← Chapters

မမျှော်လင့်ထားသော ဘေးဥပဒ်

Vol. 58 Ch. 4.381

မမျှော်လင့်ထားသော ဘေးဥပဒ်

Vol. 58 Ch. 4.381

လုရွှမ် လက်တစ်ဖက်ကို ဆန့်လျက် လေထုအလယ်ကို ညှစ်လိုက်ရာ မမြင်နိုင်သော စွမ်းအင်သည် မြင်သာထင်သာ ရှိသော အရာတစ်ခုကဲ့သို့ပင် အဖမ်းခံလိုက်ရ၏။ လက်ဖဝါးဖြင့် ဖိညှစ်လိုက်ရာ ဖျစ်ညှစ်သံနှင့်အတူ စွမ်းအင်များ ကြေမွသွားကာ ပတ်ပတ်လည်တွင် လွင့်နေသော လေစီးကြောင်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။

"ဟမ့် မင်းမှာ ခွန်အားတွေ ရှိနေတာပဲ"

မျက်နှာနီရဲရဲနဲ့ လူငယ် တစ်ယောက်က အော်ပြောလာခဲ့သည်။ သူက လုရွှမ်ဆီကို လျှောက်သွားကာ ရှေ့လမ်းကို ပိတ်ဆို့ထားလိုက်၏။

သူ့လက်ကို ဖွင့်ကာ လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်ခြင်းက ရိုးရိုးရှင်းရှင်းကို ရန်စ​​နေခြင်း ဖြစ်သည်။

လူငယ်လေးက ငယ်ရွယ်ပြီး စူးရှသော မျက်လုံးတစ်စုံက လုရွှမ်အား ဝါးစားမတတ် စိုက်ကြည့်ကာ

"ငါပြောပြီးပြီ.. မင်းဒီနေရာကို လာလို့ မရဘူး"

လုရွှမ်က လူငယ်ကို လျစ်လျူရှုကာ ရှေ့ကို ဆက်သွားခဲ့သည်။ လူငယ်က သူ့ရှေ့တွင် ရပ်နေဆဲဖြစ်ပြီး လုရွှမ် သူ့အနားမှ ဖြတ်သွားတာကို တွေ့လိုက်ရသဖြင့် ထိတ်လန့် တုန်လှုပ်သွား၏။ လုရွှမ်ကို တားဆီးရန် ကြိုးပမ်းမှုမှာ လုံးဝ အကျိုးမရှိခဲ့ပေ။

"မင်း!"

လိန်ဟော့က သည်းမခံနိုင်ပေ။ သူက ဒေါသကြီးပြီး ရက်စက်တဲ့ သားရဲတစ်ကောင်ပဲ။ လုရွှမ်သာသူ့ကို လမ်းတလျှောက်မှာ ​ဒေါသလျှော့ဖို့ မပြောပြခဲ့ရင် သူဘယ်လောက်ထိ ဒုက္ခပေးမိမယ် ဆိုတာ မသိနိုင်ချေ။

ဤအခိုက်အတန့်တွင် ယောက်ျားလေး တစ်ယောက်က သူတို့လမ်းကို ပိတ်ဆို့ထားဖို့အထိ သတ္တိရှိနေပြီ။ လိန်ဟော့က လူငယ်လေးအား သူ့လက်ကြီးဖြင့် ဆွဲကိုင်ကာ ပြတင်းပေါက်မှ ပစ်ချလိုက်သည်။

"ဘာကောင်လဲ မင်းက! သခင်လေးသာ လူသားစားတာကို မတားမြစ်ထားရင် ငါ မင်းကို တစ်လုတ်တည်း မျိုချလိုက်မှာ!!"

လိန်ဟော့မှာ ယခုအခါ လူသားအသွင်ဖြင့်ပင် အရပ်ရှည်ပြီး အစွမ်းထက်ဆဲ ဖြစ်သည်။ အထူးသဖြင့် သူ့မျက်နှာမှာ မည်းမှောင်နေသော်လည်း သူ့မျက်ခုံးမွှေး ကြားတွင် အဖြူရောင် အမွေးအမှင်တစ်ခု ရှိနေသဖြင့် ဖော်မပြနိုင်လောက်အောင် ထူးဆန်းနေပုံ​ပေါ်သည်။

သူသည် မိုးခြိမ်းသံကို သယ်ဆောင်နိုင်တယ်လို့ ယူဆရသည့် သားရဲ ဖြစ်ပေသည်။ သူ့ရဲ့ နတ်ဆိုး ရောင်ဝါက မမြင်နိုင်သလောက် ဖုံးကွယ်ထားတာကြောင့် သူ့ကို နတ်ဆိုးတစ်ကောင်ဟု မသိနိုင်ပေ။ သို့သော် မဟာသူတော်စင် အဆင့်ရှိ ကျင့်ကြံမှုကတော့ မှန်ကန်​လေသည်။

သူတော်စင်တစ်ဦး ခရီးထွက်လာသော်ငြား ထူးထူးခြားခြား နောက်ခံရှိကြောင်း သိသာ ထင်ရှားစေတဲ့ မဟာသူတော်စင်က နောက်မှ လိုက်ပါလာခဲ့သည်။

ဒီအချိန်မှာ ခန်းမထဲမှာ ထိုင်နေတဲ့ လူတွေအားလုံးက သူတို့ဘက်ကို တစ်ချက် ကြည့်လာကြသည်။ တချို့လူတွေက ရယ်မောကြပြီး အချို့ကတော့ မရယ်နိုင်ကြချေ။

မကြာခင်မှာပဲ လူငယ်တစ်ယောက် ပြတင်းပေါက်ကနေ ပြေးဝင်လာ၏။ အစောက ပစ်ချခံလိုက်ရတဲ့ လူငယ်လေးပဲ ဖြစ်ချေသည်။

သူ့လက်ထဲတွင် လှံတစ်ချောင်းကို ကိုင်ထားပြီး ဒေါသတကြီး မျက်နှာထားဖြင့် ကျယ်လောင်စွာ အော်ဟစ်ကာ လိန်ဟော့အား တစ်ချက် ထိုးချလိုက်သည်။

"လှံချက်ကို ကြည့်!"

သို့သော်လည်း လိန်ဟော့ရဲ့ အမြင်မှာတော့ ထိုအပြုအမူသည် အမှန်ပင် ဖော်မပြနိုင်သော ရူးသွပ်မှုတစ်ခု ဖြစ်လေ၏။ ရက်စက်ကြမ်းကြုတ်သော သားရဲများကြားက တိုက်ပွဲသည် အံ့အားသင့်စရာ ကောင်းကာ နောက်ဆုံး ရလဒ်အပေါ် အလေးပေးတတ်သည်။

သူသည် လှံကို လက်ဖဝါးဖြင့် တိုက်ရိုက် ဆုပ်ကိုင်ကာ ပြတင်းပေါက်မှ တစ်ဆင့် လူငယ်ကို ထပ်မံ ပစ်ချလိုက်​ပြန်သည်။

လုရွှမ်က ချောမောသော လူငယ်တစ်ဦးကို တစ်ချက် ကြည့်လိုက်သည်။

"ဟာဟား တောင်းပန်ပါတယ် ဒီမင်းသားငယ်လေးက အမြဲတမ်း ရွှင်လန်းတက်ကြွတဲ့ သူတစ်ယောက်ပါ.... ဝါသနာအရ လူတစ်ယောက် နှစ်ယောက်ကို အနိုင်ကျင့်တတ်တာ သာမာန်ပါပဲ.... ကံမကောင်းစွာနဲ့ပဲ မင်းတို့ ဖြစ်သွားရှာတယ် ဟားဟား!"

လူငယ်ချောလေးက အကျယ်ကြီး အော်ရယ်လာ၏။ ထိုအခါ တစ်ထပ်လုံးရှိ လူတိုင်းလည်း ရယ်မောလိုက်ကြသည်။

လုရွှမ် တခြားသူများကို စိုက်ကြည့်ကာ သူ့စိတ်ထဲတွင် လှောင်ရယ်နေ၏။ ဒီလူငယ်လေးရဲ့ ဦးနှောက်မှာ တစ်ခုခု လွဲချော်နေတာမျိုး ဖြစ်နေလောက်သည်။ ဒီလူရဲ့ ပေါ့ပေါ့တန်တန် လှည့်စား​တာကိုသာ ခံလိုက်ရရင် သူ့သွေးတွေ ဆူပွက်လာပြီး သတိမထားမိဘဲ တခြားသူတွေကိုပါ စော်ကားမိလိမ့်မယ်။

ထိုအချိန်တွင် အနောက်မှ လူငယ်သည် ပြေးဝင်လာပြန်သည်။

"လိန်ဟော့... အဲဒီလူငယ်က ဒီလူမိုက်ရဲ့ နောက်လိုက်ပဲ... တွယ်လိုက်တော့!"

လိန်ဟော့က တခစ်ခစ်ရယ်ရင်း ခေါင်းညိတ်လိုက်သည်။ သူတသက်လုံး သဲဝါရောင် သဲကန္တာရမှာ နေထိုင်ခဲ့ပြီး ကမ္ဘာကြီးအပေါ် ဗဟုသုတ မရှိခဲ့ပါ။ လူသား​တွေအပေါ် မုန်းတီးမှုဟာ စိတ်ဝိညာဉ်မှ ဆင်းသက်လာခြင်း ဖြစ်လေသည်။

ဆိုလိုသည်မှာ လုရွှမ်ဆီက ကြင်နာမှုကို ခံစားရပြီးပေမယ့် သူဟာ အခြားသူများအပေါ် ကောင်းသော အထင်ကြီးခြင်းမျိုး မရှိပေ။

ယခုအချိန်တွင် လုရွှမ်ရဲ့ စကား​တွေကို ကြားတော့ လူငယ်လေးရဲ့ မျက်နှာကို လှည့်ရိုက်လိုက်သည်။

လူချောက မတ်တပ်ရပ်ပြီး လူငယ်​လေးကို အမြန် ဖမ်းထားလိုက်သည်။ သို့သော် ရုတ်တရက် ပြင်းထန်သော အရှိန်အဟုန် တစ်ခုကို ခံစားလိုက်ရပြီး မထင်မှတ်ဘဲ လဲကျသွားကာ နှစ်ယောက်သား ဘောလုံးတစ်လုံးလို လှိမ့်သွား​တော့သည်။

လိန်ဟော့က ဒီလောကရဲ့ နိယာမများကို နားမလည်သော်လည်း ငတုံးတော့ ဟုတ်ပေ။ ထိုလူသည် ပြဿနာတစ်ခု ဖြစ်ကြောင်း သိသာသောကြောင့် ထူးဆန်းသော စွမ်းအားကို သုံး၍ နှစ်ဦးစလုံးကို အလွန်အရှက်ရစေခဲ့သည်။

"ကောင်လေး မင်းရည်ရွယ်ချက်ရှိရှိ လုပ်တာမလား?"

ကိုလူချောက လုရွှမ်ကို လက်ညိုးထိုးပြီး အော်လိုက်သည်။ လုရွှမ်ကတော့ ထိုလူရဲ့ လက်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်စွာ လိမ်ချိုးချလိုက်ရာ ပေါက်ကွဲသံနဲ့အတူ လက်က ကျိုးသွားလေ၏။

သူ့ကို သူတော်စင်နယ်ပယ်က လူတစ်ယောက်လို့ ထင်မှတ်ပြီး အပျော်သဘောနဲ့ ပေါ့ပေါ့ပါးပါး ရန်လာစနေတယ် ဆိုရင်တော့ စိတ်မနှံ့သူသာ ဖြစ်လိမ့်မည်။

ကိုလူချောက သူ့လက်ချောင်းများကို ကိုင်ကာ လုရွှမ်ကို ထိတ်လန့်စွာ စိုက်ကြည့်လိုက်သည်။

"ငါဘယ်သူလဲဆိုတာ မင်းသိလား? မင်းငါ့ကို ရိုက်ရဲတယ်ပေါ့လေ"

ထိုအခါ လူငယ်ကလည်း

“ငါဘယ်သူလဲဆိုတာ မင်းသိလား? မင်းက ငါ့ယောက်ဖကို ထိရဲတယ်ပေါ့ ဟုတ်လား?”

"လိန်ဟော့ သူတို့ခြေထောက် တစ်ဖက်စီကို ချိုးလိုက်!"

လုရွှမ် သူတို့နှစ်ဦး မပျော်မရွှင် ဖြစ်နေတာကို သတိပြုမိတာကြောင့် ရယ်မောလိုက်၏။ သူ့ရဲ့ လက်နှစ်ဖက်ဖြင့် နှစ်ဦးစလုံးကို ဖမ်းဆုပ်ထားသည်။ သူတို့မှာ သူတော်စင် အဆင့်၄တွင်သာ ရှိကြတာကြောင့် အခြေခံအုတ်မြစ်တွေက သိမ်ဖျင်းကာ တစ်ချက် ကြည့်လိုက်ရုံနဲ့ကို ဆေးလုံးတွေ စားထားတာကြောင့် ဆိုတာ သိသာလေသည်။

သူက လူနှစ်ယောက်ကို လက်နှစ်ဘက်နဲ့ ဖမ်းဆွဲပြီး ပြင်းပြင်းထန်ထန် ကိုင်ပေါက်နေ၏။ နှစ်ယောက်သား အရိုက်ခံရပြီး နေရာအနှံ့ သွေးတွေနဲ့ အော်သံတွေ ညံနေသည်။

သူတို့မှာ မြေပြင်ပေါ် လဲကျသွားပြီး မူးဝေနေတာကြောင့် ခဏလောက်အထိ မတ်တပ်မရပ်နိုင်ဘဲ ဖြစ်သွားသည်။ လိန်ဟော့ ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး သူတို့ပေါင်များကို ခြေဖဝါးကြီးဖြင့် ကန်တော့မည့် အခိုက်မှာပဲ။

"မိတ်ဆွေလေး သက်ညှာပေးပါ"

လူငယ်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လာခဲ့သည်။

“သက်ညှာပေးပါ... မင်းလက်မှာ ပြုပြင်လို့မရနိုင်တဲ့ အကျိုးဆက်တွေ မဖြစ်လာခင် ဒီလူနှစ်ယောက်ရဲ့ နောက်ခံအကြောင်းကို ကောင်းကောင်း နားလည်အောင် တွေးကြည့်လိုက်စမ်းပါ”

ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောတဲ့ ကိုလူချောနဲ့ စားပွဲတစ်လုံးတည်းမှာ ထိုင်နေခဲ့သူပဲ ဖြစ်လေသည်။

လုရွှမ် သူ့လက်ဖဝါးကို ဖွင့်လိုက်တဲ့အခါ ထိုလူငယ်လေးကို သူ့လက်ထဲတွင် ဆုပ်ကိုင်လျက်သား ဖြစ်သွားကာ လိန်ဟော့ထံသို့ ပစ်ချလိုက်သည်။

"သူ့ခြေထောက်တွေကိုလည်း ချိုးလိုက်!"

လိန်ဟော့က အားရပါးရ ရယ်မောပြီး သုံးကြိမ် ဆက်တိုက် ကန်ပစ်လိုက်သည်။

"လူတိုင်းပဲ အရက်သောက်​နေတဲ့ အချိန်ကောင်းလေးကို မထိခိုက်စေဖို့ သူတို့ကို ထုတ်ပစ်လိုက်ရအောင်"

လိန်ဟော့ သုံးကြိမ်တိုင်တိုင် ကန်ထုတ်လိုက်ရာ သုံးယောက်သား နာကျင်စွာ အော်ဟစ်ကာ ပြေးထွက်သွားကြသည်။

"စားပွဲထိုး... သေရည်လာချပေး!"

စားပွဲထိုးသည် တုန်တုန်ယင်ယင်ဖြင့် လျှောက်သွားကာ သေရည်အိုးကို ကောက်ကိုင်ကာ ဂရုတစိုက် ချ​ပေးကာ အမြန်ပဲ ပြန်ပြေးထွက်သွားသည်။

လုရွှမ် သေရည်အိုးကို ကောက်ယူလိုက်သည်။ သေရည်အိုးက အလွန်နူးညံ့သိမ်မွေ့ပြီး အဖြူရောင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည်။ ထူးထူးခြားခြား တောက်ပြောင်နေသည့် သေရည်အိုးရဲ့ လက်ကိုင်ကို ပွတ်သပ်ရင်း ညင်သာစွာ ခါယမ်းလိုက်ရာ ရုတ်တရက် အရက်နံ့က စိမ့်ထွက်လာခဲ့၏။

"ကောင်းပြီ.... သေရည်ကောင်းပဲ ဒါဘာသေရည်လဲ?"

လုရွှမ် မမေးကြည့်ဘဲ မနေနိုင်တာကြောင့် တခြားစားပွဲပေါ်က လူတွေကို ကြည့်ကာ မေးလိုက်သည်။

သူတို့ဘေးမှာ ထိုင်နေတဲ့ မဟာသူတော်စင် နှစ်ယောက်စလုံးက ဆံပင်ဖြူဖြူတွေနဲ့ နှင်းဆီရောင် အသားအရေဖြင့် အသက်ကြီးနေပြီ ဖြစ်သည်။

သူတို့ နှစ်ယောက် ဒီမှာ အရက်သောက်နေတာကြာပြီ ဖြစ်မည်။ လုရွှမ် မေးလာတော့ နှစ်ယောက်လုံး စိတ်ရှုပ်သွားကြ၏။ သူတို့ထဲက တစ်ယောက်က ပြုံးပြီး ပြန်ဖြေလာခဲ့သည်။

"အနှစ်တစ်ထောင် မူးယစ်ခြင်း"

တစ်ဖက်လူက ပြုံးပြီး ပြောလာခဲ့သည်။

"လူငယ်လေး.... မင်းသားငယ်နဲ့ သခင်လေး တစ်ယောက်ကို ဒီ​သေရည်အတွက် စော်ကားလိုက်တာလား? မိတ်ဆွေလေး မင်းတော့ ဒုက္ခရောက်တော့မယ်"

"လူကိုရိုက်ပြီး ပြန်လွှတ်လိုက်ပြီ!"

နှစ်ယောက်သား ရယ်မောရင်း လက်ခုပ်တီးရင်းပင် စားပွဲပေါ် လက်တင်ကာ အိပ်ပျော်သွားကြသည်။

လုရွှမ် တခြားသူများကို လျစ်လျူရှုကာ မိုးကြိုးသားရဲနဲ့အတူ တစ်ခွက်ပြီးတစ်ခွက် သောက်ခဲ့သည်။

သူ့စိတ်ထဲတွင် မူးဝေလာသလို ခံစားချက်တစ်ခုက ရစ်ဝဲလာခဲ့၏။ လုရွှမ် အနည်းငယ် မူးနေသဖြင့် မထိန်းနိုင်တော့သလို ဖြစ်လာစဥ် ရုတ်တရက် သူ့စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။

'ဒါက ဘာသေရည်လဲကွ! အနံ့က အရမ်းကောင်းတာပဲ'

လုရွှမ် အံ့အားသင့်သွားပြီး ရုတ်တရက် လန့်နိုးသွား၏။ အသံက ရွှေကျီးကန်းရဲ့ အသံမှန်း သိသာလှအောင် ပြတ်သားလွန်းသည်။

'ကျီးအဘိုးကြီး.. နိုးပြီလား?'

'ဒီတစ်ခါတော့ ဆုံးရှုံးမှုကြီးပဲဟေ့... မင်းကို ကယ်တင်ဖို့အတွက် ငါထပ်ပြီး လုပ်ရဦးမှာပဲ'

All Chapters