သွေးအိုင်ထဲက လူသေအလောင်း
Vol. 59 Ch. 4.396
'ကောင်လေး... မင်း ကောင်းတာတစ်ခုခု ရှာတွေ့လို့မလား'
ရွှေကျီးကန်းရဲ့ အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
လုရွှမ် ကောင်းတဲ့အရာ တစ်ခုခုကို ရှာတွေ့ခဲ့တာတော့ အမှန်ပဲ ဖြစ်သည်။ အစောပိုင်းက သူယင်ချီကို ဖျက်စီးဖို့ အမှောင်ယင်စွမ်းအင်ကို ထုတ်သုံးလိုက်ချိန် သူ့ရဲ့အမှောင် ယင်စွမ်းအင်က ယင်ချီတွေကို ပျော်ပျော်ရွှင်ရွှင် ဝါးမြိုသွားတာ တွေ့လိုက်ရသည်။
ဒီနှစ်များတစ်လျှောက် အမှောင်ယင်စွမ်းအင်ကို သူ့ဒန်တန်ထဲမှာ ပြုစုပျိုးထောင်ခဲ့သည်။ ရှင်းရှင်းလင်းလင်း ပြောရရင် ရင်းနှီးမှု ဆိုတာ ရှိကိုရှိနေခဲ့၏။ ဆိုလိုတာက ယွမ်ယန်ကျင့်စဥ်ဟာ ယင်နဲ့ယန် လမ်းဆုံရဲ့ စတုတ္ထအဆင့်အထိ မတိုးခင်မှာအထိ ယင်ယန် လှုံ့ဆော်မှု အရိပ်အယောင်တွေကို မတွေ့ခဲ့ရချေ။
ယခု အမှောင်ယင်စွမ်းအင်ဟာ တက်ကြွနေသောကြောင့် လုရွှမ်လည်း တစ်ခုခုကို တွေ့ပြီဟု ထင်တာကြောင့် သဘာဝအတိုင်း အလွန်ပျော်ရွှင်နေသည်။
ယွမ်ယန်ကျင့်စဥ်ကို ဆက်လက် လေ့ကျင့်နေသရွေ့ ယင်းယန် စွမ်းအင်သည် ဆက်လက်ကြီးထွားပြီး သန့်စင်လာပေလိမ့်မည်။ သို့သော် အမှောင်ယင်စွမ်းအင်ရဲ့ တိုးတက်မှုက လုရွှမ်ကို ပိုမိုပြင်ဆင်ထားရန် တွန်းအားပေးလာခဲ့သည်။
အနှစ်တစ်သောင်း ရှိသော အနက်ရောင် ရေခဲက အလွန် နည်းပါးသောကြောင့် အမှောင်ယင်စွမ်းအင် ဖြစ်တဲ့ ယင်စွမ်းအင်ကိုးစင်းကို ယွမ်ယန်စွမ်းအင်နဲ့ အဆင့်တူ ဖြစ်အောင် လေ့ကျင့်ရန် အလွန်ခက်ခဲနိုင်သည်။ မမျှော်လင့်ဘဲ ဒီတစ္ဆေသင်္ဘောမှာ အခွင့်အရေး တစ်ခုကို ရှာတွေ့သွားခဲ့သည်။
လုရွှမ် အောက်ဖက်က အလွန်အန္တရာယ်များကြောင်းလည်း သိပါ၏။
ယခင် အနက်ရောင် စွမ်းအင်များ ပျောက်ကွယ်သွားသော်လည်း ၎င်းသည် တစ္ဆေသင်္ဘော အတွင်းက မကောင်းဆိုးဝါးရဲ့ အစွန်အဖျားသာ ဖြစ်သည်။ နတ်သမီး ကျင်းဟုန်နှင့် တခြားသူများတွင် ထူးထူးခြားခြား လေ့ကျင့်ထားမှုများ ရှိသော်လည်း ဒီလိုစွမ်းအင်ကို တားဆီးနိုင်ခြင်း မရှိပေ။
သူတို့ ဆင်းလာလျှင် မကူညီနိုင်ရုံ သာမက မိမိအတွက်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်။
အောက်ခြေ မရှိသော တွင်းကြီးကဲ့သို့ အနက်ရောင် တွင်းထဲ ခုန်ဆင်းလာစဥ် လုရွှမ် တိမ်ပင်လယ်နယ်မြေထဲက တစ္ဆေလိုဏ်ဂူထဲ သူတွေ့ကြုံခဲ့ရသည့် ခံစားချက်နှင့် ဆင်တူသည့် ခံစားချက်ကို နားမလည်နိုင်စွာ ခံစားလာရသည်။
လုရွှမ်ရဲ့ တစ်ကိုယ်လုံးဟာ အလင်းရောင်နှင့်အတူ လင်းလက်နေပြီး ကောင်းကင်မီးတောက်က ပြင်းထန်စွာ လောင်ကျွမ်းနေသလို ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအင်က အားအင် အပြည့်ဖြင့် လှုပ်ရှားနေသည်။
နောက်ဆုံးတွင် လုရွှမ် မြေပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့သည်။
သို့သော် အလွန် ပြင်းထန်သော အကျပ်ကိုင်မှုတစ်ခုက သူ့ဆီသို့ ပြေးဝငိလာခဲ့သည်။ ခဏမှာပင် လုရွှမ် သွေးတစ်လုတ်ကို ပါးစပ်ထဲက ထွေးထုတ်ရင်း သူ့ခန္ဓာကိုယ်လည်း ခပ်ဝေးဝေးသို့ လွင့်ထွက်သွားတော့သည်။
နောက်ဆုံးတွင် လုရွှမ် မတ်တပ် ထရပ်လိုက်ပြီး ဆေး အနည်းငယ်ကို ယူ၍ အမြန် သောက်လိုက်သည်။ သူ့ရှေ့မှ ရှည်လျားသော ဓားရှည်က သူ့နှလုံးသားထဲက ဓားသွားလိုသော စိတ်ဓာတ်ဖြင့် ပူးပေါင်းကာ နောက်ဆုံးတွင် မကောင်းဆိုးဝါး စွမ်းအင်ကို ခုခံနိုင်ခဲ့သည်။
သူ့စိတ်ထဲမှာတော့ ရွှေကျီးကန်းရဲ့ အသံက အကျယ်ကြီး ထွက်လာကာ ကြေကွဲနေတဲ့ အသံနည်းနည်းလည်း ပါနေ၏။
'အမေရေ! ကောင်လေး မင်းဒီလိုနေရာမျိုးကို ဘယ်လိုဖြစ်လို့ ရောက်လာတာတုန်း'
လုရွှမ်လည်း သွေးအန်ချင်စိတ်ကို တွန်းလှန်နေရသည်။ သူ့နှလုံးသည် ပြင်းထန်စွာ ခုန်ပေါက်နေပြီး စိမ်းပြာနဂါးရဲ့ ဝိညာဉ်စွမ်းအားကိုလည်း ထုတ်လွှတ်ထားရရာ ရှက်ရွံ့စွာဖြင့်
"ငါက ဘယ်လိုလုပ် သိမှာလဲ? ငါအရင်က လူတစ်ယောက်ကို ယောင်ဝါးဝါး မြင်ဖူးနေသလို ခံစားနေရလို့"
"ကောင်လေး... သတိထား... မင်း ထွက်သွားလိုက်တာ အကောင်းဆုံးပဲ ဒီနေရာက မလွယ်ဘူးလို့ ငါ ခံစားနေရတယ်... မင်းရဲ့ အခုအဆင့်နဲ့ လာနိုင်တဲ့ နေရာမဟုတ်ဘူး ဆိုတာ သေချာတယ်"
ရွှေကျီးကန်းက အော်ပြောပြီး ကျောက်စိမ်းပြားထဲ ဝင်ပုန်းရင်း သူတို့ကြားက ဆက်သွယ်ရေးကို ချိတ်ပိတ်ချလိုက်သည်။
လုရွှမ် အရပ်ရပ်မှ ထွက်ပေါ်လာသော မကောင်းဆိုးဝါး ရောင်ဝါကို ခံစားနေရသည်။ လုရွှမ် သလင်းကျောက် နှစ်လုံးကို အမြန်ထုတ်ပစ်လိုက်သည်။
တစ်ခုက အာကာသ သလင်းကျောက် ဖြစ်ကာ နောက်တစ်ခုက သဲဝါကမ္ဘာမှ ရရှိလာတဲ့ မြေသလင်းကျောက်ပဲ ဖြစ်သည်။ သူ့ပတ်ဝန်းကျင်က ဖိအားတွေ အရမ်း လျော့သွားတာကို အလိုလို ခံစားလိုက်ရမှ လုရွှမ် သက်ပြင်းချပေမယ့် စိတ်ကသိကအောက် ဖြစ်နေတုန်းမို့ သူမြင်တဲ့နေရာဆီ လျှောက်ဝင်သွားလိုက်သည်။
သူရှေ့ဆက်တိုးလာလေ ဖိအားက ကြီးမားလာလေပဲ။ သလင်းကျောက်နှစ်ခုမှ သူ့ခန္ဓာကိုယ်ကို နားမလည်နိုင်သော စွမ်းအားတစ်ခု ပြည့်လာစေသော်လည်း သူ့ပတ်ဝန်းကျင်က ဖိအားကို ခံနိုင်ရည် မရှိသလောက်ကို ဖြစ်လာသည်။
လုရွှမ် သလင်းကျောက်များကို ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ သလင်းကျောက် နှစ်လုံးသည် သာမန်မျက်စိနဲ့ မြင်နိုင်သော အရှိန်မျိုးဖြင့် တဖြည်းဖြည်း သေးငယ်လာတာကို တွေ့လိုက်ရပေ၏။
လတ်စသတ်တော့ ဒီလိုကိုး!
စိတ်ပူနေမည့်အစား လုရွှမ်ကတော့ အလွန် ပျော်ရွှင်နေခဲ့သည်။ သူ့မှာ သလင်းကျောက်တွေ အများကြီး ရှိတယ်လေ။
ဖိအားများကို တစ်ဆင့်ပြီးတစ်ဆင့် ဆန့်ကျင် ခုခံရင်း လုရွှမ် နောက်ဆုံးတွင် မကောင်းဆိုးဝါး ရောင်ဝါလာရာ အရင်းအမြစ်ကို ဖျတ်ခနဲ မြင်သွားခဲ့သည်။
သွေးအိုင်!
သွေးအိုင်ထဲတွင် လူတစ်ဦး သို့မဟုတ် အလောင်းတစ်လောင်း မျောပါနေသည်။
ကောင်းကင်သို့ ထိုးတက်သွားသော မကောင်းသော အရိပ်အယောင်နှင့် မကောင်းသော ရည်ရွယ်ချက်များသည် ထိုလူထံမှ ထွက်ပေါ်လာခြင်းပင် ဖြစ်လေသည်။ အမှောင်ယင်ချီများက အလိုအလျောက် လှိုင်းထလာပြီး ၎င်းခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့သွားသည်။
လုရွှမ်ဟာ သူ့ကိုယ်ထဲက ယင်စွမ်းအင်ကိုးစင်းကို အားကောင်း လာစေရန်အတွက် သူ့အသက်ကို စွန့်စားနေရပြီ။ သူ့ခန္ဓာကိုယ်အနှံ့ အခင်းအကျင်းများကို စီရင်ချထားပြီးနောက် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အမှောင်ယင်စွမ်းအင် တစ်ဖြစ်လည်း ယင်စွမ်းအင်ကိုးစင်းကို ချောမွေ့စွာ လည်ပတ်စေခဲ့သည်။
တစ္ဆေသင်္ဘောရဲ့ ကုန်းပတ်ပေါ်တွင်။
သူတို့ လေးယောက်သည် အတွင်းခန်းကို ခဏခဏ ဝင်ကြည့်ပြီး ပြန်ထွက်လာခဲ့သည်။
"လုရွှမ် ဆင်းသွားတာ သုံးရက်တောင်ရှိပြီ တစ်ခုခုများ ဖြစ်နေတာလား?"
နတ်သမီးဝမ်ယွဲ့မှ မေးလာ၏။ သူမ အခန်းထဲကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ပေမယ့် လုရွှမ်ရဲ့ အကာအကွယ်မပါဘဲ အမှောင်စွမ်းအင်က သူမခန္ဓာကိုယ်ထဲကို တစ်ဖန် ဝင်ရောက်လုနီးပါး ဖြစ်လာတာကြောင့် သူမ ထိုအနားကို ချဉ်းကပ်သွားဖို့ မဝံ့ရဲတော့ချေ။
နတ်သမီးကျင်းဟုန်လည်း ခါးသက်စွာ ပြုံးလိုက်သည်။ လုရွှမ် ဆင်းသွားပြီးနောက် မကြာခင်မှာပဲ အောက်ဖက်မှ ထွက်လာသော မကောင်းဆိုးဝါး စွမ်းအင်များက ပိုမိုအားကောင်းလာခဲ့သည်။
သူတို့ လေးယောက်လုံးဟာ မဟာသူတော်စင်ကြီးတွေ ဖြစ်လို့ သူတို့ရဲ့ စိတ်ဝိညာဉ်တွေ တည်ငြိမ်နေပြီး လုရွှမ်အရင်က အနက်ရောင် လေထုကို ဖယ်ထားခဲ့တာကြောင့် ခံနိုင်ရည် ရှိနေခဲ့သည်။
အခု သူတို့ရှေ့မတိုးနိုင်သလို နောက်ဆုတ်လို့လည်း မရတော့ဘူး။ သူတို့ ဒီကနေထွက်သွားချင်ရင် လုရွှမ်ရဲ့ အကူအညီကို သိသိသာသာ လိုအပ်နေပါပြီ။
မဟာသူတော်စင် လေးယောက်က သူတော်စင်လေးရဲ့ ကူညီမှုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ သူမတို့သာ တခြားလူတွေကို ပြောပြလိုက်ရင် သေလောက်အောင် ရယ်နေလိမ့်မည်။
"ငါတို့ အခု ဘာမှ မလုပ်နိုင်သေးဘူး စောင့်ကြည့်ကြရအောင်"
လုရွှမ်ကတော့ သူ့ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်ကိုးစင်းရဲ့ ကြီးထွားမှုကို အတိအကျ ခံစားလိုက်ရတာကြောင့် အာရုံ မပြောင်းဝံ့ပေ။
သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သလင်းကျောက် နှစ်လုံးက အက်ကွဲကြောင်းတွေနဲ့ ပြည့်နေပြီး အပိုင်းပိုင်း ကွဲသွားတော့မယ် ဆိုတာ သိလိုက်ရ၏။ သူ သလင်းကျောက်တုံးများကို အလျင်အမြန် ထုတ်ယူလိုက်သည်။
ဘာကိုစောင့်နေရမှာလဲ?
လုရွှမ် ယင်စွမ်းအင်ကို စုပ်ယူဖို့ အရှိန်မြှင့်လိုက်သည်။ ယင်ချီ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာစဥ် ယင်စွမ်းအင်ကိုးစင်ဟာ ယင်ချီရဲ့ အနှစ်သာရကို စုပ်ယူကာ ဒန်တန်ထဲသို့ စီးဆင်းသွားလေသည်။
တစ်ရက် နှစ်ရက်!
အားနည်းသွားတဲ့ ခြိမ်းခြောက်မှုက တစ်ဖန် ပြင်းထန်လာတာကို ခံစားလာရပြီး ကျရောက်လာတော့မယ့် ဘေးဒုက္ခကိုပင် ယောင်ဝါးဝါး ခံစားလာရသည်။
လုရွှမ် မနှောင့်နှေးဝံ့ဘဲ ချက်ချင်း မတ်တပ်ရပ်ကာ သွေးအိုင်ထဲက အလောင်းကို ကြည့်လိုက်သည်။ ဆိုးဝါးတဲ့ ရောင်ဝါတစ်ခုက သူ့စိတ်ဝိညာဉ်ထဲသို့ တည့်တည့် တိုးဝင်လာသည်။
လုရွှမ် အသင့်ပြင်လျက် တိတ်တိတ်လေး ကျိန်ဆဲလိုက်လေ၏။ ကောင်းကင်မှာ မီးတောက်တွေ ဖြာထွက် ထွန်းတောက်လာစဥ် အမှောင်စွမ်းအင်ကို သန့်စင်ဖို့ ယွမ်ယန်ကျင့်စဥ်က အဆုံးမရှိတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်ပေးလာသည်။ လုရွှမ် ဆက်မနေရဲတော့ဘဲ အထက်ကို အမြန် တက်သွားခဲ့သည်။
ယခုတစ်ကြိမ်တွင် သူစုဆောင်း ထားခဲ့သော မြေသလင်းကျောက်များနှင့် အာကာသ သလင်းကျောက်များ၏ သုံးပုံတစ်ပုံနီးပါးကို သုံးစွဲခဲ့ရသည်။ ကုန်ကျစရိတ်က ကြီးမားသော်လည်း အကျိုးကျေးဇူးတွေလည်း ပိုမိုရရှိခဲ့ပါ၏။
ယခုအချိန်တွင် ယင်ချီသည် ဒန်တန်ထဲ နစ်မြုပ်သွားခဲ့ပြီး ဆယ်ဆထက်မနည်း ကြီးထွားလာတာကို လုရွှမ် သိသိသာသာ ခံစားမိသည်။
သန့်စင်မှုအရဆို အရင်ကထက် အနည်းဆုံး 30% ပိုသန့်စင်လာပြီ။
ယခုဆို အတွေးတစ်ခုနဲ့တင် ယင်စွမ်းအင်ကိုးစင်းက လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီ။
သူ့ဘယ်ဘက်လက်ကို ဖွင့်လိုက်စဥ် ယန်စွမ်းအင်တွေ ပေါက်ကွဲ ထွက်လာပြီး တောက်လောင်နေတဲ့ နေလုံးအောက်မှာ ရှိနေသလိုပဲ ပတ်ဝန်းကျင် တစ်ခုလုံး နွေးထွေးသွား၏။ သူ့ညာဘက်လက်ကို ဖွင့်လိုက်တော့ မှောင်မဲနေတဲ့ ရောင်ဝါက သူ့ပတ်ဝန်းကျင်မှာ တခဏအတွင်း ပျံ့သွားကာ တစ္ဆေဂူထဲ ရောက်နေသလို အေးစက်သွားလေသည်။
ယင်စွမ်းအင်ကိုးစင်းက ခန္ဓာကိုယ်ကို အကာအကွယ် ပေးထားသောကြောင့် သူ့ပတ်ဝန်းကျင်က မကောင်းသော အငွေ့အသက်များက လုံးဝ မချဥ်းကပ်ဝံ့ပေ။ လုရွှမ် တွင်းထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်။
"နောက်ဆုံးတော့ မင်းထွက်လာပြီ!"
လုရွှမ် ထွက်လာတာကို မြင်တော့မှ လူတိုင်း သက်ပြင်းချနိုင်ကြလေ၏။
"ငါ မင်းတို့ကို စိတ်ပူအောင် လုပ်မိပြီ"
လုရွှမ်က ပြုံးပြီး
"သွားရအောင်... ဒီနေရာက အရမ်း ကြောက်စရာကောင်းတယ်"
သူ့လက်ကို လှိုင်းလုံးလို ဝေ့ယမ်းလိုက်တဲ့အခါ သူတို့လေးယောက်ရဲ့ ပတ်ဝန်းကျင်ဟာ အေးစက်သွားတာကို ရုတ်တရက် ခံစားလိုက်ရသည်။ ရောင်ဝါက အရင်ကထက် သုံးဆ ပိုကြောက်စရာကောင်းနေသလိုပင်။