← Chapters

လူခြောက်​ယောက်အုပ်စု

Vol. 58 Ch. 4.390

လူခြောက်​ယောက်အုပ်စု

Vol. 58 Ch. 4.390

ကြယ်ငါးလုံးကို အတူရောနှောရန် လိုအပ်သောကြောင့် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို ပေါင်းစည်းဖို့ လိုအပ်ကြောင်း သံသယတွေ ထွက်ပေါ်လာတာ ဖြစ်နိုင်သည်။

ဒြပ်စင်ငါးခု နတ်ပုတီးစေ့ကို ပေါင်းစပ်ပြီးရင် ဘယ်လောက်တောင် အစွမ်းထက်လဲ ဘယ်သူမှ မသိပေ။ အကြောင်းမှာ သမိုင်းတစ်လျှောက် ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ကို ဘယ်သောအခါမှ ပေါင်းစပ်ထားခြင်း မရှိခဲ့ဘဲ ဒဏ္ဍာရီတစ်ခုသာ တစ်နှစ်ပြီးတစ်နှစ် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်လေ၏။

"အမှန်အတိုင်း ပြောရရင် လူကြီးတစ်ယောက်ယောက်က ဒီသတင်းကို ဖြန့်ခိုင်းတာပါ... ဒြပ်စင်ငါးခုထဲက တစ်ခုက လက်ရှိ ပင်လယ်ပြာမြို့မှာ ရှိနေတယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်.... အကြောင်းရင်းကတော့ ပင်လယ်သားရဲမျိုးစုံရဲ့ တိုက်ခိုက်မှုကြောင့်ပါပဲ"

"ပင်လယ်သားရဲ​တွေမှာ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ထဲက ရေဒြပ်စင် နတ်ပုတီးစေ့ ရှိတယ်ဆိုတာ လူတိုင်းသိကြမှာပါ.... ဒြပ်စင်ငါးပါးက အပြန်အလှန် ချိတ်ဆက်နိုင်တဲ့ အတွက် နိယာမအရ အာရုံခံနိုင်ကြတယ်... ရေဒြပ်စင် နတ်ပုတီးစေ့က သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို အာရုံခံနိုင်တယ်.... ဒါကြောင့် ကျွန်​တော့် သူငယ်ချင်းက ပင်လယ်ပြာမြို့မှာ ဝှက်ထားတဲ့ သစ်သားဒြပ်စင် နတ်ပုတီးစေ့တစ်လုံး ရှိရမယ်လို့ ကောက်ချက်ချခဲ့တာ"

"ဒါပေမဲ့ သစ်သားနတ်ပုတီးစေ့က ဘယ်မှာလဲ ဆိုတာကိုတော့ ကျွန်​တော့် သူငယ်ချင်းလည်း ပင်လယ်သားရဲတွေ နောက်ကိုလိုက်ရင်း ပင်လယ်သားရဲတွေရဲ့ လှုပ်ရှားမှုကြောင့် သစ်သားနတ်ပုတီးစေ့ရဲ့ တည်နေရာကို လုံးဝ မရှာနိုင်သေးဘူး ဆိုလိုချင်တာက သစ်သားနတ်ပုတီးစေ့က ဒီပင်လယ်ပြာမြို့ထဲမှာ ရှိနေတုန်းပါပဲ"

သူ့စကားကို နိဂုံးချုပ်သည်နှင့် တပြိုင်နက် ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားကြသည်။

အဲဒါက ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ပဲ။ နတ်ပုတီးစေ့ တစ်လုံးကတောင် ဒီလောက် အစွမ်းထက်နေတာ တစ်ခုစီ၏ စွမ်းအားကိုလည်း လျှော့တွက်၍ မရနိုင်ပေ။

ဥပမာအားဖြင့် ထိုရေနက်သော နေရာမှ ရောက်လာသော ပင်လယ်သားရဲတို့သည် ရေဒြပ်စင် နတ်ပုတီးစေ့ ရှိနေတာကြောင့်သာ မဟုတ်ပါက လူသား ကျင့်ကြံသူများနှင့် ယှဥ်လျှင် သူတို့ရဲ့လက်ရှိ ခွန်အားက ဒီလောက်အထိ ရှိနေလိမ့်မည် မဟုတ်ချေ။

မဟုတ်ပါက ရှေးဟောင်း လျှပ်စီးကမ္ဘာထဲက လူသားမျိုးနွယ်စုရဲ့ ခွန်အားကြောင့် ထိုပင်လယ်သားရဲများ ဟိုးရှေးရှေးကတည်းက သုတ်သင်ခံခဲ့ရပေလိမ့်မည်။

"သစ်သားဒြပ်စင် နတ်ပုတီးစေ့က ဘယ်မှာလဲ"

တစ်စုံတစ်ယောက်က အကြာကြီး သည်းမခံနိုင်ဘဲ အသံကျယ်ကျယ်နဲ့ ထမေးလိုက်သည်။

"အကြီးအကဲ မေးတဲ့ သစ်သားဒြပ်စင် နတ်ပုတီးစေ့က ဘယ်မှာလဲ ဆိုတာ ကျွန်တော့် သူငယ်ချင်းလည်း မသိပါဘူး.... သူအရင်က သံသယရှိဖူးတဲ့သူက သေဆုံးသွားပေမယ့် အဲဒီလူရဲ့ ခန္ဓာကိုယ်မှာ ဘာလက္ခဏာမှ မတွေ့ခဲ့ရဘူး"

"ဟုတ်တာပေါ့... အကြီးအကဲတို့ အားလုံးလည်း သစ်သားဒြပ်စင် နတ်ပုတီးစေ့ အကြောင်းကို သိပါတယ်.... ဒါကြောင့် အဲဒီလူက သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ဒီမြေမှာ ဝှက်ထားနိုင်တယ်လို့ မှန်းဆမိပေမယ့် သူဘယ်မှာ ဝှက်ထားလဲဆိုတာ ဘယ်သူမှ မသိပါဘူး"

လူတစ်စုသည် ဤအချက်အလက်ကို ချိန်ဆကာ စားပွဲထိုးရဲ့ လုပ်ရပ်များကို ခွဲခြမ်း စိတ်ဖြာခဲ့သည်။ သူတို့က စားပွဲထိုးဆီ လူသတ်ငွေ့များ ပစ်လွှတ်နေကြ၏။ စားပွဲထိုးကလည်း သတိထားမိတာမို့ ဟက်ဟက်ပက်ပက် ရယ်မောရင်း

"ဟုတ်ပါတယ်....ကျွန်တော် တစ်ခုခုကို ဖုံးကွယ်ထားရင် သေဖို့ လမ်းရှာနေတာပဲမလား? အကြီးအကဲတို့ အားလုံး ကျွန်တော့်ဆီကနေ သတင်းရယူဖို့ ကြိုးစား ချင်နေကြတာ နားလည်ပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို ကြည့်ဦးလေ... ဘယ်လောက်များ သိနိုင်မှာလဲ?"

ဆိုလိုသည်မှာ စားပွဲထိုးမှာ သတင်းစကား ပို့သူသက်သက်သာ ဖြစ်သည်။

"ဒါဆို မင်းသူငယ်ချင်းက ဘာကို ဆိုလိုချင်တာလဲ?"

"ဒီလိုပါ... ကျွန်တော့် သူငယ်ချင်းက ဟားဟား သူကလည်း ကျုပ်ကို မျက်နှာပေးပြီးတော့ သူငယ်ချင်း ဖြစ်ခိုင်းတယ်... မဟာသူတော်စင် ကျင့်ကြံမှုအဆင့်နဲ့ ကျွန်တော့်လို အငယ်တန်းကို သူနဲ့ သူငယ်ချင်းဖြစ်ဖို့ ရွေးချယ်ခဲ့တာ ဘယ်လောက်တောင် သဘောကောင်းလိုက်လဲ"

စားပွဲထိုးက ပြုံးပြီး ဆက်ပြော၏။

"ကျွန်တော့် သူငယ်ချင်းက ပင်လယ်​ရေလမ်း တစ်လမ်းကို ရှာ​တွေ့ထားတယ်.... ပင်လယ်ထဲကို ဝင်ပြီး ရေဒြပ်စင် ပုတီးစေ့ကို သွားရှာချင်တာ အဲဒါတွေအတွက် သန်မာတဲ့ လူတွေ အများကြီးလိုတယ်"

စကားမဆုံးခင်မှာ လူတော်တော်များများဟာ လူစု ကွဲသွားကြပါပြီ။

ဒီနေရာမှာ နေထိုင်ကြသော ကျင့်ကြံသူများဟာ ပင်လယ်လမ်းကြောင်းက ဘယ်လောက် အန္တရာယ်ရှိမှန်း သိကြသည်။ အကယ်၍ ပင်လယ်သားရဲ တချို့ဆီက ရရှိတဲ့ သားရဲဆေးများကြောင့်သာ မဟုတ်ပါက ဤပင်လယ်ပြာမြို့၌ ဘယ်သူမှ မနေချင်ကြမှာ စိုးရသည်။

ပင်လယ်ရေ လမ်းကြောင်းကို ဖြတ်ပြီး ပင်လယ်နက်ထဲကို ဝင်တာ အသေခံဖို့ တောင်းဆိုတာနဲ့ မတူသွားဘူးလား။

လူအုပ်ကြီးက လျင်မြန်စွာ ပြန့်ကျဲသွားကာ လုရွှမ်လည်း ဘေးသို့ ထွက်သွားပြီး သူ၏ စိတ်ဝိညာဉ် စွမ်းအားသည် စားပွဲထိုးလေးရဲ့ ခန္ဓာကိုယ်ကို ဂရုတစိုက် ရစ်ပတ်လိုက်သည်။

ပထမတော့ လုရွှမ် ဒါကို သတိမထားမိပေမယ့် ရွှေကျီးကန်းက သူ့ကိုသတိ ပေးခဲ့တာမလို့ သတိပြန်ကပ်လိုက်ရသည်။ စားပွဲထိုးရဲ့ ကျင့်ကြံမှုအဆင့်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် မဟုတ်သလို သူတော်စင်လည်း မဟုတ်ဘဲ မဟာသူတော်စင် အဆင့်၅ရဲ့ အစွမ်းသတ္တိလည်း ရှိနေပြီ ဖြစ်သည်။

ခွန်အားက မဟာသူတော်စင် အဆင့်၆သို့ ရောက်သရွေ့ ကောင်းကင်ဘုံသခင် အဆင့်ကို ပြေးဖို့အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ရပါမည်။ တစ်နည်းဆိုရသော် မဟာသူတော်စင် အဆင့်၅မှာ စျေးကွက်တွင် တွေ့မြင်နိုင်သော မဟာသူတော်စင် နယ်ပယ်ထဲ၌ အမြင့်ဆုံးအဆင့် ဖြစ်သည်။

ရေဒြပ်စင် ပုတီးစေ့ကို ရယူလိုသော မဟာသူတော်စင် တစ်ယောက်ရဲ့ ရည်ရွယ်ချက်က ဘာလဲ? သေချာပေါက် ကောင်းကင်ဘုံသခင် အဆင့်ကို ချိုးဖောက်ဖို့ဆိုတာ ထင်ရှားနေပြီ။

လုရွှမ် ထွက်ခွာရန် ရွှေ့ထားသော်လည်း ထိုနေရာတွင် အခြေအနေကို အာရုံစိုက်နေဆဲပါပဲ။ စားပွဲထိုးရဲ့ ပုံပြင်ကို နားထောင်ရင်း သူ့အနီးနားတွင် လူခြောက်ယောက် စုရုံးနေကြသည်။

သိပ်မကြာခင်မှာပဲ စားပွဲထိုးနဲ့ လူတော်တော်များများ ထွက်သွားကြပြီး လုရွှမ်လည်း သံသယ အရိပ်အမြွက်များနဲ့ တိတ်တဆိတ် လိုက်လာခဲ့သည်။ ဒီစားပွဲထိုးက ဒီလူတွေကို အဝေးတစ်နေရာသို့ ဖြားယောင်း သွေးဆောင်ကာ သူတို့ရဲ့ ပစ္စည်းတွေကို လုယက်ဖို့ ကြိုးစားနေတာလား။

တခြား ကျင့်ကြံသူ များစွာလည်း တိတ်တဆိတ် လိုက်လာကြသည်။ လုရွှမ် တုံ့ဆိုင်းသွားပြီး နောက်က လိုက်သွားဖို့ လက်လျှော့လိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒီလူ ပင်လယ်ပြာမြို့ကို မစွန့်ခွာသရွေ့ စိတ်ဝိညာဉ် စွမ်းအားရဲ့ ဆွဲငင်အားနဲ့ သူ့ကို ရှာတွေ့နိုင်မှာပဲ​လေ။ အခု သူတို့​နောက်ကို အရူးအမူး နောက်သွားမယ်ဆိုရင် တစ်ဖက်လူက ဒီလူတွေကို တကယ်ပဲ ကြံစည်နေတာ ဆိုရင်တော့ သူလည်း မတော်တဆ ထောင်ချောက်ထဲ ကျသွားရင် အဆင်မပြေနိုင်ဘူး။

ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ရဲ့ သတင်းက လူတွေကို တကယ် ရူးသွပ်စေလောက်အောင် အစွမ်းထက်တာပဲ။

တိတ်တိတ်ဆိတ်ဆိတ်နဲ့ တစ်နေ့ ကုန်လွန်သွားတဲ့အခါ ဝိညာဉ်စွမ်းအားက ရှိသေးတယ်လို့ ခံစားလိုက်ရပြီး ထိုသူက သူ့အနား ရောက်လာကာ သူ့ကိုလိုက်ရှာနေပုံရ၏။

လူအနည်းစု ရောက်ရှိလာတာကို အမှန်တကယ် ဝိညာဉ်စွမ်းအားဖြင့် ခံစားလိုက်ရသည်။

လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲမိသွားသည်။ အခု သူတော့ မီးလောင်ပြီ။ ခဏလောက် စဉ်းစားပြီးနောက် လုရွှမ် ရှောင်ထွက်သွားချင်ပေမယ့် ဒီလူတွေ ဘာပြောမလဲ ဆိုတာလည်း သိချင်လာသည်။

အခန်း အပြင်ဘက်က တံခါးခေါက်သံ ကြားလိုက်ရသည်။

လုရွှမ် တံခါးကို ဖွင့်လိုက်တော့ လူပေါင်းများစွာ အခန်းထဲ ဝင်လာခဲ့သည်။ ၎င်းတို့ထဲမှ တစ်ယောက်မှာ မနေ့ညက တွေ့ခဲ့တဲ့ စားပွဲထိုးပဲ ဖြစ်သည်။

စားပွဲထိုးက လုရွှမ်ကို ကြည့်လိုက်ပြီး ပြုံးပြလာသည်။

မဟာသူတော်စင် လေး​ယောက်နှင့် သူတော်စင်နယ်ပယ်က လူငယ်တစ်ယောက် စုစုပေါင်း ငါးယောက်ဖြစ်ကာ သူ၏ ဝိညာဥ်စွမ်းအင်မှာ အလွန်အားကောင်းပြီး ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ထင်ရှားပါသည်။

ကျင့်ကြံမှုအဆင့်နဲ့ ပတ်သက်လျှင် စားပွဲထိုးဟာ အမြင့်ဆုံးအဆင့် ရှိသော်လည်း လုရွှမ် အမြင်မှာတော့ အန္တရာယ် အငွေ့အသက်တွေကို ဩဘာအရှိဆုံး အမျိုးသမီးဆီက ခံစား​နေရသည်။

"လုရွှမ် ဟုတ်တယ်မလား? ခင်ဗျားကတော့ မတွေ့ခင်ကတည်းက နာမည်ကြီးနေတာပဲ... "

စားပွဲထိုးက အော်ဟစ် ချီးကျူးလိုက်ပါ၏။

"မင်းတို့ရဲ့ အသက်ရှူသံကို ထိန်းနိုင်တဲ့ စွမ်းရည်ကလည်း အရမ်းကောင်းပါတယ်... ငါတောင် လှည့်စားခံရလုနီးပါး ဖြစ်သွားတယ်"

စားပွဲထိုးက ကျယ်လောင်စွာ ရယ်မောပြီး

"ဒါပေမဲ့ လှည့်စား မခံလိုက်ရဘူးမလား? မဟုတ်ရင် ကူညီသူကောင်း တစ်ယောက်ကို ငါတို့ ဆုံးရှုံးသွားရမှာမလား?"

"လာ... မိတ်ဆက်ပေးပါရစေ"

စားပွဲထိုးက အခြိမ်းခြောက်ဆုံး အငွေ့အသက်တွေ ထုတ်လွှတ်နေတဲ့ အမျိုးသမီးကို လက်ညှိုးထိုးပြပြီး ပြောလာ၏။

"ဒါက ငါပြောပြောနေတဲ့ သူငယ်ချင်းဆိုတဲ့ ငါ့သူဌေး နတ်သမီးကျင်းဟုန်"

နတ်သမီးကျင်းဟုန်က ညည်းညူရင်း လုရွှမ်ကို ကြည့်ကာ ပြောလာခဲ့သည်။

"ဓားတစ်သောင်း ရိုက်ချက်!! ရှေးဟောင်း လျှပ်စီးကမ္ဘာ တစ်ခုလုံး အစ်ကိုလုရွှမ်ရဲ့ ဂုဏ်သတင်းက မွှေးနေပါပြီ.. အခွင့်ကြုံရင် ကျွန်မလည်း အစ်ကိုလုရွှမ်ရဲ့ ဓားစွမ်းအင်ကို မြည်းစမ်းကြည့်ချင်ပါတယ်"

"ဒါပေါ့"

စားပွဲထိုးက ဆံပင်ဖြူနဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ထပ်ပြီး လက်ညှိုးထိုးပြကာ။

"ဒါက ရှေးဟောင်းလျှပ်စီး ကမ္ဘာမှာ နာမည်ကြီးတဲ့ ကောင်းကင်ဓားရှင်ပါ။ အစ်ကိုလုရွှမ်ကတော့ မသိလောက်ဘူး .... ကောင်းကင်ဓားကို သူ့လက်ထဲမှာ ကိုင်ထားနိုင်ပြီး မင်းသားလုံယန်တောင် သူ့ရဲ့ဓားအိမ်ကို ထမ်းဖို့ မထိုက်တန်ဘူး"

"တွေ့ရတာဝမ်းသာပါတယ် တွေ့ရတာဝမ်းသာပါတယ်"

လုရွှမ်က ဆိုလိုက်သည်။ ဒီလူ သူ့အပေါ်ထားတဲ့ အန္တရာယ် အငွေ့အသက်တွေက နတ်သမီးကျင်းဟုန်ထက် သာလွန်ပါ၏။

နောက်တစ်ယောက်ကတော့ မနေ့ က စားသောက်ဆိုင်မှာ တွေ့တဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး မဟာသူတော်စင် ဒုတိယအဆင့် ဖြစ်သည်။ သူမရဲ့ ကျင့်ကြံမှုအဆင့်က နည်းနည်းနိမ့်ပေမယ့် အလွန်ဖြူစင်ပြီး ငယ်ရွယ်ပေမယ့် သူ့စိတ်နေစိတ်ထားနဲ့ အရည်အချင်းက မပျော့ညံ့ပါဘူး။ သူမက မိသားစုကြီးထဲက ထူးချွန်သူတစ်ယောက်မှန်း သိသာသည်။

"ဒီနတ်သမီးက အစ်ကိုလုရွှမ်နဲ့ ခင်မင်မှု ရှိနိုင်​လောက်တယ်... နတ်သမီးဝမ်ယွဲ့... တကယ်တော့ နတ်သမီးအောင့်ယွဲ့ရဲ့ ဝမ်းကွဲအစ်မပါ"

"တွေ့ရတာ ဝမ်းသာပါတယ် တွေ့ရတာ ဝမ်းသာပါတယ်"

လုရွှမ်လည်း သူမကို အမြန် နှုတ်ဆက်လိုက်သည်။

All Chapters