← Chapters

ထိုင်စောင့်နေရမှာလား

Vol. 58 Ch. 4.383

ထိုင်စောင့်နေရမှာလား

Vol. 58 Ch. 4.383

ပုဆိန်က ၎င်းရဲ့ တိုက်ခိုက်မှုကို မရပ်တန့်နိုင်ခဲ့ဘဲ တူရှန်းကို နှစ်ပိုင်း ခွဲဖြတ်ပြီးနောက် သစ်သား​ပြားပေါ် အပြင်းအထန် ထိမှန်ကာ သစ်သားပြားကြီးပါ အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။

လွှမှုန့်တစ်စသည် လေထဲသို့ ပျံတက်သွားကာ အောက်မှ ဧည့်သည်များမှာ ထကျိန်ဆဲစေ​​တော့သည်။ ထို့နောက် အပေါ်ထပ်မှ ပုဆိန်ကြီးနှင့် မိုးခြိမ်းသံကို မြင်လိုက်ရတဲ့အခါ အောက်မှလူများ ပါးစပ်ကို အမြန် ပိတ်လိုက်ကြသည်။ လိန်ဟော့ သူတို့ကိုပါ သတ်ပစ်မှာ ကြောက်တာကြောင့် သူတို့ပစ္စည်းတွေကို လိပ်ပြီး အမြန်ပဲ ထွက်သွားကြ၏။

ကိုးရက်တိုင်တိုင် မူးယစ်ခြင်း သေရည်ဆိုင်၏ အလွှာကိုးလွှာတွက် အလွှာတစ်ခုစီကို အကောင်းဆုံး နတ်သမီးသစ်သားဖြင့် ခင်းကျင်းထားသည်။ ဤသစ်သားမျိုးသည် အလွန်မာကျောပြီး သူတော်စင်ပင်လျှင် ခြစ်ရာတစ်ခု မထားခဲ့နိုင်ဘူးဟု ဆိုကြသည်။

ထို့အပြင် နတ်သမီးသစ်ပင်တွင် နတ်သမီးဝိဉာဉ် ပါရှိပြီး လူတို့ကို သာလွန်သော ခံစားမှုကို ပေးစွမ်းနိုင်သည်။ ဒဏ္ဍာရီအရဆိုလျှင် နတ်သမီး နတ်သစ်ပင်သည် လူတို့အား ဉာဏ်အလင်းပေးသည့် စွမ်းအင်ကိုပင် ပေးစွမ်းနိုင်ပြီး ကျင့်ကြံသူ တစ်ယောက်ရဲ့ ခွန်အားကို လွန်စွာတိုးတက်စေနိုင်သည်။

နတ်သမီး သစ်သားထဲကိုတောင် အပေါက်ကြီး တစ်ခုဖြစ်သွားအောက် ပုဆိန်နဲ့ ခုတ်ထစ်နိုင်သူဟာ မဟာသူတော်စင် ဆိုတာ ထင်ရှားနေပါပြီ။ ထို့အပြင် သေရည်ဆိုင်၏ အလွှာတစ်ခုစီတိုင်းသည် တိကျသော အစီအရင်များကို တပ်ဆင်ထားပြီး အပိုင်းပိုင်း ကွဲသွားခဲ့သည်။

လိန်ဟော့ရဲ့ ပုဆိန်ကြောင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားပြီ။ လိန်ဟော့ကို စော်ကားမိပြီး အဲဒီလို နှစ်ခြမ်းအခွဲခံရမှာကို စိုးရိမ်သဖြင့် သူတို့အားလုံး နောက်ပြန်ဆုတ်သွားကြသည်။

ရှေ့ထွက်လာသူ အများအပြား ရှိသော်လည်း တူရှန်းထက် ခွန်အား အနည်းငယ်သာ ရသည်။ တူရှန်းက မဟာသူတော်စင် မဟုတ်သေးသော်လည်း မဟာသူတော်စင်၏ ဒုတိယနှင့် တတိယအဆင့်မှ သခင်အများစုပင် သူ့ကို ထိပ်တိုက် မယှဉ်ဝံ့ကြပေ။

"ကောင်းတယ်!"

လုရွှမ် အော်လိုက်ပြီး ​သေရည်တစ်ခွက်ကို ပစ်လွှတ်လိုက်သည်။ လိန်ဟော့က အမိဖမ်း၍ တစ်ကျိုက်တည်း သောက်လိုက်ပြီး လူတိုင်းကို သွေးနီရောင် မျက်လုံးများဖြင့် စိုက်ကြည့်ကာ အော်လိုက်သည်။

"ငါ့ကို ဆန့်ကျင်ချင်တဲ့လူ ရှိသေးရင် တက်လာခဲ့!!"

သူ လှမ်းကြည့်လိုက်တိုင်း လူများက လျင်မြန်စွာ ရှောင်ထွက်သွားကာ လိန်ဟော့ရဲ့ မျက်လုံးများကို ဘယ်သူမှ တိုက်ရိုက် မကြည့်ဝံ့ကြပေ။

"ဟမ့် သူတို့အားလုံးက အမှိုက်တွေပဲ"

လိန်ဟော့ ပုဆိန်ကို လက်နှစ်ဘက်နဲ့ ဆုပ်ကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် လိမ်ပစ်လိုက်သည်။ ပုဆိန်ကို ကောက်ညှင်းဆန်လို အသံနဲ့အတူ ဆွဲထုတ်လိုက်ပေ၏။

"စားပွဲထိုး ကျေးဇူးပြုပြီး ဒီ​​သေရည်ကောင်း ဆယ်အိုးလောက် ယူလာပေးပါ"

လုရွှမ် တည်ငြိမ်စွာပဲ ပြောလိုက်သည်။

အပြန်လမ်းကို ပိတ်ဆို့ထားသော စားပွဲထိုး နှစ်ဦးသည် လျင်မြန်စွာ ပြေးထွက်သွားကြပြီး စကားတစ်ခွန်းမှ မပြောဝံ့ဘဲ ​​သေရည်ကောင်းကောင်း ဆယ်အိုးကို အမြန်ပဲ ယူဆောင်လာကြသည်။ လုရွှမ် သူ့စိတ်ထဲက လှောင်ရယ်နေရင်း စိတ်ဝိညာဉ် စွမ်းအား တုန်ခါမှုတစ်ခုကို ခံစားမိနေပြီ ဖြစ်သည်။

ကိုးရက်တိုင်တိုင် မူးယစ်ခြင်းလို့ ခေါ်တဲ့ ဒီဆိုင် အကြီးကြီးကို ဖွင့်ထားတယ် ဆိုတော့ နောက်ကွယ်မှာ အလွန် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိတယ်ဆိုတာ သိသာပါ၏။ ဧကရာဇ်က အုပ်စိုးထားတယ်လို့ မပြောခင် အဲဒီလးဟာ အနည်းဆုံးတော့ မဟာသူတော်စင် တစ်ဦး ဖြစ်နိုင်သည်။

ဤလူများ အားလုံးသည် ခွန်အားကြီးပြီး အရေအတွက်များသော ဒေသခံ လူမျိုးများ ဖြစ်ကြသည်။ တကယ်ပင် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရလိမ့်မည်။ မိုးကြိုးသားရဲရဲ့ အကူအညီဖြင့်ပင် အနိုင်ရရန် အခွင့်အရေး လုံးဝနီးပါး မရှိမှန်း သိပါသည်။

ဒါပေမဲ့ ထွက်သွားရင်ကော?

ဒီလူတွေ သူတို့ကို လိုက်ရှာ​​နေတာကို ရပ်တန့်နိုင်မှာလား? မင်းသားငယ်နှင့် သခင်​လေးလို့ ​ခေါ်တဲ့ လူနှစ်ယောက်ကို အနိုင်ယူပြီးကတည်းက ဒီကိစ္စဟာ အသေးအဖွဲ့ကနေ ကိစ္စကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားနိုင်မယ်လို့ လုရွှမ် မထင်ထားခဲ့ပေ။

ကစားပြီးပြီ ဆိုမှတော့ ပိုကြီးအောင်ပဲ ကစားရတော့မှာပေါ့!

သူ့ကိုအရင် လာထိပြီဆိုတော့ မသန်မစွမ်း ဖြစ်အောင် ရိုက်နှက်ပစ်မှသာလျှင် မိမိကိုယ်ကို ချုပ်တည်းတတ်ဖို့ သင်ယူနိုင်ပြီး တချို့လူများကို နိုင်ထက်စီးနင်း အနိုင်ကျင့်တာတွေ မပြုသင့်ကြောင်း နားလည်နိုင်လိမ့်ည်။

"လိန်ဟော့.. အဲဒီလူသုံးယောက်ကို လိုက်ပို့ကြရအောင်"

လုရွှမ် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူသုံးယောက်မှာ လုရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ သူတို့တကယ်ကို ထိတ်လန့်နေပြီလေ။ အရင်တုန်းကတော့ တစ်ဖက်လူကို အနိုင်ကျင့်ဖို့ သူတို့ရဲ့ အဆင့်အတန်းကို အားကိုးခဲ့ကြပေမယ့် အခုတော့ သူတို့အသက်တွေကို တကယ်ပဲ တစ်ဖက်လူရဲ့ လက်ထဲ လွှဲပေးရတော့မှာလား။

"သခင်လေး... မင်း သေတဲ့အထိများ တိုက်ခိုက်ဖို့ တကယ် စိတ်ပိုင်းဖြတ်ထားတာလား?"

ကိုးရက်တိုင်တိုင် မူးယစ်ခြင်း သေရည်ဆိုင်ရဲ့ နောက်ကွယ်က သူဌေးက နောက်ဆုံးတော့ ထွက်လာခဲ့ပါပြီ။

သူသည် အသက်အရွယ်ကြောင့် အနည်းငယ် ကြည့်မကောင်းတော့သော်လည်း မျက်လုံးထဲတွင် တောက်ပနေသော အလင်းရောင်က အဘိုးကြီးဟာ မဟာသူတော်စင်ကြီးမှန်း သိသာစေသည်။

လုရွှမ်က လှောင်ပြောင်ရင်း

"အဘိုးကြီး.... အခုသူတို့ကို ကျုပ်လွှတ်ပေးလိုက်ရင် သူတို့ကရော ကျုပ်ကို လွှတ်​ပေးမယ်လို့ ထင်နေတာလား? လူကို စော်ကားချင်ရင် ဘာလို့ သေမှာကို ကြောက်နေသေးလဲ?"

မိုးနတ်ဘုရားဓားက သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာပြီး ဓားစွမ်းအင် သုံးစင်း ပျံထွက်သွားသည်။ သွေးတွေက အမြင့် သုံးပေလောက်အထိ ပျံတက်သွားကာ လူသုံးယောက် လုံးဝ ဇာတ်သိမ်းသွားချေ၏။

ဒီတစ်ခါတော့ အပေါ်ထပ်မှာ အရက်သောက်နေတဲ့သူတွေ အားလုံးပါ အရမ်း ကြောက်လန့်သွားကြသည်။

တကယ် သတ်လိုက်ပြီ!

"မင်း! တော်တော် အတင့်ရဲ​​နေတာပဲ!"

အဘိုးအိုက ဟောက်ပြီး သူ့လက်ဖဝါးတွေကို ခြေသည်းတွေအဖြစ် ပြောင်းကာ လုရွှမ်ကို လှမ်းဖမ်းလိုက်သည်။ လိန်ဟော့ ရုတ်တရက် ဖျက်ခနဲ ပြေးလာကာ အဘိုးကြီးရဲ့ လက်သည်းတွေကို တစ်ချက် ပြန်ရိုက်ချပစ်သည်။

တူညီသော နယ်ပယ်တွင်ပင် ရက်စက် ကြမ်းကြုတ်သော သားရဲကိုယ်တိုင်က လူသားကျင့်ကြံသူများထက် သာလွန်သော သူများ ဖြစ်လေ၏။ ဒါ့အပြင် လိန်ဟော့က ရှားပါး မိုး​ကြိုးသားရဲ ဖြစ်ကာ မွေးရာပါ နတ်မိုးခြိမ်းသံ စွမ်းအားရှိသဖြင့် လုရွှမ်ပင် ထိတ်လန့်သွားခဲ့ဖူးသည်။

အဘိုးကြီးဟာလည်း လိန်ဟော့ကို ယှဥ်နိုင်တဲ့ ပြိုင်ဘက်တစ်ယောက်တော့ မဟုတ်ပေ။ အဘိုးကြီးသည် ခပ်လှမ်းလှမ်းသို့ ဆုတ်သွားရင်း ပါးစပ်မှ သွေးများထွက်ကျကာ လုရွှမ်ကို စိုက်ကြည့်နေတော့သည်။

"ကောင်းပြီလေ မင်း!"

လုရွှမ် နောက်ထပ် ဓားစွမ်းအင်ကို လျင်မြန်စွာ လွှင့်ထုတ်လိုက်သည်။ အဘိုးအိုမှာ ထိတ်လန့်တကြားဖြင့် သူ့နှလုံးသားနေရာက တွင်း​ပေါက်ကြီးအား ကြည့်ကာ ပါးစပ်ပိတ်သွားခဲ့၏။

"ငါ မင်းကို ပြောထားပြီးသားပဲ.... တစ်စုံတစ်ယောက်ကို စော်ကားမိတဲ့ အတွက် ငါ့အသက်ကို ယူချင်ရင်တော့ မင်းအသက်အတွက်လည်း ပြင်ဆင်ထားရမှာပဲ... မင်းပြန်လာပြီး သတ်မှာကို ငါကဘာလို့ စောင့်​နေရမှာလဲ"

လိန်ဟော့က အားရပါးရ ရယ်မောလိုက်သည်။ လမ်းတစ်လျှောက်တွင် သူ လူသားတွေကို ကြည့်ကာ အလွန် စိတ်ပျက်သွားသော်လည်း ယခုတော့ အလွန် ပျော်ရွှင်နေပါပြီ။

"ဒီကိုရောက်နေပြီ ဆိုမှတော့ ဘာလို့ ပုန်းနေတာလဲ? ထွက်လာခဲ့"

ဓားစွမ်းအင်တစ်ခု လွင့်ထွက်သွားသည်။ ဓားစွမ်းအင်က နံရံကို ဖြတ်သွားကာ အဆောက်အဦး အပြင်ဘက်တွင် ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မဟာသူတော်စင် တစ်ယောက်က ပြတင်းပေါက်ကနေ ခုန်ဝင်လာပြီး လုရွှမ်ကို ထိတ်လန့်နေသော မျက်လုံးတွေနဲ့ ကြည့်နေလေသည်။

အစောက ဓားစွမ်းအင်ဟာ အရမ်းမြန်ပြီး အစွမ်းထက်လွန်သည်။ သူ့ကို ပိုလို့တောင် တုန်လှုပ်စေခဲ့တာက အဲဒီဓားစွမ်းအင်မှာပါတဲ့ ထူးခြားတဲ့ ဓားရည်ရွယ်ချက်ပါပဲ။ ချက်ချင်းဆိုသလို လုရွှမ်ဟာ မိသားစုကြီး တစ်ခုမှ ပေါက်ဖွားလာသော အရည်အချင်းရှိသူ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။ သူစော်ကားနိုင်သူ မဟုတ်တာ သေချာပါသည်။

ရင်တွင်းက ဒေါသတွေ ပြည့်နှက်နေတဲ့ ခေါင်းကိုငုံ့လျက် မင်းသားငယ်ကို တစ်ချက် ကြည့်လိုက်သည်။ သခင်လေးနဲ့ ပတ်သက်ပြီး သူကောင်းကောင်း သိပါ၏။

သူတို့က မိသားစု နောက်ခံကို အားကိုးပြီး လူတွေကို အနိုင်ကျင့်တတ်သူတွေပဲ။ နောက်ဆုံးတော့ သူ မစော်ကားသင့်ဘူး ဆိုတဲ့ သူကို စော်ကားလိုက်တာ အခုလို အဆုံးသတ်သွားရပြီ။

"ကျွန်တော်က တုဝိန်လို့ ခေါ်ပါတယ်... သခင်လေးတို့ကို ဘယ်လိုခေါ်ရမလဲ?"

လုံယန်မင်းသား အိမ်တော်မှ လစာဖြင့် မင်းသားအိမ်တော် အတွက် အလုပ်လုပ်ပေးတာ သဘာဝကျပါသည်။ သို့သော် သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ သူ့ကိုယ်ပိုင်ဘဝကို ကယ်တင်ဖို့ မနှောင့်နှေးသင့်တာ သေချာပါ၏။ ခဏအတွင်းမှာပဲ တုဝိန်စိတ်ထဲ ဒီလိုလုပ်ဖို့ ပေါ်လာခဲ့တာပဲ ဖြစ်သည်။

နတ်ဘုရားတွေ ရန်ဖြစ်သောအခါ သူက ကျားတစ်ကောင် အနေနဲ့ တိုက်ပွဲမှာ မပါဝင်ဝံ့ပေ။ လိန်ဟော့ကတော့ ရှေ့တိုး၍ တုဝိန်ကို သတ်ပစ်ချင်​နေသည်။

လုရွှမ် ချောင်းဟမ့်လိုက်ပြီး

"လိန်ဟော့ နောက်ပြန်ဆုတ်..."

လိန်ဟော့ တုဝိန်ကို အံသွားများ ကြိတ်ပြကာ စားပွဲတစ်ခုဆီသို့ ဆုတ်သွားသည်။ သူက ဘာဟင်းဆိုတာ မသိသော်လည်း တစ်ပန်းကန်လုံး မျိုချလိုက်တော့သည်။

တုဝိန်မှာ အလွန်ထိတ်လန့်သွားပြီး အေးစက်နေသော ချွေးများ စိမ့်ထွက်လာလေ၏။ အစောကတည်းက သူ လိန်ဟော့ရဲ့ စွမ်းအားကို အမှန်တကယ် ခံစားမိခဲ့တယ်လေ။

လုရွှမ်သည် တုဝိန်ဆီက လူသတ်လိုသော ရည်ရွယ်ချက်ကို မခံစားရသော်လည်း တုဝိန် မျက်လုံးများထဲက အရိပ်အယောင် တချို့ကို သတိပြုမိပါ၏။

ဒီကောင်လေးက ကြောက်နေတာ ဖြစ်ပြီး ဒီပြဿနာထဲ ဝင်မပါချင်ပေ။

All Chapters