ထွက်သွား
Vol. 59 Ch. 4.403
နတ်သမီးကျင်းဟုန်မှာ အတွေ့အကြုံ မရှိသော်လည်း သူမမှာ ဦးနှောက် မရှိတာတော့ မဟုတ်ပေ။
လုရွှမ် ပြောနေတာကို ကြည့်၍ ကောင်းကင်ဘုံသခင် နှစ်ပါးရဲ့ အန္တရာယ်ကို ရင်ဆိုင်ရချိန်မှာတောင် သူက တည်ငြိမ်နေသေးတာကို မြင်တော့ အံ့ဩမိသည်။ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် ခွဲခြမ်းစိတ်ဖြာနေကာ လက်ရှိ စိတ်အခြေအနေ အကျပ်အတည်းက တဖြည်းဖြည်း ရှင်းသွားပေမယ့် ရှောင်အာ့ရဲ့ အမူအရာက ပြောင်းလဲနေပြီ။
ဘယ်သူက အလုပ်လုပ်နေတယ် ဘယ်သူကတော့ ပြဿနာ ရှာနေလဲ ဆိုတာကို နတ်သမီးကျင်းဟုန် ဝန်မခံချင်ပေမယ့် လုရွှမ်ကိုတော့ အသိအမှတ် ပြုနိုင်သည်။ သူက ရှောင်အာ့ထက် ဒီတာဝန်ကို ဦးဆောင်ဖို့ ပိုသင့်တော်တဲ့ လူပဲ။
"ဒါဆို သခင်လေးလုရွှမ် ခင်ဗျား ပြောချင်တာက မိန်းကလေးအောင်ရှင်းဆီက ရေဒြပ်စင် နတ်ပုတီးစေ့ကို ယူမယ်လို့ ဆိုလိုတာလား?"
လုရွှမ် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး
"မိန်းကလေးအောင်ရှင်းကို ဒီပင်လယ်ပြင်ကြီးထဲကနေ လွတ်မြောက်အောင် ကူညီပေးရမှာ!"
ရှောင်အာ့က မနေနိုင်စွာ ရယ်မောရင်း ဝင်ပြောလိုက်သည်။
"ဘာလို့ သူ့ကို ကူညီရမှာလဲ၊ ငါတို့ သူ့ကို သတ်ပြီး လုယူလိုက်လို့ ရတယ်လေ"
"နတ်သမီးကျင်းဟုန် မင်းရော အဲ့လိုထင်လား?"
လုရွှမ် ရှောင်အာ့ကို လျစ်လျူရှုပြီး နတ်သမီးကျင်းဟုန်အား တစ်ချက် စောင်းကြည့်လိုက်သည်။ နတ်သမီးကျင်းဟုန်က ရှောင်အာ့ကို တစ်ချက်ကြည့်လိုက်ပြီး ချီတုံချတုံနဲ့ ပြော၏။
"နင် သူ့ကို ဘာလို့သတ်ချင်တာလဲ? သူ့ကို မသတ်လိုက်တာကမှ အကောင်းဆုံးဖြစ်မှာ မဟုတ်ဘူးလား?"
လုရွှမ် ပါးစပ်ထောင့်က ကွေးညွတ်သွားကာ နတ်သမီးဝမ်ယွဲ့ဘက်ကို ကြည့်လိုက်သည်။ ဝမ်ယွဲ့ကရှေ့ကို လှမ်းပြီး နတ်သမီးကျင်းဟုန်ကို လှမ်းဆွဲလိုက်သည်။
"အစ်မကျင်းဟုန် ကျွန်မမှာ ပြောစရာရှိတယ် ကျွန်မတို့ ဟိုဘက်မှာ သွားပြောလို့ရမလား?"
ကျင်းဟုန်မှာ ရုတ်တရက် သူမနဲ့ နတ်သမီးဝမ်ယွဲ့ကြားမှာ ပိတ်ရပ်လိုက်တဲ့ ရှောင်အာ့ကို ပြန်မကြည့်ဘဲ မနေနိုင်လိုက်ချေ။
"မင်းရဲ့ ညစ်ပတ်နေတဲ့ လက်တွေကို လွှတ်လိုက်စမ်း! ငါတို့သခင်မလေးက မင်းနဲ့ စကားမပြောဘူး!!"
သူက လက်ဖဝါးကို ဆန့်ထုတ်ပြီး နတ်သမီးကျင်းဟုန်ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်စဥ် လက်ဖဝါးတစ်ခုက ရှောင်အာ့လက်ကို ပိတ်ဆို့လိုက်၏။ ရှောင်အာ့ အံ့သြစွာ ဘေးကို စောင်းကြည့်လိုက်တော့ လုရွှမ် ဖြစ်နေသည်။
"မင်းကိုး?"
သူက တုန်လှုပ်ခြောက်ခြားစွာ အော်လိုက်ပြီး သူ့မျက်လုံးတွေက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
လုရွှမ် နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်ကာ နောက်ပြန်လှည့်၍ သူ့ကို ပိတ်ဆို့ထားဆဲဖြစ်သည်။
"ရှောင်အာ့ နတ်သမီးနှစ်ယောက် စကားစမြည် ပြောဖို့အတွက် ဘာလို့မင်းရဲ့ ထင်မြင်ချက်ကို တောင်းနေရမှာလဲ? ပြောကြည့်ရအောင် နတ်သမီးကျင်းဟုန်က သခင်လား မင်းက သခင်လား?"
ရှောင်အာ့ရဲ့ မျက်နှာမှာ ထိတ်လန့်သွားတဲ့ အရိပ်အယောင် ရုတ်တရက် ပေါ်လာပြီး ခပ်မြန်မြန်လေး အော်လိုက်သည်။
“သခင်မလေး ကျုပ်အဲ့လို စော်ကားဖို့ ရည်ရွယ်ချက် မရှိပါဘူး... ဒီလူနှစ်ယောက်က...”
လုရွှမ်က ရှောင်အာ့ရဲ့ စကားကို ဖြတ်ပြောလိုက်သည်။
"ငါတို့နှစ်ယောက်က ဘာဖြစ်လဲ? ရှောင်အာ့ မင်းက ဘဝင်မြင့်ပြီး ထက်မြက်နေရင် ကိစ္စမရှိပါဘူး.... ဒါ မင်းကိုယ်ပိုင်ကိစ္စပဲ.... ဒါပေမဲ့ မင်း တခြားသူတွေကို ငတုံးတွေလို ဆက်ဆံနေရင်တော့ ဒါ ငါတို့ရဲ့ ကိစ္စ ဖြစ်သွားပြီ"
နတ်သမီးဝမ်ယွဲ့က ရယ်မောပြီး အနည်းငယ် စိတ်ရှုပ်နေသေးသော နတ်သမီးကျင်းဟုန်ကို လွှတ်ပေးလိုက်သည်။
"ဒါအစ်ကိုလုနဲ့ ကျွန်မ ဆွေးနွေးပြီး ရှင်တို့ကို စမ်းသပ်ချင်ခဲ့တာပဲ"
နတ်သမီး ကျင်းဟုန်မှာ နားမလည်သေးတာကြောင့် စိတ်ရှုပ်နေပုံရသည်။ လုရွှမ်က သူမကို တောင်းပန်သလို ပြုံးပြပြီး ပြောလိုက်သည်။
"ငါ နတ်သမီးဝမ်ယွဲ့ကို အတိအကျ မေးခဲ့ပြီးပြီ... နတ်သမီးကျင်းဟုန် မင်းမှာ လောကအသိနာမည် မရှိသလောက်ဘဲ ဒါပေမဲ့ မင်းမှာ ထူးကဲတဲ့ ကျင့်ကြံမှုအဆင့်နဲ့ အရည်အချင်းတွေ ရှိတယ်.... မင်းမှာ ထူးခြားတဲ့ နောက်ခံရှိတယ်ဆိုတာ သိသာပါတယ်။ မင်း အစမ်းလေ့ကျင့်ဖို့ ထွက်လာတာ မကြာသေးဘူး မဟုတ်လား??"
"မင်းက အမြဲတမ်း အေးအေးဆေးဆေးနဲ့ တည်ငြိမ်တယ်.. ဒါကငါ့ကို စိတ်ရှုပ်စေခဲ့တယ်...အစတုန်းကတော့ မင်းက ကောက်ကျစ်တယ်လို့ ငါထင်ခဲ့တာ ရှောင်အာ့ကို ရှိသမျှကိစ္စတွေ အားလုံးကို အပ်ထားပြီး နောက်ကွယ်မှာ ဦးဆောင်နေခဲ့တာပေါ့"
"ဒါပေမဲ့ ရှောင်အာ့ မိုက်မဲတဲ့ကိစ္စ တစ်ခုခုလုပ်တဲ့ အချိန်ထိတောင် မင်းက အေးဆေးတည်ငြိမ်နေတုန်းပဲ.... အဲဒါက ငါ့ကို အံ့သြသွားစေတယ် မင်းသာ တကယ်အေးဆေးနေရင် လျှို့ဝှက်ရောင်ခြင်း အားလုံးကို နတ်သမီးဝမ်ယွဲ့ကို ပေးမှာ မဟုတ်ဘူး... ကောင်းကင်ဓားစွမ်းအားကိုလည်း ညီအစ်ကို ထျန်းတောက်ကို ပေးလိုက်မှာ မဟုတ်ဘူး"
ထိုအချိန်တွင် ထျန်းတောက်ကလည်း အင်း ဟူသော အသံဖြင့် သဘောတူကြောင်း ပြသလာခဲ့သည်။
"ပြဿနာတစ်ခုကို မင်းလုံးဝ နားမလည်ခဲ့ဘူး ဟုတ်တယ်မလား?"
နတ်သမီးကျင်းဟုန်လည်း ညင်သာစွာ ခေါင်းညိတ်ပြ လိုက်သည်။
"ဒါဆို အားလုံးက ကွဲပြားသွားပြီ... ငါတို့မှာ ပူးပေါင်းဆောင်ရွက်မှု အတွက် အခြေခံ တစ်ခုရှိတယ်"
လုရွှမ်က ပြုံးပြီး ရှောင်အာ့ကို တစ်ချက်ကြည့်လိုက်၍ ဆိုလိုက်သည်။
"မင်းကတော့ သဘောမတူဘူးမလား? နတ်သမီးကျင်းဟုန် ကျေးဇူးပြုပြီး သူ့ကို နေရာပြောင်း တံဆိပ်ပြားတစ်ခု ပေးပြီး အခုထွက်သွား ခိုင်းလိုက်ပါ"
ရှောင်အာ့ရဲ့ လူသတ်ချင်စိတ်က သူ့ခန္ဓာကိုယ်ထဲကနေ ပွင့်ထွက်လာပြီး လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ
"မင်းဘာကိုဆိုလိုချင်တာလဲ? ငါတို့ သခင်မလေူကို ပြန်ပေးဆွဲချင်နေတာလား?"
"မင်းရဲ့ ဒီအချက်ကို ငါအမုန်းဆုံးပဲ... မင်းရဲ့ စွမ်းဆောင်နိုင်ရည်တွေကို မင်းမသိဘူး မင်းကိုယ်တိုင်က ဖြောင့်မတ်တယ် ဉာဏ်ကောင်းတာ်လို့ ဟန်ဆောင်တယ်... မင်းတို့သခင်မလေးကို ဓားစာခံလို ချုပ်နှောင်ထားတာက ငါ့အတွက် ဘာအကျိုးရှိမှာလဲ? ဒီလို အန္တရာယ်ရှိတဲ့ နေရာမှာ ရှုပ်ထွေစေမှာက မင်းဦးနှောက်ပဲ! မင်းက ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးနေတာလား? ဒါမှမဟုတ် သတ်သေချင်လား?"
လုရွှမ် တိုက်ရိုက် ကျိန်ဆဲလိုက်သလို နတ်သမီးဝမ်ယွဲ့ကလည်း ကျယ်လောင်စွာ ရယ်မောကာ ကျိန်ဆဲလိုက်၏။
"ငတုံး!"
ရှောင်အာ့လည်း အစောက သူပြောလိုက်တဲ့ စကားက အနည်းငယ် တုံးအသွားပုံ ပေါ်တာကြောင့် အသံတိတ်သွားသည်။
နတ်သမီးကျင်းဟုန်ရဲ့ မျက်နှာက နီရဲသွားသော်လည်း ရှောင်အာ့ကိုတော့ သူမ ဝင်ကာကွယ်ပေးသေးသည်။
"သခင်လေးလုရွှမ် ရှောင်အာ့က အရမ်းသစ္စာရှိပြီး ကျွန်မကိုလည်း ဂရုစိုက်ပါတယ်"
“သိတယ်! မဟုတ်ရင် ငါသူ့ကို ဒီမှာတင် သတ်ပစ်ဖို့ နည်းလမ်းတစ်ရာလောက် ရှိတယ် ဆိုတာလည်း မင်းသိထားပေါ့... သူက အစွမ်းထက်ပြီး ဆက်နေမှ ဒီကိစ္စအပေါ် ထိရောက်မယ်လို့တော့ မပြောနဲ့.... သူက ဘဝင်မြင့်ပြီး သတ္တိရှိပေမယ့် ခေါင်းမာတယ် သူ့စိတ်နဲ့ဆို အမှားတစ်ခုခု လုပ်မိတာနဲ့ အခြေအနေက လုံးဝ ပြောင်းလဲသွားမှာ.... ဒါကြောင့် သူ့ကို အရင်ထွက်ခွင့်ပေးလိုက်တာ ပိုကောင်းတယ်”
"ငါမသွားဘူး! သခင်မလေးကို ငါ ကာကွယ်မယ်!"
နတ်သမီးကျင်းဟုန်လည်း လုရွှမ်အား သူမမျက်လုံးများဖြင့် အရိပ်အမြွက်ပြကာ ကြည့်လိုက်သည်။
လုရွှမ်ရဲ့ မျက်လုံးများကတော့ အရင်အတိုင်း တည်ငြိမ်နေကာ။
"သူသွားကို သွားရမယ်... နေခဲ့ရင် မကောင်းတာတွေပဲ လုပ်လိမ့်မယ်.... ဘာလို့လဲဆိုတော့ ငါသူ့ကို မယုံသလို သူကလည်း ငါ့ကို မယုံဘူး... ငါ့ကိုမယုံတဲ့လူတွေကို ငါလည်း မယုံဘူး အထူးသဖြင့် အခုအခြေအနေက အန္တရာယ်များတယ် သေးငယ်တဲ့ အမှားက အရာအားလုံးကို ပျက်စီးသွားစေနိုင်တယ်"
နတ်သမီးကျင်းဟုန်က တစ်ခုခု ပြောချင်ပေမယ့် နတ်သမီးဝမ်ယွဲ့က သူမကို ဆွဲထားလိုက်သည်။
"အစ်မကျင်းဟုန် ရွှမ်ခုန်းတောင်မှာ ဖြစ်ပျက်ခဲ့တာကို အစ်မ ကြားဖူးမယ်လို့ ထင်ပါတယ်။ အဲဒီကောင်လေး ငါးယောက်က တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်ခဲ့ကြပေမယ့် အားလုံးက သခင်လေးလုရွှမ်ကိုတော့ အထူးတလည် သဘောကျကြတယ်.... ဘာဖြစ်လို့လဲ? ဘာလို့လဲဆိုတော့ သခင်လေးလုရွှမ်က သူတို့ကို အသက်စွန့်ပြီး ဆိုးရွားတဲ့ အခြေအနေတွေကနေ အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့လို့ပဲ... သူ့ကိုယုံလိုက်တာက အမှား မဟုတ်ပါဘူး"
နတ်သမီးကျင်းဟုန် အနည်းငယ် အရှက်ကွဲနေသေးပြီး သူမမျက်ခုံးကြားမှ တုံ့ဆိုင်းနေသော ခံစားချက်က သူမရဲ့ အတွေ့အကြုံကို အပြည့်အဝ ပေါ်လွင်စေသည်။
ထိုအချိန်တွင် ထျန်းတောက်က ရုတ်တရက် ဝင်ထောက်လိုက်သည်။
"သခင်လေးလုရွှမ်ရဲ့ နာမည်ကို ငါမသိခဲ့ဘူး... ဒါပေမဲ့ သူ့ရဲ့ ဓားပညာကိုတော့ ငါမြင်ဖူးတယ် အဲဒီဓားပညာ အဆင့်ကို အောင်မြင်နိုင်တဲ့သူတွေက ဖြူစင်တဲ့စိတ်နဲ့ တစ်မျိုးဆို နှစ်မျိုး လုပ်တတ်တဲ့လူတွေ မဟုတ်တာ သေချာတယ်"
စကားသိပ်မပြောသော ထျန်းတောက်ကပါ သူ့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်လာပြီ ဖြစ်တာကြောင့် နတ်သမီးကျင်းဟုန်လည်း နောက်ဆုံးတွင်
"ကောင်းပါပြီ ရှင်ပြောတာကို နားထောင်ပါ့မယ်... ရှောင်အာ့ အရင်ပြန်သွားလိုက်ပါ"
"သခင်မလေး!"
"ဒီတစ်ခါတော့ ရေဒြပ်စင် နတ်ပုတီးစေ့ကို ရအောင် ယူသွားရမယ်... မဟုတ်ရင် အမေရဲ့ ဒဏ်ရာက ပိုဆိုးလာလိမ့်မယ် ငါ့အသက်ကို တကယ် နစ်နာစေမယ် ဆိုရင်တောင် စမ်းကြည့်မှာပဲ"
ရှောင်အာ့က အံကြိတ်ကာ လုရွှမ်ကို ကြည့်လိုက်သည်။
"ကောင်းပြီ မင်းနိုင်တယ်.... ငါမင်းစကားကို လုံးဝနာခံပြီး မင်းခိုင်းသမျှ ငါလုပ်ပေးမယ်"
လုရွှမ်ကတော့ ခေါင်းခါနေတုန်းပါပဲ။
"မဟုတ်ဘူး မင်းထွက်သွားရမယ်"
ရှောင်အာ့မှာလည်း ဒေါသထွက်လာကာ။
"ဒါဆို မင်းရဲ့လုပ်ငန်းကို ငါမပျက်စီးစေရဘူးလို့ မင်းယုံကြည်လာအောင် ငါဘာလုပ်ရမလဲ?"
"ငါ့ရဲ့အယုံကြည်ရဆုံး သူငယ်ချင်းက ငါ့နောက်ကျောကို ဓားနဲ့ထိုးဖူးတယ်"
လုရွှမ် ရှောင်အာ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပြီ ငါထွက်သွားပေးမယ်... ဒါပေမဲ့ လုရွှမ်... ငါတို့ သခင်မလေးမှာ ထူးခြားတဲ့ နောက်ခံရှိတယ် ဆိုတာ မင်းကို ရှင်းရှင်းလင်းလင်း ပြောထားပါရစေ.... သူမမှာ ဘယ်လိုနည်းနဲ့မဆို ထိခိုက်မိထားတာ ရှိရင် ငါမင်းကို ကမ္ဘာအဆုံးအထိ လိုက်ဖမ်းပြီး သတ်ပစ်မယ်"
လုရွှမ်ကတော့ သူ့နှလုံးသားထဲမှ လှောင်ရယ်လိုက်သည်။
"သခင်မလေး... ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ ရှောင်အာ့ အရင်သွားနှင့်မယ်"
ပြောပြီး နေရာပြောင်း တံဆိပ်ပြားတစ်ခုကို အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲပစ်သည်။ သူ့ခန္ဓာကိုယ်သည် စွမ်းအင်အလင်းများဖြင့် ရစ်ပတ်ကာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။