သင်္ဘောပေါ်တက်မယ်
Vol. 59 Ch. 4.395
"တစ္ဆေသင်္ဘောရဲ့ ရည်ရွယ်ချက်?"
"ဟုတ်တယ်... ဒီတစ္ဆေသင်္ဘောက သူ့ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းမှာ ဝိညာဉ် အသိပညာကို မွေးဖွားပေးခဲ့တာ ဖြစ်နိုင်တယ် ဒါမှမဟုတ် လက်ဆင့်ကမ်းပေးခဲ့တဲ့ အစီအရင်တစ်ခုလည်း ဖြစ်နိုင်တယ်.... ဒါကြောင့် သူ့မှာ ရည်ရွယ်ချက် ရှိတယ်ဆိုတာ ထင်ရှားတယ်.... အဲဒါက ငါတို့ကို သင်္ဘောပေါ် တက်လာအောင် လုပ်နေတာ"
လုရွှမ် လူများစွာကို တစ်ချက်ကြည့်လိုက်သည်။ ထိုငါးယောက်တွင် သူသည် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံး ရှိသော်လည်း စကား ပြောသောအခါတွင် သူလုံးဝ မကြောက်နေပေ။
"ငါတို့ကို သင်္ဘောပေါ် တက်လာအောင် လုပ်နေတာက တစ္ဆေသင်္ဘောရဲ့ ရည်ရွယ်ချက်ပဲ ဒါက ငါတို့ကို သေစေချင်တာနဲ့ လုံးဝကို မတူဘူး"
ထိုအခါ နတ်သမီး ကျင်းဟုန်က ခပ်မြန်မြန် တုံ့ပြန်လိုက်ပြီး
"ရှင်ပြောတာ မှန်တယ် တစ္တေသင်္ဘောရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ကို သေစေဖို့အတွက်ဆိုရင် တခြားသူတွေကို ဘယ်တော့မှ လွတ်မြောက်စေမှာ မဟုတ်ဘူး.... လွန်သွားပြီဖြစ်တဲ့ တစ္ဆေသင်္ဘောရဲ့ ဒဏ္ဍာရီကိုဆို ပြောနေစရာတောင် မလိုဘူး"
လုရွှမ်ကလည်း ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။
"တစ်နည်းဆိုရရင် ငါတို့ သင်္ဘောပေါ်တက်ရင် ရှင်သန်မယ်.... ဒါပေမဲ့ ငါတို့ သင်္ဘောပေါ် မတက်ရင်လည်း သေချာပေါက် သေလိမ့်မယ်... နောက်ဆုံးတော့ ငါတို့ရင်ဆိုင်ရမယ့် အန္တရာယ်က ပိုကြီးလာမှာပဲ.."
ဒါက သီအိုရီတစ်ခုမျှသာ ဖြစ်ရာ လုရွှမ်အတွက်လည်း မှန်လားမှားလား မသေချာပါ။
"အပေါ်တက်ရအောင်"
နတ်သမီးကျင်းဟုန်က ပထမဦးဆုံး ပြောလိုက်သည်။
တခြားရွေးချယ်စရာ မရှိသဖြင့် သူတို့တုံ့ဆိုင်းမနေတော့ချေ။ နတ်သမီးကျင်းဟုန်က လှေကိုဖယ်လိုက်ပြီး သူတို့ငါးယောက်သည် ဧရာမသင်္ဘောပေါ်သို့ ပျံတက်သွားကြသည်။
သူ့စိတ်ဝိညာဉ်ထဲကို မီးခိုးလှိုင်းများ ဖြတ်သန်းသွားသကဲ့သို့ လုရွှမ် သူ့မျက်လုံးများဖြင့် ပတ်ပတ်လည်ကို ကြည့်ကာ သင်္ဘောပေါ်ရှိ အရာအားလုံးကို တိတ်တဆိတ် မှတ်ထားလိုက်သည်။
တစ္ဆေသင်္ဘောရဲ့ အပြင်အဆင်ဟာ အလွန်ရိုးရှင်းပြီး ဟန်မဆောင်ဘဲ ပိုလို့တောင် မိမိုက်နေပုံပေါ်၏။ တစ်ခုတည်းသော ထူးထူးခြားခြား အရာမှာ ကုန်းပတ်ပေါ်ရှိ သွေးအိုင်များသာ ဖြစ်သည်။ သွေးအိုင်များမှာ ဤနေရာတွင် အချိန်အတော် ကြာအောင် ရှိနေခဲ့ပုံဖြင့် အမည်းရောင်တောင် ပြောင်းနေပြီ။
သွေးစွန်းထင်းနေတဲ့ နေရာကနေ ပြင်းထန်တဲ့ သေခြင်း ရောင်ဝါတွေ ထွက်လာတာကို တစ်ချက် ကြည့်လိုက်ချိန် သူ့စိတ်တွေ ဟန်ချက်မညီတော့ဘဲ ယိမ်းယိုင်သွားလေ၏။
လုရွှမ် ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီး တခြားလူများကို ကြည့်လိုက်တဲ့အခါ သူတို့မှာ သွေးအိုင်များကို စိတ်ရှုပ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတာ တွေ့ရလေသည်။
ရုတ်တရက်ဆိုသလို အဖြူရောင် အရိပ်တစ်ခုက လွင့်ထွက်လာသည်။ အရမ်းမြန်တာကြောင့် သူ့ရဲ့တည်နေရာကို လျှို့ဝှက်ထားနိုင်ကာ သူ့ဘက်ကို ရောက်လာတာနဲ့ လုရွှမ်ကို ဓားနဲ့ထိုးချလိုက်သည်။
"ကောင်လေး ဟားဟား ငရဲကို သွားပေတော့"
အရိပ်ဖြူက အံ့မခန်း လူသတ်ချင်စိတ်နဲ့ အော်ဟစ်လိုက်သည်။
လုရွှမ်လည်း ထိတ်လန့်သွားသည်။ ကံကောင်းထောက်မစွာပင် သူဟာ စိတ်ရှုပ်ထွေးမှုများမှ နိုးလာခဲ့ပြီ။ သို့မဟုတ်ပါက သူ့ရဲ့ လက်ရှိအခြေအနေအရ ယခုအချိန်တွင် သူသေသွားမှာ သေချာပေ၏။
အရိပ်ဖြူက တခြားသူတွေကို မတိုက်ခိုက်ဘဲ သူ့တစ်ယောက်တည်းကို တိုက်နေတာက ဘာကြောင့်လဲဆိုတာ စဉ်းစားဖို့ အချိန်မရှိသေးပေ။ အခုလောလောဆယ် တစ်ဖက်က သူ့ကို ခိုးဝင် တိုက်ခိုက်ချင်နေပြီ။
လုရွှမ် သူ့ဓားကို ချက်ချင်း ထုတ်ကာ ပြန်ထိုးလိုက်သည်။ သူ့ဓားဖြင့် ခုခံထားရင်း တစ်ဖက်ကလည်း သင်္ဘောပေါ်တွင် မကောင်းဆိုးဝါး တစ်ကောင် ရှိနေမှာကို စိုးရိမ်စွာဖြင့် စူးစူးစိုက်စိုက် ကြည့်နေသည်။ သူသည် ဓားတစ်ချက်တည်းကို အင်အားအပြည့်ဖြင့် ပစ်လွှတ်လိုက်သည်။
အရိပ်ဖြူက ရှောင်မသွားပေ။ ဒါမှမဟုတ် တစ်နည်းအားဖြင့် ရှောင်သွားပေမယ့် အရမ်းနောက်ကျသွားတာ ဖြစ်နိုင်၏။
ဓားအလင်း မရောက်ခင်မှာ ဓားစွမ်းအင်တွေ ရောက်လာပြီး အရိပ်ဖြူရဲ့ ခန္ဓာကိုယ်အနှံ့ သွေးတွေ စီးကျလာသည်။ လက်တစ်ဆုပ်စာ သွေးတွေ ထွက်လာပြီး ဦးခေါင်းက ကောင်းကင်ကို ပျံတက်သွားတော့သည်။
အဖြူရောင် အရိပ်သည် ပျောက်ကွယ်သွားပြီး သွေးများ ရွှဲနစ်ကာ ကုန်းပတ်ထဲသို့ စိမ့်ဝင်သွားသည်။
လုရွှမ်သည် သွေးစွန်းထင်းနေသော ပြောင်းလဲမှု တချို့ကို ခံစားခဲ့ရသော်လည်း ဒါက လှည့်စားထားတာလား? ဒါမှမဟုတ် တခြားအရာ တစ်ခုခုလား ဆိုတာ လောလောဆယ် မပြောနိုင်သေးပေ။ သူ့စိတ်က နည်းနည်း မှိန်းနေသလို နားမလည် နိုင်လောက်အောင် စိတ်ဓာတ်ကျနေသလို ရှုပ်ထွေးနေ၏။
"ခေါင်းဖြတ်!"
"ခေါင်းဖြတ်!"
"ခေါင်းဖြတ်!"
လုရွှမ် ကျယ်လောင်စွာ အော်လိုက်ပြီး တစ်ဖက်က ခေါင်းကို မြင်လိုက်သောအခါတွင် အိပ်ပျော်နေရာမှ နိုးထလာသလို အရိပ်ဖြူက သူ့မှတ်ဥာဏ်ထဲတွင် ပြန်ပေါ်လာရာ လုရွှမ် ရုတ်တရက် လှမ်းအော်လိုက်သည်။
"ကျန်းယန်!"
ယခင်က မြင်ကွင်းများကို သူ့စိတ်ထဲတွင် လျင်မြန်စွာ မှတ်မိသွားခဲ့သည်။ သို့သော် လုရွှမ် သူ့ဓားကို ဆွဲမထုတ်နိုင်တော့ပေ။
လုရွှမ်ရဲ့ ခန္ဓာထဲမှ အံ့အားသင့်ဖွယ် ဓားရောင်ဝါများ ကောင်းကင်သို့ လွင့်ပျံလာသည်။ ကောင်းကင်ပေါ်သို့ ပျံတက်သွားသော ဓားရောင်ဝါဟာ လေထဲ တိုးဝင်သွားစဥ် မကောင်းဆိုးဝါး စွမ်းအင်များ ထိုးတက်လာကာ တိမ်မီးခိုးမည်းများက ဖုံးလွှမ်းသွားခဲ့သည်။
လုရွှမ် ထိတ်လန့်သွား၏။ ဒီမှာ ပြဿနာကြီး တစ်ခုတော့ တကယ်ရှိနေတာပဲ။ သူတောင် လှည့်စားလုနီးပါး ဖြစ်သွားခဲ့တယ်။
အံ့သြထိတ်လန့်စွာဖြင့် သူ့လက်ထဲက ဓားဖျားသည် သွေးစွန်းထင်းနေသော သွေးအိုင်များကို ညွှန်ပြနေသည်။ နှစ်ပေါင်းများစွာ ကြာနေပြီလို့ ထင်ရတဲ့ ဤသွေးစွန်းကွက်တွင် ကြီးမားတဲ့ အန္တရာယ်တစ်ခု ရှိနေတယ်လို့ သူ ယောင်ဝါးဝါးခံစားမိလာသည်။
လုရွှမ် ဓားအလင်းတစ်ချက် ဝေ့ယမ်းလိုက်တဲ့အခါ ဓားချက်က သင်္ဘောကုန်းပတ်ကို ထိမှန်သော်လည်း ကုန်းပတ်က လုံးဝပျက်စီးခြင်း မရှိပေ။ ၎င်းက အမှန်တကယ် တည်ရှိနေတာ မဟုတ်တဲ့အတိုင်းပင်။
ထူးဆန်းသော လေသံများ တဝွီဝွီ လည်နေကာ အော်ဟစ် ငိုကြွေးသံများက သူ့နှလုံးသားအထိ ပဲ့တင်ထပ်နေသဖြင့် လုရွှမ် ဒေါသထွက်လာကာ အရာအားလုံးကို ဖျက်ဆီး ပစ်ချင်စိတ်ကိုတောင် မထိန်းနိုင်တော့ပေ။
တစ်ခုခု မှားနေပြီ!
လုရွှမ် စိတ်ထဲကနေ သူ့နှလုံးသားကို ထိန်းထားရင်း ယွမ်ယန်စွမ်းအင်တွေကို ခွန်အားအပြည့်ဖြင့် လည်ပတ်နေလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်မီးတောက်က ပြင်းပြင်းထန်ထန် လှုံ့ဆော်ခံလိုက်ရသလို သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ လင်းလက်လာခဲ့သည်။
လုရွှမ်ဟာ ဤကမ္ဘာပေါ်တွင် ထွန်းလင်းတောက်ပနေသော နေလုံးငယ်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
အနက်ရောင် အခိုးအငွေ့များသည် သူ့ခန္ဓာကိုယ်ထဲမှ အပြင်းအထန် ထိုးထွက်သွားချင်သော်လည်း မလွတ်မြောက်နိုင်ဘဲ အလင်းရောင်ထဲတွင် သန့်စင်ခံလိုက်ရသည်။
အလင်းရောင်က ပိုမိုတောက်ပလာပြီး လုရွှမ်ထဲမှ ရှည်လျားတဲ့ ဟောက်သံတစ်ချက် လွှင့်ထုတ်လာသည်။ ဟောက်သံက မိုင်ထောင်ချီအထိ ပျံ့သွားသည်။
နောက်ဆုံးတွင် လုရွှမ် သူ့စိတ်နှလုံးထဲက ဒေါသတွေ ခြေရာလက်ရာမရှိ လုံးဝ ပျောက်ကွယ်သွားတာကို ခံစားလိုက်ရသည်။ သူ့နှလုံးသားက သွက်လက် ဖျတ်လတ်ပြီး ခေါင်းလည်း ကြည်လင်သွား၏။ လုရွှမ် သူ့ဖြန့်ကျက်ထားတဲ့ သူ့ခန္ဓာကိုယ်ပေါ်က အလင်းရောင်များကို ရုတ်သိမ်းကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
နတ်သမီး ကျင်းဟုန်နှင့် တခြားသူများလည်း နိုးလာပြီဖြစ်ကာ အားအင်အပြည့်ဖြင့် သူ့ဘေးတွင် တင်ပျဉ်ခွေ ထိုင်နေကြသည်။ သူတို့မျက်နှာပေါ်က အနက်ရောင် စွမ်းအင်များကို ကြည့်လိုက်ရင် အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေတာ ထင်ရှားသည်။
လုရွှမ်လည်း မဆိုင်းမတွ ယွမ်ယန်စွမ်းအင်ကို ပြန်လည် အသက်သွင်းပြီး အလင်းတန်းများကို ဖြာထွက်သွားစေခဲ့သည်။
တစ်ရက်ကြာတော့ အားလုံးက မတ်တပ်ထရပ်လိုက်ကြပြီး နတ်သမီးကျင်းဟုန်ရဲ့ ကျေးဇူးတင် စကားသံက ပထမဦးစွာ ထွက်ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုလု... ဒီတစ်ကြိမ် ရှင်ပါလို့သာ မဟုတ်ရင် ကျွန်မတို့သေသွားလိမ့်မယ်"
သူတို့အားလုံးမှာ အရင်က ဖြစ်ပျက်ခဲ့တာတွေကို သတိရလာပြီး ထိတ်လန့် ကြောက်ရွံ့သွားခဲ့ကြသည်။
လိုအပ်တဲ့ အချိန်များမှာ မိတ်ဆွေတစ်ယောက်က သူတို့ကို ထွက်ကယ်ခဲ့တာကြောင့် လူတိုင်း အလွန် ကျေးဇူးတင်နေခဲ့ကြသည်။ လုရွှမ်ရဲ့ ယခင်လုပ်ရပ်ဟာ သူတို့အတွက် ကြင်နာမှု တစ်ခုဖြစ်ပြီး ကျေးဇူးတင်စကားကို ထပ်ခါထပ်ခါ ပြောနေရင်တောင် မလုံလောက်နိုင်ချေ။
"ဘာမှမဟုတ်ပါဘူး ငါလည်း ကိုယ့်ကိုကိုယ် ကာကွယ်ခဲ့တာ... ဒီမှာရှိတဲ့ လူတွေအားလုံးသာ စည်းလုံးမယ်ဆိုရင် ဒီကနေ လွတ်မြောက်ဖို့ ပိုလွယ်မယ်လို့ ငါယုံကြည်တယ်"
လုရွှမ် ပက်လက်ကို ပြန်ကြည့်လိုက်တော့ ကုန်းပတ်ဟာ ယိုယွင်းနေပြီး နေရာတိုင်းမှာလည်း သွေးစွန်းထင်းနေဆဲ ဖြစ်လေ၏။
"အခန်းထဲ သွားရအောင်!"
လုရွှမ်က ဆို၏။ လူလေးယောက်ကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
"အထဲမှာ ပိုအန္တရာယ်ရှိနိုင်တယ်"
"လုရွှမ် ကျွန်မရှင့်ကို ယုံတယ်"
နတ်သမီးဝမ်ယွဲ့က ပြောပြီး ကောင်းကင်ဓားရှင် ထျန်းတောက်ကလည်း ခေါင်းညိတ်လိုက်၏။ နတ်သမီးကျင်းဟုန်နဲ့ ရှောင်အာ့တို့ကလည်း ပြုံးလျက်
"ရှင်ပြောတာ ကျွန်မတို့ နားထောင်မယ်"
လုရွှမ် သူ့လက်ထဲတွင် မိုးနတ်ဘုရားဓားကို ကိုင်ထားကာ ကျိုးပဲ့နေသော အခန်းတံခါးများကို ဖွင့်ကာ ပြေးဝင်လာခဲ့သည်။
အထဲရောက်တာနဲ့ အလွန်အေးစက်သော အသက်ရှုသံများ ထွက်လာ၏။ လုရွှမ်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ အမှောင်ယင်စွမ်းအင်ကို လျင်မြန်စွာ ထုတ်လျက် ယင်စွမ်းအင်ကို သူ့လက်ဖဝါးပေါ်တွင် တင်ကာ သူ့ရှေ့မှ လေထုကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်သည်။
သင်္ဘောထဲက ယင်ချီတွေဟာ မမြင်နိုင်သော်လည်း လုရွှမ်ကတော့ သူ့ကို တိုက်ရိုက် ဖမ်းမိသွားခဲ့သည်။ သနားစရာ ကောင်းသော အော်ဟစ်သံနှင့်အတူ ယင်ချီသည် အပြာရောင် မီးခိုးလုံးကြီး ဖြစ်သွားကာ လုရွှမ် လေတစ်ချက် မှုတ်လိုက်တာနဲ့ ပျောက်ကွယ်သွားတော့သည်။
သူသွားရာ လမ်းကြောင်းအတိုင်း နောက်က လိုက်နေသော လူလေးယောက်မှာ မထိန်းနိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွား၏။
ယင်ချီသည် အနံ့ဆိုးများဖြင့် ပြည့်နှက်နေလေသည်။ ၎င်း မရောက်မီတွင် အလွန်အေးစက်သော အသက်ရှုသံတစ်ခု ထွက်ပေါ်လာပြီး သူတို့ရဲ့ နှလုံးသားနှင့် စိတ်ဝိညာဉ်များ အတွင်းသို့ ထိုးဖောက် ဝင်ရောက်လုနီးပါး ဖြစ်နေပြီ။
ဒါပေမဲ့ လုရွှမ်ကတော့ သူတို့ကို တိုက်ရိုက် ဖမ်းဆုပ်ပြီး ဖျက်စီးပစ်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး။ လုရွှမ်ရဲ့ ခွန်အားဟာ သူတို့ရဲ့ နှလုံးသားထဲမှာ နားမလည် နိုင်လောက်အောင် ပိုမို ဆန်းကြယ်လာတော့သည်။
"ရပ်!"
လုရွှမ် အော်လိုက်ပြီး ယွမ်ယန် စွမ်းအင်တွေ ပေါက်ကွဲ ထွက်လာသည်။ ယင်ချီတွေ ပြင်းပြင်းထန်ထန် ထုတ်လွှတ်နေတဲ့ အခန်းထဲက အမှောင်ထုဟာ ချက်ချင်း လွင့်ထွက်သွားခဲ့သည်။
"မင်းတို့ငါ့ကို ဒီမှာစောင့်နေ... ငါဆင်းကြည့်မယ်"
လုရွှမ် ပြောပြီးတာနဲ့ တွင်းတစ်ခုထဲကို တိုက်ရိုက် ခုန်ဆင်းသွားပေ၏။
လူတိုင်းလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခါးသက်သက်ပဲ ပြုံးလိုက်ကြသည်။ သူတို့ ၅ယောက်ထဲမှာ လုရွှမ်က ကျင့်ကြံမှုအဆင့် အနိမ့်ဆုံး ရှိတာ ထင်ရှားသော်လည်း သူ့တွင် မရေမတွက်နိုင်တဲ့ လှည့်ကွက်များ ရှိနေသလိုပင်။
ဒါ့အပြင် မိမိတို့က သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသယောင် ခံစားလာရတော့သည်။