← Chapters

သဘောမတူခြင်း

Vol. 59 Ch. 4.398

သဘောမတူခြင်း

Vol. 59 Ch. 4.398

နတ်သမီးဝမ်ယွဲ့မှာ ဖော်ထုတ်ခံရပြီဟု တွေးကာ ထိတ်လန့်သွားပြီး နတ်သမီးကျင်းဟုန်ကတော့ ကျောဘက်ကို လက်တစ်ဖက် ပစ်လျက် အချိန်မရွေး လှုပ်ရှားတော့မလို ဖြစ်​နေသည်။

"အစ်ကိုယဲ့ချား ... အစ်ကို ဘာအကြံဉာဏ်တွေများ ပေးချင်လို့လဲ မသိဘူး?"

ရှောင်အာ့က အံ့သြသွားပြီး သူ့မျက်နှာပေါ်က အပြုံးလေးနဲ့ အမြန်ကျော်သွားကာ အရည်အသွေးမြင့် သလင်းကျောက် နှစ်လုံးကို တိတ်တဆိတ် လွှဲပေးလိုက်သည်။

အရပ်ရှည်သော်လည်း ရုပ်ဆိုးသော ယဲ့ချားရဲ့ မျက်လုံးများက တောက်ပလာကာ သူက သလင်းကျောက်ကို အလျင်အမြန် ဖယ်ထုတ်ပစ်လိုက်သည်။

"သူတို့က ဘယ်သူတွေလဲ?"

ယဲ့ချားက အော်လိုက်၏။ သူ့အသံသည် အလွန် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ပင်လယ်သားရဲ များစွာရဲ့ အာရုံကို ချက်ချင်း ဖမ်းစားသွားနိုင်ခဲ့သည်။

ရှောင်အာ့က သူ့စိတ်ထဲမှ တိတ်တဆိတ် ညည်းညူနေမိသည်။ ဒီမှာပဲ ရပ်သွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူးလေ။

"သူတို့က ကျွန်​တော့်အစ်မတွေပါ"

မထင်မှတ်ပဲ ယဲ့ချားဆိုတဲ့ ပင်လယ်သားရဲက ကျယ်လောင်စွာ ရယ်မောလိုက်ပြန်ရာ ပတ်ဝန်းကျင်က ပင်လယ်သားရဲတွေကလည်း ပိုလို့တောင် ရယ်မောလိုက်ကြသည်။ ရှောင်အာ့လည်း စိတ်ရှုပ်သွားလေ၏။

လုရွှမ်ရဲ့ နှလုံးခုန်သံက တိတ်တိတ်ဆိတ်ဆိတ်ဖြင့် လှုပ်ရှားနေကာ ကျိန်ဆဲပြီး ပြေးထွက်လာခဲ့သည်။

"ဟမ့် မင်းကဘာကို ရယ်နေတာလဲ? ယဲ့ချားတစ်ကောင် ဖြစ်တဲ့ မင်းက လွတ်လွတ်လပ်လပ် အထိန်းအကွပ် ကင်းမဲ့ပြီး ဒီမှာ တံခါးစောင့် လာလုပ်နေတာလား?"

ပတ်ဝန်းကျင်က ပင်လယ်သားရဲများ အံ့အားသင့်သွားကာ ရှောင်အာ့ နှင့် ထျန်းတောက်တို့သည် အကြောင်းပြချက် မရှိဘဲ ပို၍ပင် ထိတ်လန့်သွားကြသည်။

လုရွှမ် ဘာလုပ်နေတာလဲ?

ကံကောင်းထောက်မစွာ သူတို့သည် အခက်အခဲများစွာကို ကြံ့ကြံ့ခံပြီး လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ကြသူများ ဖြစ်သည်။ သူတို့ နှလုံးသားထဲက အံ့အားသင့်မှုကို မျိုသိပ်ထားကာ အပြစ်အနာအဆာများကို ထုတ်ဖော် မပြခဲ့ကြပေ။

ယဲ့ချားရဲ့ မျက်နှာက ချက်ချင်းဆိုသလို တင်းကျပ်သွားကာ ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်လာ၏။ သူသည် သူ၏ ထူထဲသော နှာခေါင်းပေါက်များမှ ရှည်လျားသော အသက်ရှုသံ နှစ်ချက်ကို ရှူထုတ်လိုက်ပြီး သိသိသာသာ ဒေါသ ထွက်နေ​လေသည်။

လုရွှမ် သူတို့နှစ်ယောက်ကို မေးခွန်းထုတ်ဖို့ အခွင့်အရေး မပေးခဲ့ပါဘူး။ သူ့အငွေ့အသက်ကလည်း ပြောင်းလဲသွားပြီး ယဲ့ချားမျိုးနွယ်ရဲ့ ထူးခြားတဲ့ ရောင်ဝါအဖြစ် ပြောင်းလဲသွားပါတော့သည်။ ထို့အပြင် သူ့စွမ်းအင်နှင့် ဖိအားတွေက ထိုယဲ့ချား နှစ်ကောင်ထက် များစွာ ကြီးမားသည်။

"ဘာလုပ်နေတာလဲ?"

လုရွှမ် ထပ်အော်လိုက်သည်။

ယဲ့ချားတို့ နှစ်ယောက်သား ထိတ်လန့် တုန်လှုပ်သွားကာ လျင်မြန်စွာ ဒူးထောက်သွားကြ၏။

"ရှန့်ဖုန်းကို နှုတ်ဆက်ပါတယ်"

(ဘာသာပြန် - အထွတ်အထိပ် အကြီးအကဲလို အဓိပ္ပာယ်မျိုးပါ)

လုရွှမ် ထိန်းမနိုင် သိမ်းမနိုင် မာနကြီးနေတဲ့ ယဲ့ချားနှစ်ကောင်ကို တစ်ချက်တည်းဖြင့် ကန်ထုတ်လိုက်ရာ သူတို့နှစ်ဦးမှာ ကျွမ်းပစ်ထိုးလိုက်ရလေသည်။

"မင်းတို့သာ တခြားသူနဲ့ ကြုံရင် သတ်ပစ်ခံရလိမ့်မယ်"

ယဲ့ချားနှစ်ကောင်က ကျယ်လောင်စွာ တုံ့ပြန်ပြီး အမြန်ဘေးနား ပြေးရပ်လိုက်ကာ သူတို့ရဲ့ ခန္ဓာကိုယ်သည် ဖြောင့်ဖြောင့်တန်းတန်း ​​ပြန်​ပြင်လိုက်သည်။

လုရွှမ်သည် နတ်သမီးကျင်းဟုန်နှင့် နတ်သမီးဝမ်ယွဲ့ ဆီသို့ လျှောက်သွားကာ မျက်နှာပေါ်တွင် ညစ်ညမ်းသော အပြုံးဖြင့် အမျိုးသမီးနှစ်ယောက်ကို ဘယ်တစ်ယောက် ညာတစ်ယောက် ပွေ့ဖက်ကာ ပေါ့ပေါ့ဆဆ လျှောက်ဝင်လာခဲ့သည်။

အမျိုးသမီးနှစ်ဦးရဲ့ မျက်နှာများမှာ အနည်းငယ် ထိတ်လန့် သွားသော်လည်း အနည်းငယ် ဒေါသထွက်သွားသလို ဖြစ်နေတာကြောင့် ကြည့်ရှုသူများမှာ တဟားဟား ရယ်မောလိုက်ကြသည်။ ရှောင်အာ့နှင့် ထျန်းတောက် တို့သည် နောက်လိုက်များလို အလျင်အမြန် လိုက်သွားကြသည်။

မြို့တံခါးဝက ယဲ့ချားနှစ်ယောက်မှာ မနာလိုစိတ်ဖြင့် နှုတ်ခမ်းကိုသာ သပ်လိုက်ရသည်။

အဝေးကို လျှောက်သွားပြီးနောက် လုရွှမ် အမျိုးသမီးနှစ်ယောက်ကို လွှတ်ပေးလိုက်သည်။ နတ်သမီးဝမ်ယွဲ့က ရှက်နေပုံရသော်လည်း နတ်သမီးကျင်းဟုန်က နားလည်စွာ ခေါင်းညိတ်ပြ၏။

သူတို့ ဘာသိချင်နေကြတယ် ဆိုတာကို သိသဖြင့် လုရွှမ်လည်း ရိုးရိုးရှင်းရှင်းလေး ရှင်းပြလိုက်သည်။

"ငါရှေးဟောင်း လျှပ်စီးကမ္ဘာကို ရောက်တုန်းက ဒီကမ္ဘာနဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ကို ဝယ်ယူခဲ့ဖူးတယ်... ဒါကြောင့် ယဲ့ချားမျိုးနွယ် အကြောင်းကို ငါသိနေတာ"

"ယဲ့ချားမျိုးနွယ်က အထက်အောက် စိတ်ဓာတ်ပြင်းထန်တဲ့ မျိုးနွယ်တစ်ခုပဲ...ဒါပေမဲ့ သူတို့ရဲ့ ရှန့်ဖုန်းကိုတော့ ဘယ်တော့မှ မစော်ကားဝံ့​ကြဘူး.... ယဲ့ချားမျိုးနွယ်က အရုပ်ဆိုးလေ ပိုတပ်မက်လေပဲ အဲ့ဒါကြောင့် နတ်သမီးကျင်းဟုန် နဲ့ နတ်သမီးဝမ်ယွဲ့တို့ကို မြင်လိုက်ရတဲ့ အချိန်မှာ မင်းတို့ရဲ့ အလှကို မက်မောသွားခဲ့တာ"

နတ်သမီးဝမ်ယွဲ့ရဲ့ မျက်နှာက နီရဲလာကာ လုရွှမ်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ မနေနိုင်တော့ဘဲ လုရွှမ်ဆီက ပွေ့ဖက်ခံလိုက်ရတဲ့ ခံစားချက်အတွက် သူမ မထိန်းနိုင်ဘဲ လွမ်းဆွတ်သွားမိသည်။ နတ်သမီးကျင်းဟုန်ရဲ့ အမူအရာမှာ မပြောင်းလဲသွားဘဲ သူမ ဘာတွေးနေလဲ မပြောနိုင်ပေ။

"ပြီးတော့ ငါ့စွမ်းအင်က နည်းနည်း ထူးခြားတယ်.... ဒါက အသက်ရှုတာကို အတုယူနိုင်တယ် ဒါကြောင့် အဲဒီအချိန်မှာ ငါမင်းတို့အပေါ် အခွင့်အရေး ယူရတာပါ... ဒီကညီမတို့ ခွင့်လွှတ်​ပေးပါ"

"ဘာမှ မ​ဖြစ်ပါဘူး"

နတ်သမီးဝမ်ယွဲ့က ပြောလိုက်သည်​။

နတ်သမီးကျင်းဟုန်ကတော့ လုရွှမ်ရဲ့ ထက်မြက်မှုကို ချီးကျူး​နေခဲ့သည်။ လုရွှမ်ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် ၎င်းသည် သူ့ရဲ့ကိုယ်ပိုင် နည်းလမ်းဖြစ်ကြောင်း သိခဲ့ရာ နောက်ထပ် မေးခွန်းများ ထပ်မမေးတော့ပေ။

ဒါပေမဲ့ ဘယ်လိုနည်းနဲ့မဆို အလွန်အစွမ်းထက်မြက်ပြီး အသက်ရှုတိုင်းကို အတုယူနိုင်နေတာ အံ့သြစရာ ကောင်းလှနေပြီ။

ဧရာမမြို့ကြီးသည် လူသားမြို့တော်ကို အတုယူကာ တည်ဆောက်ထားပုံရသည်။ တကယ်လို့ လမ်းများပေါ်မှာ ပျံ့လွင့်နေသော သတ္တဝါတွေဟာ လူသားအသွင်ကို ပြီးပြည့်စုံစွာ ပြောင်းလဲသွားလို့သာ မဟုတ်ပါက ပထမတစ်ချက်တွင် သူတို့ဟာ ပင်လယ်သားရဲလား လူလားဆိုတာ ခွဲခြား၍ မရနိုင်ပေ။

နတ်သမီးကျင်းဟုန်ရဲ့ ဦးဆောင်မှု အောက်တွင် ဝိညာဉ်မှ အာရုံခံသော ရောင်ဝါကို လိုက်၍ လူငါးဦးသည် ဖြောင့်တန်းစွာ လျှောက်လာကာ နန်းတော်တံခါးရှေ့သို့ ရောက်ရှိလာကြသည်။

တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ခါးသက်သက်ပဲ ပြုံးလိုက်သည်။

ရေဒြပ်စင် နတ်ပုတီးစေ့ကို ရရှိနိုင်ခြင်းက အလွန်ထူးခြားပါသည်။ သို့သော် ရေဒြပ်စင် နတ်ပုတီးစေ့ကို ရေအောက် ဧရာမမြို့၏ မြို့သခင် နန်းတော်ထဲတွင် အမှန်တကယ် သိမ်းဆည်းထားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

မြို့သခင်ရဲ့ စံအိမ်ကြီးသည် အလွန်ကျယ်ဝန်းပြီး အစောင့်များကလည်း တင်းကျပ်ထားသည်။ မြို့တံခါးများကို ယဲ့ချားများက စောင့်ကြပ်ထားသော်လည်း မြို့သခင်ရဲ့ နန်းတော်ကိုတော့ နဖူးတွင် ဦးချိုများပါသော ပင်လယ်မြွေများက စောင့်ကြပ်ထားသည်။

လူမျိုးရေးအရပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေး အရပဲဖြစ်ဖြစ် သူတို့က ယဲ့ချားနှစ်ကောင်ထက် အများကြီး ပိုသန်မာကြသည်။

သာမန်မျက်စိနဲ့ ကြည့်ရုံဖြင့် ချိုရှည် ပင်လယ်မြွေ တစ်ထောင်ထက် မနည်း ရှိနေတာကို တွေ့နိုင်ပါ၏။ ကျင့်ကြံမှု အဆင့်တစ်ခုစီက ကွဲပြားသော်လည်း အနိမ့်ဆုံး သူတော်စင် အဆင့်တွင် ရှိသည်။

လုရွှမ် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတာက မြို့သခင်ရဲ့ စံအိမ်ထဲမှာ သူ့ကို ထိတ်လန့်စေတဲ့ ပြင်းထန်တဲ့ ဖိအားတစ်ခု ရှိနေတာပဲ။ အဲဒါက ကောင်းကင်ဘုံသခင် အဆင့်ပင်။

သာမန် ကောင်းကင်ဘုံသခင်သာ ဖြစ်လျှင် ကောင်းပေလိမ့်မည်။ သို့သော် ထိုအကျပ်ကိုင်မှုသည် သူ့ရဲ့ စိမ်းပြာနဂါးရဲ့ နှလုံးသားကိုတောင် ထိခိုက်စေနိုင်​နေသည်။

ဒါအတွက် အကြောင်းပြချက် နှစ်ခုပဲ ရှိပါသည်။ ပထမအချက်ကတော့ ကောင်းကင်ဘုံသခင် အဆင့်ရှိ ပင်လယ်သားရဲမှာ စိမ်းပြာနဂါးရဲ့ သွေးအဆက်အစပ် ရှိနေတာပဲ ဖြစ်မည်။ ဒုတိယကတော့ ဒီနေရာမှာ ဖွက်ထားတာက စိမ်းပြာနဂါးရဲ့ အစိတ်အပိုင်း တစ်ခုခု ဖြစ်နိုင်သည်။

တစ်ခုတည်းသော သတင်းကောင်းမှာ ဤနေရာသည် ပင်လယ်သားရဲများရဲ့ နေထိုင်ရာ ဖြစ်ပြီး ၎င်းတို့ကို ကာကွယ်ရန် အခင်းအကျင်း ဖွဲ့စည်းထားခြင်း မရှိပေ။ မဟုတ်ပါက ခိုးဝင်ချင်လျှင် ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။

ဒီနေရာလေးမှာ အကြာကြီး နေလို့မရချေ။ ပင်လယ်သားရဲတွေကလည်း ရက်စက်ကြမ်းကြုတ်တဲ့ သားရဲမျိုးတွေ ဖြစ်သလို အန္တရာယ်ကို အလွန်အမင်း ထိလွယ်ရှလွယ် ထားတတ်ကြလို့ ဒီနေရာမှာ အချိန်ကြာကြာ ဆက်နေမယ်ဆိုရင် သံသယတွေ ပွားများလာလိမ့်မည်။

လုရွှမ်တို့ လူအနည်းငယ်သည် ဂရုတစိုက် ထွက်ခွာသွားကြသည်။

လုရွှမ်က နောက်ဆုံး ဝင်လာသူ ဖြစ်သည်။ သူတို့လေးယောက်သည် အကြောင်းတစ်ခုကို ငြင်းခုံနေကြပြီး လုရွှမ်အလာကို အထဲမှ စောင့်ဆိုင်းနေကြတာ ဖြစ်​လေသည်။

"လုရွှမ်... ရှင် အချိန်မီ ပြန်ရောက်လာတာပဲ... ရှင် မြို့သခင်စံအိမ်မှာ အဲဒါကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရမယ်လို့ ကျွန်မ ယုံကြည်တယ် ... အဲဒါ ကောင်းကင်ဘုံသခင်ပဲ ဟုတ်တယ်မလား!"

နတ်သမီးဝမ်ယွဲ့က ဒေါသသံနဲ့ ကြောက်ရွံ့မှု အရိပ်အယောင်တွေ ပြည့်နှက်စွာနဲ့ ပြောလာခဲ့သည်။ သူမရဲ့ အမူအရာမှာ အနည်းငယ် စိုးထိတ်နေသေးသည်။

နတ်သမီးကျင်းဟုန်က စကား ဝင်မပြောဘဲ ရှောင်အာ့က ပြောလာခဲ့သည်။

"နတ်သမီးဝမ်ယွဲ့.... ဒီတစ်ခါ ရေဒြပ်စင် နတ်ပုတီးစေ့ကို ဆုပ်ကိုင်နိုင်ဖို့ ငါတို့ ပင်လယ်နက်ထဲကို ဝင်ခဲ့တာကို မင်းသိထားရမယ်... ကောင်းကင်ဘုံသခင်နဲ့ တွေ့ရမယ်လို့ ကြိုတွေးထားခဲ့တယ် မဟုတ်လား? ကောင်းကင်ဘုံသခင်ကို တွေ့တာနဲ့ ထွက်သွားချင်တာက နည်းနည်းတော့ ယုတ္တိမတန်ဘူးနော်"

ထျန်းတောက်က စကားတစ်ခွန်းမှ မပြောဘဲ ဓားရှည်ကို ကိုင်ထားလျက် ထောင့်တစ်နေရာမှာ ထိုင်ပြီး အားလုံးကို အေးစက်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေ၏။

"သခင်လေးလုရွှမ် ပြန်လာတာ အချိန်မီလေးပဲ... မှတ်ချက်လေး လုပ်ပါဦး"

ရှောင်အာ့က ဆိုလိုက်သည်။

တကယ်လို့ မြို့တော်သခင်ရဲ့ စံအိမ်မှာ စိမ်းပြာနဂါးရဲ့ အရိပ်အာဝါသကို မခံစားခဲ့ရပါက လုရွှမ်သည် သူလည်းပဲ နတ်သမီး ဝမ်ယွဲ့ဘက်မှ ရပ်တည်နေမိမှာ သေချာပါ၏။ ရတနာက ကောင်းမွန်သော်လည်း အသက်ပါ ပေးရမယ့်ကိန်းပင်။ တစ်ဖက်က ကောင်းကင်ဘုံရှင်သခင် ပြီးပြည့်စုံသော ကာလကို ရောက်နေပြီ။

လုရွှမ် သူ့အရင် ဘဝတုန်းက အထွတ်အထိပ် ကာလကို ရောက်​နေချိန်မှာတောင် အခု ကောင်းကင်ဘုံသခင်ရဲ့ ရန်သူ မဖြစ်နိုင်ဘူးလို့ အာမခံရဲသည်။ အကြောင်းမှာ ကွာဟချက်က အရမ်း ကြီးနေတာကြောင့်ပါပဲ။

သူတို့ငါးယောက်ထဲမှာ အဆင့်အမြင့်ဆုံးက မဟာသူတော်စင် အဆင့်၅ ရှောင်အာ့ပါပဲ။ သူသာ ကောင်းကင်ဘုံသခင်ကို တိုက်ချင်နေရင်တော့ သေမင်းကို သွားရှာနေတာပဲ ဖြစ်နေလိမ့်မည်။

ဒါပေမဲ့ အဲဒီစိမ်းပြာနဂါးရဲ့ အစိတ်အပိုင်းကိုတော့ သူ ယူကိုယူသွားရမယ်။ သူ့ရဲ့ စိမ်းပြာနဂါးရဲ့ နှလုံးသားက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းကို ပြန်လာရန် တောင်းဆိုနေသကဲ့သို့ ခံစားနေရလေသည်။

All Chapters