ညစ်ပတ်တဲ့ရေ
Vol. 58 Ch. 4.387
လိန်ဟော့မှာ ပျော်ပျော်ရွှင်ရွှင် ရိုက်နှက်နေတုန်း မင်းသားလုံယန် ရုတ်တရက် ထွက်ခွာသွားတာကို မြင်သောအခါ စိတ်မချမ်းသာတော့ဘဲ သူ့နောက်သို့ အမြန် လိုက်သွားတော့သည်။
"မင်းဘာလို့ ထွက်ပြေးနေတာလဲ? ငါ့ခွန်အားက အရမ်းသန်တယ်လို့ မင်းထင်နေတာလား? နာသွားတာလားဟေ့! ကောင်းပြီလေ ငါ နည်းနည်းလေး နူးညံ့ပေးမယ်"
သဲဝါကမ္ဘာ၌ သူ့ကိုတိုက်နိုင်သူမှာ ရွှမ်ထျန်းကင်းမြီးကောက် ဘုရင်နဲ့ သဲကျောက်သားရဲသာ ရှိကာ အချိန်အတော်ကြာ ယှဥ်ပြိုင်လာပြီးနောက် ငြီးငွေ့လာခဲ့သည်။ မင်းသားလုံယန်နဲ့ တိုက်ပွဲက သူ့ကို အလွန်ပျော်ရွှင်စေ၏။ ရက်ပေါင်းများစွာ ဖိနှိပ်ထားတဲ့ ဒေါသတွေ နောက်ဆုံးတော့ လွတ်ထွက်လာခဲ့ပြီး အလွန်သက်သာရာ ရသွားခဲ့သည်။
အောက်ဖက်ရှိ လူတိုင်းမှာ မျက်လုံးပြူး မျက်စံပြူးဖြင့် အပေါ်စီးမှ တိုက်ပွဲကို ကြည့်ရှုနေကြသည်။ အထူးသဖြင့် ကြည့်ရတာ ပျော်စရာကောင်းသည့် လိန်ဟော့ နှင့် မင်းသားလုံယန်တို့ အကြားက တိုက်ပွဲဟာ သူတို့ နှလုံးသားများကို ဆူပွက်လာစေသည်။
ကျွမ်းကျင်သူများက တံခါးကို စောင့်ကြည့်နေချိန်တွင် တခြားသူများကလည်း အခြေအနေကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
လိန်ဟော့မှာ မင်းသားလုံယန်ရဲ့ ဓားစွမ်းအင်ကို ခုခံရန် သူ၏ လက်သီးများကိုသာ အသုံးပြုခဲ့သည်။
မင်းသားလုံယန်ဟာ ရန်ပြန်းမြို့တွင် သူ၏ လက်ရှိနာမည် ကျော်ကြားမှုကို သူ့ရဲ့ ဓားကျွမ်းကျင်မှုဖြင့် ထူထောင်နိုင်ခဲ့တာဟု ဆိုနိုင်ပါသည်။ မင်းသားလုံယန်ရဲ့ ရာထူးနေရာကို မကျေမနပ်ဖြစ်ကာ သူ့ကိုစိန်ခေါ်ရန် လူပေါင်းများစွာ ရောက်လာခဲ့သော်ငြား သူ့ရဲ့ဓားအောက်မှာ အဆုံးသတ်ခဲ့ရသည်။
မင်းသားလုံယန်ရဲ့ ဓားစွမ်းအင်တွေဟာ လက်ရှိအချိန်မှာ အနီးကပ် တိုက်ပွဲဖြစ်တာကြောင့် အသုံးမပြုနိုင်ပေမယ့် သာမန်လူတွေက သူ့ရဲ့ခန္ဓာကိုယ်နဲ့ မထိတွေ့နိုင်တာကြောင့် သူ့ရဲ့စွမ်းအားကို လျှော့တွက်လို့တော့ မရချေ။
လိန်ဟော့ရဲ့ လက်သီးများကလည်း ပြင်းထန်လွန်းသည်။
မင်းသားလုံယန်ရဲ့ မျက်နှာသည် တစ်ချိန်တည်းတွင် ဖြူဖျော့လာပြီး တစ်ဆက်တည်း မည်းမှောင်လာကာ သူ့ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို ကြားလိုက်ရတာ သေချာပါသည်။ သူ့ခမျာ အလွန်ဒေါသထွက်ကာ လူသတ်ချင်လာတဲ့ ရည်ရွယ်ချက်တွေက ပြည့်လျှံလာလေသည်။
"ဟမ့်.. ရုပ်ခန္ဓာက သိပ်အစွမ်းထက်နေတယ်ပေါ့လေ... ငါ့ရဲ့ ဓားစွမ်းအင်ကို မြည်းကြည့်စမ်း!!"
သူ့ရဲ့ ကြီးစိုးလွန်းနေတဲ့ ဓားစွမ်းအင် အကြောင်း သူ့ကိုယ်သူ ထပ်မံ ဝါကြွားလိုက်သည်။ အရင်က လုရွှမ် သူ့ဓားချက်ကို ပိတ်ဆို့ထားနိုင်ပေမယ့် သူကတော့ ယုံကြည်မှု ရှိနေတုန်းပဲ။
သူ့စိတ်ထဲမှာ လုရွှမ်ဟာ ရာစုနှစ် တစ်ခုအတွင်းသာ မြင်တွေ့နိုင်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်ပါသည်။ အဲဒီလိုလူရဲ့ ခွန်အားဟာ သူ့လက်ရှိအခြေအနေ အပေါ် မူတည်၍ တိုင်းတာလို့ မရနိုင်ပေ။ သူတော်စင်ကို ပထမအဆင့်သာ ဖြစ်သော်လည်း သူ့ရဲ့အမှန်တကယ့် တိုက်ခိုက်ရေး စွမ်းအားသည် မဟာသူတော်စင်ကြီးကို စိန်ခေါ်နိုင်နေပြီ ဖြစ်သည်။
သူမျှော်လင့်ထားတဲ့ အတိုင်း လုရွှမ်က သူ့ကိုယ်ပိုင်ဓားကို တားဆီးနိုင်ခဲ့သည်။ တခြားလူတွေက နေရာတကာမှာ တကယ်ကို အရည်အချင်း ရှိကြသော်လည်း လုရွှမ်လို အရည်အချင်းကတော့ ခပ်ရှားရှားပင်။
လှိုင်းလုံးကြီးလို ဓား၁၆စင်းက လိန်ဟော့ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
အာဏာဓားကျင့်စဥ်၏ ဓားတစ်ချောင်းတည်းက ဓား၆၄စင်စကို တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်ပါက ပြင်းထန်လွန်းသဖြင့် ကောင်းကင်ဘုံသခင်ပင် မရင်ဆိုင်ဝံ့ပေ။
လိန်ဟော့ရဲ့ မျက်လုံးများက တည်ငြိမ်နေပေမယ့် လုရွှမ်ရဲ့ ဓားရောင်ဝါ ခြိမ်းခြောက်မှုနဲ့ တူညီလုနီးပါး ဖြစ်သည့် မင်းသားလုံယန်ဆီက လွှမ်းမိုးနေသော ဓားရောင်ဝါကို သဘာဝအတိုင်း ခံစားမိသည်။ သူ့ခမျာ လုရွှမ်ရဲ့ ဓားစွမ်းအင်ကို အလွန်ကြောက်ရွံ့ထားတာကြောင့် ထိုကဲ့သို့ အစွမ်းထက်သော ဓားရောင်ဝါကိုလည်း သတိမပေါ့ထားဝံ့ပေ။
သူအရင်က သူ့အစွမ်းသတ္တိကို ဖုံးကွယ်ထားချင်ပေမယ့် အခု တုံ့ဆိုင်းမနေတော့ပေ။ သူ့မျက်ခုံးကြားက အလင်းရောင်တွေ လင်းလာပြီး လျှပ်စီးကြောင်းတွေ တစ်စင်းပြီး တစ်စင်း ထွက်ပေါ်လာသည်။
မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတို့သည် လေထုအလယ်မှ ဖြတ်သန်းသွားကာ ဓားများကို ဝင်ရောက် တားဆီးလိုက်သည်။ ဝုန်းကနဲ ပေါက်ကွဲသံနဲ့အတူ လျှပ်စီးကြောင်းနဲ့ ဓားတို့သည် လေထုထဲတွင် ကျယ်လောင်သော အသံများအဖြစ် ထွက်ပေါ်လာ၏။
ဝုန်းဝုန်း!
ကောင်းကင်ယံ၌ မိုးခြိမ်းသံများ ဆက်လက် ထွက်ပေါ်နေသည်။ သို့ရာတွင် မိုးကြိုးသားရဲရဲ့ နတ်မိုးချုန်းသံဟာ အလွန် အဆင့်မြင့်မားရာ နတ်မိုးခြိမ်းသံတစ်ခုက ကောင်းကင်ကို ရိုက်ခတ်သွားပြီး ကောင်းကင်က မိုးခြိမ်းသံလို ဖြစ်စေခဲ့သည်။
မိုးခြိမ်းသံကြောင့် လူတိုင်းရဲ့ စိတ်နှလုံးတွေ တုန်လှုပ်သွားလေ၏။ လိန်ဟော့က မိုးခြိမ်းသံကို အမှန်တကယ် နှိုးဆွနိုင်ခဲ့သည်။
မင်းသားလုံယန် စိတ်ရှုပ်သွားသည်။ သူ့ရှေ့က အေးစက်တဲ့ ကျောပြင်နဲ့ လူမည်းကြီးက ဘယ်သူလဲ? သူ့နောက်ကျောက ချွေးစေးတွေတောင် အေးစက်သွားသလိုတောင် ခံစားလိုက်ရသည်။ အဲဒီလူက တကယ်တော့ လုရွှမ်ရဲ့ ကျွန်ပဲမဟုတ်လား။ လုရွှမ်မှာ ဘယ်လို နောက်ခံမျိုး ရှိတယ်ဆိုတာ နတ်ဘုရားတွေပဲ သိလိမ့်မည်။
သူဟာ ရှေးခေတ်မိသားစု တချို့မှ ဆင်းသက်လာသူ ဖြစ်နိုင်ပြီး သူ၏ကိုယ်ပိုင် လက္ခဏာကို မထုတ်ဖော်ချင်တာပဲ ဖြစ်လိမ့်မည်။
သူ့ရင်ထဲမှာ စိတ်တွေပူနေပြီး သူ့မျက်နှာမှာလည်း ကြောက်ရွံ့မှုတွေ ပြည့်နှက်လာခဲ့သည်။ လုရွှမ်ကို ခဏလောက် လှည့်ကြည့် လိုက်မိပေမယ့် လန့်သွားရပြန်၏။ ယခုအခိုက်အတန့်တွင် လုရွှမ်ဟာ လေထုအလယ်၌ ပျံသန်းနေပြီး သူ့ရဲ့မိတ်ဆွေဟောင်း သခင်ပိုင်ကုန်းမှာ လုရွှမ်အား ထိတ်လန့်စွာ ကြည့်နေသော်လည်း မလှုပ်ပေ။
"ပိုင်ကြီး?"
"သူ့ရဲ့ဓားစွမ်းအင်က အရမ်း လွှမ်းမိုးနိုင်တယ်... မင်းထက်လည်း မနိမ့်ဘူး ပြီးတော့ သူက ရှေးဟောင်းသိုင်းကမ္ဘာ ထျန်းဝူမိသားစုရဲ့ ဓားကိုးစင်းသိုင်းကို သုံးနေသလိုပဲ"
မင်းသားလုံယန်ရဲ့ မျက်နှာမှာ နီရဲလာပြီး သွေးတစ်လုတ်ကို ထွေးထုတ်လုမတတ် ဖြစ်သွားရသည်။
ဒါပေါ့။ သူ ကိုယ်ခံပညာ ထျန်းဝူမိသားစုရဲ့ ဓားကိုးစင်းသိုင်းကို ကောင်းကောင်း သိတယ်လေ။ အနီးနား ကမ္ဘာငယ်လေးထဲက လူတိုင်းနီးပါး ထျန်းဝူမိသားစုရဲ့ ဓားကိုးစင်း စွမ်းအားကို သိကြပြီး ၎င်းသည် ထျန်းဝူမိသားစုရဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်သည်။
ထိုမိသားစုက ဓားကိုးစင်းသိုင်းကို နှစ်ထောင်ပေါင်းများစွာ အမွေဆက်ခံလာခဲ့ပြီး မကြားဖူးသူ မရှိသလောက်ပဲ။
"မင်းက ရှေးဟောင်းသိုင်းကမ္ဘာ ထျန်းဝူမိသားစုကလား?"
မင်းသားလုံယန်က အော်မေးလိုက်သည်။ သူ့မျက်နှာက ပြာနှမ်းနေပြီး သူ့မျက်လုံးတွေက အသက်မရှိတော့ချေ။
ဒီလို ပြောင်မြောက်တဲ့ ဓားရေးစွမ်းရည်၊ လေ့ကျင့်မှု အရှိန်အဟုန်နဲ့ ထက်မြက်တဲ့ သူတော်စင်အဆင့်ကို လေ့ကျင့်နိုင်တဲ့ ပါရမီရှင်။ ဒါ့အပြင် မဟာသူတော်စင် ကျွန်တစ်ယောက်ကိုပါ အမှန်တကယ် ပေးထားသည်။ ဒီလိုလူက သာမန်လူ မဟုတ်သလို ဉာဏ်ရည်ဉာဏ်သွေးကလည်း နောက်ကျနေမှာတော့ မဟုတ်ပေ။
"မဟုတ်ဘူး"
လုရွှမ် ဖြေလိုက်သည်။ သူ ရှေးဟောင်းသိုင်းကမ္ဘာက ကိုယ်ခံပညာ ထျန်းဝူမိသားစုရဲ့ ဆိုင်းဘုတ်ကို ဆွဲယူဖို့ စိတ်မ၀င်စားချေ။
"မဟုတ်ဘူး?"
မင်းသားလုံယန်က တိုးညှင်းသော အသံဖြင့် ထပ်ခါတလဲလဲ ရေရွတ်ပြီးနောက် သူ့မျက်နှာမှာ နီရဲလာပြီး စိတ်ကြွဆေးပြားများ အပြုံလိုက် စားထားသလို တောက်ပလာတော့သည်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်းက ရှေးဟောင်းသိုင်းကမ္ဘာထဲက ထျန်းဝူမိသားစုဝင် မဟုတ်ပေမယ့် ဓားကိုးစင်းသိုင်းကို တကယ် သိနေတယ်ပေါ့... မင်းက သေခြင်းတရားကို ကိုယ်တိုင်ရှာနေတာပဲ"
"လွန်ခဲ့တဲ့ လအနည်းငယ်က ရှေးဟောင်းသိုင်းကမ္ဘာရဲ့ နံပါတ်တစ် ပါရမီရှင် ထျန်းဝူ ထွက်သွားပြီး ရုတ်တရက် ဝိညာဉ်ပါ ပျက်စီးသွားတယ်လို့ ကြားလိုက်ရတယ်.... လုရွှမ် အဲဒါကို မင်းလုပ်ခဲ့တာမလား ?"
သခင်ပိုင်ကုန်းကလည်း ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ရေများကို သုတ်သင်ရန် အသည်းအသန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အနီးနားက ကမ္ဘာငယ်လေး တစ်ဝိုက်မှာ ရှေးဟောင်းသိုင်းကမ္ဘာထဲက ထျန်းဝူမိသားစုရဲ့ တည်နေရာနဲ့ မိသားစု အနေအထားကို လူတိုင်းလိုလို သိထားကြ၏။
သူ ဒီလူတွေကို ဂရုမစိုက်နိုင်သော်လည်း ရှေးဟောင်းသိုင်းကမ္ဘာထဲက ထျန်းဝူ မိသားစုသာ လူယုတ်မာများဖြစ်သည်။ ယခုအချိန်တွင် သူတို့ဟာ မိမိကို တုန်လှုပ်သွားစေနိုင်သည့် အရာမဟုတ်တာတော့ သေချာပါ၏။
"ဟမ့်! လူကြီးမင်းပိုင်... မင်းက ငါ့ခန္ဓာကိုယ်ပေါ် ညစ်ပတ်နေတဲ့ ရေတွေကို ပတ်ဖြန်းချင်တဲ့အထိ ဉာဏ်ကောင်းသားပဲ... အစကတော့ မင်းကို ခွင့်လွှတ်လိုက်ဖို့က ပြဿနာ မရှိပေမယ့် အခုတော့ မင်းက ဘာလုပ်ရမှန်းမသိဘဲ ကိုယ့်ဘာသာကိုယ် သေလမ်း ရှာမိသွားတာတော့ သနားစရာပဲ"
လုရွှမ်၏ လက်ဖဝါးမှ ဓားထက်မြက်သော ဓားအလင်းသည် ကောင်းကင်သို့ ရုတ်တရက် တက်သွား၏။ ဓားအလင်းသည် ဓားကိုယ်ထည်မှ လွတ်ထွက်သွားသကဲ့သို့ တုန်လှုပ် ချောက်ချားဖွယ် ဓားရည်ရွယ်ချက်များကို ကောင်းကင်မှ မြေပြင်သို့ ပစ်လွှတ်လိုက်လေသည်။
လူတိုင်းရဲ့ မျက်လုံးများထဲတွင် လုရွှမ်ရဲ့ ခန္ဓာကိုယ်ဟာ မလှုပ်မယှက် ဖြစ်နေသော်လည်း ကောင်းကင်သို့ တက်သွားသလို ခံစားနေရသည်။ လုရွှမ် ရှေ့တွင် ဓားစွမ်းအင်လိုင်းများ စုပုံလာသဖြင့် လူတိုင်းကို ထိတ်လန့်သွားစေသည်။
ရုတ်တရက် သူတို့လက်တွေ တုန်နေတာကို ခံစားလိုက်ရပြီး လက်ထဲက ဓားတွေဟာ မထင်မှတ်ပဲ ပြေးထွက်သွားကာ လုရွှမ် အနီးတစ်ဝိုက်မှာ နေရာယူသွား၏။
မရေမတွက်နိုင်သော ဓားရှည်များသည် လုရွှမ် လက်ထဲက ဓားရှည်နှင့် နီးကပ်စွာ ဆုံစည်းသွားကြသည်။ လုရွှမ်ရဲ့ အနောက်တွင် ပျံသန်းနေသော ဓားတစ်ချောင်းချင်းစီသည် ဓားအရိပ်ထဲသို့ တဖြည်းဖြည်း ပေါင်းဝင်သွားကြသည်။
"ဓားတစ်သောင်းရိုက်ချက်!"
လုရွှမ်ရဲ့ အသံနဲ့အတူ ကောင်းကင်နှင့် မြေကြီးကြား၌ မိုးချုန်းသံများ ထွက်ပေါ်လာ၏။
"ခေါင်းဖြတ်!"
"ခေါင်းဖြတ်!"
"ခေါင်းဖြတ်!"
စူးရှသော အသံမှာ ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်နေသကဲ့သို့ ဆက်တိုက် ထွက်ပေါ်လာ၏။ ဓားအလင်းက သခင်ပိုင်ကုန်းဆီသို့ ခုတ်ထစ်သွားကာ မရေမတွက်နိုင်သော ဓားမီးများနှင့်အတူ ဓားစွမ်းအင်များ ဖြာထွက်သွားသည်။
လွှင့်ထုတ်လိုက်သည့် အလင်းတန်းများနှင့် အရှိန်အဟုန်မှာ လုံးဝ အံ့မခန်းပင်။
သခင်ပိုင်ကုန်းရဲ့ မျက်နှာသည် ကြောက်ရွံ့မှုများ အပြည့်ဖြင့် အော်ဟစ်ကာ လှည့်ထွက်ပြေးသွားခဲ့သည်။
"ထွက်ပြေးချင်တယ်ပေါ့ မင်း မလုပ်နိုင်ပါဘူး"
လုရွှမ် အသံဆုံးသည်နှင့် ဓားအလင်း မီးတောက်ကြီးသည် အလျင်အမြန် ကြီးထွားလာပြီး အောက်သို့ ထိုးကျလာခဲ့သည်။
ဘာသာပြန် - အခင်းအကျင်းကို အခင်းအကျင်း သို့မဟုတ် အစီအရင်ဟု သင့်လျော်သလို ဘာသာပြန်သွားပါမည်။