← Chapters

မကောင်းသောအသုံးအနှုန်းဖြင့် ခွဲထွက်ခြင်း

Vol. 59 Ch. 4.401

မကောင်းသောအသုံးအနှုန်းဖြင့် ခွဲထွက်ခြင်း

Vol. 59 Ch. 4.401

"ဘာလို့လဲ သခင်လေးလုရွှမ်... ကျုပ် ပြောတာ မှန်တယ်မဟုတ်လား"

"လူတိုင်း တွေးကြည့်ကြပါ... ငါတို့ကို မပြောဘဲ သင်္ဘော အခန်းထဲကို ဘာလို့ ပြေးဝင်သွားတာလဲ? တစ္ဆေသင်္ဘောက ဘယ်လောက် အန္တရာယ်ကြီးလဲ အားလုံး သိပါတယ်... သူထွက်လာပြီးတဲ့ နောက် ထွက်သွားဖို့တောင် နည်းလမ်းရှာနိုင်ခဲ့တယ် ဒါတွေအားလုံးက သူအဲ့အခန်းထဲမှာ နေရလို့ ရလာတဲ့ အကျိုးကျေးဇူးတွေပဲ"

ရှောင်အာ့က ဟမ့်ကနဲ အသံပြုရင်း။

"အကျိုးရှိရင် ခင်ဗျားကိုယ်တိုင် သွားပြီး အန္တရာယ်ရှိရင် နောက်ကွယ်မှာ ပုန်း​နေလိုက်မယ်ပေါ့ သခင်လေးလုရွှမ် ခင်ဗျားက ကောင်းကောင်း တွက်ချက်ထားတာပဲ"

လုရွှမ် လူများစွာကို တစ်ချက်ကြည့်လိုက်သည်။ နတ်သမီးကျင်းဟုန်ရဲ့ အမူအရာမှာ မပြောင်းလဲသွားဘဲ ထျန်းတောက်ကတော့ မသိစိတ်မှ တုန်လှုပ်သွားခဲ့ကြောင်း မျက်နှာမှာ ပေါ်နေသည်။

"သခင်လေးလုရွှမ် အကျိုးအမြတ် ကြီးကြီးမားမား ရခဲ့ရင်တောင် သူ့ကိုယ်ပိုင် အစွမ်းသတ္တိကြောင့် အောင်မြင်ခဲ့တာပဲလေ... တစ်ဖက်သားက ကြိုးစားခဲ့တာ အတွက် ကျွန်မတို့က ဝေစုခွဲယူပေးရမှာလား?"

နတ်သမီးဝမ်ယွဲ့က ဒေါသတကြီးနဲ့ ထအော်လိုက်ပါ၏။ ရှောင်အာ့ရဲ့ မျက်နှာက မည်းမှောင်သွားကာ။

"ခွေးမ! မင်းငါ့ကို ပြောပိုင်ခွင့် မရှိဘူး"

နတ်သမီး ဝမ်ယွဲ့သည် အနည်းငယ် တုန်လှုပ်သွားပြီး သူမစိတ်ထဲ အလွန်အမင်း နာကျင်ခံစားရသော်လည်း ပါးစပ်ကို ပိတ်ထားဆဲဖြစ်သည်။ ဒါက အင်အားကြီးသူတွေ စုပေါင်းနေတာ။ လုရွှမ်ကို ယုံကြည်သည့်တိုင် သူမသည် မိမိကိုယ်ကိုတော့ ယုံကြည်မှု ကင်းမဲ့နေဆဲ ဖြစ်သည်။

"ရှောင်အာ့! မင်း ပိုပိုပြီး အတင့်ရဲလာတာပဲ! ငါအရင်က ပြောထားပြီးသား ဒီလိုမျိုး ကိစ္စကို ထပ်မပတ်သက်နဲ့တော့"

ရှောင်အာ့ကတော့ နတ်သမီးကျင်းဟုန်ရဲ့ စကားကို နားမထောင်ဘဲ ဆက်ပြောလေသည်။

"တစ်ခုခုလုပ်ရဲတဲ့ သတ္တိရှိခဲ့ရင် သူများတွေ ဝေဖန်တာကို မကြောက်နဲ့ပေါ့.... နောက်ပြီး ငါမကြိုက်ဆုံးအရာက မသန့်ရှင်းတဲ့သူတွေပဲ... သူတို့မှာ မွန်မြတ်တဲ့ အကျင့်စာရိတ္တတွေ ရှိပေမယ့် တကယ်တော့ သူတို့က ညစ်ပတ်​ကြတယ်..”

လုရွှမ် စိတ်ဆိုးသွားသည်။ သူ ဒီကို မရောက်ခဲ့ရင် သူ့စွမ်းအင်တွေ အကုန် ထုတ်သုံးရရင်တောင် ဒီအမှိုက်ကို သတ်ပစ်မိလိမ့်မယ်။

ထိုအခိုက် ချောင်းဆိုးသံ ကြားလိုက်ရပြီး ထျန်းတောက်က ရုတ်တရက် ဝင်မေးလာခဲ့သည်။

"သခင်လေးလုရွှမ် ဒီကိစ္စ ဦးဆောင်ချင်တယ် ဆိုတော့ ဘယ်လို အစီအစဥ်များ ရှိနေလဲလို့ မေးချင်ပါတယ်"

ဒါက ကျိုးကြောင်းဆီလျော်တဲ့ မေးခွန်းတစ်ခုပါပဲ။ လုရွှမ်က ခေါင်းညိတ်ပြပြီး

"အစ်ကို ထျန်းတောက်က မေးခွန်းကောင်းကို မေးလိုက်တာပဲ.. မှန်တယ် ဒီကိစ္စက အရမ်း အန္တရာယ်များတယ်... အောင်မြင်ချင်ရင် ပြည့်စုံတဲ့ အစီအစဥ်တစ်ခု ရှိထားရမယ် အားလုံးရဲ့ အစွမ်းအစနဲ့ ဖြည့်ဆည်းပေးဖို့လည်း လိုတယ်"

"ပထမဆုံးအနေနဲ့ အသက်ရှူသံကို ပြောင်းလဲနိုင်တဲ့ ပြန့်ရှီးပိုးကောက်က ဘယ်လောက်ကြာကြာ ဆက်ရှိနေနိုင်လဲ ဆိုတာကို ဆုံးဖြတ်ဖို့ လိုတယ်... အများဆုံး သုံးရက်လောက် ကြာမယ်မလား? ဒါကြောင့် ငါတို့မှာ အချိန် သုံးရက်ပဲ ​​ရှိတယ်"

"ဒုတိယအနေနဲ့ ရေပုတီးစေ့ရဲ့ တည်နေရာကို အရင်ဦးဆုံး ဆုံးဖြတ်ရမယ်... ဒါက ပြောရလွယ်ပါတယ် နတ်သမီးကျင်းဟုန်ရဲ့ ဝိညာဉ်စွမ်းအားက အဲဒီအပေါ်မှာ တည်ရှိနေရင်တော့ ရှာဖွေရ လွယ်ကူစေတယ် ဒါပေမဲ့ ပြဿနာတစ်ခုကို ဆုံးဖြတ်ထားဖို့လည်း လို​သေးတယ်"

လုရွှမ်က နတ်သမီးကျင်းဟုန်ကို ကြည့်ပြီး

"နတ်သမီး... ဒီမှာစောင့်နေတဲ့ ကောင်းကင်ဘုံသခင် ရှိတယ်... မင်းရဲ့ဝိညာဉ်စွမ်းအားကို အဲဒီလူ သတိမထားမိဘူး ဆိုတာ သေချာလား? မဟုတ်ရင် ငါတို့နောက်လိုက်တွေ ထောင်ချောက်ထဲ ကျသွားလိမ့်မယ်"

ထိုအခါ ရှောင်အာ့က

"မင်း ငါ့အပေါ်ထားခဲ့တဲ့ ဝိညာဉ်စွမ်းအားနဲ့ တူမှာတဲ့လား? ဟမ့် ငါ့သခင်မလေးက အရမ်း ထက်မြက်ပြီး မင်း စိတ်ကူးတောင် မ​ကြည့်နိုင်တဲ့ အစွမ်းထက် စိတ်စွမ်းအားတွေ ရှိတယ်... ကောင်းကင်ဘုံသခင် ဆိုရင်တောင် ဘယ်လိုမှ သတိထားမိမှာ မဟုတ်ဘူး"

သူပြောတဲ့စကားက နတ်သမီးကျင်းဟုန်ကို မဆိုင်းမတွ လေး​လေးနက်နက် ချီးကျူးနေပုံ ပေါက်နေ၏။ နတ်သမီးကျင်းဟုန်ကတော့ ခေါင်းညိတ်ပြီး အတည်ပြု​ကေးလိုက်ပါသည်။

"ကောင်းပြီ"

လုရွှမ် သက်ပြင်းချလိုက်သည်။

"ရေဒြပ်စင် နတ်ပုတီးစေ့ရဲ့ တည်နေရာက ကောင်းကင်ဘုံသခင် တည်ရှိ​နေတဲ့ နေရာပဲ ဖြစ်မယ်... အဲဒါပတ်သက်ပြီး ဘယ်သူမှ သံသယ မဝင်ကြဘူးမလား? ဒါကြောင့် ငါသိချင်တဲ့ အရေးကြီးဆုံး အချက်က နတ်သမီးကျင်းဟုန် မင်း ရေဒြပ်စင် နတ်ပုတီးစေ့ကို ကောင်းကင်ဘုံရှင်သခင်ရဲ့ လက်ထဲကနေ ဘယ်လို ရယူမယ်လို့ စဥ်းစားထားလဲ?"

ထျန်းတောက် နဲ့ နတ်သမီးဝမ်ယွဲ့တို့ နှစ်ယောက်လုံးကတော့ စိတ်ရှုပ်နေကြပုံပါပဲ။ ရေဒြပ်စင် နတ်ပုတီးစေ့လို အရေးကြီးတဲ့ အရာတွေကို သူတို့ဆိုလည်း သူတို့နဲ့အတူ ယူသွားကြမှာပဲလေ။ တကယ်လို့ ရေဒြပ်စင် နတ်ပုတီးစေ့ကို ယူလိုက်ရင် အဲဒီ ကောင်းကင်ဘုံသခင်ရဲ့ ရန်သူအဖြစ် သဘာဝအလျောက် ပြောင်းလဲသွားမှာပဲ။

ဒါက တိမ်ပင်လယ် နယ်မြေ နည်းဥပဒေတွေ မစုံလင်တဲ့ နေရာက ကောင်းကင်ဘုံသခင် အမျိုးအစား မဟုတ်ပေ။

"ကျွန်မရှင့်ကို အနှောင့်အယှက် မပေးပါဘူး သခင်လေးလုရွှမ်... ကျွန်မမှာ ကိုယ်ပိုင်နည်းလမ်း ရှိတယ်... ကျွန်မ အဲဒီလူကို ထိနိုင်သရွေ့ ရေဒြပ်စင် နတ်ပုတီးစေ့ကို သဘာဝအတိုင်း ရနိုင်မှာပါ"

နတ်သမီးကျင်းဟုန်က ပြောလိုက်လေသည်။

လုရွှမ်က သူနားလည်ကြောင်း ပြသဖို့ ခေါင်းညိတ်ပြပေမယ့် သူ့နှလုံးသားက အေးစက်သွားသလို နတ်သမီးကျင်းဟုန် အပေါ် သူ့ရဲ့ယုံကြည်မှုကလည်း အေးခဲသွားခဲ့၏။

ယခင်က ရှောင်အာ့ကသာ အမြဲတာဝန်ယူ စကားဆို​ခဲ့သော်လည်း သူက နတ်သမီးကျင်းဟုန်ရဲ့ အစေခံ ဖြစ်သည်။ သူ နောက်ထပ် ပြောလာမယ့် စကားတွေကလည်း နတ်သမီးကျင်းဟုန်ရဲ့ စကားတွေပဲ ဖြစ်လာလိမ့်မည်။

ကောင်းကင်ဘုံ သခင်ထံမှ တစ်စုံတစ်ခုကို ခိုးယူချင်ရင် ချဉ်းကပ်ပုံ၊ လှည့်စားပုံ၊ ထွက်ခွာသွားပုံတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သော်လည်း ၎င်းတို့နှစ်ဦးတွင် ဒါကလွဲလို့ တခြားအစီအစဉ် မရှိတာ ထင်ရှား​လေသည်။

ပြောစရာတောင် မလိုပါဘူး သူတို့နှစ်ယောက်က ဘယ်လို ထွက်လာရမယ် ဆိုတာတောင် မတွေးထားဘူး။ ဆိုလိုတာက သူတို့မှာ နေရာပြောင်း အစီအရင် ဒါမှမဟုတ် တခြား နယ်မြေကူးပြောင်းနိုင်တဲ့ တံ​ဆိပ်ပြားတွေ ရှိရမယ်။ အဲဒါတွေက အဝေးကို တိုက်ရိုက် လွှဲပို့နိုင်လို့ သဘာဝကျကျ ထွက်ခွာသွားနိုင်မှာ ဖြစ်လို့ သိပ်စိုးရိမ်စရာ မလိုချေ။

တစ်နည်းဆိုရသော် တစ်ဖက်လူတွေက သူတို့ရဲ့ သေရေးရှင်ရေး လုံးဝ ဂရုမစိုက်ဘဲ သူတို့ကို လကိနက်ကိရိယာများ အဖြစ်သာ သဘောထားလေသည်။ ပရိယာယ်နဲ့ လှည့်စားနေတာက သူတို့ပဲ ဖြစ်ပေ၏။

နတ်သမီးကျင်းဟုန်က အဲဒီလို ကိစ္စရပ်မျိုးကို ကောင်းကောင်း မကျွမ်းကျင်ပေ။ ရှောင်အာ့ရဲ့ မျက်နှာကသာ ပြောင်းလဲသွားပြီး

"သခင်လေးလုရွှမ် ဘာမှစိုးရိမ်စရာ မလိုပါဘူး.... ကျုပ်သခင်မလေးက နေရာပြောင်း တံဆိပ်ပြားကို ပြင်ဆင်ထားပြီးသား... ရေဒြပ်စင် နတ်ပုတီးစေ့ကို ရတာနဲ့ ချက်ချင်း ထွက်သွားလို့ရပြီ"

နတ်သမီးကျင်းဟုန်ရဲ့ မျက်နှာက နီရဲလာပြီး သူမလက်ကောက်ထဲမှ နေရာပြောင်း တံဆိပ်ပြား ခြောက်ခုကို အမြန်ထုတ်ယူပြီး လူတိုင်းအား ပြသလိုက်သည်။

"ဒါကြောင့် ကျုပ် သခင်မလေးက ကြင်နာတတ်ပေမယ့် တာဝန်ကို မေ့ပြီး သစ္စာဖောက်တဲ့သူတော့ ခေါ်သွားမှာ မဟုတ်ဘူး"

ထို့နောက် ရှောင်အာ့က ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်သည်။

"ဒါပေါ့ ဒီနေရာပြောင်း တံဆိပ်ပြားကိုတော့ ခင်ဗျားတို့လက်ထဲ မထည့်ပေးနိုင်သေးဘူး... ဒါက ခင်ဗျားတို့ကို မယုံလို့ မဟုတ်ပါဘူး... ဒါပေမဲ့ တစ်စုံတစ်ယောက်က ဖော်ထုတ်လိုက်မိပြီ ဆိုရင်တော့ အရမ်းကြီး သတိထားရတော့မယ် မဟုတ်လား"

လုရွှမ်ကတော့ သူ့နှလုံးသားထဲကနေ လှောင်ရယ်လိုက်သည်။ နေရာပြောင်း အစီအရင် တံဆိပ်ပြားက အန္တရာယ် ကျရောက်လာသောအခါတွင် ထုတ်ယူဖို့ လိုအပ်တဲ့အရာ ဖြစ်သည်။ ဒါကို ဖော်ထုတ်လိုက်တာနဲ့ လူသားနဲ့ ပင်လယ်သားရဲများကို ဟန့်တားဖို့ ကိရိယာတစ်ခုအဖြစ် မှတ်ယူသွားမှာ ဖြစ်​လေသည်။

ဒါပေမဲ့ အခုလောလောဆယ်တော့ သူ့ဘက်ကလည်း မပြောနိုင်တော့ဘူး။ သူတို့ ဝှက်ဖဲတွေ အများကြီး ရှိနေလောက်သလို နတ်သမီးကျင်းဟုန်နဲ့ ရှောင်အာ့က သူ့ကို နန်းတော်ထဲ ခေါ်သွားပေးနိုင်မှာပဲလေ။

လုရွှမ် ထျန်းတောက်ကိုလည်း တစ်ချက် ကြည့်လိုက်သည်။ သူကတော့ မကျေနပ်မှုတွေ သိပ် မပြခဲ့ပါဘူး။ သူ့မှာလည်း နည်းလမ်းတချို့ ရှိကောင်းရှိနိုင်သည်။ နတ်သမီးဝမ်ယွဲ့ကလည်း သူမကို မိသားစုမှ ထုတ်ပယ်လိုက်သော်လည်း သူမ ပြင်ဆင်ထားတာ ရှိနိုင်၏။

"ကောင်းပြီ အဲဒါဆို ငါဘာမှ မပြောတော့ဘူး ဒီကိစ္စ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်"

"ဖြစ်မှာပါ!"

ရှောင်အာ့ကလည်း ကြွေးကြော်လိုက်သည်။

"အားလုံး ကျေးဇူးပြုပြီး ခဏလောက် အနားယူလိုက်ကြပါ.... ကျုပ်သခင်မလေး သွားလည်ပြီးရင် ကျုပ်တို့အားလုံး မြို့သခင်စံအိမ်ကို သွား​ကြမယ်.... မကြာခင် အောင်မြင်တော့မှာမို့ အားလုံး စိတ်ချပါ"

လုရွှမ်နဲ့ နတ်သမီးဝမ်ယွဲ့တို့ ထွက်သွားစဉ် နတ်သမီးကျင်းဟုန်ကို ထျန်းတောက်မှ တစ်ချက် ကြည့်ကာ တိတ်တဆိတ် ထွက်သွားခဲ့သည်။ ကျင်းဟုန်မှာ မထိန်းနိုင်ဘဲ ထမေးလိုက်သည်။

"ရှောင်အာ့ ဒီလိုလုပ်တာ ငါတို့မှားတာ မဟုတ်ဘူးလား?"

ရှောင်အာ့က ရယ်မောပြီး

"သခင်မကြီးက သခင်မလေးကို ကျုပ်ရဲ့ ဂရုစိုက်မှုအောက်မှာ ထားဖို့ ပြောထားတယ်... ရှောင်အာ့က သခင်မလေးကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး...ထပ်ပြောရရင် အပြင်က ပိုက်ဆံသုံးရတာ မလုံလောက်သေးလို့လား? လျှို့ဝှက်ရောင်ခြည်လို တန်ဖိုးကြီးတဲ့ အရာကို ဘာမှ မပြောဘဲ နတ်သမီးဝမ်ယွဲ့ဆီ ပေးပစ်လိုက်ရတာလဲ?"

"သခင်မကြီး လျှို့ဝှက်စွာ လက်ဆင့်ကမ်းခဲ့တဲ့ ကောင်းကင်ဓားရဲ့ စွမ်းအားကိုလည်း ထျန်းတောက်ကို ပေးလိုက်တယ်.. ကျုပ်တို့ ဘာထပ်လုပ်ပေးရဦးမှာလဲ?"

"ဒါ့အပြင်... အဲဒီကောင်လေး လုရွှမ်ကိုလည်း မြေဒြပ်စင် နတ်ပုတီးစေ့ကို ရအောင်ကူညီဖို့ သဘောတူလိုက်တယ်.... တခြားသူတွေဆို ဒီလို လုပ်ချင်စိတ် ရှိမှာလား?"

All Chapters