လှောင်ပြောင်မှု
Vol. 58 Ch. 4.384
"လုရွှမ်... တိမ်ပင်လယ်နယ်မြေက"
ထို့နောက် သူသည် အရူးကဲ့သို့ စားသောက်နေသော လိန်ဟော့ကို လက်ညှိုးထိုးပြပြီး
"သူက ငါ့သူငယ်ချင်း လိန်ဟော့"
တုဝိန်က သူ့နှုတ်ခမ်းကို နှစ်ကြိမ်ခန့်လှုပ်ကာ ရေရွတ်ရင်း သူ့မျက်လုံးတွေက ရုတ်တရက် တောက်ပလာတော့သည်။
"ရွှမ်ခုန်းတောင်မှာ နတ်သမီးအောင့်ယွဲ့ နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ သခင်လေး လုရွှမ်ဆိုတာလား?"
လုရွှမ်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး သူသဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
တုဝိန် အံ့အားသင့်သွားလေသည်။ လုရွှမ်ဆိုတဲ့ နာမည်ဟာ ရှေးဟောင်းလျှပ်စီး ကမ္ဘာတွင် အလွန် ရေပန်းစားခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ရွှမ်ခုန်းတောင်တန်း အမွေဆက်ခံသည့် ခရီးတွင် အနီးနားရှိ ကမ္ဘာမှ ပါရမီရှင်ငါးဦးကို လူတစ်ဦးမှ ရှုံးခဲ့သည်။ သို့သော် လူငါးဦး ပြန်လာပြီးနောက်တွင် ၎င်းတို့အားလုံး လုရွှမ်အား ချီးကျူးဂုဏ်ပြု စကားတွေချည်း ပြောနေကြတော့၏။
ဒီလိုစွမ်းရည်မျိုးဟာ ရှေးဟောင်းလျှပ်စီး ကမ္ဘာက လူတွေကြားထဲမှာ ကြီးမားတဲ့ ပေါင်းသင်းဆက်ဆံရေးကို နှိုးဆွပေးခဲ့သည်။ နောက်တော့ ဟိုးအဝေးက ကမ္ဘာငယ်လေးက လူတစ်ဦးပဲလို့ ကြားသိရပြီး နောက်မှာတော့ တိမ်ပင်လယ် နယ်မြေလို့ ခေါ်တဲ့ နေရာကို ရှာဖွေဖို့အတွက် မိသားစုများစွာက အဖွဲ့တချို့ကို စေလွှတ်လိုက်ကြ၏။
ကံမကောင်းစွာပဲ တိမ်ပင်လယ်နယ်မြေက အလွန်ဝေးကွာသဖြင့် ၎င်းကို ဘယ်သူမှ မကြားဖူးသလို ဘယ်လိုရှာရမယ် ဆိုတာလည်း မသိခဲ့ချေ။
ပုံပြင်က တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း လုရွှမ်ရဲ့ နာမည်သည် ရှေးဟောင်းလျှပ်စီး ကမ္ဘာက လူတိုင်း၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့သည်။
ယခုမူကား ကိုးရက်တိုင်တိုင် မူးယစ်ခြင်း သေရည်ဆိုင်ကို ဆန့်ကျင်နေသည့် ချောမောသော လူငယ်လေးသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဒဏ္ဍာရီလူသား ဖြစ်နေ၏။
လူတော်တော်များများမှာ တစ်ကိုယ်လုံး ချွေးတွေရွှဲပြီး အလွန် ထိတ်လန့်နေကြသည်။
အချိန်အတိုင်းအတာ တစ်ခုအထိ ထိုလူများစွာ၏ မျက်နှာများမှာ နီရဲလာကာ သူတို့ရဲ့ နှလုံးသားထဲမှာတော့ လုံယန်မင်းသား အိမ်တော်ကို ဆဲဆိုရင်း မုန်းတီးခြင်းများဖြင့် ပြည့်နှက်လာခဲ့သည်။
တုဝိန်ကတော့ လျှို့ဝှက်စွာ နောက်ဆုတ်ရင်း ကံကောင်းထောက်မစွာပင် သူက ပို၍ သတိထားနေခဲ့သည်။ မဟုတ်ပါက သူလည်း ယခုအချိန်တွင် ပုပ်နေသော အသားတစ်စ အဖြစ်သို့ ပြောင်းလဲ သွားပေလိမ့်မည်။
နတ်သမီးအောင့်ယွဲ့သည် သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်သွားကြောင်း သတင်းရရှိထားပြီ။ ထို့နောက် သူမသည် အဆင့်၂ဆင့်ကို ဆက်တိုက် ထိုးတက်သွားရာ သူတော်စင် အဆင့်၂ ဖြစ်နေပါပြီ။
သို့သော် သူမသည် အလွန်အစွမ်းထက်သောကြောင့် သာမန် ဒုတိယအဆင့် သူတော်စင်နယ်ပယ်ကပင် သူမပြိုင်ဘက် မဖြစ်နိုင်ပေ။ လုရွှမ်ဟာ နတ်သမီးအောင့်ယွဲ့ ကဲ့သို့ပင် ကျော်ကြားပြီး သူမအား အနိုင်ယူနိုင်သည့် အရည်အချင်းများပင် ရှိသေးသည်။
သူ့ကို ဘယ်လိုလုပ် စော်ကားရဲမှာလဲ?
တုဝိန်၏ မျက်လုံးများသည် လိန်ဟော့ကို ထပ်မံ စိုက်ကြည့် လိုက်သည်။ လုရွှမ်က ပထမအဆင့် သူတော်စင် ဖြစ်သော်လည်း ထိုသူက မဟာသူတော်စင် အဆင့်က ကျင့်ကြံသူပင်။ လုရွှမ်က သူ့ကို သူငယ်ချင်းလို့ ခေါ်ပေမယ့် သူ့ရဲ့ အနေအထားအရ ကြည့်ရင် သူ့လက်အောက်ငယ်သား ဒါမှမဟုတ် ကျွန်လို့တောင် ထင်ထင်ရှားရှား မြင်နေရပြီ။
ဒီလို အစေခံမျိုးနဲ့ သခင်လေးလုရွှမ်ဟာ မဟာသူတော်စင်ကို သတ်နိုင်စွမ်းရှိကြောင်း ထင်ရှားဘေလသည်။
ထို့အပြင် နတ်သမီးအောင့်ယွဲ့သည် လုရွှမ်နှင့် စိတ်ပိုင်းဆိုင်ရာ ရောယှက်နေပုံရကြောင်း ဟူသော ကောလဟာလများ ပျံ့နှံ့နေသည်။ ဟုတ်လား မဟုတ်လား ဘယ်သူမှ မသိကြသော်လည်း အမှန်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ?
လုံယန်မင်းသား အိမ်တော်သည် ဤနေရာတွင် တန်ခိုးကြီးပုံ ပေါ်သော်လည်း နတ်သမီးအောင့်ယွဲ့ နောက်ကွယ်က မိသားစုနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ပေ။
"သခင်လေးလုရွှမ်ကို ဂါဝရပြုပါတယ်"
သူ့စိတ်ထဲ အလျင်အမြန် ဆုံးဖြတ်ပြီးနောက် တုဝိန်က အထူး လေးစားမှုပြသည့် အနေဖြင့် အရိုအသေ ပေးပြန်သည်။ လုံယန်မင်းသား အိမ်တော်ကတော့ ငရဲကို သွားရတော့မယ်။
လုရွှမ် တုဝိန်ကို ကြည့်ရင်း ပြုံးလိုက်သည်။ တုဝိန်က ထက်မြက်တဲ့သူ တစ်ယောက်ပဲ။
"ကောင်းပြီ မင်းသွားပါ..."
တုဝိန် တခဏလောက် ထိတ်လန့်သွားပြီး သူ့မျက်နှာမှာ ချွေးတွေ တစိမ့်စိမ့် စီးကျလာခဲ့သည်။ သူဟာလည်း ငတုံး မဟုတ်တာကြောင့် လုရွှမ်ရဲ့ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပါသည်။
လုရွှမ်သည် နာမည်ကောင်း ရထားသော်လည်း ထိုကဲ့သို့ မထင်မရှားသော ကောလဟာလများလည်း ရှိနေသေးသည်။ သို့သော် လုရွှမ်ရဲ့ နောက်ခံဟာ တိမ်ပင်လယ် နယ်မြေဆိုတဲ့ သေးငယ်သော နေရာမှ ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။
သူဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ အဲဒီ့နောက်ကွယ်မှာ စွမ်းအား အများကြီး မရှိပါဘူး။
ပါရမီရှင်ငါးပါး ကျော်ကြားရခြင်းမှာ ဂုဏ်သတင်း မဟုတ်ဘဲ အာဏာကြောင့် ဖြစ်သည်။ အဲဒီပါရမီရှင် ငါးယောက် အတွက် တိတ်တဆိတ် ခိုးပြီး အလုပ်လုပ်ပေးချင်တဲ့ ဆွေတော်မျိုးတော် မိသားစုတွေ ဘယ်လောက်တောင် ရှိတယ်ဆိုတာ မသိနိုင်ပေ။
ဒီလူငါးယောက်နဲ့ ယှဉ်နိုင်တဲ့ ရှေးဟောင်း လျှပ်စီးကမ္ဘာကြီး အနီးက ကမ္ဘာငယ်လေးတွေထဲမှာ ပါရမီရှင်တွေ ရှိပါ့မလား။
ဒါပေမဲ့ သူတို့နောက်ကွယ်က အင်အားကြီးတဲ့ အင်အားစုတွေရဲ့ အကာအကွယ် မပါဘဲ သူတို့တွေ မြန်မြန် နာမည်ကြီးလာလေ မြန်မြန်သေနိုင်လေပဲ။
ပါရမီရှင်ငါးပါးလို နောက်ကွယ်မှာ စွမ်းအားမရှိတာ သေချာတဲ့ လူတွေကတော့ လုရွှမ်ကို လုပ်ကြံဝံ့ကြသည်။ အဲဒီပါရမီရှင် တစ်ယောက် မကြီးပြင်းလာရင်တော့ ဘယ်သူကမှ လက်ရှိအချိန်ကို ဂရုမစိုက်ပါဘူး။
ထို့ကြောင့် လုရွှမ် သူ့နာမည်ကို ထုတ်မပြောခဲ့လျှင် ပိုကောင်းပါ၏။ အခုလို ပြောလိုက်တာက လူအများကို ကြောက်လန့်သွားစေသလို လက်စားချေချင်တဲ့ လူတွေကိုလည်း ဆွဲဆောင်မိသွားနိုင်သည်။
လုရွှမ်လည်း သူ့ဆိုလိုရင်းကို တုဝိန် ရှင်းရှင်းလင်းလင်း မြင်ပြီး သူ့နောက်ကို လိုက်ချင်ကြောင်း နားလည်သည်။ အဲဒါကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်က ဘာလဲဆိုတာ သိရဖို့ သူ့နာမည်ကို ဖော်ပြလိုက်တာပင်။
ဆက်နေချင်ရင် အတူတူ တိုက်ခိုက်ရမယ်။ မဟုတ်ရင်တော့ အခုကတည်းက ထွက်သွားလိုက်တာ အကောင်းဆုံးပါပဲ။
အားထုတ်မှု မရှိရင် အမြတ်လည်း မရှိနိုင်ဘူးလေ။
တုဝိန် ခဏလောက် စဉ်းစားပြီး လုရွှမ်ကို နှုတ်ဆက်ကာ အမြန် ပြေးထွက်သွားလိုက်သည်။
တုဝိန် ထွက်ခွာသွားတာက ကြမ်းပြင်ပေါ်ရှိ လူတိုင်းကို ထိတ်လန့်သွားစေခဲ့ပြီး တစ်ယောက်ပြီး တစ်ယောက် လျင်မြန်စွာ ထွက်ပြေးသွားကြသည်။ ကိုးရက်တိုင်တိုင် မူးယစ်ခြင်းသေရည်ဆိုင်ထဲ၌ တခဏအတွင်းမှာပဲ လူနှစ်ယောက် ဖြစ်တဲ့ လုရွှမ်နဲ့ လိန်ဟော့တို့သာ ကျန်ရစ်ခဲ့၏။
လုရွှမ်ကတော့ ဂရုမစိုက်ဘဲ သေရည်ကို ဆက်လက်သောက်ခဲ့ပြီး လိန်ဟော့က အသားကင်ကို အကောင်လိုက် မျိုချနေသည်။
“သတ္တိကောင်းလိုက်တာ!”
နောက်ဆုံးတွင် ဒေါသတကြီး အော်သံက အဆောက်အဦး အပြင်ဘက်မှ ထွက်ပေါ်လာသည်။ များစွာသော သခင်များသည် အဆောက်အဦး အပြင်ဘက်မှ ပြေးဝင်လာကြသည်။
ခေါင်းဆောင်သည် မဟာသူတော်စင် အဆင့်၅ ကျင့်ကြံသူ ဖြစ်သည်။ သူက အရပ်ရှည်ပြီး ကြီးကျယ်ခမ်းနားတဲ့ တန်ခိုးနှင့် ပြည့်စုံသူလို အရှိန်အဝါမျိုး ရှိကာ တခြားသူများသည်လည်း အနည်းဆုံး မဟာသူတော်စင်တို့၏ အရှိန်အဟုန်နှင့် ပြည့်နေ၏။
"လုရွှမ် မင်းဘာတွေ ဖြစ်နေတာလဲ သိချင်ရင် ငါတို့နဲ့လိုက်ခဲ့"
ထိုလူကြီးသည် လုရွှမ် နံဘေးသို့ လျှောက်သွားပြီး လုရွှမ်ရဲ့ စားပွဲပေါ်ကို လက်ဖဝါးဖြင့် ပြင်းပြင်းထန်ထန် ပုတ်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
လုရွှမ်လည်း ပြုံးလျက်
"ဘာလဲ? ငါ့ကို မသတ်ဘူးပေါ့?"
"ဟမ့်.... မင်းသားမှာ သူ့အစီအစဥ်နဲ့ သူရှိတယ်"
လုရွှမ် သေရည် ကောင်းကောင်း တစ်ခွက်ကို တစ်ကျိုက်သောက်ပြီး ဆက်ပြောလိုက်သည်။
"အိုး ဒီလိုဆိုရင်တော့ မင်းငါ့ကို မခေါ်သွားနိုင်မှာကို ကြောက်ရတယ်... တခြားလူတွေကို မေးဖို့ လိုလိမ့်မယ် ထင်တယ်"
လူကြီးက အားရပါးရ ရယ်မောရင်း တုံ့ပြန်လာ၏။
"ဒီရန်ပြန်းမြို့မှာ ငါတို့ မင်းသားပြောတာက ဥပဒေပဲ... တခြား ထင်မြင်ချက်တွေကို ဘယ်သူက ဝင်ဆိုရဲမှာလဲ?"
"တကယ်တော့ တချို့လူတွေက သဘောမတူဘူး ထင်တယ်နော်"
လုရွှမ်က ပြုံးပြီး သူ့ဓားရှည်ကို လှန်ကာ ဓားစွမ်းအင်ကို ခုတ်ထစ်လိုက်သည်။ နတ်သမီး သစ်သားရဲ့ တစ်ပိုင်းတစ်စကို ခုတ်ထစ်လိုက်ရာ နံရံ နောက်ကွယ်က ရုပ်ပုံလွှာကို ထုတ်ဖော်လိုက်သည်။
ထိုလူက သူ့မျက်နှာပေါ်တွင် မကောင်းသော အကြည့်နှင့် အံ့အားသင့်သည့် အရိပ်အယောင်များဖြင့် ဝင်လာခဲ့သည်။ လုရွှမ်က သူ့ရဲ့ ဖြစ်တည်မှုကို သိရှိနိုင်တဲ့ အတွက် အနည်းငယ် အံ့သြသွားသလို လုရွှမ်ရဲ့ ခွန်အားကို ပို၍ပင် အကောင်းမြင်လာခဲ့သည်။
"ကျန်းထျန်း.. မင်း အချိန်မီရောက်လာတာပဲ.... မင်းရဲ့သခင်လေးလည်း ဒီမှာပဲ သေသွားတာ ဒီသူခိုးလေးကို ငါနဲ့အတူ ပြန်ခေါ်သွားပြီးရင် အိမ်တော်သခင်က မင်းတို့ ပိုင်ကုန်းအိမ်တော်က အိမ်တော်သခင်ကို လာဖိတ်ခေါ် ခိုင်းလိမ့်မယ်"
ထိုလူကြီးက သာမန် ကိစ္စတစ်ခုလိုပဲ အော်ပြောလိုက်သည်။
ကျန်းထျန်းက တခစ်ခစ် ရယ်လိုက်ပြီး
"ကျိုးချောင် ဒီသူခိုးလေးကို ငါပြန်ခေါ်သွားပြီး မင်းရဲ့ မင်းသားလေးကို လာစကားပြောဖို့ ဖိတ်ခေါ် ခိုင်းလိုက်မယ် ဘယ်လိုလဲ?"
ကျိုးချောင်ဆိုတဲ့ လူကြှးက မျက်ခုံးပင့်လိုက်သည်။
"ကျန်းထျန်း မင်းက ငါ့ကို ခက်ခဲအောင်လုပ်ဖို့ ကြိုးစားနေတာလား?"
ထိုအခိုက် လုရွှမ်က ဝင်ပြောလာခဲ့၏။
"မင်းတို့ အရင်တိုက်ကြ.... သန်မာတဲ့သူနောက်ကို ငါလိုက်ခဲ့မယ်"
ကျန်းထျန်းနဲ့ ကျိုးချောင်က လုရွှမ်ကို တပြိုင်နက်တည်း စိုက်ကြည့်လာကြသည်။ လုရွှမ်ကလည်း သေနေသော လူနှစ်ယောက်ကို ညွှန်ပြပြီး
"ငါတို့အားလုံးက ဉာဏ်ကောင်းတဲ့ သူတွေမို့လို့ တုံးအချင်ယောင် ဆောင်နေဖို့ မလိုဘူးမလား? ဒီအရှုံးသမား နှစ်ယောက်ကို မင်းတို့ ဘယ်သူမှ ဂရုမစိုက်ဘူး.... မင်းတို့က ဒီနှစ်ယောက်ရဲ့ အလောင်းကို အိမ်ပြန်ပို့ဖို့ ငါ့ကိုအကြောင်းပြချက် အနေနဲ့ သုံးချင်နေတာ မဟုတ်လား?"
"ရိုးရိုးသားသား ပြောရရင် ငါ အရမ်းစိတ်ဝင်စားပါတယ်။ တစ်ယောက်တည်း ခရီးသွားရတာက နည်းနည်းတော့ အားနည်းတယ်လေ....မင်းတို့ တန်ခိုးကြီးရင် မင်းတို့နဲ့ တွဲဖို့ စိတ်မ၀င်စားတာ မရှိနိုင်ဘူး...မင်းတို့ရဲ့ အိမ်တော်သခင်ဆီမှာ ချောမောလှပတဲ့ ညီမလေးတွေ သမီးတွေ ရှိခဲ့လို့ ငါမျက်စိကျသွားရင်တော့ ငါတို့က ဆွေမျိုးတွေ ဖြစ်သွားနိုင်တာပဲလေ"