← Chapters

မြို့ကိုဖွင့်ဖို့ ငြင်းဆန်နေခြင်း

Vol. 58 Ch. 4.377

မြို့ကိုဖွင့်ဖို့ ငြင်းဆန်နေခြင်း

Vol. 58 Ch. 4.377

မိုးခြိမ်းသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသော်လည်း အသံက အလွန်ဝမ်းနည်းဖွယ် ကောင်းလှသည်။ လုရွှမ်ကိုယ်တိုင်ကလည်း သားရဲထိန်းသူ ဖြစ်လို့ ယခုအချိန်တွင် မိုးကြိုးသားရဲရဲ့ စိတ်နေစိတ်ထားကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

သို့သော် လက်ရှိ အခြေအနေမှာ စိုးရိမ်ရပြီး အရေးတကြီး ဖြစ်နေသည့်အတွက် မိုးကြိုးသားရဲကို ရှင်းရှင်းလင်းလင်း ခံစားနေရန် အချိန်မရှိပေ။ မိုးကြိုးသားရဲကို နာခံစေချင်တယ်ဆိုရင် အကြီးဆုံး လက်သီးရှိသူက သခင်သာ ဖြစ်လိမ့်မည်။

ဝူးဝူး

မိုးကြိုးသားရဲသည် ခုန်လိမ့်ချကာ သဲပြင်ပေါ်တွင်ပင် လူးလှိမ့်နေ၏။ လုရွှမ်သည် မိုးကြိုးသားရဲ၏ အမွေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ပြုတ်ကျမသွားပေ။

ရုတ်တရက် သူ့နှလုံးသားထဲတွင် တုန်လှုပ်သွားသည်။ လုရွှမ်လည်း မိုးကြိုးသားရဲ၏ မျက်ခုံးမွှေးများကြားမှ ဦးချိုမှာ တလက်လက် တောက်ပနေမှန်း သိလိုက်ရရုံမျှသာ လင်းထိန်သွားကာ စူးရှသော အသံများကြားတွင် မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လျှပ်စီးဘောလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

လုရွှမ် မိုးကြိုးသားရဲကို လက်နှစ်ဘက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ သူ့နှလုံးက ပြင်းထန်စွာ အလုပ်လုပ်နေသည်။ သူ့ခန္ဓာကိုယ်ဟာ မိုးကြိုးပစ်ချက် အကြိမ်ပေါင်းမနည်း အပစ်ခံထားရပြီးပြီလေ မိုးကြိုးသားရဲလောက်ကို သူက ဘာကြောက်နေရမှာလဲ?

ဤမိုးကြိုးသားရဲသည် မဟာသူတော်စင် နယ်ပယ်တွင် ရှိလို့ အလွန် အစွမ်းထက်သည်။ လုရွှမ်လည်း သတိရှိထားကာ သားရဲက သူ့ကို အလွယ်တကူ မစီးနိုင်စေရန် ရုန်းကန်နေတာ သေချာပါသည်။ ဒီအခွင့်အရေးက တစ်ကြိမ်ပဲ ရှိတာကြောင့် လုရွှမ် မဖြုန်းတီးချင်ပေ။

နတ်မိုးခြိမ်းသံက သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပြီး ခဏလောက် အထိတော့ လုရွှမ် သူ့တစ်ကိုယ်လုံး ပေါက်ကွဲလုနီးပါး ခံစားလိုက်ရသည်။ ထိုအကြမ်းဖက်မှုမျိုးက သူတော်စင် မိုးကြိုးအတိဒုက္ခကို လွတ်မြောက်ခဲ့စဉ်ကထက်ပင် ကြီးမားခဲ့သည်။

အဖြူရောင် မိုးကြိုးပစ်ချက်သည် သူ့ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ အသွေးအသားများ ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်တွင်း အင်္ဂါများကို တုတ်ကြီးဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်နေသလို အလွန် နာကျင်စေသည်။

လုရွှမ် ဒီလိုခံစားရတာ ဒါပထမဆုံး အကြိမ်ပဲ။ သူ့ခန္ဓာကိုယ်ထဲက သွေးတွေ အဆက်မပြတ် ထွက်ကျလာသည်။ သွေးစက်တွေ မြေပြင်ကို မထိခင်ပဲ သွေးပုတီးစေ့တွေအဖြစ် ပြောင်းလဲသွားပြီး လုံးလုံး အငွေ့ပျံသွား၏။

လျှပ်စီးကြောင်းသည် ဝိညာဉ်စွမ်းအင်ကဲ့သို့ ခန္ဓာကိုယ်အတွင်း လွတ်လပ်စွာ ခုန်တက်သွားပြီး အားနည်းနေသည့် နေရာဆီသို့ ပြေးဆင်းသွားလေသည်။ အသွေးအသားတွေ စုတ်ပြတ်ကာ အရိုးများ ကွဲထွက်သွားသလိုပင် ခံစားလိုက်ရသည်။

လုရွှမ် နာကျင်စွာ အော်ဟစ်လိုက်သည်။ ဒီလို ဝေဒနာမျိုးကို ခံစားခဲ့ရတာက ဒီဘဝမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ဝုန်းကနဲ ပေါက်ကွဲသံတစ်ခု ထွက်​ပေါ်လာပြီး စိမ်းပြာနဂါးရဲ့ နှလုံးက ပြင်းထန်စွာ ခုန်လာခဲ့သည်။ စိမ်း​ပြာနဂါးပြာ၏ သန့်စင်သော စွမ်းအားသည် လွင့်စင်သွားပြီး ပျက်စီးနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို လျင်မြန်စွာ ပြုပြင်ပေးလာ၏။ ကျောနောက်ရှိ နဂါးအရိုးကြီးသည် အလွန် သန်မာသောကြောင့် ကျိုးလုနီးပါး အရိုးများကို တအိအိဖြင့် လျင်မြန်စွာ ပြန်လည် ကုသလာခဲ့သည်။

စိမ်းပြာနဂါးပြာ၏ စွမ်းအင်များက အရွတ်များအတွင်း ပျံ့လွင့်သွားကာ အရွတ်များလည်း တင်းကျပ်ကာ အသွေးအသား အပိုင်းအစများကို ပြန်လည် စုစည်းလာစေသည်။

မိုးကြိုးနှင့် လျှပ်စီးတို့သည် ခန္ဓာကိုယ်ကို တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း လုရွှမ်ရဲ့ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာ​​နေသည်။ ယွမ်ချီတွေက အဆုံးမရှိ ထွက်ပေါ်လာလျက် အရိုးများနှင့် အသားများထဲမှ စိမ့်ထွက်လာကာ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြုပြင်ပေးလျက် ရှိ​၏။

မိုးခြိမ်းသံသည် အလွန်အားကောင်းသောကြောင့် အများစုကို ခန္ဓာကိုယ်မှ ဖယ်ထုတ်လိုက် နိုင်သော်လည်း အများစုမှာ လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။

မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းတွေ ရပ်သွားတော့ မိုးကြိုးသားရဲက မြေပြင်ပေါ်မှာ တ၀က်လောက် ဒူးထောက်လိုက်လေသည်။ နတ်မိုးခြိမ်းသံက အလွန်တန်ခိုးကြီးသဖြင့် ၎င်း၏ ကိုယ်ခန္ဓာကလည်း အကြာကြီး ခံနိုင်ရည် မရှိပေ။

မိုးခြိမ်းသံများ ပြန့်ကျဲသွားသောအခါ မိုးကြိုးသားရဲပေါ်ရှိ လုရွှမ်သည် လူသားအားလုံးကို မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွား​စေခဲ့သည်။

လုရွှမ်မှာ မိုးကြိုးသားရဲ၏ နောက်ကျောတွင် ခိုင်မြဲစွာ ထိုင်နေသေးသော်လည်း မိုးကြိုးသားရဲသည် အလွန်အိပ်ငိုက်နေသလို မတ်တပ်ပင် မထနိုင်​တော့ပေ။

လုရွှမ်သည် မိုးကြိုးသားရဲပေါ်မှ ခုန်ဆင်းကာ မိုးကြိုးသားရဲဆီသို့ လှမ်းအော်လိုက်ပြီး

"ငါပြောတာ မင်းနားလည်မှန်း ငါသိတယ်... အဝါရောင် သဲမုန်တိုင်းက မကြာခင် ရောက်လာတော့မှာ မြို့ငယ်လေးကို မဝင်ရင် အကုန်လုံး သေကုန်လိမ့်မယ် ဆက်တိုက်ချင်ရင် သဲမုန်တိုင်းကနေ လွတ်မြောက်ပြီးသွားရင် ငါတို့ ထပ်တိုက်နိုင်တယ် နားလည်လား?"

မိုးကြိုးသားရဲကြီး၏ မျက်လုံးများ ပြူးသွားကာ အသက်ပြင်းပြင်းရှူရင်း ခေါင်းညိတ်ပြလိုက်သည်။

မဟာသူတော်စင် ဖြစ်လာသောအခါ သူ့ရဲ့ ဉာဏ်ရည်ဟာ အတော်အတန် မြင့်မားနေပြီ ဖြစ်တဲ့အတွက် မိုးကြိုးသားရဲလည်း ရှေ့လာမည့် အန္တရာယ်များကို အလွန်သဘောပေါက်​လေသည်။

ဆရာကြီးကွာရစ် နှင့် လူကြီးမင်းထျန်ယွမ်ရှန်တို့ ပြေးချလာပြီး လုရွှမ်ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ အမှန်တကယ် ရက်စက်သော သူသည် တ​ခြားသူအပေါ်မှ ရက်စက်တတ်တာ မဟုတ်ဘဲ သူ့ကိုယ်သူလည်း ရက်စက်တတ်​ကြသည်။

မိုးကြိုးသားရဲ၏ နတ်မိုးခြိမ်းသံက အလွန်ကြောက်စရာ ကောင်းလှ၏။ အနည်းဆုံးတော့ သူတို့နှစ်ယောက်ပင် ယင်းကို မတားနိုင်မှန်း သိပါသည်။

ယခင်က လုရွှမ်ကို ရင်ဆိုင်ရသောအခါ လူကြီးမင်းထျန်ယွမ်ရှန်မှာ အနည်းနှင့်အများ မောက်မာခဲ့သော်လည်း ယခုအခါမှာတော့ မာန မ​ကြီးဝံ့တော့ပေ။ ရုတ်တရက် အခွင့်ကောင်း ယူတတ်တဲ့ ဆရာကြီးကွာရစ်လို လူက အငယ်တန်း သူတော်စင်​လေးနဲ့ ပေါင်းသင်းလိုစိတ် ရှိလာတာ အံ့သြစရာတော့ မရှိတော့ချေ။

ဒါက ရုပ်သေးရုပ် မဟုတ်တဲ့ လူသတ်ဘုရား ဆိုတာ ထင်ရှားပေသည်။

မိုးကြိုးသားရဲသည် မတ်တတ်ထ၍ ကြိမ်ဖန်များစွာ လှုပ်ခါကာ မြို့ငယ်လေးဆီသို့ လျှောက်သွားကာ သူတို့သုံးယောက်လည်း နောက်မှ လိုက်သွားကြသည်။ သားရဲ တစ်စုက သူတို့ သုံးယောက်ကို ခြိမ်းခြောက် အော်ဟစ်ကြသည်။ လုရွှမ်ကတော့ ငြိမ်သက်စွာ လျှောက်သွားကာ သူတို့ နှစ်ယောက်ကို လျှို့ဝှက်စွာ ကြည့်စေကာ ကြောက်ရွံ့ ရှက်စိတ်ဝင်လာ​စေသည်။

မိုးကြိုးသားရဲ၏ စွမ်းအား အောက်တွင် နတ်ဆိုးသားရဲအုပ်စု တစ်စုသည် လူသုံးယောက်ကို တိုက်ခိုက်ရန် မဝံ့ရဲကြဘဲ ဉာဏ်ပညာရှိစွာ လမ်းဖွင့်ပေးခဲ့သည်။

လုရွှမ်က မြို့ငယ်လေးကို သူ့ဓားရှည်ဖြင့် ထိုးညွှန်လိုက်သည်။ မြို့က မကြီးသလို တံတိုင်းကလည်း မမြင့်တာကြောင့် မြို့ငယ်လေးရဲ့ တံတိုင်းနောက်မှာ ပုန်းနေတဲ့ လူနှစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

သူတို့နှစ်ဦးသည် လုရွှမ်ရဲ့ အ​စောက ​လုပ်ရပ်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး လုရွှမ် ထိုလူနှစ်ဦးကို ကြည့်သောအခါ သူတို့နှစ်ဦးကလည်း လုရွှမ်ကို စိုက်ကြည့်နေကြသည်။

အရင်က မသေချာမရေရာမှုတွေ ရှိခဲ့ပေမယ့် အခုတော့ မိုးကြိုးသားရဲကို အနိုင်ယူခဲ့တဲ့သူဟာ သူတော်စင်တစ်ယောက်သာ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ။

"နံရံ​နောက်မှာ ရှိတဲ့ ညီအကိုနှစ်ယောက်.... မင်းတို့ရဲ့ စကားပြောခွင့် ရှိသူတွေကို ထွက်လာခိုင်းလိုက်... ငါသူတို့နဲ့ စကားနည်းနည်းလောက် ပြောချင်တယ်"

ရက်စက်ကြမ်းကြုတ်သော သားရဲများက မြို့ငယ်လေးရဲ့ ကာကွယ်ရေး အခင်းအကျင်းက ဘယ်လောက် အစွမ်းထက်ကြောင်း သက်သေပြခဲ့ပြီး​ပြီ ဖြစ်သည်။ ဒီအတိုင်းသာဆို သဲမုန်တိုင်း မကျရောက်မီတွင် မြို့ထဲသို့ အလျင်အမြန် ဝင်ရောက်နိုင်မည် မဟုတ်ပေ။

မြို့ငယ်လေးထဲက လူနှစ်ယောက်သည် လုရွှမ်ရဲ့ စကားကို လျစ်လျူမရှုဝံ့ဘဲ မကြာမီ လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးကို မြို့ရိုးဆီသို့ အပြေးအလွှား ခေါ်ဆောင်လာကြသည်။

လုရွှမ် မြို့ရိုးပေါ်က လူကိုးဦးကို စိုက်ကြည့်နေသည်။ သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အားနည်းခြင်းမရှိပေ။ အနည်းဆုံး သူတို့သည် အပြင်းထန်ဆုံးသော သူတော်စင်များ ဖြစ်သည်။ ၎င်းတို့ထဲမှ နှစ်ဦးဖြစ်သော ယောက်ျားနှင့် အမျိုးသမီး တစ်ဦးမှာ မဟာသူတော်စင် ပထမအဆင့်တွင် ရှိနေပြီး လူနှစ်ယောက်က ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တွေ ဖြစ်ပုံရသည်။

"နာမည်ဘယ်လိုခေါ်လဲ? မင်းဘယ်က လာတာလဲ?"

အဲဒီလူက သူ့နာမည်ကို ပြောပြချင်ပုံမပေါ်ဘဲ အရင် မေးလိုက်သည်။ ထင်ရှားတာက သူဟာ လုရွှမ်ရဲ့ နောက်ခံသမိုင်းကြောင်းကို သတိပြုမိသွားတာ သိသာထင်ရှားလှပြီး သူ့လို ပါရမီရှင်မိသားစုကို မစော်ကားမိအောင် လုပ်လိုခြင်း ဖြစ်မည်။

"လုရွှမ်! ရှေးဟောင်း လျှပ်စီးကမ္ဘာ"

တိမ်ပင်လယ်နယ်မြေကို ဘယ်သူမှ မသိနိုင်ပေ။ ရှေးဟောင်း လျှပ်စီးကမ္ဘာသည် အနီးနားရှိ ကမ္ဘာငယ်လေးတွင် နာမည်ကောင်းရှိပြီး ၎င်းတို့နှစ်ဦးကို ခြိမ်းခြောက်နိုင်လောက်သည်။

သေချာတာပေါ့။ သူတို့ နှစ်ယောက်လုံးရဲ့ အမူအရာတွေ ပြောင်းလဲသွားခဲ့၏။ ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ သူတို့ သိပြီးသား ကမ္ဘာတစ်ခု ဖြစ်သော်လည်း လုရွှမ် အကြောင်းကိုတော့ သူတို့ တစ်ခါမှ မကြားဖူးပေ။

သူတို့နှစ်ယောက် ချက်ချင်းလှည့်ပြီး ဆွေးနွေးဖို့ မြို့ငယ်လေးမှာ ​ပြန်ပုန်းနေလိုက်သည်။

လုရွှမ် သူ့စိတ်ထဲတွင် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူတို့၏ မျက်လုံးများထဲက မှုန်ကုပ်ကုပ် အရိပ်အယောင်များကို ကြည့်လိုက်ရုံဖြင့် ခိုးဝင်ချင်တဲ့ သူ့အစီအစဉ် မအောင်မြင်နိုင်ကြောင်း သိ​လိုက်ပါသည်။

ထို့နောက် ယောက်ျားပျိုက ဆိုလာခဲ့သည်။

"တောင်းပန်ပါတယ်.... အဝါရောင်သဲမုန်တိုင်းက မကြာခင် ရောက်လာတော့မှာ ဆိုတော့ ခွင့်ပြုချက်မရှိဘဲ အခင်းအကျင်း ကန့်သတ်ချက်တွေကို ကျွန်တော်တို့ မဖွင့်ရဲတော့ဘူး.... သခင်လေးလုရွှမ်က မိသားစုထဲမှာ ထူးချွန်တဲ့ သူတစ်ယောက် ဖြစ်နိုင်တာမလို့ သခင်လေး အနေနဲ့ ဒီဘေးဥပဒ်ကနေ လွတ်မြောက်ဖို့ နည်းလမ်း ရှိရမယ်... ဒါ​ကြောင့်​ ကျွန်​​တော်​တို့ ညီ​လေးလုရဲ့ အချိန်​ကို မဖြုန်း​တော့ပါဘူး"

လူနှစ်ဦး၏ ခေါင်းများက နောက်တစ်ကြိမ် ပြန်လှည့်သွားကာ မြို့ငယ်လေး၏ အကာအကွယ် အခင်းအကျင်းဟာလည်း တောက်ပလာခဲ့သည်။

"မင်းတော်တော် သတ္တိ​ကောင်း​နေတာပဲ!"

လူကြီးမင်းထျန်ယွမ်ရှန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မြို့ငယ်လေးက အခုထွက်ပြေးဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ သူတို့ မဝင်နိုင်ရင် သူ့ဘဝရဲ့ ကျင့်ကြံမှု 90% ကျော်ဟာ အပြင်မှာ ဆုံးရှုံးလိုက်ရမှာမို့ အလွန်အမင်း စိုးရိမ်နေမိသည်။

မြို့ငယ်လေးကို ယခင်က စောင့်ကြပ်နေသော လူနှစ်ယောက်သည် လူကြီးမင်းထျန်ယွမ်ရှန် ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ခေါင်းကို လှည့်၍ လျစ်လျူရှုထားကြသည်။

"ငါတို့ဘာလုပ်သင့်လဲ?"

ဆရာကြီးကွာရစ်က လုရွှမ်ကို ကြည့်ရင်း ပြောလိုက်သည်။

All Chapters