← Chapters

ဒြပ်စင်ငါးပါး နတ်ပုတီးစေ့

Vol. 58 Ch. 4.389

ဒြပ်စင်ငါးပါး နတ်ပုတီးစေ့

Vol. 58 Ch. 4.389

လုရွှမ်သည် ပြင်ပကမ္ဘာမှ တုံ့ပြန်မှုများကို လုံးဝသတိမထားမိဘဲ ယခုအချိန်တွင် စိတ်ကူးယဉ် ပုံရိပ်ယောင် တစ်ခုထဲတွင် ပိတ်မိနေခဲ့သည်။

နှလုံးသားမီးသစ်သီး တည်ရှိ​နေခြင်းကြောင့် လုရွှမ် ဒီဘဝတွင် အတွင်းစိတ်ဝိညာဉ်ဆိုးကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ မထင်မှတ်ပဲ ယခုတော့ နှလုံးသားမီးသစ်သီး ပျောက်ကွယ်သွားတာနဲ့ အတွင်း နတ်ဆိုးများက အလွန်များပြားလာသည်။

တစ်ရက် နှစ်ရက်လောက် ကြာတော့ လုရွှမ်ရဲ့ ခန္ဓာကိုယ်ဟာ အဆက်မပြတ် တုန်ခါနေပြီး သူ့ခန္ဓာကိုယ် တစ်ဝိုက်မှာ အလင်းရောင်မျိုးစုံ ထွက်ပေါ်လာသည်။ တခါတရံ သန့်ရှင်းသော စွမ်းအား၏ အဖြူ၊ တစ်ခါတစ်ရံ စိတ်ဝိညာဉ် စွမ်းအား၏ ကောင်းကင်ပြာ​ရောင်၊ တစ်ခါတစ်ရံ စိမ်းပြာနဂါးရဲ့ စိမ်းပြာရောင် စွမ်းအား ဖြစ်နေသည်။

လူသုံးယောက် တက်လာပြီး သူတို့ဖိထားတဲ့ အနက်ရောင် စွမ်းအင်တွေဟာ မီးတောက်ထဲမှာ ရှင်းရှင်းလင်းလင်း လောင်ကျွမ်းသွား၏။

သုံးရက်မြောက်သောနေ့၌ လုရွှမ် နိုးလာခဲ့သည်။ သုံးရက်ကြာ စုစည်းပြီးနောက် နတ်မိုးခြိမ်းသံသည် အထိန်းအကွပ်မဲ့စွာ ကျရောက်လာခဲ့ပြီ။

မိုးကြိုးအတိဒုက္ခက ကြီးမားသော်လည်း လုရွှမ်က အလွန်တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။ သူသည် ကပ်ဘေးနှင့် ပတ်သက်သည့် အရာအားလုံးကို ကျင့်သားရနေပြီ ဖြစ်သည်။

မကြာမီတွင် အတိဒုက္ခ ကပ်ဆိုးကြီး ပျောက်ကွယ်သွားပြီး လုရွှမ်ရဲ့ ခွန်အားသည် အခြားသူများထက် ကြီးမားသောအဆင့်ကို ကျော်လွန်သွားခဲ့သည်။ သာမာန် ကောင်းကင် အတိဒုက္ခတွေက လုရွှမ်ကို လုံးဝ အန္တရာယ် မပေးနိုင်တော့ပါ။

မဟာသူတော်စင် နယ်ပယ်သို့ မရောက်ခင်အထိ မိုးကြိုးအတိဒုက္ခများက ကျင့်ကြံသူများ၏ တန်ခိုးနှင့် မကိုက်ညီပါက အ​တိဒုက္ခတိုင်း၌ အတားအဆီး မရှိနိုင်ပေ။ အဘယ်ကြောင့် ဆိုသော် မဟာသူတော်စင် နယ်ပယ်တွင် အဆင့်မြင့် အဆင့်ရှိသူများ အလွန်နည်းပါးကြပြီး အများစုမှာ မဟာသူတော်စင် အဆင့်၅ ဝန်းကျင်တွင်သာ ရှိနေတတ်ကြသည်။

နယ်ပယ်မြင့်လေ မိုးကြိုးအတိဒုက္ခက ပိုပြင်းထန်လေပဲ။ ကောင်းကင်ဘုံရှင်သခင်ကို တိုက်ခိုက်ဖို့ အသင့်မဖြစ်​သေးပါက မဟာသူတော်စင် အတိဒုက္ခကို ကျော်ဖြတ်ဖို့က မိမိကိုယ်ကို လှည့်ဖြားမှုတစ်ခုလို ဖြစ်​နေပေလိမ့်မည်။

အဆင့်နှစ်ဆင့်ကို ဆက်တိုက်ကျော်ဖြတ်ပြီး တတိယအဆင့်သို့ ဝင်ရောက်ပြီးနောက် လုရွှမ် ရပ်တန့်သွားခဲ့သည်။ သူ ကြိုးကြိုးစားစားလုပ်ပါက ဆက်လက် ကျော်ဖြတ်နိုင်သော်လည်း အဓိပ္ပာယ် မရှိဘူးဟုသာ ရှင်းရှင်းလင်းလင်း ခံစား​နေရသည်။

ရှည်လျားသော ဟောက်သံနှင့်အတူ လုရွှမ် ဂူထဲမှ အမြန် ထွက်လာခဲ့သည်။ လှိုဏ်ဂူသည် မိုးကြိုးဘေးကြောင့် အပျက်အစီး လိုဏ်ဂူအဖြစ်သို့ ပြောင်းလဲသွားပြီ။ လုရွှမ် ကောင်းကင်သို့ ပျံတက်သွားပြီး ကျွန်းကို ငုံ့ကြည့်လိုက်ရာ အမြင့် ဆယ်မီတာခန့်အထိ ပြတ်တောက်သွားတာ တွေ့လိုက်ရသည်။

အရမ်းကြောက်စရာ ကောင်းတယ်လို့ သူတို့ထင်ထားတဲ့ မိုးကြိုးအတိဒုက္ခကို လုရွှမ် လုံးဝ ဂရုမစိုက်မှန်းသာ တခြားသူတွေ သိရင် တရားမျှတမှု မရှိတဲ့ မိုးကောင်းကင်ကို ကျိန်ဆဲရင်း ဝမ်းနည်းသွားလိမ့်မည်။

လှိုင်းလုံးများက ငြိမ်သက်နေသော်လည်း လုရွှမ် ဤနေရာတွင် မကောင်းတာ တစ်ခုခု ဖြစ်ခဲ့သလို ခံစား​နေသည်။ ရေသည် ပြာသော်လည်း လူသေအလောင်းများကို မဖုံးကွယ်ထားနိုင်ပေ။

ကုန်းမြေဘက်သို့ တောက်လျှောက် ပျံသန်းပြီးနောက် လုရွှမ် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ကုန်းပေါ်တွင် ကျင့်ကြံသူတွေ နည်းပါးသွားကာ စိတ်ဓာတ်ကျနေပုံလည်း ​ပေါ်သည်။

"ဘာဖြစ်တာလဲ?"

လုရွှမ်သည် ပွင့်ရုံမျှသာရှိသော စားသောက်ဆိုင်တစ်ခုသို့ ရောက်လာပြီး အမြန်မေးလိုက်သည်။

"အကြီးအကဲ... ခင်ဗျားက လူသစ်လား? လွန်ခဲ့တဲ့ သုံးရက်က ပင်လယ်ထဲက သားရဲတွေ ဒီကိုတက်လာပြီး တိုက်ခိုက်တာ ပင်လယ်ပြာမြို့ တစ်ခုလုံးကို သတ်လုနီးပါးပဲ"

လုရွှမ် အံ့အားသင့်သွားပြီး

"ပင်လယ်သားရဲတွေ ရောက်လာတာ ငါဘာလို့ မသိရတာလဲ"

လိန်ဟော့က ခေါင်းညိတ်ပြီး ပြောလာခဲ့သည်။

"ဟုတ်တယ် အဲဒီပင်လယ် သားရဲတွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး သခင့်ကိုတောင် လုပ်ကြံချင်နေသေးတာ.... ဒါပေမဲ့ သခင့်​ရဲ့ မိုးခြိမ်းသံကို သူတို့မြင်ပြီးတာနဲ့ အားလုံး ပြန်ဆုတ်သွားကြတာပဲ"

လိန်ဟော့ ပြောတာ မှန်ပါ၏။ တကယ်တော့ အဲဒီပင်လယ်သားရဲတွေက လုရွှမ်ကို ကိုက်စားချင်ပေမယ့် လုရွှမ်ရဲ့ မိုး​ကြိုးဒုက္ခကို ထိတ်လန့်ကြောက်ရွံ့သွားကြလေသည်။

စိတ်အနှောင့်အယှက် မဖြစ်စေရဲသူကို နှောင့်ယှက်ခြင်းက ပင်လယ်မျိုးနွယ်စုကို စိတ်ကူးမယဉ်နိုင်သော အကျပ်အတည်းကို ယူဆောင်လာစေမှာပဲ ဖြစ်​ပေသည်။

"မင်းငါ့ကို သခင်လို့ ခေါ်လိုက်တာလား?"

လုရွှမ် ပြန်လှည့်မေးလိုက်သည်။

မဟာသူတော်စင် လိန်ဟော့က ငတုံး မဟုတ်ပေ။ လုရွှမ် နောက်ကို လိုက်လာပြီးကတည်းက လုရွှမ်ဟာ အံ့သြဖွယ်ရာများကို အဖန်ဖန် ဖန်တီးနေခဲ့တာကို တွေ့ခဲ့ရသည်။ ဒီလိုလူရဲ့ နောက်ကိုလိုက်ရင် တောက်ပတဲ့ အနာဂတ်က ရှိလာမှာပင်။ နောင်တွင် ထိုသူအား အနည်းငယ်ပို၍ ဂရုပြုလိုက်ပါက မိမိလည်း ကောင်းကင်ဘုံသခင် အဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ရှိလာပေမည်။

လုရွှမ်လည်း ဒါကိုစဉ်းစားပြီး မငြင်းတော့ပေ။ အခု လိန်ဟော့ဟာ သူ့နောက်ကို လိုက်ပြီး သူပြောသမျှကို လိုက်လုပ်ပေးနေတာကြောင့် နောက်လိုက် အစေခံနဲ့ ဘာမှ သိပ်မကွာတော့ချေ။

ကျင့်ကြံသူတွေ များများစားစား မရှိကြ​တော့ဘူး ဆိုတော့ လုရွှမ်လည်း သဘာဝအတိုင်း ထွက်သွားဖို့ စီစဉ်လိုက်သည်။ သို့သော် စားပွဲထိုးက သူတို့နှစ်ယောက်ကို အမြန် တားလာပြီး

"အကြီးအကဲတို့ ခဏလောက် စောင့်ကြည့်ပါဦးလား? ပင်လယ်သားရဲတွေက ဒီတစ်ခါ ရန်ပြန်းမြို့ကို ဘာကြောင့် တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို သိလား?"

မိုးကြိုးသားရဲရဲ့ သတိပေးမှုကြောင့် လုရွှမ်လည်း ဒါဟာ သူ့ရဲ့ မိုးကြိုးအတိ ဒုက္ခကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးထင်မိသည်။ ယခုအခိုက်အတန့်တွင် သူ့ရဲ့ စိတ်ရှုပ်ထွေးမှုကို ဖော်ပြရန်အတွက် သဘာဝအတိုင်း ခေါင်းယမ်း​ပြလိုက်သည်။

“လူတစ်ယောက် ပင်လယ်သားရဲရဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်ပြီး အမှန်တရားကို သိလာတယ်လို့ ကြားမိတယ်... ဉာဏ်ပညာ ထက်မြက်ပြီး ပင်လယ်သားရဲဆီက ရတနာကို ရထားတဲ့ ကျင့်ကြံသူတစ်ယောက် ရှိတယ်တဲ့... အဲဒါက ပင်လယ်သားရဲ အတွက်တော့ ကမ္ဘာ့ရတနာနဲ့ ညီမျှတယ် ဒါကြောင့် ပင်လယ်သားရဲတွေရဲ့ တိုက်ခိုက်တာကို ခံရတာတဲ့”

လုရွှမ် မိုးကြိုးသားရဲကို တစ်ချက် ကြည့်လိုက်သည်။ သူသည် လူသားဖြစ်စေ သားရဲဖြစ်စေ ရတနာများကို နှစ်သက်သူပင်။

"အဲဒီပင်လယ် သားရဲတွေရဲ့ တိုက်ခိုက်မှုတွေက ထိရောက်မှု မရှိသလို ရတနာကို မသိမ်းသွားနိုင်တာများလား?"

လုရွှမ်က ပြန်​မေးလိုက်သည်။ စားပွဲထိုးက လက်ခုပ်တီးပြီး

“ဟုတ်တာပေါ့... အဲဒီရတနာက ပင်လယ်ပြာမြို့မှာ ရှိတုန်းပဲ... ကျွန်တော့် သူငယ်ချင်းဆို ရတနာရှာဖို့ လူတွေ စုနေပြီ”

စားပွဲထိုးရဲ့ စိတ်အား ထက်သန်သော အကြည့်ကို မြင်လိုက်ရတော့ လုရွှမ်လည်း ပြုံးပြီး မေးလိုက်သည်။

"ဒါဆို ဘယ်လိုရတနာမျိုးလဲ မင်းသိတယ် မဟုတ်လား"

စားပွဲထိုးလည်း ပြုံးလျက် ပြန်ဖြေ၏။

"ဒါပေါ့... ဒါ သဘာဝပဲလေ ကျွန်တော်က အကြီးအကဲတွေကို လိမ်ဖို့ ဘယ်လိုလုပ် သတ္တိရှိမှာလဲ"

သူသည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အသံကို လျှော့ကာ

"ကမ္ဘာ့ရတနာရဲ့ အပိုင်းတစ်ပိုင်း ဒါမှမဟုတ် အစိတ်အပိုင်း တစ်ခုလို ကောလဟာလတွေ ထွက်နေတာ"

စားပွဲထိုးက ချောင်းဆိုးလိုက်ပြန်ကာ

"အကြီးအကဲတို့ နှစ်ယောက်က တခြားကမ္ဘာငယ်လေးက လာတဲ့ပုံပဲ... ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ခု ရှိတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက စုစုပေါင်း ကမ္ဘာ့ရတနာ သုံးခု မွေးဖွားလာခဲ့တယ်... မန်ဟွမ်နတ်ဘုရား မျှော်စင်၊ ပရမ်းပတာ မိုးကြိုးခေါင်းလောင်းနဲ့ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့"

“အဲဒီအချိန်တုန်းက သမုဒ္ဒရာကနေ လာတဲ့ ရတနာက ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ပဲ”

လုရွှမ် ဘာမှမသိတာကြောင့် သူတော်စင် ဝိညာဥ်ကျောက်တုံးကို တိတ်တဆိတ် ထုတ်ယူပြီး စားပွဲထိုးကို ပေးလိုက်သည်။ စားပွဲထိုးကလည်း အလွန် လိမ္မာပါးနပ်သူ ဖြစ်၏။ သူတို့နှစ်ယောက် ရှေ့မှာ အနည်းငယ် လူရှုပ်နေပုံကို မြင်လိုက်ရသဖြင့် ဆိုင်ထဲသို့ အလျင်အမြန် ဆွဲသွင်း၍ စားပွဲတစ်ခုတွင် ဝင်ထိုင်ကာ ဇာတ်လမ်းကို စတင် ပြောပြလာသည်။

လုရွှမ်၊ လိန်ဟော့မှ လွဲ၍ ဆိုင်ထဲတွင် လူမရှိသလောက်ပင်။

စားပွဲထိုးသည် တာဝန်တချို့ကို လက်ခံထားပုံရပြီး လူအများ ဒီသတင်းကို ကြားသွားစေရန် ဆန္ဒရှိသဖြင့် အသံကို မထိန်းထားတာကြောင့် မကြာမီတွင် ကျင့်ကြံသူ အမြောက်အမြား ရောက်ရှိလာ​တော့သည်။

"ဒီကအကြီးအကဲတွေ အားလုံးက အဆင့်မြင့် ကျင့်ကြံသူတွေပဲဆိုတော့ ကျုပ်တို့ ရှေးဟောင်း လျှပ်စီးကမ္ဘာကို အားလုံး သိကြမှာပါ...."

ကမ္ဘာငယ်လေး ထွက်ပေါ် လာပြီးနောက်တွင် ကမ္ဘာ့ရတနာဟု ခေါ်သော အမြင့်မြတ်ဆုံးသော မှော်လက်နက်တစ်ခု မွေးဖွားလာလိမ့်မည်။ ထိုအချိန်တွင် ကမ္ဘာငယ်လေးက ကြီးမားလေ အလားအလာများလေ မွေးဖွားလာသော ကမ္ဘာရတနာများကလည်း သဘာဝအတိုင်း ပိုမိုအားကောင်းလေ ဖြစ်သည်။

ထို့အပြင် ကမ္ဘာ့ရတနာများ အတွက်လည်း အဦးအစ ကမ္ဘာ့ရတနာနှင့် နှောင်းပိုင်းကမ္ဘာ့ရတနာဟု ခွဲခြားထားတတ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် အဦးအစ ကမ္ဘာ့ရတနာများ၏ စွမ်းအားသည် နှောင်းပိုင်း ကမ္ဘာ့ရတနာများထက် သဘာဝအားဖြင့် မြင့်မားသည်။ သေချာတာကတော့ ဘယ်သူမှ အတပ် မပြောနိုင်ချေ။

ရှေးဟောင်း လျှပ်စီးကမ္ဘာသည် ရှည်လျားသောသမိုင်းကြောင်းရှိပြီး ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည်။ ပထမ ကမ္ဘာ့ရတနာ အဖြစ် မန်ဟွမ်နတ်ဘုရား မျှော်စင်ကို မွေးဖွားပြီးနောက် နောက်ထ ပ်ကမ္ဘာ့ရတနာ နှစ်ပါးကိုပါ မွေးဖွား​ပေးခဲ့သည်။

တစ်ခုမှာ ရှေးဟောင်း လျှပ်စီးကမ္ဘာတွင် ကျော်ကြားသော ကမ္ဘာ့ရတနာများထဲမှ တစ်ခုဖြစ်သည့် ပရမ်းပတာ မိုးကြိုးခေါင်းလောင်း ဖြစ်ကာ နောက်တစ်မျိုးမှာ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ ဖြစ်​လေသည်။

ဒြပ်စင်ငါးပါး နတ်ပုတီးစေ့သည် ကမ္ဘာ့ရတနာဟုလည်း ဆိုကြကုန်၏။ အကြောင်းရင်းမှာ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့မှာ စုစုပေါင်း ပုတီးစေ့ငါးလုံးရှိ၍ ဒြပ်စင်ငါးပါးနှင့် ကိုက်ညီသော ရွှေ၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးတို့ ဖြစ်ပေသည်။

ပုတီးစေ့ငါးလုံးကို ပေါင်းစည်း လိုက်လျှင် ရှေးခေတ်က လျှပ်စီး စွမ်းအားကြီးသော မိုးခြိမ်းသံနှင့် ပေါင်းစပ်မိသွားမည်။ ထိုအခါ ရှေးဟောင်း လျှပ်စီးကမ္ဘာ၏ မူလအခြေခံ အကျဆုံး နေရာ၌ရှိသော နတ်ပုတီးစေ့ အစစ်ငါးလုံးအဖြစ်သို့ ပေါင်းစပ်သွားမှာပဲ ဖြစ်​လေသည်။

All Chapters