← Chapters

မြေကြီးထဲကို တူးမယ်

Vol. 58 Ch. 4.378

မြေကြီးထဲကို တူးမယ်

Vol. 58 Ch. 4.378

အကွာအဝေး တစ်ခုတွင် အဝါရောင် သဲမုန်တိုင်းသည် နီးကပ်လာနေပြီ။ သဲတွေက ကောင်းကင်ကို လှုပ်ခါလျက် နေကို ပိတ်ဆို့ထားကာ ကောင်းကင်က ပို၍ မည်းမှောင်လာသည်။ မြို့ငယ်လေး၏ အကာအကွယ် အစီအရင်သည် ယခုအချိန်တွင် တောက်ပသော အလင်းရောင်တစ်ခုလို ဖြစ်နေပြီး အနီးပတ်ဝန်းကျင်ကို လင်းထိန်​နေစေသည်။

တဟုန်းဟုန်း မြည်သံများ ထွက်ပေါ်လာပြီး ပို၍ ရက်စက်သော နတ်ဆိုးသားရဲများ ဤနေရာတွင် စုဝေးလာကြသည်။

အခုလို ကြောက်မက်ဖွယ် သဘာဝဘေးဒဏ်ကို ရင်ဆိုင်ရသောအခါတွင် မဟာသူတော်စင်များပင် သူတို့ရဲ့ တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့သည်။ ဆရာကြီးကွာရစ် နှင့် လူကြီးမင်းထျန်ယွမ်ရှန်တို့ဟာ လုရွှမ်အား အားကိုးရာမဲ့ မျက်လုံးများဖြင့် ကြည့်နေ​ကြသည်။

ယခင်က လုရွှမ်သည် ရွှမ်ထျန်းကင်းမြီးကောက်ကို သတ်ခဲ့ပြီး မိုးကြိုးသားရဲကိုလည်း အနိုင်ယူခဲ့သည်။ မသိလိုက်ဘဲ လုရွှမ်ရဲ့ အစွမ်းအစက သူတို့နှစ်ဦးရဲ့ နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီ။

သေရေးရှင်ရေး အကျပ်အတည်း ဖြစ်လာချိန်တွင် အားကိုးရာမဲ့ လူနှစ်ဦးသည် လုရွှမ်အား ၎င်းတို့၏ နောက်ဆုံး မျှော်လင့်ချက်အဖြစ် အမှတ်မထင် သတ်မှတ်ခဲ့ကြသည်။

လုရွှမ်၏ မျက်လုံးများသည် မြို့ငယ်လေး၏ အစီအရင်ကို ကြည့်ကာ အဆက်မပြတ် အကဲခတ်ရင်း လင်းလက် တောက်ပနေသည်။ သို့သော် အလွန် မထင်မရှားသာ ခံစားခဲ့ရပြီး ဘာမှ သဲသဲကွဲကွဲ မမြင်ရပေ။ လုရွှမ်လည်း ဒီအခြေအနေကို တစ်ကြိမ် ကြုံဖူးတာပဲ ဖြစ်လေ၏။

လက်ရှိနေရာတွင် အာကာသ သလင်းကျောက်များကို မြှုပ်နှံထားသည်။ သလင်းကျောက်၏ အထူး ဂုဏ်သတ္တိများကြောင့် သဘာဝအစီအရင်က ဖြစ်ပေါ်လာခဲ့​ခြင်း ​ဖြစ်သည်။

“နည်းလမ်းရှိလား?”

လူကြီးမင်းထျန်ယွမ်ရှန်မှ မေးလိုက်သည်။ လုရွှမ်က ခေါင်းယမ်းပြလာရာ လူကြီးမင်းထျန်ယွမ်ရှန်က သက်ပြင်းချပြီး

"ဒီတစ်ခါတော့ သေရတော့မယ် ထင်တယ်"

"ထျန်ကြီး... ငါတို့ သဲထဲကို မ၀င်နိုင်ဘူးလား"

"ဝင်လို့ရရင် ဒီလို ရက်စက်တဲ့ အကောင်တွေက ဘာလို့ ပုန်းမနေဘဲ ရပ်​နေမှာလဲ? အဝါရောင်သဲ မုန်တိုင်းက သဲဝါကမ္ဘာ တစ်ခုလုံးကို ဖြတ်ကျော်သွားပြီး ကောင်းကင်မှာ အဝါရောင်သဲတွေနဲ့ ပြည့်နေမှာ... ဒီမြို့ငယ်လေးကလွဲလို့ တခြားနေရာတွေက ကောင်းကင်ထက်ကို လွင့်စင်ကျသွားမှာကွ.."

ထိုကဲ့သို့ ကြေကွဲဖွယ် အခြေအနေမျိုးကို သူ့မျက်လုံးများဖြင့် မြင်လိုက်ရသလိုမျိုး လူကြီးမင်းထျန်ယွမ်ရှန်က ပြောရင်း သူ့အသံတွေကပင် တုန်ယင်လာခဲ့သည်။

"ဒါဆို ငါတို့ အခုထွက်သွားဖို့လည်း နောက်ကျသွားပြီပေါ့?"

ဆရာကြီး ကွာရစ်က သူအိပ်မက်မက်နေတာ မဟုတ်မှန်း သိပေမယ့် သူ့စိတ်ထဲက ကြောက်ရွံ့မှုတွေကြောင့် မနေနိုင်ဘဲ ထပ်ပြီး အတည်ပြုဖို့ မေးလိုက်မိပြန်သည်။

လူကြီးမင်းထျန်ယွမ်ရှန်မှာ အသက်ရှု ကြပ်သွားဟန် စကားမပြောနိုင်ဘဲ အဝေးက အဝါရောင်သဲတွေကို လှမ်းကြည့်နေလိုက်သည်။

"ကျုပ်မှာ နည်းလမ်းရှိတာလည်း ဖြစ်နိုင်တယ်"

လုရွှမ် ရုတ်တရက် ပြောလိုက်သည်။

"မြန်မြန် ပြောစမ်းပါ!"

ဆရာကြီးကွာရစ် နှင့် လူကြီးမင်းထျန်ယွမ်ရှန်က တညီတညွတ်တည်း အော်ဟစ် လိုက်ကြပြီး သူတို့၏ မျက်လုံးများသည် ရှင်သန်လိုစိတ် အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။

လုရွှမ်သည် မြို့ငယ်လေး တစ်ဝိုက်တွင် စုရုံးနေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများကို လက်ညှိုးထိုးပြပြီး

"မြို့ငယ်လေးက ဘယ်လောက်ကြီးလို့လဲ? အကောင်ကြီးတွေက ဘယ်လောက်တောင် များနေလဲ ကြည့်လိုက်... ပုံမှန်အချိုးအစား အရဆိုရင်တော့ မြို့ငယ်လေးက ဒီသားရဲတွေ ဝင်ပုန်းနေဖို့ မလုံလောက်ဘူး"

လူကြီးမင်းထျန်ယွမ်ရှန် နှင့် ဆရာကြီးကွာရစ်တို့သည် အရပ်ရပ်မှ ဟောက်နေသေးသော သားရဲများကို ခဏတာမျှ မတုံ့ပြန်နိုင်ဘဲ စိုက်ကြည့်နေကြသည်။

ဤသဲမုန်တိုင်းသည် နှစ်ပေါင်းတစ်ရာ အတွင်း ရှားပါးပြီး အလွန်ကြောက်စရာ ကောင်းကြောင်း ကြည့်ရုံနဲ့ကို ဆုံးဖြတ်နိုင်သည်။ မဟုတ်ပါက ဤနေရာတွင် ခိုလှုံရန် ဒီလောက်များတဲ့ သားရဲတွေ ရှိလာမည် မဟုတ်ပေ။

လူကြီးမင်းထျန်ယွမ်ရှန်က သားရဲထိန်းချုပ်သည့် သခင်တစ်ဦး ဖြစ်သည်။ ရက်စက်သော သားရဲများ၊ သူတော်စင် သားရဲများ၏ အလေ့အထနှင့် ပတ်သက်ပြီး အရှင်းဆုံး နားလာ့သည်။ ၎င်းတို့မှာ ကံကြမ္မာကို ရှာဖွေရန်နှင့် ကပ်ဘေးကို ရှောင်တတ်သည့် ရက်စက်သော သားရဲ ဗီဇများ ဖြစ်သည်။

"ဖောက်ထွက်မယ်!"

လုရွှမ်က ဆိုရင်း သူ့လက်ထဲက ဓားရှည်ကြီးကို ဝှေ့ယမ်းလိုက်ရာ အဝါရောင်သဲတွေ ကွဲအက်သွားပြီး အံဝင်ခွင်ကျ ရှိနိုင်တဲ့ အပေါက်ငယ်တစ်ခုကို အမြန်ဖန်တီးလိုက်ကာ သူ့ခန္ဓာကိုယ်က သဲထဲမှာ ပျောက်ကွယ်သွားခဲ့သည်။

ကျန်နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အမြန်ပဲ ပြေးဝင်သွားကြသည်။

လမ်းတစ်လျှောက်လုံးတွင် လုရွှမ်၏ ဓားရှည်သည် ဆက်လက် ခုတ်ထစ်နေပြီး ဓားစွမ်းအင်က သဲများကို ဖြာထွက်သွားစေသည်။

မကြာမီ သူ့ရဲ့ ခံနိုင်ရည်အားက ကျဆင်းလာသလိုမျိုး သဲတွင်းက တင်းကျပ်လာသည်။ သဲထဲတွင် သူ့ကို ဖမ်းမိသွားသကဲ့သို့ တဖြည်းဖြည်း ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လာသည်။

ခဏရပ်ပြီးနောက် လုရွှမ်သည် သူ့ရဲ့ တောက်ကျင့်စဥ် လိုင်းတွေက အနည်းဆုံး သုံးပေလောက်အထိ ပေါ်ထွက်နေတာကို ခံစားလိုက်ရပြီး သူ့ဓားဖြင့် ပြုလုပ်ထားသော အပေါက်မှာ လေးပေကျော်သာ ရှိတော့သည်။

အခုက မြေမျက်နှာပြင်ပေါ်မှာ ရှိနေတုန်းပဲ။ ပိုဆင်းလေလေ အားကို ပိုသုံးရလေမို့ လုံးဝ ပုန်းအောင်းနေနိုင်မည် မဟုတ်ချေ။ သဲမုန်တိုင်းကြီး ဖြတ်ကျော်သွားသည့်အခိုက် သူတို့သည် မလွှဲမရှောင်သာ တောရိုင်းသဲထဲသို့ မျောပါသွားမှာပဲ ဖြစ်သည်။

လူကြီးမင်းထျန်ယွမ်ရှန် နှင့် ဆရာကြီးကွာရစ် တို့သည် အတွေ့အကြုံ များစွာရှိသည်။ လုရွှမ် မြင်နေတဲ့ ပြဿနာများကို သူတို့လည်း ခံစားရသည်။

မြေကြီးထဲဖောက်ပြီး ထွက်ပြေးတဲ့ နည်းလမ်းကလည်း အလုပ်မဖြစ်ဘူး!

"ငါတို့ မလုပ်နိုင်​လောက်ဘူး... လုပ်နိုင်တဲ့ သားရဲတွေ ရှိရမယ်"

လုရွှမ် မလှုပ်တော့ဘဲ အဝါရောင် သဲပြင်ပေါ်ကို အမြန် ပြန်ခုန်ထွက်လိုက်သည်။

ပြင်းစွာသော လေသည် အရပ်ရပ်သို့ မြည်လျက်။ လေပြင်းက ကျောက်စရစ်ခဲများနှင့် ပြည့်နေကာ သူတို့ ခန္ဓာကိုယ်ကို လှံကဲ့သို့ ထိုးနှက်​​နေလေ၏။ သားရဲများက မြေကြီးပေါ်တွင် တွားသွားကာ တွင်းများကို တူးရန် ရုန်းကန်ခဲ့ကြသော်လည်း သူတို့ တစ်ယောက်ပြီးတစ်ယောက် မြန်မြန်ဆန်ဆန်ပင် ပစ်ထုတ်ခံလိုက်ရသည်။

"မိုးကြိုးသားရဲ!"

လုရွှမ်က အော်​ခေါ်လိုက်ပြီး မိုးကြိုးသားရဲဘေးကို အမြန်ပြေးပြီး

"ပူးပေါင်းရအောင်!"

ဤအချိန်၌ မိုးကြိုးသားရဲသည် အရှက်တကွဲ အကျိုးနည်း ဖြစ်နေရာ အကာအကွယ် အစီအရင်ကို အဆက်မပြတ် တိုက်ခိုက်နေပေမယ့် နတ်မိုးခြိမ်းသံက လုံးဝ သက်ရောက်မှု မရှိပေ။ သူ့စွမ်းအားက တခြား ရက်စက် ကြမ်းကြုတ်သော သားရဲများကို မတော်တဆ ထိမှန်သွားပြီး ၎င်းတို့ကို အလွန်ဒေါသ ထွက်လာစေ​တော့သည်။

လက်ရှိ အခိုက်အတန့်တွင် သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်နေရပြီ။ စွမ်းအား ပြင်းထန်သော သားရဲများ ရှင်သန်ရပ်တည်နိုင်ရန် အတွက် ကြိုးစားနေသည့်အကြား မိုးကြိုးသားရဲများမှာ အစွမ်းထက်သော်လည်း တိုက်ခိုက်ခံရသည့် အခါတွင် အလွန်အရှက် ကွဲခဲ့ကြသည်။

လုရွှမ်ရဲ့ အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူသည် ဤလူသား မိုးကြိုး​ကောင်အပေါ် မုန်းတီးခြင်း နှင့် ကြောက်ရွံ့ခြင်း နှစ်မျိုးလုံးကို ခံစားခဲ့ရသည်။

ဓားစွမ်းအင်ကို အကြိမ်ကြိမ် ထိုးနှက်ပြီးနောက် လုရွှမ် မိုးကြိုးသားရဲအား တခြားသူတွေရဲ့ ရန့ကနေ လွတ်မြောက်​စေရန် ကူညီပေးခဲ့သည်။

"ငါ့စကားကို နားထောင်ပါ... ငါ မင်းကို အသက်ရှင်ခွင့်ပေးနိုင်တယ်"

မိုးကြိုးသားရဲ သဘောတူတဲ့အထိ မစောင့်ဆိုင်း​နေဘဲ လုရွှမ်သည် မိုးကြိုးသားရဲ၏ အနောက်သို့ တစ်ဖန် ပြန်ပျံသန်းသွားခဲ့သည်။ မိုးကြိုးသားရဲသည် အလိုလို ရှောင်ထွက်တော့မယ့် အချိန်မှာပဲ လုရွှမ်က ဆိုလိုက်၏။

"မင်းအသက်ရှင်ချင်ရင် ငါစီးခွင့်ပြုလိုက်..."

မိုးကြိုးသားရဲက ညည်းတွားလိုက်သည်။ သူ့မျက်ခုံးကြားက ဦးချိုကို လွှတ်ထုတ်ချင်သည့် အခိုက်မှာပဲ လုရွှမ်က မိုးကြိုးသားရဲရဲ့ နောက်ကျောမှာ ထိုင်​​​ပြီးနေပြီ။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး သဲသောင်ကို ဓားစွမ်းအင်နဲ့ ရိုက်ချလိုက်သည်။

"မြန်မြန်ဝင်သွား!"

လုရွှမ်ရဲ့ ပြင်းထန်သော ဝိညာဉ်စွမ်းအား ခြိမ်းခြောက်မှုကို ခံစားလိုက်ရတဲ့အခါ မိုးကြိုးသားရဲလည်း တွေးတောမ​နေ​တော့ဘဲ တွင်းထဲသို့ ပြေးဝင်သွားခဲ့သည်။ လူကြီးမင်းထျန်ယွမ်ရှန်နဲ့ ဆရာကြီးကွာရစ်တို့လည်း လျင်မြန်စွာ ပြေးဝင်လာကြသည်။

သို့သော် မိုးကြိုးသားရဲရဲ့ ကိုယ်ခန္ဓာသည် ကြီးကြီးမားမား မဟုတ်သော်လည်း သူတို့လမ့းကို ပိတ်ဆို့ထားသလို ဖြစ်​နေသဖြင့် ၎င်းတို့နှစ်ဦးမှာ သဘာဝအတိုင်း လှုပ်ရှားရန် ပို၍ ခက်ခဲ​​နေသည်။ ဒါပေမဲ့ သူတို့ဟာ မိုးကြိုးသားရဲရဲ့ နောက်ကျော​ပေါ်ကိုတော့ မတက်ဝံ့ကြပါဘူး။

လုရွှမ်လည်း ထိုလူနှစ်ယောက်ရဲ့ လှုပ်ရှားမှုကို မြင်ပေမယ့် ဘာမှ မပြောခဲ့ပေ။ အကယ်၍ သူသာ သူတို့ နှစ်ယောက်လို တူညီတဲ့ အခြေအနေမျိုးမှာ ရှိနေပါက သူ့ရဲ့ သေရေးရှင်ရေး အခြေအနေကို ဘယ်သူက ဂရုစိုက်မှာလဲ။

သူတို့နှစ်ယောက်ကို ဒီလိုအန္တရာယ်ရှိတဲ့ အခြေအနေမှာ ကယ်တင်နိုင်စွမ်း မရှိဘူးဆိုတာကို လုရွှမ် ထပ်ပြီး သတိပေး​နေမှာတော့ မဟုတ်ချေ။ အသက် ရှင်နိုင်သည်ဖြစ်စေ မရှင်သန်နိုင်သည်ဖြစ်စေ ဒါက လူတစ်ဦးချင်းစီရဲ့ ကံကြမ္မာအပေါ် မူတည်​လေသည်။

သဲတွေအောက်က ဤကျောက်စရစ်ခဲများထဲ ဖောက်ဝင်သည့် အရှိန်က အလွန် လျင်မြန်လှသည်။ လုရွှမ်ရဲ့ အရှိန်က ဘယ်လောက်ပဲ လျင်မြန်ပါစေ သူ့ရဲ့ ဓားစွမ်းအင် ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ကျောက်စရစ်ခဲတွေ အရည်ပျော်သွားသည့် အရှိန်လိုတော့ မမြန်သေးပေ။

"ငါလှုပ်ရှားတာကို ကြည့်ထား.... ငါ့ဓားစွမ်းအင်ကို ဝေ့ယမ်းလိုက်တိုင်း မင်းက မိုးကြိုးစွမ်းအားကို ပစ်လိုက်! နားလည်လား?"

လုရွှမ် အော်လိုက်သည်။ တကယ်တော့ လုရွှမ်လည်း သူ့စိတ်ထဲမှာ ပိုင်နိုင်မှု သိပ်မရှိပါဘူး။ ဒါပေမဲ့ ဒီအချိန်မှာ အခွင့်အရေးကလည်း များများစားစား မရှိတော့ဘူးလေ။

မိုးကြိုးသားရဲက သူနားလည်ကြောင်း ညွှန်ပြရန် ညည်းတွားလိုက်သည်။

ဓားစွမ်းအင်များ ပြေးထွက် သွားပြီးနောက် နတ်မိုးခြိမ်းသံများက တစ်ဆင်တည်း ပါလာကာ သဲတွင်းတစ်ခု လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။ လူတစ်​ယောက်နှင့် သားရဲတစ်ကောင်မှာ လျင်မြန်စွာ ထိုးဆင်းလာခဲ့သည်။

ကြီးမားသော ခုခံမှုသည် သူတို့အား ကျောက်စရစ် မျက်နှာပြင်ဆီသို့ ဆက်လက် တွန်းပို့နေခဲ့သည်။ လုရွှမ်နှင့် မိုးကြိုးသားရဲတို့သည် အတွဲညီညီ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ဖြစ်စဉ်တစ်ခုလုံးတွင် သူတို့ ခဏတာမျှတောင် မရပ်တန့်ခဲ့ကြပေ။

ဒါက လူကြီးမင်းထျန်ယွမ်ရှန် နဲ့ ဆရာကြီးကွာရစ်တို့ အတွက် ခက်ခဲမှုတစ်ခု ဖြစ်လာခဲ့၏။ အစပိုင်းမှာတော့ သူတို့ ထိန်းနိုင်သလောက် လိုက်နိုင်ခဲ့ပေမယ့် မကြာခင်မှာပဲ သဲတွင်းကို ခုခံမှု​နေရတာဟာ ပိုပိုကြီးလာနေတာကို တွေ့လိုက်ကြပြီး လုရွှမ်နဲ့ သူတို့ကြားက ကွာဟမှုကလည်း ပိုကြီးလာခဲ့သည်။

နောက်ဆုံးမှာတော့ ပြင်းပြင်းထန်ထန် ခုခံရင်း ပြေးဝင်လာချိန် သူတို့နှစ်ယောက်မှာ လုရွှမ်ကို လုံးဝ မျက်ချေပြတ်သွားတော့သည်။

All Chapters