့ ကြိုးစားလေသည်။

"ထွက်မပြေးစေနဲ့.... ရွှမ်ထျန်းကင်းမြီးကောက်က ရန်ငြိုးအထားဆုံးပဲ"

လူကြီးမင်းထျန်ယွမ်ရှန်က ရုတ်တရက် ပြောလိုက်၏။

သူ့စကား မဆုံးခင်မှာပဲ လုရွှမ်ရဲ့ ဓားရှည်သည် တိုက်ရိုက် လွင့်ထွက်သွား​လေသည်။ ဓားတစ်ချောင်းက ရွှမ်ထျန်းကင်းမြီးကောက်ရဲ့ ဦးခေါင်းကို ထိုးဖောက်ကာ သဲကန္တာရထဲ ထိုးစိုက်ပစ်တော့၏။

ရွှမ်ထျန်းကင်းမြီးကောက်မှာ ခဏလောက် ရုန်းကန်ခဲ့ပေမယ့် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ငြိမ်ကျသွားခဲ့သည်။

လုရွှမ် ရှေ့သို့ လှမ်းလာပြီး လက်ဖဝါးထဲတွင်တော့ မီးတောက်များ လျှံထွက်လာသည်။ ကြည့်လိုက်ရင် သေဆုံးနေပုံ ပေါ်သော ရွှမ်ထျန်းကင်းမြီးကောက်သည် ရုတ်တရက် သူ့အမြီးကို မြှောက်လိုက်ပြီး လုရွှမ်ဆီသို့ တိုက်ခိုက်လာ၏။ သို့သော် ဝေးကွာနေတာကြောင့် အပြာရောင် အဆိပ်ရည် စီးကြောင်း လုရွှမ်ဆီ ဦးတည်လာစဥ် လုရွှမ်မှ မီးတောက်ထဲထည့်ပြီး တစ်ခါတည်း ပြာဖြစ်အောင် လုပ်လိုက်ပေသည်။

ဤမြင်ကွင်းကို ကြည့်ပြီးနောက် လူကြီးမင်းထျန်ယွမ်ရှန်နဲ့ ဆရာကြီးကွာရစ် တို့သည် ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တစ်ချိန်တည်းမှာပဲ သဘော ကျသွားကြသည်။

သူရဲ့ အစွမ်းထက်သော ခွန်အား၊ ပြတ်သားသော နည်းလမ်းများ၊ ရဲရင့်သော လုပ်ရပ်များနှင့် သိမ်မွေ့သော အတွေးအမြင်များဖြင့် ထိုလူသည် အခက်အခဲများစွာကို မမြင်ဖူးသော သခင်လေး တစ်ဦးနှင့် မတူဘဲ မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းဖူးသော သခင်နှင့်တူ​နေသည်။

လုရွှမ်သည် ရွှမ်ထျန်းကင်းမြီးကောက်ကို သူ့လက်ဖဝါးဖြင့် စုပ်ပြီး ကောင်းကင်ဖီးနစ်မီးဖြင့် မီးကင်လိုက်သည်။ မကြာခင်မှာပဲ ကင်းမြီးကောက်ကို ကင်ထားတဲ့ အသားကင်ရနံ့တွေ ထွက်လာပြီး သုံးယောက်သား ဗိုက်ဖြည့်ကြတော့သည်။

ကောလာဟလတွေ အရတော့ ဒီ ရွှမ်ထျန်းကင်းမြီးကောက်ဟာ အဆိပ်တွေနဲ့ ပြည့်နေပေမယ့် တကယ်တော့ အဆိပ်အပြင် သူ့ရဲ့အသားကလည်း အရမ်းအရသာ ရှိလေသည်။

လုရွှမ်က ဒါကို ဘယ်လိုသိပြီး တိုက်ရိုက် ကင်စားရဲရတာလဲ။ ဒီသခင်လေးလုရွှမ်က သားရဲထိန်းသူပါ ဖြစ်နေသေးတာလား။

သားရဲတွေကိုပါ ကျွေးပြီးနောက် သုံးယောက်သား လမ်းပေါ်ပြန်ထွက်လာကြသည်။

သိုလှောင်အိတ်များတွင် ရေနှင့် အစာခြောက်များ ထည့်ထားပြီး သဲကန္တာရထဲသို့ ပိုမိုနက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာသောကြောင့် ၎င်းတို့ သုံးဦးအတွက် ခရီးရှည်ခရီးများ သွားလာလေ့ရှိသူမို့ မခက်ခဲလှချေ။

လမ်းတစ်လျှောက်တွင် အန္တရာယ်မျိုးစုံကို ကြုံတွေ့ခဲ့ရပြီး လုရွှမ်က ရှေ့တန်းတွင် အမြဲရပ်တည်နေလျက် သူ၏ ခွန်အား 70% လောက်ကို အသုံးပြုကာ လူအိုနှစ်ဦးကို ထပ်ခါတလဲလဲ ကြောက်ရွံ့စေခဲ့သည်။

လုရွှမ်ကို ဆန့်ကျင်ဖို့ တခြားသူတွေနဲ့ ပူးပေါင်း မကြံစည်မိအောင် ထိုအကြံကို အဆုံးသတ်၍ အတူတကွ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်ထဲ စိတ်နှစ်လိုက်ရတော့သည်။

"ရှေ့မှာ မြို့သေးသေးလေး ရှိ​နေတာလား?"

လုရွှမ်၏ အမြင်အာရုံသည် အလွန် နက်ရှိုင်းလွန်းလှသည်။ မြို့ငယ်လေးကို မြင်သောအခါ သူ့အသံက အရင်ထွက်လာ၏။

လက်ရှိနေရာသည် သဲကန္တာရထဲက အနက်ရှိုင်းဆုံး နေရာကို ရောက်နေတာ ဖြစ်ပြီး မြို့ငယ်လေး တစ်မြို့တွေ့ရဖို့က အမှန်တကယ်ပင် တွေးကြည့်လို့ မရနိုင်တဲ့အရာ ဖြစ်ရာ လူကြီးမင်းထျန်ယွမ်ရှန်က ပြောလာခဲ့သည်။

"ကောလဟာလတွေ အမှန်ပဲကိုး... နောက်ဆုံးတော့ ဒီနေရာကို ငါတို့ ရှာတွေ့ခဲ့ပြီ"

ဝမ်းသာအားရဖြင့် သူတို့နှစ်ဦးသည် လုရွှမ်ရှေ့တွင် မြေပုံကို ပထမဆုံးအကြိမ် ပြသလာပြီး ရက်ရက်ရောရော မြင်ခွင့်ပေးခဲ့သည်။

"အဲဒီမှာ လူတော်တော်များနေပြီ ထင်တယ်"

လုရွှမ်က ဆိုလိုက်၏။

"လူများနေပြီ? ဒီမြေပုံကို ပွားထားတာ ဒီတစ်ခုပဲရှိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

လူကြီးမင်းထျန်းယွမ်ရှန်က အော်လိုက်သည်။ သူ့ရဲ့နေလုံးလို ပူလောင်​နေသော မျက်လုံးများဖြင့် အဝေးကို လှမ်းကြည့်ရင်း ဆိုလိုက်သော်လည်း သူ့တွင် နတ်မျက်စိလို စွမ်းအင်မျိုး မရှိသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ထိုအခါ ဆရာကြီးကွာရစ်ကလည်း။

"ငါတို့သွားကြည့်ပြီးရင် သိရမှာပါ"

ဒီအချိန်မှာ လူအိုနှစ်ယောက်က သည်းမခံနိုင်တော့ဘူး ဆိုတာ သိသာလေသည်။ သူတို့က သူတို့အောက်က သားရဲတွေကို အရူးအမူး မောင်းထုတ်ပြီး ရှေ့ကို ပြေးသွားကြသည်။ လုရွှမ်လည်း သူတို့နောက်ကို မလိုက်မီ သိုလှောင်အိတ်အတွင်းရှိ လိုအပ်သော ပစ္စည်းများကို ထပ်မံစစ်ဆေးခဲ့သည်။

ကံမကောင်းစွာပဲ ကျောက်စိမ်းပြားက လှုပ်ရှားမှုမ ရှိသေးသဖြင့် လုရွှမ် အလွန်စိုးရိမ်လာခဲ့သည်။ တကယ်လို့ ကျောက်စိမ်းပြားကို မဖွင့်နိုင်တော့ဘူး ဆိုရင် သူဘယ်လို လုပ်ရမလဲ?

သူတို့ သုံးယောက် နီးကပ်လာရင်း နောက်ဆုံးတော့ မြို့ငယ်လေးကို တွေ့လိုက်ရသည်။ အဘိုးကြီးနှစ်ယောက်ရဲ့ မျက်နှာများမှာ ချက်ချင်းကို ပြာနှမ်းသွားတော့သည်။ မြို့ငယ်လေးထဲတွင် အမှန်တကယ်ကို လူများရှိနေသည်။ တုန်လှုပ်စရာ ကောင်းသည့် အချက်မှာ မြို့ငယ်လေးသည် နတ်ဆိုးတွေဆီက သိမ်းပိုက် ခံထားရခြင်းပင် ဖြစ်သည်။

ရွှမ်ထျန်းကင်းမြီးကောက်၊ ချွီးဖူမြွေနဲ့ လုရွှမ် မမြင်ဖူးသော သူတော်စင် သားရဲများစွာလည်း ရှိသည်။ တစ်ဦးစီတွင် အံ့အားသင့်ဖွယ် စွမ်းအားများ ရှိပြီး ယခုလို စုစည်းထားမိသောအခါ အလွန်ကြောက်စရာ ကောင်း​နေ​တော့သည်။

"ဟမ့်.... ဒါအဲဒီလူတွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်... နတ်ဆိုးတွေဆီက တိုက်ခိုက်ခံရဖို့ ထိုက်တန်တယ် ဘာလို့ သွားမသေ​​ကြ သေးတာလဲ!"

လူကြီးမင်းထျန်ယွမ်ရှန် မငြိမ်သက်နိုင်တော့ဘဲ သူ့တစ်ကိုယ်လုံးမှာ မကောင်းဆိုးဝါး စွမ်းအင်တွေနဲ့ ပြည့်လာတော့သည်။

ဆရာကြီးကွာရစ်လည်း မျက်နှာကလည်း ကြည့်မကောင်း တော့သော်လည်း သူက အခြေခံ အိန္ဒြေကိုတော့ ထိန်းထားနိုင်ဆဲ ဖြစ်သည်။ သူက လုရွှမ်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။

"မိတ်ဆွေလေးလုရွှမ်... မင်း​ရော ဘယ်လိုထင်လဲ?"

"ဒီနတ်ဆိုးတွေက ဓားပြတိုက်ဖို့ ရောက်လာတာ သိသာတယ်... ဆိုလိုတာက ဒီမြို့ငယ်လေးထဲက ကျင့်ကြံသူတွေ မြေသလင်းကျောက်တွေရဲ့ တည်ရှိမှုကို ရှာတွေ့ရှိခဲ့တာ ဖြစ်နိုင်တယ်... ရိုးရှင်းပါတယ် သူတို့ မြေသလင်းကျောက်ကို လက်မလွှတ်သရွေ့ လုံးဝ ထွက်သွားမှာ မဟုတ်ဘူး..."

လုရွှမ်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ပဲ ပြန်ပြောလိုက်သည်။ ထိုအခါ လူကြီးမင်းထျန်ယွမ်ရှန်က ရယ်လျက်။

"အဲဒါက ဒြပ်စင်ငါးခုရဲ့ မြေကြီးကို အခြေခံထားတဲ့ သလင်းကျောက်ပဲ.. အရှားပါးဆုံး ဒြပ်စင်ငါးခုရဲ့ သလင်းကျောက်.. ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ?"

သူက တတွတ်တွတ် ရေရွတ်ရင်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့သည်။ နောက်ဆုံးတော့ သူက ဆိုလာပြန်၏။

“မဟုတ်​သေးဘူး ငါတို့ မြို့လေးထဲကို ဝင်ကို ဝင်ရမှာ”

"အဝါရောင်သဲမုန်တိုင်း လာနေပြီ.... အဲဒီမြို့ငယ်လေးက တစ်ခုတည်းသော လုံခြုံတဲ့ နေရာပဲ။ ဒီသူတော်စင် သားရဲတွေ ဒီမှာ စုရုံးလာရတဲ့ အကြောင်းရင်းပဲ ဖြစ်လိမ့်မယ်"

သူက ပြောရင်း လုရွှမ်ကိုလည်း ကြည့်လိုက်သည်။ သူ့ပုံစံကို ကြည့်ရတာ လုရွှမ်ရဲ့ ခန့်မှန်းချက်အပေါ် အနည်းငယ် သတိထားမိနေသလိုပင်။

လုရွှမ် ဒေါသမထွက်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ လူကြီးမင်းထျန်ယွမ်ရှန် အပေါ်ထားတဲ့ အန္တရာယ်အဆင့်သည် အမြင့်ဆုံးအဆင့်သို့ တိုးလာခဲ့သည်။

"အဝါရောင်သဲမုန်တိုင်း?"

ဆရာကြီးကွာရစ် ထိတ်လန့်စွာဖြင့် အော်လိုက်သည်။ သူ့မျက်လုံးတွေက ရုတ်တရက် သွေးတွေလို နီရဲလာပြီး လူကြီးမင်းထျန်ယွမ်ရှန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း

"မကြာခင် သဲမုန်တိုင်း လာတော့မယ် ဆိုတာ မင်းသိတယ်ပေါ့... ဒါတောင် ဒီအချိန်မှာ မင်းက ငါတို့ကို သဲကန္တာရထဲ ဝင်ဖို့ လှုံ့ဆော်ခဲ့သေးတယ်"

"ငါတို့ အခုမဝင်ရင် မြို့ငယ်လေးကို လုံးဝ တွေ့နိုင်မှာ မဟုတ်ဘူ.... ဒါက မြေသလင်းကျောက်တွေ ရဖို့ တစ်ခုတည်းသော အခွင့်အလမ်းပဲ.... ဘာလို့လဲဆိုတော့ မြေကြီးအခြေခံ သလင်းကျောက်တွေ အများကြီး မြှုပ်ထားတဲ့ နေရာတွေမှာပဲ မြို့ကို အခြေချထားတာ... အဝါရောင် သဲမုန်တိုင်းကို ကာကွယ်ဖို့က ဒီမြို့ငယ်ထဲဝင်တာ အလုံခြုံဆုံးပဲ"

"ဒါဆို ငါတို့ နောက် ဘယ်လိုထွက်ကြမလဲ"

ဆရာကြီးကွာရစ်မှ အော်လိုက်သည်။

"အဟမ်း အပြင်ထွက်ချင်ရင် ဘယ်လို ဝင်ရမလဲ အရင်စဉ်းစားရမယ်"

လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။ ဒီလူကြီးမင်း ထျန်ယွမ်ရှန်ပြောတာ မှန်ပေမယ့် သူ့အတွက်ကျတော့ တကယ် ရက်စက်ရာ ကျ​လေသည်။

"အရူး... အရူးပဲ!"

ဆရာကြီးကွာရစ်က အော်ဟစ် ကျိန်ဆဲလေ၏။ လူကြီးမင်း ထျန်ယွမ်ရှန်ကတော့ သူ့မျက်နှာပေါ်ရှိ သွေးလို နီရဲနေသော မျက်လုံးများကို ပွတ်သပ်ကာ ပြောလာခဲ့သည်။

"ဟုတ်ပြီ... သဲမုန်တိုင်း မလာခင် ဒီမြို့လေးထဲကို ဘယ်လို ဝင်ရမလဲဆိုတာ စဉ်းစားကြည့်ရအောင်"

All Chapters