← Chapters

ပင်လယ်နက်ထဲကို ဝင်ပြီ

Vol. 59 Ch. 4.391

ပင်လယ်နက်ထဲကို ဝင်ပြီ

Vol. 59 Ch. 4.391

နတ်သမီးဝမ်ယွဲ့က အနည်းငယ် ပြုံးပြီး လုရွှမ်ကို ခေါင်းညိတ်​ပြလိုက်သည်။ သူမရဲ့ အဆင့်အတန်းနဲ့ လိုက်လျောညီထွေရှိစွာ အနည်းငယ် သီးသန့်ပုံ ပေါက်လေ၏။

နောက်ဆုံးတွင် စားပွဲထိုးက လူငယ်ကို လက်ညှိုးထိုးပြပြီး

"ဒါက ရှားရှားပါးပါး ပါရမီရှင် ကျန်းယန်ပဲ"

"လုရွှမ်ရှေ့မှာ ကိုယ့်ကိုကိုယ် ​ပါရမီရှင်လို့ မခေါ်ဝံ့​ပါဘူး "

သူသည် လုရွှမ်အပေါ် မနာလိုမှုကို အစောကြီးကတည်းက ထိန်းသိမ်းထားခဲ့သလို လုရွှမ်ကလည်း မြင်တာကြောင့် သူနဲ့ စကားပြော​နေရန် စိတ်မ၀င်စားခဲ့ပေ။ မဟာသူတော်စင် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်တွင် ဆိုလျှင် လုရွှမ် တစ်ဖက်လူကို တန်ခိုးကြီးသည်ဟု ယူဆရပေလိမ့်မည်။

သူတော်စင် အဆင့်ကိုးမှ ယောက်ျားတစ်ယောက်က သူ့ရှေ့မှာ ဘာတွေလာပြီး မာနကြီးနေတာလဲ?

မဟာသူတော်စင်များ မဖြစ်သေးသူများနှင့် အစွမ်းထက်သော အရည်အချင်းများ မရှိကြဘဲ မိမိကိုယ်ကို မိသားစုရဲ့ အမှတ်သညာ အဖြစ် မှတ်ယူထားကြသော လူများသည် ကံကောင်းလို့သာ ဖြစ်ကြသည်။ ထိုသူများသာ ကံဆိုးလျှင် ကျိန်းသေပေါက် သေကြရပေလိမ့်မည်။

လုရွှမ်က စားပွဲထိုးကို တိုက်ရိုက် ကြည့်လိုက်တော့ စားပွဲထိုးက ရယ်မောရင်း

"ကျွန်တော့်ကို တကယ် ရှောင်အာ့(စားပွဲထိုး) လို့ ခေါ်တယ်.... အစ်မကျင်းဟုန်က ကျွန်တော့်ကို စားသောက်ဆိုင်တစ်ခုမှာ တွေ့ပြီး ကြီးပြင်းလာအောင် စောင့်ရှောက်ခဲ့တာ... ခင်ဗျား ကျွန်တော့်ကို ရှောင်အာ့လို့ ခေါ်လို့ရတယ်"

"ဟုတ်ပြီ.... မင်းတို့ ငါ့ဆီ လာခဲ့တာ နတ်ပုတီးစေ့ ငါးလုံးအကြောင်းနဲ့လား?"

လုရွှမ်က ဆို၍ ရှောင်အာ့ရဲ့ ခန္ဓာကိုယ်ပေါ်က သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပေါ့ပေါ့တန်တန်ပဲ ပြန်ယူလိုက်သည်။

သေချာပါ၏။ စားပွဲထိုးက ဘာမှ သတိမထားမိတာကို တွေ့လိုက်ရပြီး နတ်သမီးဝမ်ယွဲ့က အနည်းငယ် ပြုံးလိုက်ရာ လုရွှမ်ရဲ့ သူမအပေါ် အကဲဖြတ်မှုက အနည်းငယ် ပိုမြင့်သွားခဲ့သည်။

ရှောင်အာ့ပြောတဲ့ သူ့သူငယ်ချင်းက အဲဒီပင်လယ်သားရဲတွေ နောက်ကနေ ပင်လယ်ထဲကို လိုက်သွားခဲ့တယ်လို့ ပြောဖူးသည်။ အလားတူ နည်းလမ်းကို အသုံးပြုခဲ့ဟန် တူသောကြောင့် ရှောင်အာ့တွင် တည်ရှိနေသော ဝိညာဉ်စွမ်းအားကို ရှာတွေ့နိုင်ခဲ့သည်။

"ဟုတ်တယ်!" ရှောင်အာ့က အော်၏။

"အစ်ကို လုရွှမ်ရဲ့ ခွန်အားကို ကျွန်​တော်တို့ အရမ်းစိတ်ဝင်စားတယ်.... အစ်မကျင်းဟုန်က ဒီတစ်ခါ ပင်လယ်လမ်းကြောင်းထဲ ဝင်ရင် ကျွန်​တော်တို့အတွက် အများကြီး အထောက်အကူဖြစ်မယ်လို့ ထင်​နေတယ်.... အစ်ကို လုရွှမ်ရဲ့ အကူအညီနဲ့ ကျွန်​တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်တယ်... အစ်ကိုလုရွှမ်သာ ပါရင် ဒီရေကြောင်းခရီးကို ပြီးမြောက်အောင်လုပ်ဖို့ ယုံကြည်မှုကို အနည်းဆုံး ၃၀% တိုးလာစေနိုင်ပါတယ်"

လုရွှမ်က ပြုံးပြီး

"ဒါဆို မင်းတို့မှာ ပိုင်နိုင်မှု ဘယ်လောက်ရှိလဲ?"

"ငါးဆယ်ရာခိုင်နှုန်း!"

စားပွဲထိုးက သူ့အမူအရာမှာ ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။

"အိုး အဲဒါက အရမ်းမြင့်မားတဲ့ အချိုးအစားပဲ.... ဒါပေမဲ့ ငါတို့က ရေဒြပ်စင် ပုတီးစေ့ကို ဘယ်လို ဖြန့်ဝေယူရမှာလဲ"

ဒါက မေးခွန်းကောင်းပဲ။ လုရွှမ်ကတော့ သဘာဝကျကျ မေးထုတ်လိုက်ပြီ။

ပြီးပြည့်စုံတဲ့ ကမ္ဘာ့ရတနာ မဟုတ်သော်လည်း ၎င်းရဲ့ စွမ်းအားကို စိတ်ကူးကြည့်နိုင်သည်။ တခြားရတနာများ အတွက် လျော်ကြေးငွေကို ဘယ်လိုလုပ်မှာလဲ?

စားပွဲထိုးက စကားမပြောတော့ပါ။ ကျင်းဟုန်က ဆိုလိုက်သည်။

"ဒါက အရမ်းရိုးရှင်းပါတယ်.... ရေဒြပ်စင် နတ်ပုတီးစေ့ကို ရပြီးရင် ပင်လယ်ပြာမြို့မှာ ဖုံးကွယ်နေတဲ့ သစ်သား နတ်ပုတီးစေ့ကို ရှာတွေ့နိုင်ပြီ... သစ်သားဒြပ်စင် ဘုရားပုတီးစေ့ကို ရှင်ပိုင်ပါတယ်"

ဒီစကားတွေ ထွက်လာတာနဲ့ လုရွှမ်တောင် မထိန်းနိုင်ဘဲ အံ့ဩသွားတော့သည်။ ဒီကြေးက အရမ်းများလွန်းမနေဘူးလား?

"မင်းတို့လည်း သ​ဘောတူလား?"

လုရွှမ် တခြားလူသုံးယောက်ကို ကြည့်ကာ မေးသည်။

"အစ်မကျင်းဟုန် ပေးတဲ့ ကြေးက အရမ်းကောင်းပါတယ်"

နတ်သမီးဝမ်ယွဲ့က ဝင်ပြောလိုက်သည်။

ကျန်းယန်က ဟမ့်ကနဲ အော်ဟစ်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ လုရွှမ်လည်း အခြေအနေက ကျန်းယန်က တခြား လူတစ်ယောက်ထက် ပိုမို ပြင်းထန်ပုံရကြောင်း နားလည်ခဲ့သည်။ သူ့တွင် အကြံဥာဏ်ရှိသော်လည်း ၎င်းကို လူသိရှင်ကြား ထုတ်မပြဝံ့ပေ။

ကောင်းကင်ဓားရှင်က ဘာမှမထူးခြားသလို ခေါင်းခါလိုက်ပြီး

"သစ်သားနတ်ပုတီးစေ့က ငါ့အတွက် အသုံးမဝင်ပါဘူး.... ဓားသမား တစ်ယောက်အနေနဲ့ ငါ့ဓားကို ပိုင်ဆိုင်ထားရရင် လုံလောက်ပြီ"

လုရွှမ်ကတော့ မရယ်နိုင်ဘဲ

"ကောင်းပြီလေ ဒါဖြစ်ရင် ငါအဖွဲ့ထဲဝင်မယ်"

ဒါပေါ့။ လုရွှမ် ဒီလူတွေကို လွယ်လွယ်နဲ့ မယုံရဲပါဘူး။ သို့သော် ကျောက်စိမ်းပြားထဲက မိုးကြိုးသားရဲ၊ ကျားဖြူလေးနဲ့ ရွှေကျီးကန်းတို့ရဲ့ အကူအညီနဲ့ဆို လုရွှမ် တစ်စုံတစ်ရာဖြစ်ခဲ့ပါက ၎င်းကို ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ထားသည်။

"ကောင်းပြီ အားလုံးက သဘောတူတယ် ဆိုတော့... တစ်ရက် နားကြရအောင် ပြီးရင် မနက်ဖြန်ဒီအချိန် ဆိပ်ကမ်းမှာ ဆုံပြီး ထွက်ခွာကြမယ်"

စားပွဲထိုးက လှမ်းအော်လိုက်ပြီး နတ်သမီးကျင်းဟုန်နဲ့ အတူ အရင်ထွက်သွားလေ၏။

ကျန်းယန်က အသံမထွက်ဆုံး ဖြစ်ပြီး သူတို့နောက်မှ လိုက်သွားခဲ့သည်။ ကောင်းကင်ဓားရှင်ကလည်း သူ့ဓားကိုကိုင်ကာ ထွက်သွားခဲ့သည်။ လုရွှမ်နဲ့ နတ်သမီးဝမ်ယွဲ့သာ အခန်းထဲတွင် ကျန်ခဲ့သည်။

"ရှင်က တကယ်ကို အစွမ်းထက်ပြီး နတ်သမီးကျင်းဟုန်ကိုတောင် သဘောကျ​စေတာပဲ... အောင့်ယွဲ့လို မာနကြီးတဲ့ ကောင်မလေးတောင် ရှင့်ကို မမေ့နိုင် ဖြစ်နေတာ အံ့သြစရာတော့ မရှိပါဘူး"

နတ်သမီးဝမ်ယွဲ့က ပြုံးပြီး နောက်ပြောင်သလို ပြောလိုက်သည်။ လုရွှမ်ကတော့ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး

"နတ်သမီးအောင့်ယွဲ့ အကြောင်း ပြောဖို့ ဒီမှာရှိနေတာတော့ မဟုတ်ဘူးမလား?"

နတ်သမီးဝမ်ယွဲ့ကလည်း ပြုံးလိုက်ကာ။

"ဒါပေါ့....ကျွန်မက ရှင်နဲ့ မဟာမိတ်ဖွဲ့ဖို့ ရှိနေတာ... ကျွန်မတို့ ခြောက်ယောက်ထဲမှာ ကောင်းကင်ဓားရှင်က ဘာမှမထူးခြားသလို သူ့အဖွဲ့ခွဲလည်း ရှိတယ်.... သူက ဘယ်သူ့ကိုမှ အကြွေးဝယ်မှာ မဟုတ်ဘူး.... အဲဒီကောင် ကျန်းယန်ကလည်း စိတ်မချရတဲ့အတွက် ရှငိက အကောင်းမွန်ဆုံး မဟာမိတ် ကိုယ်စားလှယ်လောင်းပဲ"

"ရှင်နဲ့ အောင့်ယွဲ့ကြားက ဆက်ဆံရေးကြောင့် ကျွန်မတို့က ဆွေမျိုးတွေလို့ မှတ်ယူလို့ရတယ်... အောင့်ယွဲ့က ရှင့်အတွက် သူမအသက်ကိုတောင် စတေးပေးမယ့် သူတစ်ယောက်လို့ ပြောခဲ့ဖူးတယ်.... ထုံးစံအတိုင်း ရှင့်ရဲ့စရိုက်ကို ကျွန်မယုံနိုင်တယ်... ရှင်ရော ဘယ်လိုထင်လဲ?"

"ဟုတ်ပါတယ်... အောင့်ယွဲ့က ရှင်တို့ကြားမှာ ဆက်သွယ်ရေး ကျောက်စိမ်း အမှတ်အသားကို ထားခဲ့တယ်မလား သူ့ကို ဆက်သွယ်ပြီး မေးကြည့်လို့ရတယ်"

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းပြီး

"မလိုပါဘူး ငါ နတ်သမီးနဲ့ မဟာမိတ်ဖွဲ့ပြီးပြီပဲ... အန္တရာယ်ရှိတဲ့ အချိန်တွေမှာ လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ကြတာပေါ့"

"ကောင်းပြီ ကျွန်မအရင် သွားလိုက်ဦးမယ်"

နတ်သမီးဝမ်ယွဲ့က ပြောပြီး အေးအေးဆေးဆေးပဲ ထွက်သွားသည်။

တံခါးပိတ်ပြီးနောက် လုရွှမ်အတွက် ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ ရွှေကျီးကန်းက စိတ်ထဲတွင် အော်ဟစ်လာခဲ့သည်။

"မင်းသူမကို ယုံလား?"

"သူမက အောင့်ယွဲ့ မဟုတ်ဘူး.... ငါနဲ့အတူ သေရေးရှင်ရေး ကိစ္စတွေလည်း မရှိခဲ့ဘူး... မယုံဘူး"

တစ်ရက်လုံး ကျင့်ကြံပြီးနောက် နောက်တစ်နေ့ ဆိပ်ကမ်းထွက်ပေါက်ကို ရောက်တဲ့အခါ တခြားလူတော်တော်များများက ကမ်းခြေမှာ စောင့်နေကြတာ တွေ့လိုက်ရသည်။

အားလုံး နှုတ်ဆက်ပြီးနောက် နတ်သမီးကျင်းဟုန်က လှေငယ်တစ်စင်း နဲ့အတူ ထွက်လာခဲ့သည်။ လုရွှမ် မျက်လုံးများ တခဏအတွင်း တောက်ပလာခဲ့သည်။ ဤလှေငယ်သည် ရှေး​ဟောင်းလကမ္ဘာတွင် တွေ့ခဲ့ရသော ကယ်ဆယ်ရေး လှေများနှင့် အတူတူပင်။

လှေကို ရေထဲပစ်ချပြီးနောက် လှေသည် အဆောက်အအုံ ပါသော လှေအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ သမုဒ္ဒရာ အနက်ပိုင်းသို့ ဦးတည် ထွက်ခွာလာခဲ့လေ၏။

လုရွှမ် ရှေးဟောင်းလျှပ်စီးကမ္ဘာ အကြောင်း များများစားစား မသိ​သောကြောင့် သိထားဟန်ရှိသော ရှောင်အာ့က နက်နဲသောပင်လယ်၏ အန္တရာယ်များကို အကြမ်းဖျင်း မိတ်ဆက်ပေးလာခဲ့သည်။

ကမ္ဘာငယ်လေး အားလုံးနီးပါးတွင် သမုဒ္ဒရာသည် အမြဲတမ်း ခန့်မှန်းရခက်သော နေရာတစ်ခု ဖြ​စ်လေသည်။ ရှေး​​ဟောင်းလျှပ်စီး ကမ္ဘာတွင် သမုဒ္ဒရာသည် နယ်မြေတစ်ဝက်ခန့်ကို သိမ်းပိုက်ထားပြီး လူသား ကျင့်ကြံသူများသည် ပင်လယ်ရေနက်ပိုင်း ဧရိယာရဲ့ တစ်ရာခိုင်နှုန်းအောက်သာ စူးစမ်း လေ့လာနိုင်ခဲ့ကြသည်။

ဒဏ္ဍာရီအရ ပင်လယ်သားရဲများပင် ခြေမချရဲသော ပင်လယ်ဧရိယာ များစွာလည်း ရှိပါသည်။ ၎င်းတို့သည် လုံးဝ ကန့်သတ်နယ်မြေများ ဖြစ်​ပေ၏။

သို့သော် ထိုကန့်သတ်နယ်မြေသည် အလွန်ကြောက်စရာ ကောင်းသလို ပင်လယ်ရေနက် ဧရိယာရဲ့ ၇၀% နီးပါးကို သိမ်းပိုက်ထားသည်။

လှေငယ်သည် ပင်လယ်​ရေ​ပြင်ပေါ်တွင် မျောပါနေကာ အစီအရင်တစ်ခုက လှေငယ်ကို ဖုံးအုပ်လိုက်သည့်အခိုက် ၎င်းက ပင်လယ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။

လှေရဲ့အရှိန်က မြန်လွန်းသလို အချိန်သုံးလလောက်က ကုန်မှန်းမသိ ကုန်သွားသည်။ လွန်ခဲ့သည့် သုံးလတွင် လုရွှမ် သူ့ရဲ့ကျင့်ကြံမှုကို ဆက်လက် စုစည်းနေခဲ့သည်။ စိမ်း​ပြာနဂါးရဲ့ စွမ်းအားက လျင်မြန်စွာ ကြီးထွားလာပြီး သူ့ စိတ်ဝိညာဉ်စွမ်းအားကို အဆက်မပြတ် သန့်စင်နေခဲ့သည်။

လုရွှမ် ကောင်းကင်နှင့် မြေကြီး၏ ရတနာကြီး နှစ်ခုဖြစ်တဲ့ မီးတောက်နှစ်ခုကို သုံးလအကြာတွင် ပေါင်းစပ်နိုင်ခဲ့သည်။ ကောင်းကင်ဖီးနစ်မီးကို ဝိညာဥ်မီးတောက်က လုံးဝ စုပ်ယူသွားခဲ့​ပြီ။ ပေါင်းစပ်ထားသော ဝိညာဥ်မီးတောက်မှာ အပူချိန်နှင့် ဝိညာဥ်စွမ်းအင်ဆိုင်ရာ နှစ်ခုစလုံးမှာ အလွန် တိုးမြင့်လာခဲ့သည်။

ရွှေကျီးကန်းရဲ့ အဆိုအရ ဝိညာဉ်မီးတောက်ဟာ ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

လုရွှမ် ဝိညာဥ်မီးတောက်ကို လိန်ဟော့အပေါ်၌ စမ်းသပ်ခဲ့သည်။ လိန်ဟော့မှာ စိတ်ဝိညာဉ်မီးကို အထူးသတိထားပြီး ကြောက်နေတာကြောင့် လုရွှမ်လည်း ကျေနပ်သွားခဲ့၏။

နှလုံးသားမီးသစ်သီး မရှိတော့တာ နှမြောစရာတော့ ကောင်းလှသည်။ မူလက စုဆောင်းထားတဲ့ နှလုံးသားမီးဟာ အမြစ်ငါးခုရှိတဲ့ မီး​တောက်ဖြစ်ပြီး အသုံးပြုပြီးတာနဲ့ ပျောက်သွားတော့သည်။ ဒီလိုမှမဟုတ်ရင် လုရွှမ်စိတ်ဝိညာဥ် မီး​တောက်ကို တတိယအဆင့်အထိ မြှင့်တင်နိုင်မယ်လို့ ယုံကြည်နေမိသည်။

အခုအချိန်မှာ ဝိညာဉ်မီးတောက် အဆင့် တက်လာပြီမို့ မဟာသူတော်စင် နယ်ပယ်မှာ ဘယ်သူကများ သူ့ကို ယှဉ်ပြိုင်ရဲဦးမှာလဲ။

ဤသုံးလအတွင်း လုရွှမ် ကိုယ်ခံပညာ ကျွမ်းကျင်မှု အားလုံးကို ပေါင်းစပ်ခဲ့သည်။ အဓိကဂိုဏ်းခြောက်ခု၏ စွမ်းရည်များကို ယွမ်ယန်လက်ဝါး နှင့် ကောင်းကင်မီးလက်ဝါးတို့တွင် ပေါင်းစည်းခဲ့ရာ သူ့ရဲ့ လက်ဝါးစွမ်းအင် နှစ်စုံရဲ့ စွမ်းအားကလည်း အလွန် တိုးတက်လာခဲ့သည်။

All Chapters