← Chapters

လူခေါ်သွားပြီ

Vol. 59 Ch. 4.405

လူခေါ်သွားပြီ

Vol. 59 Ch. 4.405

လုရွှမ်ဟာ အောင်ရှင်းရဲ့ ရိုးရှင်းသော အချက်အလက်ကို သိရှိပြီးနောက် အတွေးများစွာဖြင့် အချိန်ကုန်ခဲ့သည်။ နောက်ဆုံးတွင် မင်းသားလေးနဂါးလိပ်ရဲ့ အလေ့အထကိုပါ တွေ့ရှိပြီးနောက် နောက်အစီအစဉ်တစ်ခု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။

အစီအစဥ်က ရိုးရှင်းပုံရတာကြောင့် အလုပ်များစွာကို သူ့ဘာသာ တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်။ နဂါးလိပ်မင်းသားကို ငါးစာနဲ့ မြှူဖို့ လိုကာ ဘာအကြောင်းအရာတွေ ပြောရမယ်၊ ဘယ်လို အခြေအနေတွေကို ထိန်းချုပ်ဖို့ လိုလဲ။

ဒါတွေကို အတွေ့အကြုံ ကြွယ်ဝတဲ့ လုရွှမ်တောင် အချိန်တိုလေးအတွင်းမှာ လုပ်လို့မရဘူး။ သူများတွေ ပြောတာက နည်းနည်းမှားသွားရင် သူလုပ်သမျှက အားလုံးပြီးသွားလိမ့်မယ်။

နဂါးလိပ် မင်းသားရဲ့ အစောင့် လူငယ်နှစ်ဦးသည် သူတော်စင်များသာ ဖြစ်သော်ငြားလည်း နဂါးလိပ် မင်းသားသည် ထိုကောင်လေးနှစ်ယောက်အား လွတ်လွတ်လပ်လပ် စကားပြောနိုင်သလို တချို့ကိစ္စတွေကို လုပ်ဆောင်တဲ့ အခါမှာလည်း သူ့ကို စိတ်ကျေနပ်စေတယ်လို့ ထင်မြင်မိ​လေသည်။

သို့သော် အမှန်တကယ်တော့ မင်းသားငယ်လေးအနီးတွင် မဟာသူတော်စင် အနည်းဆုံး သုံးဦးက သူ့နောက်ကို တိတ်တဆိတ် လိုက်နေခဲ့သည်။ လုရွှမ်လည်း ဒီအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်သည်။

"ဟုတ်ပြီ ဝင်ကြရအောင်"

အဆောက်အဦ ငယ်လေးထဲက ကွဲအက်နေတဲ့ အသံတွေ ပျောက်ကွယ်သွားပြီး လုရွှမ်သည် နတ်သမီးကျင်းဟုန်ကို ပွေ့ဖက်လိုက်ကာ နှစ်ယောက်သား အဆောက်အဦး ငယ်လေးထဲကို ဝင်သွားကြသည်။

ချက်ချင်းဆိုသလို အောင်ရှင်လည်း သတိထားမိလိုက်သည်။ အမှန်မှာ လုရွှမ်လည်း ဒါကို ဖုံးကွယ်ထားဖို့ မလိုလားသောကြောင့် အောင်ရှင်း ပေါ်လာတာကို မြင်လိုက်ရသောအခါတွင် သူ့မှာ တည်ငြိမ်သော သဘောထားနှင့် တည်ငြိမ်သော မျက်နှာထားမျိုး ရှိ​လေသည်။

"ရှင်ကိုး... အဲ့ခွေးမရော ဒီကိုဘာလာလုပ်တာလဲ"

အောင်ရှင်းသည် နဂါးလိပ်မင်းသားနဲ့ နတ်သမီးကျင်းဟုန်တို့ကို မြင်တဲ့အခါ ဒေါသတကြီး အော်ဟစ်လိုက်ပါတော့သည်။

နတ်သမီးကျင်းဟုန်ရဲ့ မျက်လုံးများက တောက်ပလာ၏။ အောင်ရှင်း ခန္ဓာကိုယ်ပေါ်ရှိ ရေဒြပ်စင် နတ်ပုတီးစေ့ကို သူမ အမှန်တကယ် ခံစားလိုက်ရ​ပြီ။ သူမ လုရွှမ်ထံ တိတ်တဆိတ် အချက်ပြလိုက်တော့ လုရွှမ်ကလည်း သူ၏ နားလည်မှုကို ဖော်ပြရန် လျှို့ဝှက်စွာ ခေါင်းညိတ်​​​ပြလိုက်သည်။

"မင်းသမီး.... ငါ မင်းကိုတွေ့ဖို့လာတာ နောက်ဆုံးတော့ ငါတို့လက်ထပ် ရတော့မယ်လေ.... လူချင်းအရင်ဆုံရတာက ပိုကောင်းမယ်လို့ မထင်ဘူးလား?"

လုရွှမ်က ပြုံးပြီး ပြောလိုက်သည်။

အောင်ရှင်းသည် သူမမျက်နှာ​ပေါ်တွင် ရွံရှာသော အကြည့်ဖြင့် ကြည့်နေ၏။ ကောလာဟလနဲ့ ကိုက်ညီတဲ့ စကားတွေအတိုင်း နဂါးလိပ်မင်းသားက ကောင်မလေး တစ်ယောက်ကိုခေါ်ပြီး ရောက်လာနေပြီ။

"မင်းသမီးက ငါ့ကို တကယ်မုန်းနေပုံပဲ"

"ဟုတ်တယ်! ငါ အိမ်က ထွက်ပြေးရရင်တောင် နင့်ကိုလက်ထပ်မှာ မဟုတ်ဘူး!!"

လုရွှမ်က တခစ်ခစ် ရယ်ရင်း

"ငါသိပါတယ်... ဒါကြောင့် မင်းကိုကူညီဖို့ ငါလာခဲ့တာလေ"

အောင်ရှင်း အံ့အားသင့်သွားပြီး

"နင်ဘာတွေပြောနေတာလဲ? ငါ အိမ်က ထွက်ပြေးဖို့ ကူညီချင်​နေတာလား?"

သူမက နဂါးလိပ်မင်းသားကို မယုံကြည်နိုင်စွာနဲ့ ကြည့်ရင်း ဒီကောင်က ရူးနေတာ နေမှာပေါ့ဟုသာ တွေးလိုက်လေ၏။

"အထူးသဖြင့် မင်းကငါနဲ့ လက်မထပ်ချင်ဘူးလေ... မင်းသမီး ငါ့ကို အထင်မလွဲပါနဲ့ မင်းလို ဂုဏ်ယူစရာကောင်းတဲ့ ကောင်းကင်သတို့သမီးနဲ့ လက်ထပ်ခွင့်ရတာ တစ်သက်လုံး ဂုဏ်ယူစရာပါပဲ... ဒါပေမဲ့ မင်းသမီးက ငါနဲ့ မထိုက်တန်ဘူးဆိုတာ သိတယ် ဆိုတော့ မင်းသမီးလေးကို ဘာလို့ စိတ်မသက်မသာ ဖြစ်စေရမှာလဲ?"

အောင်ရှင်းမှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားကာ မျက်တောင်ခတ်လိုက်ပြီး

"ကျေးဇူးပဲ"

လုရွှမ်ကတော့ ဒါက နည်းနည်းတော့ ရယ်စရာကောင်းတယ်လို့ ထင်လိုက်မိသည်။

"ဟုတ်ပါတယ် မင်းသမီးလေးကလည်း အဖေ့ကို နားချဖို့ ကြိုးစားခဲ့တယ်လို့ ထင်တယ် ဒါပေမဲ့ အဆင်မပြေဘူး ဆိုတာ ထင်ရှားနေတာပဲလေ ဒါကြောင့် ငါလည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်.... ပြီးတော့ မင်းသမီးလေးလည်း အရမ်း စိတ်ဓာတ်ကျနေမယ်လို့ ထင်တယ် မင်းကို အတူတူ ခေါ်သွားပေးမယ်လေ"

အောင်ရှငိး ဒီကောင်လေးက နည်းနည်းလေး ချစ်ဖို့ကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရပြီး သူမအမူအရာက ပိုကောင်းလာ၏။

"ဘယ်လိုထွက်သွားမှာလဲ? အပြင်အထိ ထွက်သွားတာမျိုး ငါမလုပ်ဘူး"

သူမသည် နောက်စကားလုံးများကို မပြောသော်လည်း လုရွှမ်က နားလည်သဘောပေါက်စွာ ပြုံးလိုက်သည်။

သေဆုံးသွားသော နဂါးလိပ်မင်းသား လွတ်မြောက်သွားပါက အပြင်တွင် ပျံ့နှံ့နေသော လူအများ၏ ထင်မြင်ယူဆချက်က သူမအတွက် အလွန်ပင် ထိခိုက်စေလိမ့်မည်။

"ကောင်းပြီ ငါမင်းကို ကတိပေးတယ်... ဒါပေမဲ့ မင်းမှာ ဘာနည်းလမ်းရှိလဲ? ငါ့အဖေနဲ့ မင်းအဖေက ကောင်းကင်ဘုံသခင်တွေ ဆိုတာ မင်းသိရမယ်နော်.. မင်း သူတို့ကို တစ်ချိန်လုံး ဂရုမစိုက်ပေမယ့် ကောင်းကင်ဘုံသခင်ရဲ့ အာရုံတွေက အရမ်းစူးရှတယ်... ငါတို့လှုပ်ရှားတဲ့အခါ မလွဲမသွေ တွေ့သွားလိမ့်မယ်"

လုရွှမ်က ပြုံးပြီး နတ်သမီးကျင်းဟုန်ကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းသမီး သူက ဘယ်သူလဲဆိုတာ သိလား"

အောင်ရှင်းက သူမ နှုတ်ခမ်းတွေကို ကောက်ကွေးပြီး "အဲဒါက နင့်ဟာ မဟုတ်လား" လို့ ထပ်ခါထပ်ခါ ပြောလိုက်ရင်း ဆူပုတ်နေတော့သည်။

"သူမက လူသားတစ်ယောက်"

နတ်သမီးကျင်းဟုန်လည်း အွန်း ဟု အသံပြုလိုက်သည်။ ထင်ထားတဲ့အတိုင်း အောင်ရှင်းရဲ့ အမူအရာက ပြောင်းသွားသည်။

"သူမက လူသားမျိုးနွယ်ထဲကလား?"

"အင်း သူမရဲ့ လက်ရှိ အငွေ့အသက်က အသက်ရှုသံကို ပြောင်းလဲနိုင်တဲ့ ပြန့်ရှီးပိုးကောင်ကို သုံးထားတာကြောင့်ပဲ...အကြောင်းပြချက်က အရမ်းကို ရိုးရှင်းပါတယ် သူမခန္ဓာကိုယ်မှာ နယ်နိမိတ်စည်းတွေကို ချိုးဖျက်နိုင်တဲ့ နေရာပြောင်း တံဆိပ်ပြားတွေ ရှိနေလို့ပဲ"

အောင်ရှင်း မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ ပင်လယ်ကို မရောက်ဖူးသော်လည်း အပြင်ဘက် လူ့လောကကိုတော့ တောင့်တခဲ့သည်။ လူသားမျိုးနွယ်ရဲ့ နယ်နိမိတ်ကို ချိုးဖျက်နိုင်တဲ့ နေရာပြောင်း တံဆိပ်ပြားတွေ အကြောင်းကိုလည်း ကြားဖူးပါ၏။

"ဒါဆို နင်..."

"ဟုတ်တယ် လူသားမျိုးနွယ်ရဲ့ အလှလေးတွေ အကြောင်း ငါကြားဖူးတယ် ဟားဟားဟား!"

လုရွှမ် သူ့ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး မိန်းမတစ်ယောက်ကို တောင့််တနေသလို ပုံစံမျိုး ဖြစ်နေသည်။

အောင်ရှင်း ထိုလူအား မထီမဲ့မြင်ပြုချင်သလို ခံစားရသော်လည်း သူမ သဘောတူကာ ပြုံးပြလိုက်သည်။ သူမ ဒီနေရာမှ ထွက်သွားနိုင်သရွေ့ ဒီလူဆိုးနဲ့ ခဏလောက် နေရလည်း အဆင်ပြေပါသည်။

ထို့အပြင် ဒီအရှုံးသမားက သူတော်စင်အဆင့်လေးပဲ ရှိကာ သူမသည် မဟာသူတော်စင် တတိယအဆင့် ဖြစ်နေပြီ ဖြစ်သည်။ ဒီအဆင့်လောက်နဲ့တော့ သူမကို ဘာမဆို လုပ်ချင်တိုင်းလုပ်လို့ မရနိုင်ပေ။

ဒီလူသားမိန်းမ အတွက်ကတော့ လုံးဝ ဂရုမစိုက်ပါဘူး။ ဦးလေးနှင့် အဒေါ်တွေက လူသားမျိုးနွယ်ဟာ အလွန်အားနည်းကြတယ်လို့ ဆိုကြသည်။ သူမအတွက် နှစ်ယောက်စလုံးကို တိုက်ခိုက်နိုင်တာကြောင့် ပြဿနာ မရှိပါ။

ထို့အပြင် ရေဒြပ်စင် နတ်ပုတီးစေ့လည်း ရှိသဖြင့် သူမကို လုပ်ကြံချင်ရင်တော့ အရူးတစ်ယောက်ရဲ့ အိပ်မက်တစ်ခုသာ ဖြစ်ပေမည်။

အရာအားလုံးက အန္တရာယ် မရှိနိုင်ဘူးလို့ တွေးပြီးရင် အောင်ရှင်းက ပြုံးလိုက်သည်။

"ဒါဆို ဘာကို စောင့်နေ​သေးတာလဲ? မြန်မြန် သွားကြမယ်"

လုရွှမ်လည်း ဝမ်းသာပီတိ ဖြစ်သွားသည်။ ပြင်ဆင်မှုတွေ အများကြီး လုပ်ထားပေမယ့် အောင်ရှင်းကို ထွက်သွားဖို့ လွယ်လွယ်နဲ့ စည်းရုံးနိုင်မယ်လို့ မမျှော်လင့်ထားဘူးလေ။ သူက သူ့မျက်နှာကို ဘာမှမထူးခြားတဲ့ အကြည့်နဲ့ တမင်တကာ ပြုံးပြပြီး

"ကောင်းပြီ ဒါဆို မင်းယူစရာတွေ ပြင်ဆင်ပြီး ထွက်သွားရအောင်"

အောင်ရှင်း စိတ်လှုပ်ရှားစွာဖြင့် လျင်မြန်စွာ သပ်သပ်ရပ်ရပ်လေး ပြင်ဆင်လိုက်ပြီး။

"ကောင်းပြီ ငါက ဘာပြဿနာမှ မရှိပါဘူး"

"ဒါဆို သွားကြရအောင်"

လုရွှမ်က ဆိုလိုက်သည်။ နတ်သမီးကျင်းဟုန်က နေရာ​ပြောင်း တံဆိပ်ပြား ၃ချပ်ကို လျင်မြန်စွာ ထုတ်ယူကာ အပိုင်းပိုင်း ဆုတ်ဖြဲလိုက်သည်။ အလင်းတန်း သုံးစင်းက သူတို့ သုံးယောက်ကို ဖုံးအုပ်ထားသွား၏။ ခဏကြာပြီးနောက် ပုံရိပ် သုံးခုသာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်။

"ဘာသံလဲ?"

တိတ်ဆိတ်နေသော အခန်းတွင် နဂါးဦးချိုပါသော အဘိုးကြီး တစ်ယောက် ရုတ်တရက် မျက်လုံးပွင့်လာပြီး အောင်ရှင်းရှိတဲ့ အခန်းထဲတွင် ပေါ်လာသည်။

သန့်ရှင်းသော တခြားအခန်းတွင် လိပ်အိုကြီးနှင့်တူသော ယောက်ျား​ကြီး တစ်ယောက်သည် ရုတ်တရက် နှလုံးတစ်ချက် တုန်လှုပ်သွားပြီး ကျောက်စိမ်း​ပြားကို စစ်ဆေးရန် ထုတ်ယူလိုက်သည်။ ရုတ်တရက် သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး အောင်ရှင်းရဲ့ အဆောက်အဦး ငယ်လေးထဲမှာ ပေါ်လာ၏။

"လုံအာ!"

နဂါးလိပ်ကြီးမှာ အာခေါင်ခြစ် အော်ဟစ်လိုက်လေသည်။ သူ့ဘေးမှာ အဘိုးကြီး တစ်ယောက် ရပ်နေကာ သူ့သားရဲ့ အလောင်းက မြေပြင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရတော့ နဂါးလိပ်ကြီး လုံးဝ ဒေါသထွက်သွားသည်။

"မင်း ငါ့သားကို သတ်လိုက်တာလား?"

နဂါးကြီးရဲ့ မျက်နှာကလည်း မည်းမှောင်လာကာ နဂါးလိပ်ရဲ့ လက်ဖဝါး စွမ်းအင်ကို လက်ဖဝါးတစ်ဖက်တည်းဖြင့် ခုခံကာ အော်ဟစ်လိုက်သည်။

“အဘိုးကြီး စိတ်အေးအေးထားစမ်း! ငါ့သားမက်ကို ဘာလို့ သတ်ရမှာလဲ? ငါ့သမီးလည်း ပျောက်နေတယ်ကွ!”

နဂါးလိပ်ကြီးက အနည်းငယ် ဒေါသထွက်ပြီး ဝင်တိုက်ခိုက်လိုက်ပေမယ့် နဂါးကြီးလည်း သူ့သမီးအတွက် စိုးရိမ်နေမှန်းသိ၍ ဟစ်အော်လိုက်သည်။

"မင်းရဲ့သမီးက ငါ့သားကိုသတ်ပြီး ထွက်ပြေးတာ မဖြစ်နိုင်ဘူးလား? မင်း သမီးက မာနကြီးပြီး ငါ့သားကို လက်မထပ်ချင်ဘူးလေ!"

နဂါးလိပ်ကြီးသည် သူ့သားရဲ့ နှလုံးခုန်နှုန်း လုံးဝ မရှိတော့ကြောင်း ထပ်ခါတလဲလဲ ခံစား​နေရပြီး အလွန်ဝမ်းနည်း ဒေါသထွက်နေ၏။ သူ့မှာ ဒီသား တစ်ယောက်သာ ရှိတော့သည်။

နဂါးကြီး၏ မျက်နှာသည် ဒေါသတကြီး မည်းမှောင်လာကာ စားပွဲတစ်လုံးကို လက်ဖဝါးဖြင့် ရိုက်ခွဲကာ ပြောလိုက်သည်။

"သူမကိုယ်ပေါ်မှာ ရေဒြပ်စင် နတ်ပုတီးစေ့ ရှိတယ်!"

All Chapters