သားရဲ လိုက်လာခြင်း
Vol. 58 Ch. 4.380
ဤအဝါရောင် သဲသောင်အောက်မှာ အပိုင်းပိုင်း ပြတ်တောက်နေသော အလောင်းများ မြှုပ်နှံထားတာကို လုရွှမ် သိသည်။ ဒါက သေးငယ်တဲ့ အစိတ်အပိုင်းမျှသာ ဖြစ်ပြီး ဘယ်နေရာမှာ ရှိနေတယ် ဆိုတာကို ဘယ်သူမှ မသိလောက်ပေ။
ဝူဝူ!
မိုးကြိုးသားရဲရဲ့ အော်ဟစ်သံပဲ ဖြစ်သည်။ ၎င်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ကောင်းကင်က အဝါရောင်သဲများကို ဝမ်းနည်းစွာဖြင့် ကြည့်နေလေသည်။
"ကောင်းကောင်းနေခဲ့!"
လုရွှမ် မိုးကြိုးသားရဲရဲ့ ကိုယ်ကို ပွတ်သပ်လိုက်ကာ သူ့ခြေဖဝါးအောက်မှ လေပြင်းနိယာမ စွမ်းအင်လိုင်းများ တောက်ပလာပြီး လုရွှမ်ရဲ့ ရုပ်ပုံက ရုတ်တရက် ပျောက်သွားတော့သည်။
ဝူးဝူး
လုရွှမ်ကို မတားနိုင်တဲ့ မိုးကြိုးသားရဲက နောက်မှ လိုက်သွားခဲ့သည်။ ပထမတော့ လုရွှမ်လည်း သူတို့ ဦးတည်ရာက တူနေတယ်လို့ပဲ ထင်ခဲ့ပေမယ့် သူ မြန်လာတဲ့အခါ သူ့နောက်က မိုးကြိုးသားရဲက ပိုမြန်လာပြီး သူနှေးသွားတဲ့အခါ သူ့နောက်က မိုးကြိုးသားရဲက ပိုနှေးသွား၏။ မိုးကြိုးသားရဲက သူ့နောက်ကို လိုက်လာတာ သိသာလေသည်။
လုရွှမ် တကယ်တော့ ဒီအဝါရောင် သဲမုန်တိုင်းဟာ နှစ်ပေါင်းရာနှင့်ချီ၍ မတွေ့ဖူးသော မုန်တိုင်းဖြစ်ကြောင်း မသိခဲ့ပါ။ သဘာဝ အခင်းအကျင်း အစီအရင်ကသာ လွတ်မြောက်ရာလမ်း ဖြစ်တာကြောင့် ကံကောင်းသော ကျင့်ကြံသူတချို့က သေးငယ်သော မြို့ငယ်လေး၏ အကူအညီဖြင့် ဤဘေးဆိုးမှ လွတ်မြောက်ရန် မျှော်လင့်ချက်ထားသလို သားရဲ အများစုကလည်း ဤနေရာအထိ ပြေးလာကြသည်။
မမျှော်လင့်ဘဲ မြို့ထဲက လူများ၏ တွက်ချက်မှုများကြောင့် သဲမုန်တိုင်းက အဆင့်မြင့်သော ရက်စက် ကြမ်းကြုတ်သည့် သားရဲအများစုကို လုံးဝ သုတ်သင်ပစ်လိုက်သည်။ မိုးကြိုးသားရဲမှာ စိတ်ဓာတ်ကျကာ ဤနေရာမှ ထွက်သွားရန် စိတ်ကူးရှိခဲ့သည်။
သို့သော် ဒီအတိုင်း အပြင် ထွက်သွားရတာက အန္တရာယ် ရှိပြီး ကောင်းကောင်း လုပ်နိုင်တဲ့သူက လုရွှမ်ပဲမို့ အရှက်မရှိ သူ့နောက်ကို လိုက်လာခဲ့ခြင်း ဖြစ်၏။
"ကောင်းပြီ.... မင်းငါ့နောက်ကို လိုက်ချင်ရင် ငါ့နောက်လိုက် လုပ်ပေါ့.... ငါတို့အပြင် ထွက်နိုင်တဲ့အခါ မင်းအတွက် နတ်ဆိုးအသွင်ပြောင်းတဲ့ မြက်ပင်ကို ရှာပေးမယ်... အဲဒီအခါ မင်းဘာသာ နေမလား ထွက်သွားမလား ဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်"
လုရွှမ် မိုးကြိုးသားရဲရဲ့ နောက်ကျောပေါ်သို့ ခုန်တက်သွားသည်။ မိုးကြိုးသားရဲက ညည်းတွားကာ ပျော်ရွှင်စွာဖြင့် အဝေးသို့ ပြေးထွက်လာခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် သူသည် သဲဝါကမ္ဘာ၏ အဓိကနေရာမှ ထွက်လာခဲ့ပြီး သဲဝါမြို့သို့ ရောက်ရှိခဲ့သည်။ ဈေးမြင့်မြင့်ပေး၍ နတ်ဆိုးအသွင်ပြောင်း မြက်ပင်ကို ဝယ်ခဲ့သည်။
မိုးကြိုးသားရဲသည် ရိုးသားပြီး ကြိုးစားသော လူလတ်ပိုင်းအရွယ် လူတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားသည်။
သူ့ဘေးမှာ မဟာသူတော်စင် နယ်ပယ်မှ နတ်ဆိုးကျင့်ကြံသူ တစ်ဦး ရှိလာခဲ့ပြီ။ လုရွှမ်က ဘယ်သူကိုမဆို သူ့နောက်လိုက်အဖြစ် လက်ခံရန် သဘာဝအလျောက် ငြင်းဆိုတတ်သူပင်။ သူက မိုးကြိုးသားရဲ လိန်ဟော့ ဟု ခေါ်တွင်ခဲ့သည်။
သူတို့နှစ်ယောက် နေရာပြောင်း အစီအရင်ကို သုံး၍ ရှေးဟောင်းလျှပ်စီး ကမ္ဘာသို့ ထွက်ခွာလာ၏။ တခြားလူတွေနဲ့ ဆက်သွယ်ရင်း လုရွှမ် အနီးနားရှိ ကမ္ဘာငယ်လေး၏ အခြေအနေကို နားလည်ခဲ့သည်။
ဤကမ္ဘာငယ်လေး၏ တစ်ခုတည်းသော ဗဟိုချက်ဖြစ်သည့် ကမ္ဘာကြီး၏ အနောက်မြောက်ဘက်သည် အတော်လေး ဝေးကွာလှသည်။
ဤနေရာရှိ အမာခံအဖြစ် ကမ္ဘာငယ် သုံးခုရှိ၏။ ရှေးဟောင်း လျှပ်စီးကမ္ဘာ၊ ရှေးဟောင်း ကိုယ်ခံပညာကမ္ဘာနှင့် ရှေးဟောင်းလကမ္ဘာတို့ ဖြစ်ကြသည်။ သို့သော် ရှေးဟောင်းလကမ္ဘာသည် မကြာခဏ အာကာသလေပြင်း တိုက်ခတ်မှုဒဏ်ကို ခံခဲ့ရတာကြောင့် တဖြည်းဖြည်း ပျက်စီးနေပြီမို့ ရှေးဟောင်းလျှပ်စီး ကမ္ဘာနှင့် ရှေးဟောင်း ကိုယ်ခံပညာကမ္ဘာတို့မှာ အနီးနားရှိ ကမ္ဘာငယ်လေး၏ အဓိက ဧရိယာအဖြစ် သတ်မှတ် ခံလာရသည်။
ထို့ပြင် ထိုကမ္ဘာငယ် နှစ်ခု၏ အလယ်ဗဟိုတွင် အဆင့်မြင့်သော ကမ္ဘာသို့ တက်နိုင်သည့် လမ်းကြောင်းတစ်ခုလည်း ရှိနေပါသေးသည်။
ရှေးဟောင်း ကိုယ်ခံပညာကမ္ဘာနှင့် နှိုင်းယှဉ်ပါက လုရွှမ်သည် ရှေးဟောင်း လျှပ်စီးကမ္ဘာနှင့် သဘာဝကျကျ ပိုမိုရင်းနှီးသောကြောင့် ရှေးဟောင်း လျှပ်စီးကမ္ဘာထဲသို့ ဝင်လာခဲ့သည်။
တစ်ချိန်က ရွှမ်ခုန်းတောင်တွင် သေရေးရှင်ရေး အတွေ့အကြုံများကို အတူရင်ဆိုင်ခဲ့သော ညီအစ်ကိုများကိုလည်း သတိရမိသည်။ အခုအချိန်မှာ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေ ဘယ်လို ဖြစ်နေသလဲ သိချင်ပါသေး၏။
နေရာပြောင်း အစီအရင်ရဲ့ အပြင်ဘက်တွင်တော့ အလွန် အသက်ဝင်နေပြီး လုရွှမ် နှင့် လိန်ဟော့တို့သည် ဤစည်ကားသော လေထုထဲကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့ကြသည်။
"ဟေး... ဒီကအကြီးအကဲ နှစ်ယောက်... မင်းတို့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပန်းသဏ္ဌာန်ကို ကြည့်ရတာ အဝေးကြီးက လာခဲ့ကြတာ မဟုတ်လား? စိတ်မြေပုံကို ကြည့်ကြည့်ချင်လား?"
နေရာပြောင်း အစီအရင်ထဲက ထွက်လာတာနဲ့ ဘေးနားက စျေးသည်တွေ ပြေးချလာပြီး အရောင်းသွက်သော ထုတ်ကုန်များကို မိတ်ဆက်ပေးလာ၏။
လုရွှမ်လည်း ဒီမြေပုံအကြောင်း သိသည်။ ၎င်းသည် ကျောက်စိမ်းပြားထဲတွင် သိမ်းဆည်းထားသော ဤကမ္ဘာ၏ ယေဘုယျမြေပုံ တစ်ခုဖြစ်သည်။ ၎င်းကို စိတ်ဝိညာဉ် စွမ်းအားဖြင့် ဆယ်သွယ်နေသမျှ ကာလပတ်လုံး ဤကမ္ဘာ၏ ယေဘုယျမှတ်တိုင်များနှင့် တခြားအရာများကို တွေ့မြင်နိုင်တာကြောင့် အလွန် အသုံးဝင်ပါသည်။
ထို့ကြောင့် စျေးနှုန်းက အလွန်စျေးကြီး နေသော်လည်း အလွန်ရေပန်းစားဆဲ ဖြစ်သည်။
သူတော်စင် ဝိညာဉ်တော် သလင်းကျောက် အလုံးနှစ်ဆယ်ကို ပေးလိုက်တဲ့အခါ ရောင်းချသူက ပြုံးကာ စိတ်မြေပုံနှစ်ချပ်ကို ပေးလာခဲ့သည်။
"အကြီးအကဲတို့ နှစ်ယောက် ရှေးဟောင်း လျှပ်စီးကမ္ဘာထဲကို ဒီအချိန်မှာ လာခဲ့တာ မန်ဟွမ်နတ်ဘုရားမျှော်စင် ပေါ်ထွက်လာတာကို ကြည့်ဖို့ လာခဲ့တာဖြစ်မယ် ဟုတ်တယ်မလား?"
စျေးရောင်းသူသည် ငယ်ရွယ်ပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ဖြစ်ကာ သူက အဆင့်မြင့် အကြီးအကဲတွေကို မြင်ဖူးနေကျ ဖြစ်လိမ့်မည်။ လုရွှမ်တို့ကို စိတ်ပါလက်ပါနဲ့ ပြောလာလေသည်။
လုရွှမ် လိန်ဟော့ကို တစ်ချက် ကြည့်လိုက်ကာ လိန်ဟော့ပုံစံက အနည်းငယ် ရယ်စရာကောင်းနေသလို ခံစားရလေ၏။
"ပြောကြည့်!"
လုရွှမ် သူတော်စင် ဝိညာဉ်ကျောက်တုံးကို ပေါ့ပေါ့တန်တန် ပစ်ပေးလိုက်သည်။
လုရွှမ်က အလွန်ရက်ရောတာကို တွေ့လိုက်ရသောအခါ စျေးရောင်းသူက အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကိုင်ဆောင်ထားလျက် အလွန်ကျေနပ်သွား၏။ သူက အလျင်အမြန် ယူကာ သိုလှောင်အိတ်ထဲသို့ ဂရုတစိုက်ထည့်ကာ ပန်းတစ်ပွင့်လို ပြုံးနေလိုက်သည်။
"အကြီးအကဲ နှစ်ယောက်ခင်ဗျ.... ဒီ မန်ဟွမ်နတ်ဘုရားမျှော်စင်က ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ လူသားမျိုးနွယ်ရဲ့ အဖိုးတန်ဆုံး ရတနာတစ်ခုပဲ ဒါကို လူတိုင်းသိတယ်... မန်ဟွမ်နတ်ဘုရားမျှော်စင်က ရှေးဟောင်း လျှပ်စီးကမ္ဘာကြီးမှာ မွေးဖွားခဲ့တဲ့ ပထမဆုံး ရတနာလို့တောင် ကောလဟာလတွေ ထွက်ခဲ့ဖူးတယ်... ဒီလောက်ဆို ဘယ်လောက် ထူးခြားတယ် ဆိုတာကို စိတ်ကူးကြည့်နိုင်လောက်ပါပြီ"
ထိုအခိုက် ရုတ်တရတ် ဘေးနားမှ ကြောက်စရာကောင်းသော ရယ်မောသံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ မွေးဖွားလာတဲ့ ပထမဆုံး ကမ္ဘာ့ရတနာ ဖြစ်ရင်တောင် ဘာကြောင့် လူသားမျိုးနွယ်ရဲ့ ရတနာ ဖြစ်ရတာလဲ? ဘာလို့ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်က မဟုတ်ရတာလဲ?"
စကားပြောသူသည် လင်းယုန်ဦးခေါင်းနှင့် လူသား ခန္ဓာကိုယ်ရှိသော နတ်ဆိုး သူတော်စင်နယ်ပယ်က လူတစ်ဦးဖြစ်သည်။ သူက လူသားတစ်ဦး အဖြစ်သို့ ပြောင်းလဲနိုင်သော်လည်း လင်းယုန်ခေါင်းကို တမင်တကာ ထိန်းသိမ်းထား၏။
စျေးရောင်းသူ၏ မျက်နှာမှာ ထိတ်လန့် ခြောက်ခြားသွားကာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူဘယ်လိုလုပ် ကန့်ကွက်ဝံ့ပါတော့မလဲ။ သူက လုရွှမ်နဲ့ လိန်ဟော့တို့ကို လူသားမျိုးနွယ်ရဲ့ အကြီးမြတ်ဆုံး ရတနာဖြစ်ကြောင်း အခုလေးတင် ပြောခဲ့တာ မဟုတ်လား?
"ဟုတ်ပါတယ် ဟုတ်ပါတယ်....ဒီက အကြီးအကဲ ပြောတာလည်း မှန်ပါတယ်... မန်ဟွမ်နတ်ဘုရားမျှော်စင်က ရှေးဟောင်း လျှပ်စီးကမ္ဘာက သက်ရှိသတ္တဝါ အားလုံးအတွက် အဖိုးတန်ဆုံး ရတနာပဲ"
လင်းယုန်ဦးခေါင်း လူသားက
"တကယ်လား? ငါတို့မျိုးရိုးရဲ့ မှတ်တမ်းတွေအရ မန်ဟွမ်နတ်ဘုရားမျှော်စင်က ငါတို့နတ်ဆိုးမျိုးရိုးရဲ့ အဖိုးတန်ဆုံး ရတနာပဲတဲ့.... လူသားမျိုးနွယ် အဲဒီအချိန်တုန်းက လူသားမျိုးနွယ် မရှိသေးဘူးမလား?"
ဈေးရောင်းသူမှာ အလွန် ထိတ်လန့်သွားပြီး ဘာမှ မပြောဝံ့တော့ပေ။ ပါးပြင်မှာ ဖြူဖျော့ဖျော့နှင့် အေးစက်သော ချွေးပုတီးစေ့များက နဖူးပေါ်မှ စီးကျလယသည်။ လင်းယုန်ခေါင်းလူသား၏ စွမ်းအားကို သူ မခံနိုင်ချေ။
လုရွှမ်က စျေးရောင်းသူကို သူ့အနောက်ကို တွန်းပို့လိုက်ပြီး
"ဒီကညီအစ်ကို နည်းနည်း များလွန်းတယ်လို့ မထင်ဘူးလား? သူက စကားပြောရုံပါပဲ မင်း ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ!"
လင်းယုန်ဦးခေါင်း ရှိတဲ့လူက ဟစ်အော်လိုက်ချင်ပေမယ့် သူ့မျက်လုံးတွေက လိန်ဟော့ဘက်ကို စိုက်ကြည့်ရင်း ရုတ်တရက် လန့်ဖြတ်သွားသည်။ သူက လုရွှမ် အနားကို အနီးကပ် လျှောက်သွားနေတာကို မြင်တော့ အံ့သြသွားရပြန်၏။
"ဟမ့် ငါပြောရင်တောင် မင်းတို့က နားလည်မှာ မဟုတ်ဘူး.... အချိန်ဖြုန်းတာပဲ အဖတ်တင်တယ်"
ပြောပြီး တိုက်ရိုက် ထွက်ပြေးသွားတော့သည်။
လုရွှမ် ပြုံးပြီး စျေးရောင်းသူလေးရဲ့ ပုခုံးပေါ်ကို တစ်ချက် ပုတ်ကာ လိန်ဟော့နှင့်အတူ ထွက်ခွာသွားခဲ့သည်။ ဈေးသည်လည်း သက်ပြင်းချကာ မြေပုံကို မရောင်းဝံ့တော့ဘဲ ထွက်ပြေးခဲ့သည်။
နေရာပြောင်း အစီအရင်ကို မှီခိုအားထားရင်း ရှေးဟောင်း လျှပ်စီးကမ္ဘာဟု ခေါ်တွင်ရန် ထိုက်တန်သောကြောင့် မြို့ကြီးတစ်မြို့ကို ရောက်လာ၏။ မြို့ထဲတွင် လူများ သွားလာနေ၍ စည်ကားပြီး အလွန်အသက်ဝင်သည်။
တစ်လမ်းလုံး နေရာပြောင်း အစီအရင်ကို သုံးလာတာကြောင့် ပင်ပန်းနေပြီ။ အခုအချိန်က အနားယူရင်း မန်ဟွမ်နတ်ဘုရားမျှော်စင် အကြောင်း မေးမြန်းဖို့ အချိန်ရောက်လေပြီ။
ပြင်းထန်သော သေရည်ရနံ့သည် လမ်းမရှည်ပေါ်တွင် ပျံ့လွင့်နေသဖြင့် လုရွှမ် သူ့နှာခေါင်းကို မရှုံ့ဘဲကို မနေနိုင်တော့ပေ။ လုရွှမ် လိန်ဟော့ကို ဆွဲခေါ်ကာ ကိုးရက်တိုင်တိုင် မူးယစ်ခြင်း သေရည်ဆိုင်သို့ ဝင်လာခဲ့သည်။
သေရည်က အလွန်နူးညံ့ပြီး အရသာရှိပုံပေါ်သည်။ အသက်ပြင်းပြင်း ရှူလိုက်လျှင် ခန္ဓာကိုယ်ထဲက ချွေးပေါက်များ အားလုံး ပွင့်ထွက်သွားကာ အလွန် သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားရသည်။
အသက်ပြင်းပြင်း ရှူပြီးနောက် မပြီးဆုံးသေးသော ခံစားချက်က အဓိပ္ပာယ်မဲ့စွာ ထွက်ပေါ်လာတာကြောင့် လူကို အနည်းငယ် ဒေါသ ထွက်လာစေ၏။
လုရွှမ် မျက်လုံးမှိတ်ပြီး လျှောက်လာနေတာကို မြင်တော့ စားပွဲထိုး တစ်ယောက်က သူ့ဆီ အမြန် ပြေးလာခဲ့သည်။
"အကြီးအကဲ... သေရည် သောက်ချင်ရင် ကျေးဇူးပြုပြီး အပေါ်ထပ်ကို တက်သွားပါ"
လုရွှမ် မွှေးကြိုင်နေသော သေရည်အနံ့ကို ခံစားရင်း တည့်တည့် တက်လာခဲ့သည်။ သူ ကိုးထပ်ကို တက်ခါနီးတွင် စွမ်းအင်တစ်ခုက ရုတ်တရက်ရောက်လာပြီး လုရွှမ်ကို ပိတ်ဆို့ထားလိုက်သည်။
"ခဏစောင့်... မင်းဝင်လို့ မရဘူး"