← Chapters

ပြစ်မှားခြင်း

Vol. 59 Ch. 4.404

ပြစ်မှားခြင်း

Vol. 59 Ch. 4.404

လုရွှမ် မျက်လုံးထောင့်ကနေ နတ်သမီးကျင်းဟုန်ရဲ့ ဆုံးရှုံးမှုနှင့် ထိတ်လန့်နေတဲ့ အကြည့်ကို သတိပြုမိလိုက်ရာ သူက ပြုံးပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ဒီမှာ အရမ်းအန္တရာယ်များတယ်... မင်းရဲ့ ခွန်အားကို ငါလိုအပ်တယ်လေ ငါ ရှင်သန်ချင်တယ် ဆိုရင် မင်းက မရှိမဖြစ် လိုအပ်တယ်"

နတ်သမီးကျင်းဟုန် တုံ့ဆိုင်းစွာ ပြုံးလိုက်ပြီး ဓားသွားပေါ် တင်ထားရတဲ့ လက်ဖဝါးကို ကူကယ်ရာမဲ့စွာ ဆုပ်ထားလိုက်မိသည်။ လုရွှမ် အကြောင်းအရာကို ပြောင်းလိုက်ပြီး

"နတ်သမီး... အရင်က ငါရှောင်အာ့ဆီမှာ ထားခဲ့တဲ့ ဝိညာဥ်စွမ်းအင် အမှတ်အသားတစ်ခုကို မင်းက ရှာတွေ့ခဲ့တာလား?"

သူမ ခေါင်းညိတ်လိုက်သည်။

လုရွှမ် သူ့အသံကို တတ်နိုင်သမျှ ပျော့ပျောင်းနေအောင် ထိန်းထားရသည်။ ယခင်က ဒီကလေးမလေးကို အဝေးသို့ ရွှေ့ခိုင်းချင်ခဲ့သော်လည်း ယခုအခါ သူမ နှလုံးသားထဲကို မိမိအပေါ် ဆိုးရွားသော အထင်ကြီးမှုကို မထားခဲ့ချင်ပေ။ နောက်ဆုံးတွင် နတ်သမီးကျင်းဟုန်ဟာ သူတို့အဖွဲ့ထဲက အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး လက်နက် ဖြစ်သည်။

"မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားက ထူးခြားတယ် ​ဆိုတော့ ကောင်းကင်ဘုံသခင်တောင်မှ မင်းချန်ခဲ့တဲ့ ဝိညာဉ်စွမ်းအား အမှတ်အသားကို ရှာတွေ့ရှိနိုင်မှာ မဟုတ်ဘူး"

နတ်သမီးကျင်းဟုန်က ထပ်မံ၍ တုံ့ဆိုင်းနေပြီးမှ ဆိုလာ၏။

"ရှင်ရဲ့ စိတ်ဝိညာဉ် စွမ်းအားကလည်း သာမာန် သူတော်စင် ဝိညာဉ်သခင်တွေထက် မနိမ့်ဘူးလို့ ခံစားရပါတယ်... ဆယ်ကျော်သက် အရွယ်တုန်းက လေ့ကျင့်မှုတစ်ခု လုပ်ခဲ့လို့ ကျွန်မရဲ့ ဝိညာဉ်စွမ်းအားက အရမ်း တိုးတက်လာခဲ့တာ အဲဒါကြောင့် ရှင့်ရဲ့ ဝိညာဉ်စွမ်းအားထက် နှစ်ဆ ပိုအားကောင်းတာ ဖြစ်နိုင်တယ်"

နှစ်ဆ?

ဒီလောက် ယုံကြည်မှုရှိနေတာ မဆန်းတော့ပါဘူး။

"အရမ်းကောင်းတယ်.... မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားကို အရင်သုံး​ပြီး ​မြို့​သခင်ရဲ့ စံအိမ်တစ်ခုလုံးရဲ့ အတိအကျ တည်နေရာမြေပုံရဖို့ ဆွဲဖို့ လိုတယ်"

နတ်သမီးကျင်းဟုန်က ချက်ချင်း မျက်လုံးများကို မှိတ်လိုက်ပြီး လုရွှမ်လည်း စိတ်ဝိညာဥ်စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ အားကြီးတဲ့ ဝိညာဉ်စွမ်းအား တစ်ခု ထွက်ပေါ်လာကာ ၎င်းက သူ့ထက် နှစ်ဆပိုမိုအားကောင်းတာတော့ အမှန်ပဲဟု ဆိုရပေမည်။

စိတ်ဝိညာဉ် စွမ်းအားရဲ့ အတက်အကျက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် တိတ်ဆိတ်သွားသည်။ လုရွှမ် သတိမထားမိဘဲ ငြိမ်သက်စွာ ခံစား​နေလိုက်သည်။

သိပ်မကြာခင်မှာပဲ နတ်သမီးကျင်းဟုန်က မျက်လုံးတွေကို ​ပြန်ဖွင့်ကြည့်လာရင်း လက်ချောင်းလေးတွေက တောက်ပတဲ့ စွမ်းအင်တွေနဲ့ မြေပုံတစ်ခု ဆွဲပြလာခဲ့သည်။

လုရွှမ် နှလုံးသားထဲအထိ မှတ်ထားလိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

"ဟုတ်ပြီ... အခု နတ်သမီး ငါနဲ့အတူ လိုက်ခဲ့ပါ.... ငါတို့ လူသွားဖမ်း​ကြမယ်"

"ဘယ်​သူ့ကို ဖမ်းမှာလဲ"

"နဂါးလိပ်မင်းသား!"

ခဏကြာတော့ နတ်သမီးကျင်းဟုန် စိတ်ရှုပ်သွားကာ ရှက်ရှက်နဲ့ပဲ လုရွှမ်ရဲ့ပေါင်ပေါ်မှာ ထိုင်ချလိုက်သည်။ လုရွှမ်ရဲ့ လက်တွေ သူမခါးမှာ ရစ်ပတ်လာတဲ့အခါ သူမရဲ့ ခန္ဓာကိုယ်က ပူ​လောက်လာတယ်လို့ ခံစားမိပေမယ့် လုရွှမ်ရဲ့ အစီအစဥ်ကို ထိခိုက်မှာ ကြောက်လို့ မလှုပ်ရဲတော့ချေ။

အစီအစဥ်အတိုင်း လုပ်ဖို့ သူမစိတ်ထဲ လုံးလုံးလျားလျား ဆုံးဖြတ်ထားလို့သာ မဟုတ်လျှင် ဒီအပူကြောင့် ငိုမိသွားမှာ တကယ် ကြောက်ရသည်။ သူမ တစ်ကိုယ်လုံး ထုံကျင်နေတဲ့ ခံစားချက်က ရှက်စရာကောင်းလှသည်။

လုရွှမ် ပြောခဲ့သော နဂါးလိပ်မင်းသားမှာ လူချောတစ်ယောက်တော့ မဟုတ်ပေ။

လုရွှမ်သည် သူမနှင့် နတ်သမီးဝမ်ယွဲ့၊ ထျန်းတောက်တို့ကို ခွဲထုတ်ပြီးနောက် လွန်စွာ အံ့အားသင့်သွားစေသော လမ်းတစ်ခုဆီသို့ တိုက်ရိုက် လျှောက်လာခဲ့သည်။

လမ်းမပေါ်တွင် လူမျိုးပေါင်းစုံက ဝတ်စားဆင်ယင်မှု မျိုးစုံသော အလှများဖြင့် ပြည့်နှက်နေသည်။ လုရွှမ်သည် အလှမယ်များ အားလုံးနှင့် ကျွမ်းကျင်စွာ စကားပြောဆိုပြီးနောက် နဂါးလိပ်မင်းသားရဲ့ တည်နေရာကို ရှာတွေ့သွားကာ အံ့ဖွယ်​ကောင်းသော နည်းဖြင့် ဆော့ကစားရန် ထွက်လာခဲ့သည်။

ထို့နောက် လုရွှမ် တည့်တည့် လျှောက်သွားပြီး စကားစမြည် ပြောရင်း နှစ်ယောက်သား နောက်ကျမှ ​ပြန်ဆုံကြပုံရတဲ့ ညီအကိုများနှယ် အချင်းချင်း ခေါ်​​​နေကြသည်။

"အစ်ကိုလုံ.... မိန်းမလား? ငါလိုချင်လိုက်တာ"

နတ်သမီးကျင်းဟုန်မှာ လုရွှမ် ပြော​နေတာကို လုံးဝ နားမလည်ဘူးလို့ ခံစားမိပေမယ့် တစ်ဖက်လူက သဘောကျတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလာကယ သူမကို ကြည့်တဲ့ပုံစံကလည်း အရမ်းစက်ဆုပ်စရာ ကောင်းနေသည်။

ရုတ်တရက် နဂါးလိပ်မင်းသားသည် လုရွှမ်နဲ စကားပြော​နေရင်း စားပွဲပေါ် လဲကျသွားသည်။ ထိုအခါမှ နတ်သမီးကျင်းဟုန်လည်း အံ့သြမှင်သက်စွာ နိုးထလာခဲ့သည်။

တံခါးအပြင်ဘက်တွင် နဂါးလိပ်မင်းသားရဲ့ အစောင့်တွေ ရှိနေပြီး မကောင်းတာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်သောကြောင့် အကျယ်ကြီး မပြောဝံ့ပေ။

လုရွှမ်က စကားပြောနေတုန်းပဲ ဆိုပေမယ့် သူ့ပါးစပ်က အသံထွက်လာတာက ၂မျိုး ဖြစ်နေသည်။ တစ်မျိုးက သူ့ကိုယ်ပိုင်အသံ ဆိုပေမယ့် နောက်တစ်မျိုးက သဘာဝကျကျ နဂါးလိပ်မင်းသား ဖြစ်လေ၏။

တစ်စုံတစ်ယောက်က ရုပ်ရည်သွင်ပြင်ကို မကြည့်ဘဲ အသံကိုသာ နားထောင်လိုက်မည်ဆိုလျှင် ဘယ်သူက လုရွှမ်၊ ဘယ်သူက နဂါးလိပ်မင်းသား ဆိုတာကို သေချာပေါက် မပြောနိုင်လောက်ပေ။

"သူ...သူ သေပြီ?"

နတ်သမီးကျင်းဟုန်မှာ ရုတ်တရက် နဂါးလိပ်မင်းသားရဲ့ ဝင်သက်ထွက်သက် အသက်ရှူသံကို မခံစားနိုင်တော့တာကြောင့် ဆိုလိုက်၏။

လုရွှမ်က သူ့လက်ချောင်းကို ယမ်းကာ နတ်သမီးကျင်းဟုန်ကို စကားမပြောရန် အချက်ပြလိုက်ပြီး နဂါးလိပ်မင်းသားရဲ့ ခန္ဓာကိုယ်ကို ကျောက်စိမ်းပြားထဲ ထည့်ထားဖို့ သူ့လက်ကို အသာပဲ ဝှေ့ယမ်းလိုက်သည်။

နတ်သမီးကျင်းဟုန်ရဲ့ အံ့အားသင့်နေသော မျက်လုံးများတွင် သူ့ခန္ဓာကိုယ် ပြောင်းလဲသွားပြီး သူ့ပါးပြင် ကြွက်သားများ ဖောင်းပွလာကာ မကြာမီတွင် သူသည် နဂါးလိပ်မင်းသား အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့သည်။

ပြီးတော့ အသက်ရှုသံကအစ တဖြည်းဖြည်း ပြောင်းလဲလာပြီး နဂါးလိပ်မင်းသား အဖြစ် လုံးလုံး ပြောင်းသွားချေ၏။နတ်သမီးကျင်းဟုန်

"အခုကစပြီး ငါက နဂါးလိပ်မင်းသားပဲ မင်းနားလည်လား? မင်း လမ်းမှာတွေ့တဲ့ မိန်းမတွေကို မှတ်မိတယ်မလား? မင်း သူတို့ရဲ့ ပုံစံတွေအတိုင်း ဆက်ပြီး အတုယူလိုက်"

နတ်သမီး ကျင်းဟုန်မှာ ရှက်သွားသော်လည်း ခေါင်းညိတ်လိုက်သေးသည်။

"ကောင်းပြီ အပြင်ထွက်ကြရအောင်"

လုရွှမ်က ပြုံးပြီး နတ်သမီးကျင်းဟုန်ရဲ့ ခန္ဓာကိုယ်ကို တရင်းတနှီး ပွေ့ဖက်လိုက်သည်။ သူမခမျာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး နီမြန်းနေသော မျက်နှာကို လုရွှမ်ရင်ခွင်ထဲ ဖွက်ထားကာ ဘယ်သူ့ကိုမှ မကြည့်ဝံ့သေးပေ။

တံခါး အပြင်ဘက်မှာ ရှိတဲ့ နဂါးလိပ်မင်းသားရဲ့ အစောင့်နှစ်ယောက်က သူတော်စင်အဆင့် ကျွန်နှစ်ယောက် ဖြစ်သည်။ နဂါးလိပ်မင်းသားလေးသည် သူ့ရင်ခွင်ထဲတွင် နတ်သမီးကဲ့သို့ အလှလေးကို ပွေ့လျက် ထွက်လာတာကို မြင်လိုက်ရသဖြင့် အံ့သြမဆုံး ဖြစ်သွားကြသည်။

"အရှင်မင်းသား ဒါ"

လုရွှမ် သူ့မျက်နှာကို ညစ်ညမ်းသော အကြည့်ဖြင့် ရယ်မောလိုက်ပြီး

"အဲဒီလူယုတ်မာက ဒီလိုအလှလေးနဲ့ မထိုက်တန်ပါဘူး.... မင်းသားလေးငါ သူ့ကို မျိုချလိုက်ပြီ"

ကောင်လေး နှစ်ယောက်ကလည်း အရှက်မဲ့စွာ ပြုံးပြသော်လည်း အလေးအနက် မထားခဲ့ကြပေ။ မင်းသားက အပြင်မှာ နာမည်ကောင်း ရှိပေမယ့် မင်းသားနောက်ကို လိုက်နေတဲ့ ရင်းနှီးသူတွေမို့ မင်းသားလေးက ဘယ်လို စရိုက်လဲဆိုတာ သဘာဝကျကျ သိကြပါ၏။

မထင်မှတ်ဘဲ အခန်းထဲသို့ ဝင်ကာ စစ်ဆေးပြီးနောက်တွင် သဲလွန်စ မရှိကြောင်း သေချာစစ်ဆေးပြီးမှ ၎င်းတို့နှစ်ဦးလည်း နောက်မှ လိုက်လာခဲ့သည်။

အခန်းထဲမှာ လုရွှမ် ကျွန်နှစ်ယောက်ရဲ့ နာမည်နဲ့ အလေ့အထကို နတ်သမီးကျင်းဟုန်မှ တစ်ဆင့် မေးမြန်းစေလိုက်သည်။ နတ်သမီးကျင်းဟုန်ရဲ့ အလှနဲ့ ဆေးဖက်ဝင်ဝိုင် အနည်းငယ်ရဲ့ လွှမ်းမိုးမှုအောက်မှာ အရာအားလုံးကို ရှင်းပြလာခဲ့လေသည်။

"လျိုလျို... အိမ်​တော်ကို ပြန်​ရအောင်"

လူငယ်နှစ်ယောက်က လန့်ဖျပ်သွားပြီး

"အရှင်မင်းသား... ကျွန်တော်တို့ အခု ကျွိဟိုင်မြို့ သခင်ရဲ့ စံအိမ်ထဲမှာ နေနေရတာ... မင်းသမီးအောင့်ရှင်း မင်းသားကို ဒီလိုမြင်သွားရင် မကောင်းပါဘူး"

ထိုအခါ လုရွှမ်က

"မင်းဘာကို ကြောက်တာလဲ? ငါက ယောက်ျားပဲ သူက မိန်းမပဲ... ငါက ကောင်းကင်ကြီးဆို သူက မြေကြီးပဲ... မိန်းမတစ်ယောက်ကို ငါက ဂရုမစိုက်နိုင်ပါဘူး သွားရအောင်"

မောက်မာစွာနဲ့ပဲ သူက နတ်သမီးကျင်းဟုန်ကို ပွေ့ဖက်ပြီး မြို့သခင်ရဲ့ စံအိမ်ကြီးထဲကို ဝင်သွားတော့သည်။

ထိုညတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။

ထိုသတင်းသည် လုံးဝ မဖုံးကွယ်ထားနိုင်ဘဲ မင်းသမီးအောင်ရှင်းရဲ့ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

မြို့သခင်စံအိမ်ထဲမှ တိတ်ဆိတ်နေသော ပန်းခြံငယ် တစ်ခုတွင်။

ခမ်းနားသော အဆောက်အဦးငယ် တစ်ခု၏ အနောက်ဖေးတွင် လှပသော မိန်းကလေး တစ်ဦးသည် ပစ္စည်းမျိုးစုံကို ခက်ခက်ခဲခဲ ရိုက်ချိုးကာ ဒေါသများကို လွှတ်ထုတ်နေလေ၏။

"အဲဒီလူယုတ်မာက သူဒီကိုရောက်ပြီး ပထမဆုံးနေ့မှာပဲ ဆောင်ကြာမြိုင်ကို သွားပြီး မိန်းမတစ်ယောက်ကို ပြန်ခေါ်လာတယ်ပေါ့... ငါသူ့ကို လက်ထပ်ရင်တောင် ငါ့ကိုထိဖို့ လုံးဝ မစဉ်းစားမိစေနဲ့!"

ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။

ခြံဝင်းငယ်လေးထဲမှာ လုရွှမ်နဲ့ နတ်သမီးကျင်းဟုန်တို့ဟာ သူတို့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ပြီး အဆောက်အဦး ငယ်လေးထဲက ဒေါသထွက်နေတဲ့ မိန်းကလေးကို ကြည့်နေကြ၏။

နတ်သမီးကျင်းဟုန်မှာ မတတ်နိုင်တော့ဘဲ လုရွှမ်ကို ပြန်မေးလိုက်မိသည်။

"ရှင် ဘယ်လိုလုပ် အကုန်သိနေတာလဲ?"

လုရွှမ် သူ့နှလုံးသားထဲမှ တိတ်တိတ်လေး ပြုံးနေတော့သည်။ ဒီကလေးမလေး ကျင်းဟုန်က ရိုးရိုးရှင်းရှင်းကို အတွေ့အကြုံ မရှိသေးတာပဲ။

ရှောင်အာ့နဲ့ ကျင်းဟုန်တို့ အနားယူနေချိန်မှာ လုရွှမ် ပိုင်ဆိုင်မှု အနည်းငယ်ကို ထုတ်ပစ်လိုက်ပြီး အချက်အလက်များစွာကို အလွယ်တကူ ရှာဖွေနိုင်ခဲ့သည်။

အောင်ရှင်းက အလွန်ထက်မြက်ပြီး ကိုယ်ရည်ကိုယ်သွေး ရှိသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမနှလုံးသားက ကောင်းကင်ထက် မြင့်တယ်လို့ ပြောရင်တောင် ချဲ့ကားနေတာလို့တော့ မဆိုနိုင်ချေ။

ဒီလိုမိန်းကလေးမျိုးက ဘယ်လိုလုပ် တခြားလူတွေ သူမအသက်ကို ထိန်းချုပ်သွားမှာကို လက်ခံနိုင်ပါ့မလဲ?

All Chapters