← Chapters

လျှို့ဝှက်ရောင်ခြည်တန်း

Vol. 59 Ch. 4.399

လျှို့ဝှက်ရောင်ခြည်တန်း

Vol. 59 Ch. 4.399

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းကာ နတ်သမီးဝမ်ယွဲ့ကို မစိုးရိမ်ဖို့ အချက်ပြလိုက်ကာ နတ်သမီးကျင်းဟုန်ကို ကြည့်လိုက်သည်။ ရှောင်အာ့က သူမရဲ့လူ ဖြစ်တာကြောင့် သူ့စကားတွေက သူမစကားတွေပဲ ဖြစ်၏။

"နတ်သမီးကျင်းဟုန် မင်း​ရော ဘယ်လိုထင်လဲ"

ရှောင်အာ့က တခစ်ခစ် ရယ်နေပေမယ့် လုရွှမ်ကတော့ နတ်သမီးကျင်းဟုန်ကိုပဲ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလိုက်သည်။

လမ်းတစ်လျှောက်တွင် လုရွှမ်က အကျပ်အတည်းတွေကြား သူ့ရဲ့​ခွန်အားကို ဆက်လက် ပြသခဲ့သည်။ ကြီးမားတဲ့ အကျပ်အတည်း များစွာအတွက်လည်း လုရွှမ်ရဲ့ စွမ်းရည်ကြောင့်သာ သူတို့ လွတ်မြောက်နိုင်ခဲ့သည်။

လုရွှမ်က သူတော်စင်နယ်ပယ် တတိယအဆင့်တွင်သာ ရှိသော်လည်း ရှောင်အာ့က လက်တွေ့ဘဝမှာ ရပ်တည်နေချိန် သတိလက်လွတ် မ​နေဝံ့ခဲ့ပေ။ ခြိမ်းခြောက်မှု အဆင့်နှင့် နှိုင်းယှဉ်ပါက လုရွှမ်ဟာ နတ်သမီးဝမ်ယွဲ့ထက် အဆပေါင်းများစွာ သာလွန်တာကြောင့် မောက်မာစွာ မပြုမူဝံ့ပါ။

နတ်သမီးကျင်းဟုန်လည်း သူမ စကားပြောရမယ် ဆိုတာကို သိပါသည်။ မဟုတ်ပါက သူမ ဒီနေရာအထိ ခက်ခက်ခဲခဲ ရောက်ရှိလာပြီး အလွယ်တကူ လက်လျှော့လိုက်ရင် သူမ နှလုံးသားက ကွဲလွင့်သွားလိမ့်မည်။

"ကျွန်မရဲ့ သဘောထားကတော့ ရေဒြပ်စင် နတ်ပုတီးစေ့ကို ရအောင်ယူမယ်"

နတ်သမီးကျင်းဟုန်က အေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့ အသံမာမာဖြင့် ပြောလိုက်သည်။

သူမက ဝမ်ယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး

"တကယ်ကို ဒီ​နေရာမှာ စောင့်​ကြပ်နေတဲ့ ကောင်းကင်ဘုံသခင် ရှိတယ်... ကျွန်မတို့ ကောင်းကင်ဘုံသခင်ရဲ့ လက်ထဲကနေ ရေဒြပ်စင် နတ်ပုတီးစေ့ကို ခိုးချင်ရင်တော့ အန္တရာယ်များတယ်.. ဒါပေမဲ့ ဘယ်ကိစ္စကများ အန္တရာယ် ကင်းလို့လဲ?"

"ကြီးကျယ်ခမ်းနားတဲ့ အားထုတ်မှုမျိုးနဲ့သာ ကြီးကျယ်တဲ့ ဆုလာဘ်တွေကို ရနိုင်မယ် ဆိုတာပဲ ကျွန်မ ပြောချင်တယ်.... နတ်သမီးဝမ်ယွဲ့ မင်းဆန္ဒမရှိရင် ငါမင်းပေးခဲ့တဲ့ လျှို့ဝှက်ရောင်ခြည်ကို ငါ့ဆီ ပြန်ပေးပါ...."

နတ်သမီး ဝမ်ယွဲ့၏ မျက်နှာသည် အရှက်၊ ဒေါသနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များ အဖြစ် ပြောင်းလဲသွားကာ သူမ က

"ဒါ ငါတို့ရဲ့ လျှို့ဝှက်ချက်ပဲ.... နင် မပြောပါဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား?"

ရှောင်အာ့ရဲ့ မျက်နှာမှာ လှောင်ပြောင်တဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နှက်နေပြီး သူက ​ပြောလာခဲ့သည်။

"မင်းရဲ့ တံတားတွေ မီးလောင်တော့မှာမို့လို့ ကျုပ်သခင်မလေးက ကူညီပေးတာလို့ မပြောထားဘူးလား"

"လျှို့ဝှက်​ရောင်​ခြည် တစ်ခုလား?"

လုရွှမ်သည် ဂန္ထဝင်စာ​ပေ မြောက်မြားစွာကို ဝယ်ယူခဲ့ပြီး ရှေးဟောင်း လျှပ်စီးကမ္ဘာနှင့် ပတ်သက်သည့် အရာအားလုံးကို သိရှိခဲ့သော်လည်း လူများစွာသော သိတဲ့ အရာများကိုသာ လျှို့ဝှက်စွာ သတင်းရခဲ့ကာ တချို့အရာတွေကိုတော့ လုံးဝ မမိတ်ဆက်​ပေးခဲ့ပေ။

ထျန်းတောက်က ရုတ်တရက် ပါးစပ်ကို ဖွင့်ဟလိုက်ပြီး

"တောက်ကျင့်စဥ် လမ်းစဥ်၅၀မှာ ကောင်းကင်လမ်းစဥ်က ၄၉ခု.... အဲဲဒီအထဲမှာ တစ်ယောက်ကတော့ သူ့ကံကြမ္မာကနေ လွတ်မြောက်သွားခဲ့တယ်...လျှိုဝှက်ရောင်ခြည် ဆိုတာ ကောင်းကင်ဘုံရဲ့ ကံကြမ္မာကို ဆန့်ကျင်ပြီး လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ ကောင်းကင် လျှို့ဝှက်ကြိုးမျှင်ပဲ!"

ရှောင်အာ့ကလည်း ခေါင်းညိတ်လိုက်ကာ။

"ဒါပဲ... ဒါပေမဲ့ ဘယ်သူက သူတို့ရဲ့ ကံကြမ္မာကို အမှန်တကယ် ပြောင်းလဲနိုင်မှာလဲ? ပြီးတော့ ခင်ဗျားရဲ့ ကံကြမ္မာကို အရူးလို ပြောင်းလဲချင်နေရင် ကောင်းကင်နဲ့ မြေကြီးထဲက ကြီးမားတဲ့ တုံ့ပြန်မှုကို ပေးလာလိမ့်မယ်.... ​​ဒါကြောင့် ကံတရားရဲ့ အရိပ်အမြွက် အများစုကို ဖန်တီးဖို့နဲ့ အတိတ်က အမှားတွေအတွက် လျှို့ဝှက်ရောင်ခြည် ကြိုးမျှင်ကို သုံးကြတယ်"

"ဒါက မှားခဲ့တဲ့ အရာလို့ ပြောရင်တောင် လျှော့တွက်လို့တော့ မရဘူး....တစ်ခုခုကို ဖုံးဖိထားဖို့ ဒါမှမဟုတ် ကြီးကျယ်တဲ့ ရာဇ၀တ်မှုကို ပြောင်းလဲပစ်ဖို့ အတွက် ကောင်းကင်နဲ့ မြေကြီးရဲ့ အကျိုးဆက်တွေကို ဘယ်သူက ခံချင်မှာလဲ? ကျုပ်သခင်မှာ လျှို့ဝှက်ရောင်ခြည်တန်း ရှိနေတာ ကြာပြီ.. ဒါပေမဲ့ သခင်မလေးက ပွင့်လင်းတဲ့ စိတ်နှလုံးရှိလို့ ကောင်းကင်နဲ့ မြေကြီးရဲ့ အကျိုးဆက်ကို ခံစားစရာ မလိုဘူးလေ... ဒါကြောင့် အဲဒါကို တစ်ခုမှ မသုံးခဲ့ရဘူး"

သူ့စကားထဲမှာ တစ်ခုခု ရှိနေ၏။ သူက တစ်ခုခုကို ဖော်ဆောင်ကာ ပြောနေမှန်း သိသာထင်ရှားပြီး သူပြောသမျှ စကားလုံးတိုင်းက နှလုံးသားကို ကြေကွဲစေသည်။

နတ်သမီးဝမ်ယွဲ့ရဲ့ မျက်နှာမှာ သိသိသာသာ အရောင် ပြောင်းသွားပြီး အလွန်အမင်း မည်းမှောင်လာကာ ပြင်းထန်သော လူသတ်ချင်တဲ့ ရောင်ဝါတွေကို ထုတ်လွှတ်လိုက်သည်။

ရှောင်အာ့က ပါးစပ်မပိတ်ဘဲ ဆက်ပြောနေ၏။

"နတ်သမီးဝမ်ယွဲ့.. ခင်ဗျား ဘာလို့ စိတ်ဆိုးနေတာလဲ? သခင်လေးလုရွှမ်က ရှေးဟောင်းလျှပ်စီး ကမ္ဘာထဲက မဟုတ်သလို ခင်ဗျား ဘယ်သူမှန်းလဲ သူ မသိဘူး... ဒါပေမဲ့ ထျန်းတောက်ဆီက ခင်ဗျား ဘယ်လို ဖျောက်မလဲ? ကျုပ်နဲ့ ကျုပ်သခင်မလေးရဲ့ မျက်လုံးတွေကိုရော ဘယ်လို ဖျောက်မလဲ!"

"ပါးစပ်ပိတ်ထား!!"

နတ်သမီးဝမ်ယွဲ့က အော်ဟစ်လိုက်သည်။ သူမအသံက စူးရှသည်။ သူမခန္ဓာကိုယ်က တုန်နေပြီး သူမလေသံက တစ်ခုခုကို ကြောက်ရွံ့မှုအပြည့်နဲ့ တဆက်ဆက် တုန်ရီနေ၏။

သို့သော် ရှောင်အာ့က နတ်သမီးဝမ်ယွဲ့ရဲ့ နောက်ဆုံး အားနည်းချကိကို ဖြိုဖျက်ပြီး နင်းချေချင်သလိုမျိုး သူ့ပါးစပ်က စကားပြောနေတုန်းပါပဲ။

"ဒီလောက်ဆို လုံလောက်ပြီ ရှောင်အာ့!"

နတ်သမီးကျင်းဟုန် ရုတ်တရက် ပြောလိုက်ခါမှ ရှောင်အာ့က ရယ်ပြီး ပါးစပ် ပိတ်သွားသည်။

"နတ်သမီးဝမ်ယွဲ့.... ရှင်အခုဘာတွေ တွေးချင်နေ​သေးလဲ?"

နတ်သမီးကျင်းဟုန်မှ မေးလိုက်သည်။

ဝမ်ယွဲ့ကတော့ ကုလားထိုင်ပေါ် ခွေခေါက်လဲသွားသလို ထိုင်ချလိုက်ကာ ခေါင်းငုံ့သွားတော့သည်။

"နင်ပြောတဲ့ အတိုင်းပဲ ထားပါတော့"

"သခင်လေးလုရွှမ်... အခုလို မြင်ကွင်းကို မြင်ခွင့်​ပေးမိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်"

နတ်သမီးကျင်းဟုန်သည် အရင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမနဲ့ ဘာမှမဆိုင်သလိုပဲ သူမရဲ့ မျက်နှာပေါ်မှာ ဘာမှမထူးခြားတဲ့ အမူအရာနဲ့ ပြောလိုက်ပါ၏။

လုရွှမ် ဝမ်ယွဲ့ဘက်ကို တစ်ချက် လှည့်ကြည့်လိုက်ကာ။

"အဆင်ပြေရဲ့လား?"

သူ့စကားက ကျင်းဟုန် နဲ့ ရှောင်အာ့တို့ရဲ့ မျက်နှာတွေကို ချက်ချင်း မည်းမှောင်သွားစေသည်။ ထျန်းတောက်မှာ တခြားသူတွေရဲ့ ဇာတ်လမ်းတွေကို ဖတ်နေပုံအား လုံးဝ စိတ်မဝင်စားသလို နှုတ်ဆိတ်နေခဲ့သည်။

နတ်သမီးဝမ်ယွဲ့က လုရွှမ်ကို တအံ့တသြ ကြည့်ရင်း

"ရှင် ကျွန်မကို သ​ဘောမကျဘူး မဟုတ်ဘူးလား?"

လုရွှမ်က ညင်သာစွာ ပြုံးလိုက်ကာ။

"ဘာလို့ မင်းကို သဘောမကျရမှာလဲ? မင်းငါ့ကို ဒေါသထွက်ရတာမျိုး လုပ်ဖူးလို့လား?"

ထိုအချိန်တွင် ရှောင်အာ့က ရုတ်တရက်

"သခင်လေးလုရွှမ်... ကျွန်တော် ခရီးမထွက်လာခင်က စုံစမ်းခဲ့သေးတယ် နတ်သမီးဝမ်ယွဲ့ ဘာလုပ်ခဲ့လဲ ဟားဟား ကျွန်တော် ကောင်းကောင်းသိပါတယ်"

နတ်သမီးဝမ်ယွဲ့ ရုတ်တရက် ထလာပြီး

"မပြောနဲ့!"

ရှောင်အာ့က နတ်သမီးဝမ်ယွဲ့ရဲ့ တောင်းဆိုမှုကို လျစ်လျူရှုပြီး အေးစက်သော လေသံဖြင့် ပြောလာ၏။

"သူမက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါပဲ... ဒါပေမဲ့ သူမက ခိုးကြောင်ခိုးဝှက် ကိုယ်ဝန်လွယ်ပြီး ကလေးတစ်ဦးကို လျှို့ဝှက်​ပြီး မွေးဖွားခဲ့တယ်လေ... သတင်းထဲမှာတော့ သူမက အပြင်လောကမှာ လေ့ကျင့်ဖို့ ထွက်သွားချင်လို့ တောင်းဆိုခဲ့တာလို့ ပြောကြတယ် တကယ်တော့ သူ့ကို အောင့်မိသားစုက ထုတ်ပစ်ခဲ့တာ!"

နတ်သမီးဝမ်ယွဲ့ရဲ့ ခန္ဓာကိုယ်မှာ ပျော့ပျောင်းသွားပြီး မြေပြင်ပေါ် လဲကျသွားသည်။ သူမ ခန္ဓာကိုယ်မှာ တဆက်ဆက် တုန်လှုပ်သွားကာ မျက်ရည်များ စီးကျလာသည်။ သူမပုံစံက အလွန်အမင်း သနားစရာ ကောင်း​နေ​တော့၏။

လုရွှမ်လည်း ထိတ်လန့် တုန်လှုပ်သွားသည်။ သူက နတ်သမီးဝမ်ယွဲ့ကို ပြုံးပြီး ကြည့်နေကာ သူမတစ်ချိန်းလုံး ဝမ်းနည်းသလို အရိပ်အမြွက်တွေ ပြသနေခဲ့တာ အံ့သြစရာ မဟုတ်ပေ။ လုရွှမ်က သူမမှာ အစီအစဉ်တစ်ခုခု ရှိ​နေမယ်လို့ အမြဲ တွေးနေခဲ့သည်။ နောက်ဆုံးမှာ ကျိုးရန်နဲ့ ကိစ္စကို တွေ့ကြုံပြီးနောက် သူ တခြားသူများကို ယုံကြည်ရန် ခက်ခဲသွားခဲ့သည်။

ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ထားပေမယ့် သူမပုံစံက အရမ်းသနားဖို့​တော့ ကောင်းနေသည်။

ရှေးဟောင်းလျှပ်စီးကမ္ဘာမှာ တစ်စုံတစ်ရာ အမှားအယွင်းများ ရှိခဲ့ပါက ၎င်းသည် အမျိုးသားနှင့် အမျိုးသမီးကြားတွင် ပြင်းထန်သော အာဃာတများသာ ဖြစ်ကြောင်း သိခဲ့ရ၏။ တိမ်ပင်လယ်နယ်မြေနဲ့ ယှဉ်ရင် ဒီမှာရှိတဲ့ လေထုက ရှေးရိုးဆန်လွန်းသည်။

ရှေးဟောင်းလျှပ်စီးကမ္ဘာ ရောက်လာတာ အတော်ကြာခဲ့ပြီ။ သူ့ပတ်ဝန်းကျင်က စုဆောင်းထားတဲ့ အချက်အလက်တွေအရ လုရွှမ်ဟာ အောင့်မိသားစုလို မိသားစုကြီး တစ်ခုမှာ ဂုဏ်သိက္ခာက ဘယ်လောက် အရေးကြီးတဲ့ အရာလဲ ဆိုတာ သိခဲ့ပြီး မိသားစုရဲ့ဂုဏ်သိက္ခာကို ဘယ်သူကမှ အရှက်ခွဲလို့ မရပါချေ။

နတ်သမီးဝမ်ယွဲ့က ကလေးတစ်ဦး ကိုယ်ဝန်ရှိပြီးနောက် သူမအသက်ကိုသာ ကယ်တင်နိုင်ခဲ့သည်။ သူမက မိသားစုတွင် အလွန်အဆင့်အတန်း မြင့်တဲ့နေရာကသာ မဟုတ်ခဲ့ပါက တိတ်တဆိတ် ထွက်ပြေးလာနိုင်ခဲ့မှာ မဟုတ်ပေ။

"သခင်လေးလုရွှမ်.... ခင်ဗျားက စိတ်အားထက်သန် သူတစ်ယောက်လို့ ကျုပ် မြင်ပါတယ်.... ဒါပေမဲ ဒီလိုမိန်းမ အတွက်ကတော့ ဟားဟား..."

ရှောင်အာ့က အော်ရယ်လိုက်သည်။ အဲဒီနောက်ကွယ်က အဓိပ္ပာယ်ဟာ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး မောက်မာတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတာ သိသာလေ၏။

နတ်သမီးဝမ်ယွဲ့မှာ သူမဆံပင်များကို သပ်သပ်ရပ်ရပ် မထားနိုင်တော့ဘဲ သူမခေါင်းကို လက်မောင်းတွေထဲ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသည်။ သူမကို ဘယ်သူမှ မမြင်စေချင်တဲ့အထိ အလွန်ရှက်သွားတာ ထင်ရှားလှသည်။

"မင်း ဒီလျှို့ဝှက်ရောင်ခြည်က လိုချင်တယ် ပြီးတော့ မင်းကလေးရဲ့ ကံကြမ္မာကို ဖုံးကွယ်ထားချင်တယ်...သူ့ကို မင်းရဲ့ အောင့်မိသားစုက လူတွေကို မတွေ့သွားစေချင်ဘူး ဟုတ်တယ်မလား?"

လုရွှမ် ခပ်တိုးတိုးလေး ပြောလိုက်သည်။

နတ်သမီးဝမ်ယွဲ့က သူမ ခန္ဓာကိုယ်ကို လှုပ်ရှားလာပြီး နောက်ဆုံးတွင် ခေါင်းမော့၍ လုရွှမ်အား မယုံကြည်နိုင်စွာ ကြည့်ကာ

"ရှင်... ကျွန်မကို အထင်မသေးမိဘူးလား?"

ဒါက နည်းနည်းတော့ သိပ်အသံ မကျယ်ပေမယ့် လုရွှမ် သေသေချာချာ ကြားလိုက်တာကြောင့် ဖြေလိုက်သည်။

"မင်းကိုငါက ဘာလို့ အထင်သေး နှိမ့်ချရမှာလဲ? မင်းမှာ ငါ နှိမ့်ချနိုင်တဲ့ အရာတွေ ရှိလို့လား? မင်းဘာ ရှက်စရာတွေများ လုပ်ခဲ့လို့လဲ?"

လုရွှမ် သူမကို ကူညီပေးပြီး ကုလားထိုင်ပေါ်တွင် ထိုင်​စေလိုက်သည်။

"မင်း သူ့ကို ကြိုက်လား? အဲဒီလူအတွက် ကလေးယူတာ နောင်တရဖူးလား?"

နတ်သမီးဝမ်ယွဲ့မှာ လုရွှမ်ရဲ မျက်လုံးများကို သေချာကြည့်ရင်း သွားများကို အံကြိတ်ကာ

"ကျွန်မနောင်တ မရဖူးဘူး... ကျွန်မ ထပ်လုပ်ရမယ် ဆိုရင်တောင် အဲဒီကလေးကို ကျွန်မသေချာပေါက် မွေးမှာပါ"

"ဈေးပေါလိုက်တာ!"

ရှောင်အာ့က ရုတ်တရက် ထပြောလိုက်ချိန် သူ့လေသံက ပိုပိုပြီး မာထန်ကာ မနာလိုဖြစ်လာသည်။

All Chapters