အာဏာလုနေခြင်း
Vol. 59 Ch. 4.400
လုရွှမ် ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားတစ်ချောင်းက ရုတ်တရက် ထွက်ပေါ်လာပြီး ရှောင်အာ့ထံ တင်းတင်းကျပ်ကျပ် ထိုးညွှန်လိုက်သည်။
"မင်း ထပ်ပြောရဲရင် ငါမင်းကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်မယ်.... ငါပြောတဲ့အတိုင်း လုပ်မယ်ဆိုတာ မင်းသိမှာပါ"
ဓားအလင်းကို လွှတ်လိုက်ပြီးသည်နှင့် ချက်ချင်းပင် ပြန်ရုတ်သိမ်းလိုက်သည်။ နတ်သမီးကျင်းဟုန်ရဲ့ အသံက သူ့ဘေးနားမှ ထွက်လာ၏။
"ကောင်းပြီ... ပါးစပ်ပိတ်ထား!"
"ဟုတ်ကဲ့ပါ သခင်မလေး"
ရှောင်အာ့ရဲ့ မျက်လုံးတွေက လုရွှမ်ကို နာကြည်းမှုတွေ အပြည့်နဲ့ စိုက်ကြည့်နေသည်။
လုရွှမ်ကတော့ ၎င်းကို လျစ်လျူရှုထားပြီး သူ့မျက်လုံးတွေက နတ်သမီးဝမ်ယွဲ့ကို ရိုးရိုးသားသား စိုက်ကြည့်နေတုန်းပါပဲ။ ရှောင်အာ့ဆီက ဆူပူကြိမ်းမောင်းတာကို ခံရပြီးနောက် ဝမ်ယွဲ့မှာ အလွန်ရှက်ရွံ့သော စိတ်ဖြင့် ခေါင်းငုံ့လိုက်ပြန်သည်။
"မင်းရဲ့လက်ရှိ အခြေအနေကို သူသိလား?"
နတ်သမီးဝမ်ယွဲ့ရဲ့ မျက်ရည်များ လိမ့်ဆင်းလာသည်။
"သူသေသွားပါပြီ... ကျွန်မနဲ့ ကလေးကို လွတ်မြောက်အောင် ကာကွယ်ဖို့ အဖေ့ဓားအောက်မှာ အသေခံခဲ့တာ"
"ကျွန်မတို့က ငယ်ငယ်ကတည်းက ချစ်သူရည်းစားတွေ ဖြစ်ခဲ့ပေမဲ့ ကျွန်မက သခင်မလေး ဖြစ်ပြီး သူကတော့ ကျွန်တစ်ယောက်... သူကျွန်မအပေါ်ကို အမြဲတမ်း ကြင်နာတတ်ပြီး ကျွန်မကလည်း သူ့ကို ကျွန်အဖြစ် ဘယ်တော့မှ မမှတ်ယူထားပါဘူး... ကျွန်မ လျှောက်ဖွတဲ့ အချိန်တိုင်း ကျွန်မကို ကူညီပေးတဲ့သူ...ကျွန်မကြောင့် ရိုက်နှက်ခံရတယ် ဆူဆဲ ကျိန်းမောင်းတာတွေ ခံခဲ့တယ်... အန္တရာယ်ထဲ ရောက်သွားတိုင်း သူက ကျွန်မကို အကြိမ်ကြိမ် ကယ်တင်ခဲ့တယ် သူနဲ့ ကလေးယူရလို့ ကျွန်မဘယ်တုန်းကမှ နောင်တ မရဖူးဘူး"
လုရွှမ်ရဲ့ ရိုးသားသော မျက်လုံးများကို ခံစားရင်း နတ်သမီးဝမ်ယွဲ့မှာ စိတ်အေးလက်အေး ဖြစ်လာကာ သူတို့ကြားက ဇာတ်လမ်းကို ပြောပြလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမမျက်ခုံးကြားမှ မြူမှုန်များ လျော့ပါးလာပြီး ရှင်သန်လိုစိတ်များက ပိုမို များပြားလာခဲ့သည်။
လုရွှမ် အနည်းငယ်ပြုံးပြီး တိုးတိုးလေးပြောလာသည်။
"သာမန်လူ ကျင့်ကြံသူ... ဘယ်သူမဆို တစ်သက်မှာ ရှားရှားပါးပါး ချစ်ရတဲ့သူ တစ်ယောက်ရှိတာ အရမ်းကံကောင်းတာပဲ.... ဒါကြောင့် ငါ့အမြင်အရတော့ ရှက်စရာမဟုတ်သလို ရှက်စရာလည်း မလိုဘူး ဒါကြောင့် ကိုယ့်အတွက်ရော သူ့အတွက်ရော မင်းရဲ့ သားသမီးတွေအတွက်ပါ ကောင်းကောင်း အသက်ရှင်သွားပါ!"
လုရွှမ် လှည့်ပြီး နတ်သမီးကျင်းဟုန်ကို ကြည့်ကာ
"နတ်သမီး.... ငါ့ထင်တာသာ မှန်ရင် မင်း နတ်သမီးဝမ်ယွဲ့ကို ကောင်းကင် လျှို့ဝှက်ရောင်ခြည်တန်း အပြည့်အစုံကို မပေးရသေးဘူးမလား? ဒါဆို မင်း ကောင်းကင်ရဲ့ လျှို့ဝှက်ရောင်ခြည်တန့း အပြည့်အစုံကို သူမကို ပေးလိုက်... မင်း ရေဒြပ်စင် နတ်ပုတီးစေ့ကို ရအောင် ငါအကောင်းဆုံး ကူညီပေးဖို့ ကတိပေးတယ် ဘယ်လိုလဲ?"
နတ်သမီးဝမ်ယွဲ့မှာ လုရွှမ်ကို မယုံနိုင်စွာ ကြည့်ကာ သူမထိုင်ခုံမှ ခုန်ထမိလိုက်သည်။
"လုရွှမ် ရှင်....."
"ပြောစရာ မလိုပါဘူး... ငါ့မှာလည်း ဒီလိုလူတစ်ယောက်ရှိလို့ မင်းခံစားချက်ကို နားလည်တယ်.... ငါသူမကို နှလုံးသားထဲအထိ ပိုင်ဆိုင်ထားပြီးသား... အောင့်ယွဲ့ အတွက်ကတော့ ငါတောင်းပန်ပါတယ်လို့သာ ပြောနိုင်တယ် အနည်းဆုံးတော့ လျော်ကြေးနည်းနည်း ပေးလိုက်တာလို့ပဲ သတ်မှတ်ပေးပေါ့"
ထိုစဥ် ရှောင်အာ့က ဆိုလာ၏။
"လုရွှမ် မင်းက တကယ်ကို ဟာသ ပြောတတ်တာပဲ... အဲဒါက ကျမ်းသစ္စာ ကျိန်ဆိုလိုက်တာနဲ့ အတူတူပဲနော်"
"ရှောင်အာ့ ပါးစပ်ပိတ်ထားတော့... ငါ သခင်လေးလုရွှမ်ရဲ့ စရိုက်ကို ယုံတယ်... ကောင်းပြီ နတ်သမီးဝမ်ယွဲ့ လက်ခံလိုက်ပါ"
နတ်သမီးကျင်းဟုန်က ရုတ်တရက် သူမရဲ့ လက်ဖဝါးကို ဝှေ့ယမ်းပြီး လက်ဖဝါးမှ ဝိညာဉ်စွမ်းအင် အနည်းငယ် ထွက်လာခဲ့သည်။
ဝိညာဥ်စွမ်းအင်က အလင်းကိုးရောင်ဖြင့် ထွန်းလင်း တောက်ပနေပြီး နှလုံးသားထဲအထိ ထွန်းလင်းနေသကဲ့သို့ အလွန် လှပလေသည်။
သူမလက်ချောင်းကို တစ်ချက် နှိပ်လိုက်ရုံဖြင့် ထိုစွမ်းအင်က နတ်သမီးဝမ်ယွဲ့ရဲ့ ခန္ဓာကိုယ်ထဲသို့ ပျံတက်သွားသည်။ နတ်သမီးဝမ်ယွဲ့ရဲ့ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝိညာဥ်စွမ်းအင်၏ အလင်းရောင် အရိပ်အယောင်များ ထွန်းလင်း တောက်ပနေသည်။
သူမက လုရွှမ်အား ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် မျက်လုံးများကို အမြန်မှိတ်ထားကာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ပါးစပ်ကနေလည်း လုရွှမ် နားမလည်နိုင်သော စာလုံးကို တိုးတိုးလေး ပြောလိုက်သည်။
မကြာမီ သူမခန္ဓာကိုယ်မှ အလင်းရောင်များ ပျောက်ကွယ်သွားသောအခါ မတ်တပ် ထရပ်လာ၏။ ရွှင်လန်းနေသော မျက်လုံးများဖြင့် လုရွှမ်ဆီသို့ လျှောက်သွားကာ မြေပြင်ပေါ် ဒူးထောက်၍ ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောလိုက်သည်။
လုရွှမ်က သူမကို အမြန်ကူညီရင်း။
"မလိုပါဘူး... မင်းလုပ်ရမှာက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ အသက်ပြန်ရှင်လာတဲ့ မင်းရဲ့ကလေးကို မွေးဖို့ပဲ"
နတ်သမီးဝမ်ယွဲ့နှ အကြိမ်ကြိမ် ခေါင်းညိတ်ပြပြီး သူမ မျက်လုံးအိမ်ထဲမှ မျက်ရည်များ စီးကျလာတော့သည်။ သူမက ခဏတုံ့ဆိုင်းသွားပြီး နတ်သမီးကျင်းဟုန် ဆီသို့ လျှောက်သွားကာ ဦးညွှတ်အလေးပြုလိုက်သည်။
"နတ်သမီးရဲ့ စေတနာအတွက် ကျေးဇူးအများကြီး တင်ပါတယ်"
နတ်သမီးကျင်းဟုန်မှာ အနည်းငယ် အရှက်တကွဲ ဖြစ်သွားတဲ့ အရိပ်အမြွက်မျိုး ခံစားလိုက်ရသည်။
"ကျွန်မကို ကျေးဇူးတင်နေစရာ မလိုပါဘူး... ကျွန်မ တခြားသူတွေကို အကြွေးမတင်ချင်ဘူး သခင်လေးလုရွှမ်က ကျွန်မအသက်ကို ကယ်ခဲ့တာပဲလေ"
လုရွှမ်ကတော့ သူ့စိတ်ထဲတွင် ရယ်စရာ တစ်ခုကို တွေ့နေရသလို ခံစားလိုက်ရသည်။ ဒီမိန်းမက ဒီလောက် စိတ်ကောင်းမရှိမှန်း သူ ခန့်မှန်းမိနေပါပြီ။
"ဒါဆို ပြေလည်သွားပြီ"
ထိုစကားကို ပြောပြီးနောက် လုရွှမ် ရှောင်အာ့ဆွသို့ အေးစက်သော အကြည့်များ ပို့လွှတ်လိုက်လေ၏။
"နတ်သမီးဝမ်ယွဲ့ရဲ့ ကိစ္စကို ငါတို့ဖြေရှင်းပြီးပြီ... ဘယ်သူမှ ထပ်ပြောခွင့် မရှိတော့ဘူး.. အခု ရေဒြပ်စင် နတ်ပုတီးစေ့ကို ဘယ်လို ရယူရမလဲဆိုတာ ပြောကြည့်ရအောင်"
"ရှောင်အာ့ မင်းက ဒီအစီအစဥ်ကို အစပြုသူဆိုတော့ မင်းကို မေးပါရစေ.... မြို့သခင်ရဲ့ စံအိမ်ကြီးမှာ ဘယ်လို ပင်လယ်သားရဲ အမျိုးအစားရှိလဲ သိလား? ကောင်းကင်ဘုံသခင်ရဲ့ အဆင့်က ဘယ်လောက်ရှိလဲ? သူ့မှာ လူဘယ်နှစ်ယောက်ရှိလဲ? ပြီးတော့ အရေးကြီးဆုံးကတော့ မင်းမှာ အကြံအစည် တစ်ခုခု ရှိလား?"
လုရွှမ် ဒီစကားလုံးများကို မေးချင်နေတာ ကြာပါပြီ။ အထူးသဖြင့် မြို့တံခါးကို ဖြတ်သွားချိန်က ယဲ့ချားနှစ်ယောက်ကို ရှောင်အာ့မှ သူတော်စင် ဝိညာဥ်ကျောက်တုံးတွေ ပေးလိုက်တဲ့ အချိန်မှာပဲ ဖြစ်သည်။
ယဲ့ချားက ဘယ်လို မျိုးစိတ်မျိုးလဲ? သူတော်စင် ဝိညာဉ်အရည်ကြည်ကို နှစ်သက်ပေမယ့် လှပတဲ့ မိန်းမတွေရဲ့ ရက်စက်တဲ့ အတွေးတွေကို သူတောင် နားလည်တာ ယဲ့ချားလို အကောင်က မသိစရာလား။ ရှောင်အာ့က ဒီအခြေအနေမှာ ခေါင်းဆောင်အဖြစ် လုံးဝ ပြင်ဆင်ထားတာမျိုး မရှိဘူးဆိုတာ မသေချာပေ။
ရှောင်အာ့ရဲ့ မျက်နှာကလည်း မည်းမှောင်သွားကာ လုရွှမ်ကို အေးစက်စွာ ပြန်ကြည့်လိုက်သည်။
"သခင်လေးလုရွှမ်...ခင်ဗျား ဒုက္ခရှာနေတာလား? ဒါ ကျုပ်လည်းပထမဆုံး အကြိမ် ပင်လယ်ရေအောက်ကို ဝင်လာတာပဲ... ဘယ်လိုမျိုးစိတ်က ကောင်းကင်ဘုံသခင် အမျိုးအစား ရှိပြီး ဒီမှာ လာအန္တရာယ်တွေ ရှိလဲဆိုတာ ကျုပ်ဘယ်လိုလုပ် သိနိုင်မှာလဲ?"
ဒီအဖြေကို သိလိုက်ရတော့ လုရွှမ်က စကား ဆက်မပြောဘဲ ခေါင်းခါယမ်းလိုက်သည်။ ဒီလိုလူနဲ့ တွဲလုပ်ရင် အနှေးနဲ့အမြန်ဆိုသလို သေသွားလိမ့်မယ်။
"ငါ အဲဒီကိစ္စကို ထည့်သွင်း စဉ်းစားနေတာ မဟုတ်ဘူး... နတ်သမီးဝမ်ယွဲ့ဘက်ကို မင်းအရင် တိုက်ခိုက်တာကို ငါ မကျေနပ်တာတော့ အမှန်ပဲ.... ဒါပေမဲ့ နှစ်ဖက်စလုံးရဲ့ အပြစ်လည်း ပါတယ်... မင်းတို့ဒီမှာ အန္တရာယ်ကို ကြိုမခန့်မှန်းထားဘူး ဆိုရင် ဘယ်သူမှ နေနိုင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ အခုပဲ ရင်ဆိုင်လိုက်ရအောင် ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ ရေဒြပ်စင် နတ်ပုတီးစေ့ကို ခိုးရမှာပဲ အဲဒါနဲ့ ပတ်သက်ရင်တော့ သံသယဖြစ်စရာ မရှိပါဘူး"
လုရွှမ်က ဆို၏။ သူ့အသံကို ထုတ်လွှတ်နေစဥ်အတွင်း နတ်သမီးကျင်းဟုန်ကို တစ်ချက် စိုက်ကြည့်လိုက်သေးသည်။
"ဒါပေမဲ့ ငါတို့အရင်ကအတိုင်းပဲ ဆက်ပြီးကြိုးစားမယ်ဆိုရင် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို ရဖို့နေနေသာသာ ရေဒြပ်စင် နတ်ပုတီးစေ့ကို မတွေ့ခင်မှာပဲ ငါတို့သေသွားနိုင်တယ်... ငါ့အမြင်အရတော့ ဒီကိစ္စကို ငါ ဦးဆောင်နိုင်မယ်လို့ ထင်တယ်... မင်းတို့ရော ဘယ်လိုထင်လဲ?"
ရှောင်အာ့က သူ့မျက်နှာကို အထင်အမြင်သေးတဲ့ ပုံစံမျိုး ပြုလုပ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"နောက်ဆုံးတော့ မင်းက အာဏာသိမ်းချင်နေပုံ ပေါ်နေတာပဲ... မင်းက သူရဲကောင်းဆန်တဲ့ လူတစ်ယောက်လို့ ထင်ခဲ့ပေမဲ့ မင်းကဒါ့ထက် ဘာမှမပိုပါဘူး... ဒီလူတွေထဲမှာ မင်းရဲ့ ကျင့်ကြံမှုအဆင့်ပဲ... မင်းရဲ့ ရှေးဟောင်းလျှပ်စီး ကမ္ဘာအပေါ် နားလည်မှုကလည်း အနည်းဆုံးပဲ သခင်လေးလုရွှမ် မင်းမှာ ဘာအရည်အချင်းတွေ ရှိလို့လဲ?"
"မင်းရဲ့ ကျင့်ကြံမှုက မလုံလောက်လို့ သေမှာကြောက်နေတာနဲ့ အန္တရာယ်ကို ရှောင်ရင်း တခြားသူတွေကို အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ခွင့်ပေးနိုင်မယ်လို့ မင်းထင်နေတာလား?"
အသက်အန္တရာယ်၊ သေရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်လာရသော နှစ်ပေါင်းများစွာ ခင်မင်လာသည့် ညီအကို မောင်နှမ သူငယ်ချင်းများပင်လျှင် အကျိုးအမြတ်အတွက် အချင်းချင်း ရန်ဘက်ပြုနိုင်ကြသည်။
ရှောင်အာ့ ပြောတာကို ကြားပြီးနောက် ထျန်းတောက်ပင် လှည့်ကြည့်လာသည်။ သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့မယ့် သူကို ဘယ်သူက ဂရုစိုက်မှာလဲ?
ထိုစဉ် နတ်သမီးဝမ်ယွဲ့က
"ကျွန်မ လုရွှမ်ကို ယုံတယ် သူက အဲဒီလိုလူ မဟုတ်ဘူး... သူ့ကြောင့်သာ မဟုတ်ရင် ကျွန်မတို့အားလုံး တစ္ဆေသင်္ဘောပေါ်မှာ သေသွားလောက်ပြီ... ဒါ့အတွက်လည်း သူအကျိုးအမြတ် နည်းနည်းလေးမှ မတောင်းဆိုခဲ့ဘူး"
"အဲဒါက အခန်းထဲမှာ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရခဲ့လို့ပဲ နေမှာပေါ့"
ရှောင်အာ့က ဝင်ထောက်လိုက်ပြန်သည်။