လက်ထပ်ကြောင်းလမ်းခြင်း
Vol. 59 Ch. 4.402
နတ်သမီးကျင်းဟုန်က ထိုတော့မှ ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီ ငါတို့က သူတို့ကို ရိုးရိုးသားသား ဆက်ဆံတယ်... အန္တရာယ် တစ်ခုခုရှိရင်တောင် လူတိုင်း သတိထားနေသရွေ့ ဘာမှ ထပ်မဖြစ်တော့ဘူးလို့ ငါယုံတယ်"
ရှောင်အာ့က ပြုံးပြီး ပြောလိုက်သည်။
"သခင်မလေး ဒါတော့ မဟုတ်သေးဘူး... တခြားလူတွေက သခင်မလေးကို ကြင်နာနိုင်မှာလား? သခင်မလေးသာ ဦးဆောင်ရင် တရားမျှတမယ်လို့ သေချာပေါက် အာမခံနိုင်တယ်.... အဲဒီကောင်ကိုသာ လုပ်ခိုင်းလိုက်ရင် ဟမ့် လူတိုင်း ဒီမှာသေသွားလိမ့်မယ်.."
"ဒါပေမဲ့ သခင်လေးလုရွှမ်က လူဆိုးလို့ မထင်ရပါဘူး"
"သခင်မလေးက အရမ်းငယ်သေးသလို အတွေ့အကြုံလည်း မရှိဘူး သခင်မကြီးသာ ဒီမှာရှိနေရင် သူ့ရဲ့ ကလေးကစားတဲ့ လှည့်ကွက်တွေကို တစ်ချက် ကြည့်ရုံနဲ့ကို သိနိုင်မှာ"
ရှောင်အာ့က သူမကို တည့်တည့်ကြည့်လျက်။
"သခင်မလေး စိတ်မပူပါနဲ့... သခင်မကြီးက သခင်မလေးကို ကျုပ်လက်ထဲ အပ်ထားတာ ကျုပ်သေချာ စီစဉ်ပေးမယ် သခင်မလေးကို ဘယ်သူမှ အခွင့်ကောင်းယူခွင့် မပေးဘူး... နောက်ပြီး အဲဒီခွေးမ ဝမ်ယွဲ့နဲ့ စကားပြောရတာ ရှက်စရာကောင်းတယ်.... သူက သခင်မလေးကို လမ်းလွဲသွားစေလိမ့်မယ်.... စကားနည်းနည်းနဲ့ ပြောရရင် သူနဲ့ အပေါင်းအသင်း မလုပ်တာ အကောင်းဆုံးပဲ"
"ကောင်းပါပြီ.. မေမေကလည်း နင်ပြောတာကို နားထောင်ခိုင်းတယ်"
ရှောင်အာ့က ရယ်မောလိုက်ပြီး
"သခင်မလေး ကောင်းကောင်း အနားယူလိုက်ပါ... ပြီးမှ ကျုပ်တို့ ဆက်ဆွေးနွေးကြမယ်"
တစ်ရက်ခွဲကြာတော့ အားလုံး ခန်းမထဲမှာ ပြန်စုရုံးကြပြန်၏။
ဒါပေမဲ့ ခေါ်ယူဖို့ အစပြုခဲ့တဲ့ ရှောင်အာ့ကြောင့် မဟုတ်ဘဲ ပြင်ပက သတင်းတွေကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့တာပဲ ဖြစ်လေသည်။
လွန်ခဲ့တဲ့ နာရီအနည်းငယ်က ရုတ်ချည်း ပြင်းထန်သော အထိမ်းအမှတ်ပွဲ ခရာမှုတ်သံများက ကျွိဟိုင်မြို့တစ်ခွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
လုရွှမ် စုံစမ်းရန် ထွက်သွားသောအခါ ဧရာမရေအောက် မြို့တော်ဖြစ်တဲ့ ကျွိဟိုင်းမြို့ရဲ့ သခင်က သူ့သမီးကို လက်ထပ်ပေးတော့မှာ ဖြစ်ပြီး ခန်းဝင်ပစ္စည်းမှာ ဒြပ်စင်ငါးပါးထဲက နတ်ပုတီးစေ့ ဖြစ်သည်။ အစောက အခမ်းအနား အသံမှာ လျောင်ဟိုင်မြို့မှ မြို့သူမြို့သားများဟာ ကုဟိုင်မြို့ရဲ့ မင်းသမီးနဲ့ လက်ထပ်ရန် အုပ်လိုက် ချီတက်လာခဲ့ခြင်းပဲ ဖြစ်ပေသည်။
နတ်သမီးဝမ်ယွဲ့မှာ လုရွှမ်အား သနားသွားသော အရိပ်အမြွက်များဖြင့် စိုက်ကြည့်လိုက်သည်။
ရှောင်အာ့ရဲ့ မျက်နှာက အနက်ရောင် အငွေ့တွေနဲ့ ဖုံးလွှမ်းသွားသည်။ လျောင်ဟိုင်မြို့ရဲ့ မြို့သခင် ရောက်ရှိလာပြီ ဆိုတော့ သူတို့ရဲ့ အစီအစဉ်အားလုံး ကွဲအက်သွားခဲ့ပြီ။ ကောင်းကင်ဘုံသခင် တစ်ယောက်တည်းဆို အဆင်ပြေ နိုင်သော်လည်း ကောင်းကင်ဘုံရှင်သခင် နှစ်ယောက် ဆိုရင်တော့ သူတို့လက်ထဲကနေ ရေဒြပ်စင် နတ်ပုတီးစေ့ကို လုယူလိုပါက သေခြင်းတရားကို ပြေးရှာနေတာ ဖြစ်သွားပြီ မဟုတ်လား။
"ဟမ့်.. ဒီပင်လယ်သားရဲတွေ ပင်လယ်ပြာမြို့ကို အရင်တိုက်ခိုက်ခဲ့တာ အံ့သြစရာတော့ မရှိပါဘူး...သူတို့ အစကတည်းက သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို လိုချင်နေခဲ့တာပဲ... ရေဒြပ်စင်ပုတီးစေ့ကို ခန်းဝင်ပစ္စည်းအဖြစ် ပေးခဲ့ရင်တောင် သစ်သားဒြပ်စင် နတ်ပုတီးစေ့က ကျန်နေသေးတယ်လေ"
နတ်သမီးကျင်းဟုန်က ရုတ်တရက် တစ်ခုခုကို ရိပ်မိသွားဟန် ရှိသည်။
ရှောင်အာ့က သူမပါးစပ်ကို အမြန် ပိတ်လိုက်ရာ နတ်သမီးကျင်းဟုန်မှာ စိုက်ကြည့်နေရုံမှလွဲ၍ မတတ်နိုင်ခဲ့ချေ။
"ငါတို့ ဘာလုပ်သင့်လဲ"
ထျန်းတောက်က ရုတ်တရက် မေးလိုက်သည်။ သူက ဓားသွားလမ်းကို တောင့်တနေသော်လည်း သေလမ်းကို ရှာချင်နေသူတော့ မဟုတ်ချေ။
ရှောင်အာ့မှာလည်း စကားမပြောဘဲ ပါးစပ်ပိတ်သွားသည်။ ဘာလုပ်ရမလဲ။ သူ့မှာအခု ဘာသဲလွန်စမှ မရှိတော့ဘူးလေ။
ရုတ်တရက် တိတ်ဆိတ်သွားစဥ် နတ်သမီးဝမ်ယွဲ့ရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာ၏။
"တကယ်လို့ နည်းလမ်း မရှိတော့ဘူးဆိုရင် နတ်သမီးကျင်းဟုန် လုရွှမ်ရဲ့ စကားကိုလည်း နားထောင်လို့ ရပါတယ်.... အရင်က ကျွန်မနဲ့ စကားစမြည် ပြောတုန်းက သူက ဘာလို့ ပင်လယ်သားရဲတွေ ပင်လယ်ပြာမြို့ကို တိုက်ခိုက်ရလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးစရာရှိလာခဲ့တယ်.. ပင်လယ်သားရဲတွေက သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ရဖို့အတွက်ပဲ တိုက်ခိုက်တာ ဖြစ်နိုင်ပါ့မလား?"
ရှောင်အာ့က အော်ဟစ်ပြီး အံကြိတ်ကာ ဆိုလိုက်သည်။
"ကောင်းပြီ ဒါဆိုလည်း သခင်လေးလုရွှမ်ရဲ့ လိမ္မာပါးနပ်တဲ့ လှည့်ကွက်တွေကို ကြားချင်ပါတယ်"
လုရွှမ် သူ့စိတ်ထဲကနေ ရှောင်အာ့ကို မထီမဲ့မြင် ပြုလိုက်သော်လည်း ၎င်းကို အာရုံစိုက်နေရန် အချိန်မရှိပေ။
အချိန်က သုံးရက်သာ ရှိပြီး ယခုအခါ နေ့တစ်ဝက် လွန်သွားပြီ။ သုံးရက်ကြာပြီးနောက်တွင် လူငါးဦးရဲ့ လူ့အငွေ့အသက်က ဒီနေရာကို ဘယ်လောက်တောင် ကယက်ထသွားစေမလဲ ဘယ်သူမှ မပြောနိုင်ပေ။
"အရင်က ငါလမ်းလျှောက်ထွက်ပြီး စုံစမ်းကြည့်တော့ အခုကျွိဟိုင်မြို့ရဲ့ သခင်က နဂါးတစ်ကောင်လို့ သိလိုက်ရတယ်... နဂါးအစစ်လောက် အစွမ်းထက်တာတော့ မဟုတ်ဘူး။ သူ့ဆီမှာ နဂါးပုံစံရှိတော့ အစွမ်းထက်ပြီး လျှော့တွက်လို့ မရတဲ့ ကောင်းကင်ဘုံသခင်ရဲ့ ဒုတိယအဆင့်မှာ ရှိတယ်"
ရှောင်အာ့ရဲ့ မျက်နှာသည် အနက်မှ အဖြူသို့ ပြောင်းသွားကာ သွေးမရှိတော့သလို လုံးဝ ဖြူဖျော့သွားခဲ့သည်။
သူသည် ကောင်းကင်ဘုံသခင် ဖြစ်ရန် ဆန္ဒရှိတာကြောင့် ကောင်းကင်ဘုံသခင်ရဲ့ ပထမအဆင့်နှင့် ဒုတိယအဆင့်အကြား ခြားနားချက်ကို သိပါ၏။ ကောင်းကင်ဘုံသခင် ပထမအဆင့်မှာ စွမ်းအင် အနှစ်သာရနှင့် စိတ်ဝိညာဉ်တို့သည် လုံး၀ မတည်ငြိမ်သော်လည်း ဒုတိယအဆင့်ကတော့ လုံးဝ ကွဲပြားသည်။
ဒဏ္ဍာရီအရ ကောင်းကင်ဘုံသခင်များကို သတ်သော မဟာသူတော်စင် ရှိသော်လည်း ၎င်းတို့အားလုံးသည် ပထမအဆင့် ကောင်းကင်ဘုံသခင်များ ဖြစ်ကြပြီး နယ်ပယ်မှာ မတည်ငြိမ်သေးပေ။ ဒုတိယအဆင့်သို့ ရောက်သောအခါ လုံးဝ ကွဲပြားသွားသော ခွန်အားအဆင့် ဖြစ်သွားပြီ။
မဟာသူတော်စင်သာ သွားရောက် စိန်ခေါ်လိုပါက အရူးတစ်ယောက်ရဲ့ အိပ်မက်ထက် ဘာမှ ပိုတော့မည် မဟုတ်ချေ။
ထို့အပြင် ယခုကျွိဟိုင်မြို့ရဲ့ မြို့သခင်ဟာ နဂါးတစ်ကောင်အဖြစ် ရှိနေဆဲဖြစ်လို့ သူ့ရဲ့အင်အားက ၃၀% ထပ်တိုးလာခဲ့ပြီ။ သူတို့ထဲက ဘယ်သူမှ အိပ်မက်မက်ရန် အခွင့်ကောင်းမရှိပေ။
လုရွှမ် ခဏရပ်ပြီး
"လျောင်ဟိုင်မြို့ရဲ့ မြို့သခင်က နဂါး မဟုတ်ပေမယ့် ကောင်းကင်ဘုံသခင် တတိယအဆင့်မှာ အင်အားရှိတဲ့ နဂါးလိပ်"
ရှောင်အာ့ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။ နဂါးတစ်ကောင်နဲ့တင် လုံလုံလောက်လောက် ကြောက်စရာကောင်းတဲ့ စွမ်းအားရှိနေပြီ ဖြစ်သော်လည်း နဂါးလိပ်ကပါ ရှိသေးသည်။ ထိုသူမှာ ဒဏ္ဍာရီလာသားရဲ ရွှမ်ဝူနှင့် နီးကပ်နေပြီ ဖြစ်တဲ့ တတိယအဆင့် ကောင်းကင်ဘုံသခင်ပဲ ဖြစ်လေသည်။
ထျန်းတောက်ရဲ့ သူ့မျက်နှာပေါ်တွင် ခါးသက်သော အကြည့်ကို ချိတ်ဆွဲလျက် ဒါက အတော်လေး ခက်ခဲလွန်းကြောင်း သဘောပေါက်လိုက်၏။
"သခင်လေးလုရွှမ် ကျွန်မတို့မှာ အခွင့်အရေး မရှိတော့ဘူးလား?"
နတ်သမီးကျင်းဟုန်မှ မေးလိုက်သည်။
"ဟုတ်တယ်!"
လုရွှမ် သူ့လက်တစ်ဖက်ကို ဆန့်လိုက်သည်။ လူတိုင်းက မျှော်လင့်ချက် အပြည့်ဖြင့် လှမ်းကြည့်နေကြသည်။
"ဒီလက်ထပ်ပွဲကို ကောင်းကင်ဘုံရှင် သခင်နှစ်ယောက်က လမ်းခင်းခဲ့တာ... အငယ် နှစ်ယောက်စလုံးက သဘောမတူဘူး"
ရှောင်အာ့ လှောင်ပြောင်သံဖြင့် အော်လေ၏။
“ဒါက ဘယ်လိုလုပ် အခွင့်အရေး ဖြစ်မှာလဲ”
လုရွှမ် သူ့အား မျက်လုံး ပြူးကြည့်လိုက်သည်။ ဤလူသည် မျှော်လင့်ချက်မဲ့သော ခွေးသေတစ်ကောင်လို သူမြင်သမျှကို ကိုက်ချင်နေ၏။
"ကျွိဟိုင်မြို့ မြို့သခင်ရဲ့ သမီးက အရမ်း ထက်မြက်တယ်.... နဂါးသွေးက အဆင့်၆ကို ရောက်နေပြီလို့ ပြောလို့ရတယ် ဒီ့ထက်ပိုပြီး တိုးတက်လာနိုင်ရင် သူ့သွေးက နဂါးသွေးဆက်ဖြစ်ဖို့ အလားအလာ ၁၀% ရှိပြီ"
လူအနည်းငယ်ရဲ့ မျက်လုံးများမှာ မသိစိတ်ကြောင့် ပြူးကျယ်သွားသည်။ ဒါက အမြင့်မြတ်ဆုံးသော နဂါးသွေးရင်းပဲ။ ပင်မကမ္ဘာတွင် စိမ်းပြာနဂါးရဲ့ သားစဉ်မြေးဆက်များ ရှိနိုင်တယ်ဆိုတဲ့ ကောလာဟလများ ထွက်ပေါ်နေသော်လည်း အဲဒါက ကောလဟာလတွေ အဖြစ်ပဲ နှစ်ပေါင်းများစွာ အမွေဆက်ခံ လာခဲ့ကြသည်။
၁၀%ဆိုတဲ့ မျှော်လင့်ချက်က တော်တော်ကြီးနေပြီ။
အခွင့်အလမ်း တချို့နှင့် မယုံနိုင်လောက်အောင် ကောင်းသော ကံကောင်းခြင်း တချို့ရှိလျှင်ပင် နတ်နဂါးအဖြစ်သို့ ပြောင်းလဲရန် မျှော်လင့်ချက် မရှိနိုင်သေးပေ။
လုရွှမ်လည်း သူပြန်မွေးဖွားလာ ခဲ့တာကို တကယ် ကံကောင်းတာပဲလို့ တိတ်တဆိတ် မြည်တမ်းခဲ့သည်။
သူသည် စိမ်းပြာနဂါးရဲ့ ကြီးမားသောကျောရိုးနှင့် နဂါးအရွတ်၊ နဂါးနှလုံးတို့ကို အမှန်တကယ် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဒါတွေသာ ပေါက်ကြားသွားပါက ထိုနတ်ဘုရားများနှင့် နတ်မီး နယ်ပယ်ရှိ သက်ကြီးရွယ်အိုများပင်လျှင် သူ့ကို ချက်ချင်း သတ်ဖြတ်ကာ အရေခွံများခွာ၊ အသွေးကို သောက်၍ အသားကို လှီးဖြတ်ကြလိမ့်မည်။
"နဂါးလိပ်ရော နဂါးအသွေးရော ရှိနေတာလား?"
နတ်သမီးကျင်းဟုန်ထံမှ အသံထွက်လာသည်။ လုရွှမ်လည်း ခေါင်းညိတ်ပြလိုက်ကာ။
"ဟုတ်တယ်... အရမ်းသန်မာတယ်... အဲဒါကြောင့် လူကြီးတွေက သွေးသားဖြူစင်တဲ့ သားစဉ်မြေးဆက်ကို မွေးဖွားဖို့အတွက် အငယ်နှစ်ယောက်ကို ဒီလိုအိမ်ထောင်မျိုး ချပေးတာ.... ဒါပေမဲ့ အငယ်နှစ်ယောက်ကတော့ သဘောမတူဘူး"
"ဒီလိုအခြေအနေမျိုးမှာ ရေဒြပ်စင် နတ်ပုတီးစေ့ ကို ရချင်တယ် ဆိုရင်တော့ အငယ်နှစ်ယောက်ဘက်ကို အစီအစဥ် ပြောင်းရမယ်.... ဘာကြောင့်လဲဆိုတော့ ရေဒြပ်စင် နတ်ပုတီးစေ့က တစ်ချိန်လုံး နဂါးမင်းသမီး အောင်ရှင်းဆီမှာ ရှိနေလို့ပဲ"
လုရွှမ် ပြောပြီးသည်နှင့် ရှောင်အာ့ကို မော့ကြည့်လိုက်သည်။ ရှောင်အာ့ မျက်နှာမှာ တုန်လှုပ်သွားပြီး အံကြိတ်ကာ ဘာမှ မပြောလာပေ။
နတ်သမီးကျင်းဟုန် အတွက်ကတော့ သူမတွင် သန်မာသော မိခင်တစ်ဦး ရှိလေ၏။ ယခုမှာ သူမ မျက်လုံးများထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်နေပြီ။ များစွာသော ကိစ္စများကို ဆုံးဖြတ်ပေးတာက သူမမိခင်သာ ဖြစ်သည်။
ဒီတစ်ခေါက် ထွက်လာတော့ မိခင်က ရှောင်အာ့ရဲ့စကားကို နားထောင်ဖို့ ထပ်ခါတလဲလဲ ပြောခဲ့သည်။ သူ့အမေ ပြောတာက မှန်တယ်လို့လည်း ထင်ခဲ့၏။
ဒါပေမဲ့ အကျပ်အတည်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာတဲ့အခါ ရှောင်အာ့က အကူအညီမဲ့ ဖြစ်နေပေမယ့် လုရွှမ်ကတော့ ပြဿနာကို အကြိမ်ကြိမ် ဖြေရှင်းဖို့ ရှေ့ကို တိုးလာခဲ့လေသည်။