တူရှန်း
Vol. 58 Ch. 4.382
လုရွှမ်ကတော့ စိတ်လှုပ်ရှားနေမှုကို မရပ်တန့်နိုင်ဘဲ ရွှေကျီးကန်းကို အမြန်ခေါ်လိုက်သည်။
"ကျီးဖိုးဖိုး.. နောက်ဆုံးတော့ နိုးလာပြီပဲ"
ဆုံးရှုံးသွားတဲ့ အခါမှသာ ဘယ်လို မြတ်နိုးရမယ် ဆိုတာကို သိလာခဲ့တာပဲ။ လုရွှမ် သူ့ကိုယ်သူတောင် မသိဘဲ ရွှေကျီးကန်းကို ဆွေမျိုးတစ်ယောက် အနေနဲ့ မှတ်ထားပြီးပြီ။ ကျီးဖိုးဖိုး ဆိုတဲ့ ဒီခေါ်ဆိုမှုက မကြုံစဖူး အလွန် ရင်းနှီးနေသလိုပင်။
ယခု ရွှေကျီးကန်းရဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ်က လုရွှမ်ရဲ့ စိတ်ခံစားချက်ကို ပိုမိုရှင်းလင်းစွာ ခံစားနေရပြီ။ အနည်းဆုံး သူ၏ ကြိုးစားအားထုတ်မှုမှ လုရွှမ်လည်း ဆုကြေးငွေကို ခံစားလိုက်ရပါ၏။ သို့သော် ရွှေကျီးကန်းက ဒေါသတကြီး ကျိန်ဆဲပါသေးသည်။
"လူယုတ်မာလေး.. မင်း ဒီတစ်ခါ ငါ့ကို ဒုက္ခပေးပြန်ပြီ... သေရည်ကို မြန်မြန် ပို့လိုက်.... ငါဒီမှာ မြည်းစမ်းချင်နေပြီ"
"မင်းဒီလိုပုံစံနဲ့ သောက်လို့ရတုန်းပဲပေါ့"
လုရွှမ် ပြုံးပြီး ပြောလိုက်တဲ့အခါ ရွှေကျီးကန်း ဒေါသထွက်လွန်းလို့ သူ့အမွေးတွေ ပေါက်ကွဲလုမတတ် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ ဤတော့မှ လုရွှမ်လည်း ရွှင်မြူးသွားကာ သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလာရ၏။
နောက်ထပ် သေရည်အိုး အနည်းငယ် ပို့ပေးဖို့ စားပွဲထိုးကို ခိုင်းလိုက်ပြီး ကျောက်စိမ်းပြားထဲ ပို့ပေးလိုက်သည်။
"ကောင်းပြီ... လိန်ဟော့ ငါတို့ သွားကြရအောင်"
လုရွှမ် လိန်ဟော့ကို ခေါ်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။ မြန်မြန်ဆန်ဆန်ပဲ လူတစ်စု မတ်တပ်ထရပ်ပြီး သူတို့ လမ်းကို ပိတ်ဆို့လာသလို အောက်ထပ် လှေကားထစ်များ ရှေ့က စားပွဲထိုး အနည်းငယ်လည်း လမ်းကို ပိတ်ဆို့ထားခဲ့သည်။
"လိန်ဟော့.... မင်းမြင်တယ်မလား? ဒါက လူ့သဘာဝပဲ လိုအပ်တဲ့ အချိန်တွေမှာ ဘယ်သူကမှ အကူအညီ မပေးဘူး... ကိတ်မုန့်ပေါ်က ရေခဲမုန့်ပဲ ဖြစ်လိမ့်မယ် အားနည်းသူတွေကို စာနာမယ့်သူ မရှိဘူး သန်မာတဲ့သူတွေကိုပဲ ဦးစားပေးမှာ"
လုရွှမ် သူ့လက်နှစ်ဖက်ကို နောက်ပစ်လျက် အနှီလူပြက်များ၏ လှုပ်ရှားမှုကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
သူဒီမှာနေခဲ့လည်း အရေးမကြီးပါဘူး။ လုရွှမ် ဆိုတဲ့သူက အဲဒီမင်းသားငယ်တွေ သခင်လေးတွေကို သူ့မျက်လုံးထဲ လုံးဝ မထည့်ထားဘူးလေ။ ထိုလူနှစ်ယောက်ဟာ ရိုးရိုးရှင်းရှင်း ရိုက်နှက်လိုက်တာနဲ့ ထိုက်တန်သော်လည်း အပေါ်ထပ်က လူတွေကြားထဲမှာတော့ ဘယ်သူမှ စိတ်ဝင်စားစရာ မရှိပေ။
ယခုအချိန်က နောင်ဖြစ်လာမယ့် မကောင်းမှုများကို ရှောင်ရှားရန် ဤလူများကို ဦးစွာ ဆွဲဆောင်တာက အချိန်ကောင်း ဖြစ်သည်။ လုရွှမ် ဒီလူတွေ တွေးနေတာတွေကို ကောင်းကောင်း သိပါ၏။ နောက်ဖြစ်လာမယ့် ပြဿနာတစ်ခုကို ချန်ထားခဲ့မယ့်အစား သူတို့ကို အရင် ရှင်းထုတ်ပစ်ရမှာပဲလေ။
ဒါပေါ့ ရိုးရှင်းတဲ့ စမ်းသပ်မှု တစ်ခု လုပ်ပြီးရင်တော့ ဒီလူတွေ အားလုံး ခုန်ထွက်သွားကြမှာပဲ။
"သခင်လေး ထွက်သွားလို့ မရဘူး"
"ဟုတ်တယ်... ခင်ဗျား ထွက်သွားရင် ကျုပ်တို့က ဘယ်လိုလုပ်ရမှာလဲ? နန်းတော်ရဲ့ ဒေါသက ကျုပ်တို့ဘက်ကို မလှည့်လာနိုင်ဘူးလား"
"ဒီကသခင်လေး... ဒီဆိုင်က လုပ်ငန်းသေးသေးလေးပဲ လုပ်နိုင်တာပါ မင်းသားကို စော်ကားဖို့ မတတ်နိုင်ပါဘူး"
လုရွှမ် ရယ်ရင်း
"ဟုတ်လား? တခြားသူတွေကို မစော်ကားနိုင်ဘူး ဆိုပြီး မင်းငါ့ကိုတော့ စော်ကားလို့ ရတယ်လို့ ပြောချင်တာလား? မင်းက ငါ့ကို ကိုယ်တိုင်ကိုယ်ကျ အရေးယူပြီး နန်းတော်ဆီ ခေါ်သွားချင်တာလား?"
ဝုန်း!
စားပွဲဝိုင်း တစ်ခုဘက်က ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး လူကြီးတစ်ဦးက အော်ပြောလိုက်သည်။
"မျက်မှောက်ရေးရာကို သိတဲ့သူက သူရဲကောင်းပဲ.... မင်းမှာ အသိဉာဏ် ရှိတယ်ဆိုရင် လိမ်လိမ်မာမာနဲ့ ကြိုးချည်ခံပြီး ငါတို့နောက်က လိုက်ခဲ့"
သူတော်စင် အဆင့်၉ ပြီးပြည့်စုံသော ကာလမှ လူကြီးတစ်ယောက်သည် သူ့နောက်ကျောတွင် ပုဆိန်ကြီး တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ပုဆိန်ခေါင်းမှာ အနီရောင်တောက်တောက်ဖြင့် မကောင်းတဲ့ အငွေ့အသက်တွေ လွှမ်းခြုံထားကာ လူယုတ်မာ တစ်ယောက်မှန်း သိသာစေ၏။
လူကြီးသည် မူလက ထောင့်တစ်နေရာတွင် ရှိနေသော်လည်း မတ်တပ် ရပ်လိုက်သောအခါတွင် သူက ချက်ချင်းပင် အခြားသူများ၏ အာရုံကို စွဲဆောင်သွားကာ မကြာမီ တစ်စုံတစ်ဦးမှ သူ့နာမည်ကို ထုတ်ဖော်လာခဲ့သည်။
"သူက တူရှန်း!"
ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့ပြီး တူရှန်းရဲ့ အနီးအနားက လူများသည် သူနဲ့အတူ အလွန်နီးကပ်စွာ လိုက်လာခဲ့၏။ တူရှန်းက သူတို့နဲ့ ပတ်သက်ပြီး အထင်လွဲသွားမှာကို စိုးရိမ်သူများကလည်း လျင်မြန်စွာ လူစုခွဲလိုက်ကြသည်။
"တူရှန်းက ဘယ်သူလဲ ဟားဟားဟား!"
လူအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။ ယခင်က အမူးလွန်သွားသော အဘိုးအို နှစ်ဦးထဲက တစ်ဦးပါပဲ။ ယခုအချိန်တွင် အဘိုးအိုသည် အရက်မူးနေသကဲ့သို့ အနည်းငယ် ယိုင်တိုင်တိုင် ဖြစ်နေသည်။
"တူရှန်း....ပိုင်ယန်ကမ္ဘာ သွေးဆိုးဂိုဏ်းရဲ့ ပါရမီရှင် တစ်ဦးဖြစ်တဲ့ တူရှန်းပဲ.... လွန်ခဲ့တဲ့ လအနည်းငယ်က ဂိုဏ်းက ထောင်ဒဏ် ချမှတ်ခံခဲ့ပြီး ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ ၁၂၄၂ ဦးမြောက် အလိုအရှိဆုံး ရာဇ၀တ်ကောင် ဖြစ်လာခဲ့တဲ့သူပဲ. ...သူ့ကို သတ်နိုင်ရင် သူတော်စင် ဝိညာဉ် သလင်းကျောက် ၁သောင်း ဆုကြေးငွေ ပေးဆောင်မယ်တဲ့!"
အဘိုးကြီးက ပြောပြီးတာနဲ့ စားပွဲပေါ် လဲကျပြီး အိပ်ပျော်သွားပြန်သည်။
"ဟုတ်တယ်... ငါက တူရှန်းပဲ.... အခု ငါလုံယန်ဘုရင်ဂိုဏ်းထဲ ဝင်ချင်နေတာ... ကောင်လေး မင်းက ငါ့ရဲ့ အကောင်းဆုံး လက်ဆောင်ပဲ!"
တူရှန်းက သူ့ရဲ့သရုပ်မှန်ကို ထုတ်ဖော် ပြသလာခဲ့သည်။ သူက ရှက်ရွံ့ခြင်း မရှိတဲ့အပြင် မာနတောင် ကြီးနေသေးသည်။ အကျယ်ကြီး အော်ရယ်လိုက်ပုံက လုရွှမ်ကို သူ့လက်ထဲမှာ ရှုံးတော့မယ်လို့ မှတ်ယူထားပုံရသည်။
လုရွှမ်ကတော့ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး လိန်ဟော့ကို လက်ညိုးဖြင့် အချက်ပြလိုက်သည်။
"လိန်ဟော့ သူ့ကို သတ်လိုက်..."
တူရှန်းသည် ပုဆိန်ကြီးကို ကိုင်မြှောက်၍ သူ့မျက်လုံးများက လူသတ်ချင်သည့် ရည်ရွယ်ချက်ဖြင့် ပြူးကျယ်သွားသည်။
"မဟာသူတော်စင် တစ်ယောက်ပဲမလား? ငါမသတ်ခဲ့ဖူးတာ မဟုတ်ဘူးကွ"
လိန်ဟော့က အော်ဟစ်ပြီး တူရှန်းသို့ အလျင်အမြန် ပြေးဝင်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရက်စက် ကြမ်းကြုတ်သော သားရဲတစ်ကောင်က လက်နက်သုံးရတာ ကျင့်သားရမနေဘဲ ၎င်း၏ ခန္ဓာကိုယ်နဲ့ တိုက်ခိုက်ရတာကို နှစ်သက်နေဆဲ ဖြစ်သည်။ သို့သော် မိုးကြိုးသားရဲရဲ့ ရုပ်ခန္ဓာက အမှန်တကယ် အားကောင်းကြောင်း လုရွှမ် ကောင်းစွာ နားလည်ထားသည်။
တူရှန်းကလည်း ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်ရင်း လိန်ဟော့ရဲ့ ခေါင်းကို ပြန်ရိုက်လိုက်သည်။
လိန်ဟော့ သူ့လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ပုဆိန်အစွန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ ပုဆိန်ကြီးကို လိန်ဟော့မှ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် တူရှန်းခမျာ ဘယ်လောက်ပင် ခက်ခက်ခဲခဲ ကြိုးစားနေပါစေ လုံးဝ မဖိချနိုင်ချေ။
တူရှန်းရဲ့ ပုဆိန် ဘယ်လောက် တန်ခိုးကြီးတယ် ဆိုတာကိုသိတဲ့ ပတ်ဝန်းကျင်က လူတိုင်း ထိတ်လန့် တုန်လှုပ်သွားကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် တူရှန်းရဲ့ ပုဆိန်အောက်တွင် လူများ သေဆုံးသွားခဲ့တာကို ကြားသိရပြီးပြီ။ ထိုအထဲတွင် သူတို့ရဲ့ ခွန်အားကို ကြီးစိုးတတ်သော အကြီးအကဲ သခင်များစွာလည်း ပါလေသည်။
ယခုမူ တူရှန်းရဲ့ စွမ်းအားပြည့် ပုဆိန်ကို လိန်ဟော့က လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားပြီး ကိုင်ဆောင်ထားသူမှာ ဓားတစ်လတ်လို ချွန်ထက်နေဆဲ ဖြစ်သည်။ ဓားရဲ့ ထက်မြက်မှု၊ တောက်ပမှု နှင့် စွမ်းအားတို့ကို လူတိုင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။
ဒီလူက ဘယ်သူလဲ?
အစကတော့ လူတိုင်းက လိန်ဟော့ကို လုရွှမ်ရဲ့ အစေခံ တစ်ယောက်အဖြစ်သာ မှတ်ယူထားကြသည်။ တချို့သော မိသားစုဝင်များသည် ၎င်းတို့နောက်တွင် သန်မာသော သခင်တစ်ဦး သို့မဟုတ် နှစ်ဦးနှင့် ခရီးသွားကြတာ ပုံမှန်ပဲ ဖြစ်သည်။
သို့သော် လိန်ဟော့အပေါ် လူတိုင်းရဲ့ အမြင်က ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"မင်းမှာ တော်တော်ကောင်းတဲ့ ပုဆိန်ရှိတာပဲ....ဟားဟား ငါ့အလှည့်ပဲ!"
လိန်ဟော့က ဟောက်ပြီး တူရှန်းမျက်နှာကို တခြားလက်ဖြင့် အပြင်းအထန် ထိုးနှက်လိုက်သည်။
တူရှန်းရဲ့ မျက်နှာကို တိုက်ရိုက် ထိမှန်ပြီး နောက်ပြန် လှည့်သွားစဥ် လိန်ဟော့က ပုဆိန်ကို မိုးခြိမ်းသံကဲ့သို့ လုယူကာ တစ်ချက် ဝေ့ယမ်း၍ တူရှန်းကို ပုဆိန်ဖြင့် ရိုက်ချလိုက်ပြန်သည်။
တူရှန်းသည် အနည်းငယ် မူးဝေလာကာ ရုတ်တရက် သေခြင်းတရားနဲ့ နီးကပ်လာသလို ခံစားလိုက်ရသည်။ မျက်လုံးများကို အမြန်ဖွင့်လိုက်ရာ သူ့ပုဆိန်က သူ့ခေါင်းဆီသို့ ချက်ချင်း ရောက်လာတာကို တွေ့လိုက်ရတော့၏။
ဒီပုဆိန် ဘယ်လောက်ထက်တယ် ဆိုတာ သူကောင်းကောင်း သိသည်။ ဒီပုဆိန်ကိုသုံးကာ သူသည် သခင်များစွာကို နှစ်ခြမ်း ခွဲပစ်ခဲ့ဖူးတာကြောင့် ပုဆိန်အောက်မှာ သူအသက် ရှင်နိုင်ဦးမလားလို့တောင် သူ့ကိုယ်သူ ပြန်မေးမိသွားသည်။
ဒါပေမဲ့ လေပြင်းအောက်မှာ အရှိန်က အရမ်းမြန်နေတော့ ရှောင်ဖို့ မဖြစ်နိုင်ဘူး။ တူရှန်းသည် ရက်စက် ကြမ်းကြုတ်သူ တစ်ဦးဖြစ်ပြီး လက်တစ်ဖက်တည်းဖြင့် အလျင်အမြန် ထကာ ပုဆိန်ကို ရင်ဆိုင်ခဲ့သည်။
သူ့လက်တစ်ဖက် ဆုံးရှုံးသွားရင်တောင် အနည်းဆုံးတော့ သူ အသက်ရှင်နေ သေးတာကို ကောင်းကောင်း တွက်ချက်ထားပါ၏။
လိန်ဟော့က သူ့ရည်ရွယ်ချက်ကို မသိသော်လည်း ပုဆိန်ကို အလွန် နှစ်သက်နေသည်။ ခိုင်ခံ့မှုနဲ့ အရှည်သည် ကွက်တိကျပြီး လက်ထဲကိုင်လျက် အသုံးပြုသော အခါတွင် ပြောင်းလဲဖို့ လွယ်ကူသည်။
ပုဆိန် တစ်ဖက်ကို လွန်သွားစဥ် သွေးတွေလည်း ပြန့်ကျဲသွား၏။
တူရှန်းမှာ အလွန် နာကျင်သော အသံကို ထိန်းကာ သူ့ပါးစပ်မှ သွေးများကို မှုတ်ထုတ်လိုက်သည်။ ပြတ်သွားသော လက်မောင်းကို လိန်ဟော့ဆီ ကန်ထုတ်လိုက်ကာ တခြားလက်ဖဝါးသည် မြေပြင်ပေါ်ထောက်လျက် ထွက်ပြေးချင်ခဲ့သည်။
လိန်ဟော့ဟာ ဥာဏ်ပညာကြီးသော မဟာသူတော်စင် အဆင့်တွင်ရှိ ရက်စက် ကြမ်းကြုတ်သော သားရဲတစ်ကောင် ဖြစ်ပြီး သူ့ရဲ့ စွမ်းအားက အလွန် ကြီးမားသည်။ ပုဆိန်ကို နောက်တစ်ကြိမ် ဝေ့ယမ်းလိုက်တဲ့အခါ တူရှန်းရဲ့ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ဘဲ ပုဆိန်အောက်မှာ နှစ်ပိုင်းကွဲသွားတော့သည်။