ခြိမ်းခြောက်ခြင်း
Vol. 60 Ch. 4.406
“ဘာ?” နဂါးလိပ်ကြီးက အော်လိုက်သည်။
နဂါးကြီးက ပြင်းထန်စွာ ဟောက်ကာ လက်ဖဝါး စွမ်းအင်များစွာဖြင့် အဆက်မပြတ် ထုရိုက်နေသည်။ အဆောက်အဦးငယ် တစ်ခုလုံးသည် ချက်ချင်းပင် အပျက်အစီး အဖြစ် ပြောင်းလဲသွားတော့သည်။
ခြံဝင်းငယ် အပြင်ဘက်အထိ လိုက်လာသော လက်အောက်ငယ်သားများ အားလုံး အလွန်ထိတ်လန့်သွားပြီး အနီးနားကို မချဉ်းကပ်ရဲကြချေ။ သူတို့က အဝေးမှာနေရင်း ဒေါသကြီးသော နဂါးကြီး သူတို့အပေါ် ဒေါသမထွက်လာအောင် ထိန်းထိန်းသိမ်းသိမ်း ငြိမ်နေရသည်။
ဒေါသကို ပြေလျော့ပြီးနောက် နဂါးကြီးက သက်ပြင်းချပြီး
"ခြံလေးကို ပြန်ဆောက်ရင် အရင်အတိုင်းပဲ ဖြစ်ပါစေ.. ကွာခြားတဲ့နေရာ တစ်ခုခုရှိရင် မင်းတို့အားလုံး သေရလိမ့်မယ်"
စကားပြောပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်။
နဂါးလိပ်ကြီးရဲ့ မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေပြီး သားဖြစ်သူ၏ အလောင်းကို ဂရုတစိုက် ပွတ်သပ်ဖယ်ထုတ်ကာ ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်ပြီး
"သူ့ကို သတ်ရမယ်.... အောင်ရှင်းကို သတ်ရမယ် သူ့ကိုငါ့သားနဲ့ အတူတူ သင်္ဂြိုဟ်ပစ်မယ်!"
ကျွိဟိုင်မြို့ရှိ မြို့သခင်စံအိမ် အပြင်ဘက်တွင် သူ၏ ခန္ဓာကိုယ်သည် လင်းထိန်သွားသည်။ မြို့သခင်စံအိမ် အတွင်းသို့ လှမ်းကြည့်လိုက်ရာ နဂါးကြီးသည် ဒေါသတကြီး မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ကာ ဒေါသတကြီး တွန်းထုတ်လိုက်သည်။
နောက်ဆုံးတွင် နဂါးကြီး၏ မျက်လုံးများ ပျောက်သွားပြီး နဂါးလိပ်ကြီးလည်း ခါးခါးသီးသီး အော်ဟစ်လိုက်သည်။
"သွားကြစို့!"
လူအုပ်ကြီးသည် ကျယ်လောင်သော မောင်းသံ ဗုံသံများဖြင့် ခမ်းနား သွက်လက်စွာ ရောက်ရှိလာကြပြီး အလွန် အသက်ဝင်လှသော်လည်း ထွက်ခွာသွားသောအခါ ဒေါသများဖြင့် တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာသွားကြသည်။
ကျွိဟိုင်မြို့ရှိ မြို့စံသခင်၏ နန်းတော်တွင်။
နဂါးကြီးသည် လူရှာဖွေသည့် ကျောက်ပြားကို ကိုင်ဆောင်ထားသည်။ ထိုအကြောင်းကို ထပ်ခါတလဲလဲ စဉ်းစားပြီးနောက် ကလစ်တစ်ချက် နှိပ်ရုံဖြင့် ကျောက်စိမ်းပြားက ကွဲထွက်သွားခဲ့သည်။
"ရှင်းအာ... မင်းမှာ ရေနတ်ပုတီးစေ့ ရှိတော့ မင်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာပါ... မင်း ဒီလမ်းကို ရွေးပြီးပြီ ဆိုမှတော့ မင်းကိုယ်တိုင်ပဲ ဆက်သွားလိုက်ပါတော့"
အလင်းတန်း တစ်ခုနှင့်အတူ လုရွှမ်နှင့် တခြားသူများသည် ပင်လယ်ပြာမြို့ အပြင်ဘက်က မြုံနေသော တောင်တန်းတစ်ခုပေါ်၌ ပေါ်လာခဲ့သည်။
လုရွှမ်မှာ သူ၏ ဝိညာဉ်စွမ်းအား အနည်းငယ် ကုန်ဆုံးသွားတာကြောင့် အနည်းငယ် မူးဝေလာခဲ့သည်။ နတ်သမီးကျင်းဟုန်ကတော့ တည်ငြိမ်နေပြီး သူမ၏ မျက်လုံးများ တောက်လောင်နေသည်။ သူမ ပြောသည့်အတိုင်း သူမ၏ ဝိညာဉ်စွမ်းအားသည် ကြီးမားသော ထိုးနှက်ချက်ထက် အဆပေါင်းများစွာ သာလွန်နေသည်မှာ ထင်ရှားသည်။ မဟုတ်ပါက သူမ ဒီလိုတည်ငြိမ်နေမည် မဟုတ်ပေ။
မင်းသမီးအောင်ရှင်းရဲ့ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားကာ လုရွှမ် သူမကို လျင်မြန်စွာ ထောက်ကူပေးလိုက်သည်။
သူမ ခေါင်းကို ပွတ်သပ်ရင်း ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။
"ဒါက အပြင်လောကလား? ငါ တစ်ခါမှ မရောက်ဖူးဘူး!!"
အော်ရင်း သူမရဲ့ လက်ရာမြောက်တဲ့ နှာတံလေးနဲ့ လေကို ရှူရှိုက်ပြီး လေးလံတဲ့ အနံ့အသက် အနည်းငယ်ကို ယူလိုက်ရာ သူမရဲ့ပုံစံက အရမ်းချစ်စရာကောင်းတဲ့ပုံ ပေါ်နေ၏။
"လေက အရမ်းကောင်းတယ်... စိတ်ဓာတ်ကျစရာ မရှိဘူး... ကောင်းပြီ နင်တို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ငါ သွားပြီ"
ခန္ဓာကိုယ်မှ အလင်းတန်းများ လင်းထိန်သွားကာ ပုံရိပ်က ပျောက်ကွယ်သွားသော်လည်း မကြာမီမှာပင် လုရွှမ်တို့ဘေး၌ ပြန်ပေါ်လာသည်။
ယခင်က သူမရဲ့ ငြိမ်သက်မှုသည် နောက်ဆုံးတွင် ထိတ်လန့်တကြား အရိပ်အမြွက်များ ပြသွားသော်လည်း မာနပို၍ ကြီးသွားကာ သူမလက်ချောင်းများကို လက်သီးဆုပ်လိုက်ကာ သူတို့နှစ်ဦးရှေ့တွင် မီးတောက်တစ်ခု ထွန်းညှိလိုက်သည်။
"ဟမ့်.... ငါသိပြီ နင့်မှာ အစီအစဥ်ရှိနေတာ ကြာပြီ ဟုတ်တယ်မလား? မင်းတို့က ဒီမင်းသမီးကို လှည့်စားချင်နေတယ်ပေါ့ ဝေးသေး!"
"နင်!" အောင်ရှင်းက လုရွှမ်အား လက်ညှိုးထိုးလိုက်သည်။
"နင်က နဂါးလိပ်မင်းသား မဟုတ်ဘူး... အဟမ့် သူက နင့်လောက် ဉာဏ်မမီဘူး နင့်လောက်လည်း သတ္တိလည်း မရှိဘူး... နင် ဘယ်သူလဲ?"
လုရွှမ်လည်း သူဟန်ဆောင်နေတာတွေကို ရပ်တန့်လိုက်ပြီး သူ၏ မူလအသွင်အပြင်သို့ တဖြည်းဖြည်း ပြန်လည် ပြောင်းလဲလိုက်သည်။ ထို့နောက် သူ၏ အသွင်အပြင် ပြောင်းလဲသွားကာ ယခင်နဂါးလိပ် ရောင်ဝါကလည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အောင်ရှင်းရဲ့ မျက်နှာသည် ပြောင်းလဲသွားခြင်း မရှိဘဲ လက်ခုပ်တီးပြီး ပြုံးကာ ပြောလိုက်သည်။
"ကောင်းလိုက်တဲ့ လှည့်ကွက်တွေ... နင်က လူသားမျိုးနွယ်ပဲပေါ့... လူသားမျိုးနွယ်မှာ လှည့်ကွက်တွေ အမျိုးမျိုး ရှိတယ်တဲ့.. ဒါပေမယ့် ဒီမင်းသမီးရဲ့ အမြင်အရတော့ သေးငယ်တဲ့ လှည့်ကွက်တစ်ခုပဲ"
လုရွှမ် အောင်ရှင်းကို ရယ်စရာအဖြစ် ကြည့်နေ၏။ သူမစိတ်ထဲတွင် ကြောက်ရွံ့နေမှန်း သိသာသော်လည်း တမင်တကာ ငြိမ်သက်စွာ ကြည့်နေသည်။
"အောင်ရှင်း မင်း ထပ်ကြိုးစားဖို့ မလိုဘူး.... ငါ ဒီမှာ အစီအရင်တစ်ခု စီစဉ်ထားပြီးပြီ... ကြာကြာခံမှာ မဟုတ်ဘူး ဒါပေမဲ့ မင်းကို ခဏလောက် ထောင်ဖမ်းဖို့တော့ လုံလောက်ပါတယ်"
"အဲ့တော့ ဘာဖြစ်လဲ? ဒီမင်းသမီးလေးမှာ ရေဒြပ်စင် နတ်ပုတီးစေ့ရှိတယ် နင်ငါ့ကို ဘာမှ မလုပ်နိုင်ဘူး... အိုး နင်တို့အားလုံးက ဒီရေနတ်ပုတီးစေ့ အတွက်ပဲ လာကြတာ မဟုတ်လား? အရှက်ကို မရှိဘူး....နင်တို့ ငါ့ကိုသတ်ရင်တောင် ရေဒြပ်စင် နတ်ပုတီးစေ့ကို ပိုင်မှာမဟုတ်ဘူး နတ်ပုတီးစေ့က တိုက်ရိုက် ပျောက်ကွယ်သွားလိမ့်မယ်"
"မယုံရင် စမ်းကြည့်လို့ ရပါတယ်... ဟမ့် ငါ့မှာ ရေဒြပ်စင် နတ်ပုတီးစေ့ ရှိတယ် ဒါကြောင့် ငါ့ကို လုံးဝမသတ်နိုင်ဘူး"
လုရွှမ်သည် သူမမျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်ကို မပြလာတာကြောင့် နတ်သမီးကျင်းဟုန်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။
"အိုး... နင်တို့ မသိဘူးပေါ့... ဒါက ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ရဲ့ ပိုင်ရှင်ကပဲ သိတဲ့ လျှို့ဝှက်ချက်လေ"
"သူ လိမ်နေတာတော့ မဟုတ်လောက်ဘူး!"
လုရွှမ်က ဆို၏။
နတ်သမီးကျင်းဟုန်လည်း သူမ၏ သွားများကို အံကြိတ်နေမိသည်။ ဒြပ်စင်ငါးပါးနတ်ပုတီးစေ့မှာ ဒီလို လက္ခဏာမျိုး ရှိနေတာကို သူမ အမှန်တကယ် မသိလိုက်ပုံရသည်။
"ဒါဆို မင်းသမီးအောင်ရှင်း... ကျေးဇူးပြုပြီး ကျွန်မတစ်ခုလောက် ပြောချင်ပါတယ် မင်းသမီးသာ သဘောတူရင် ဘာလုပ်ရလုပ်ရ ကျွန်မ လုပ်မယ်!"
"ဟားဟား ပြောကြည့်တာပေါ့"
လုရွှမ် နတ်သမီးကျင်းဟုန်အား လက်ကာပြလိုက်သည်။ ဒီမိန်းကလေးရဲ့ လေ့ကျင့်မှုအဆင့်သည် အလွန် မြင့်မားသော်လည်း သူမရဲ့ စိတ်သဘောထားက ကျောက်တုံးအလွတ် တစ်တုံးမျှသာ ဖြစ်သည်။
"မင်းသမီးအောင်ရှင်း မင်းအခု ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ... ဒါတောင် ငါတို့နဲ့ ညှိနှိုင်းလို့ရတုန်းပဲလို့ ထင်နေတာလား?"
"နင်ငါ့ကို လာကစားနေတာလား!"
လုရွှမ်က ရယ်မောလိုက်ပြီး နတ်သမီးကျင်းဟုန်ကို တစ်ချက် ကြည့်လိုက်သည်။
"မင်းသမီးအောင်ရှင်း ငါတို့ ဘာလုပ်နေတယ်လို့ ထင်လဲ?"
နတ်သမီးကျင်းဟုန်ကတော့ တုံ့ဆိုင်းသွားသည်။
"လုရွှမ် ဒီလိုလုပ်တာ မကောင်းဘူး ထင်တယ်နော်?"
"ဘာဖြစ်လဲ? ကြည့်လိုက်... အခု အဆိပ်ငွေ့ကို အဲ့ထဲကို ထိုးသွင်းပြီး ဒီနဂါးလေးကို အရင်ဆုံး အံ့အားသင့်စေရအောင်လေ"
လုရွှမ်က သူ့ခေါင်းကို မော့ပြီး ကောင်းကင်ကို ကြည့်ရင်း ပြောလိုက်သည်။
အပြင်ဘက်တွင် ကျယ်လောင်သော တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာပြီး အငွေ့ အစုလိုက်အပြုံလိုက် ဖောင်းကားစွာ ထွက်လာတာကို တွေ့လိုက်ရသည်။ အနံ့က အလွန်ညှော်ပြီး စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် အောင်ရှင်းမှာ မတတ်နိုင်ဘဲ ချောင်းဆိုးလိုက်ရသည်။
နတ်သမီးကျင်းဟုန်က
"လုရွှမ် ဒီလိုမလုပ်ပါနဲ့... ငါတို့ဘာလို့ စကားကောင်းကောင်း မပြောကြတာလဲ? မင်းသမီးအောင်ရှင်း ကျွန်မ တခြားဘာမှ မတောင်းဆိုပါဘူး အမေ့ဒဏ်ရာကို ရေဒြပ်စင် နတ်ပုတီးစေ့နဲ့ ကုစားနိုင်မယ်လို့ မျှော်လင့်ထားလို့ပါ... ဒီလောက်ဆို မင်းသမီးအတွက် အရမ်းရိုးရှင်းတယ်"
"ကျင်းဟုန် မင်းက သိပ်ကြင်နာတတ်တာပဲ... ငါတို့က ငါတို့ ဘယ်လောက် အစွမ်းထက်ပြီး တချို့အရာတွေကို နာခံမှုရှိရှိ လုပ်ရမယ် ဆိုတာ သူမ သိအောင် ကြောက်သွားအောင် လုပ်ရမှာ.... ဟေး နဂါးအသားက အရသာရှိမယ်လို့ မင်းထင်လား?"
အောင်ရှင်းမှာ ထိတ်လန့်ပြီး ဒေါသတကြီးနဲ့ အော်ဟစ်လာတော့သည်။
"နင်က နတ်ဆိုးလား? နင်ငါ့ကို စားချင်နေတာလား?"
"ဟားဟား မင်းတို့လို ရက်စက်တဲ့ သားရဲတွေကလည်း ကမ်းပေါ်ရောက်ရင် လူတွေကို စားချင်နေတာပဲ မဟုတ်လား? ငါမင်းကို စားလိုက်လို့ ဘာဖြစ်သွားမှာလဲ? နဂါးအသားက အရမ်းအရသာ ရှိတယ်လို့ ကြားဖူးတယ် မင်းက နဂါးထက် နည်းနည်းနိမ့်ပေမယ့် မင်းရဲ့ အသားအရေက နူးညံ့တော့ အသားကလည်း အရသာ ရှိလောက်တယ်"
အောင်ရှင်း အလွန်ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်သွားကာ မုန်းတီးစွာ အော်ငေါက်နေသော်လည်း "လူဆိုး" နှင့် "နတ်ဆိုး" ဟု အဓိပ္ပာယ် ရသော စကားလုံးများစွာကို သူမ နားမလည်ခဲ့ဘဲ ဆက်လက် အော်ဟစ်နေခဲ့သည်။
နတ်သမီးကျင်းဟုန်မှာ သူမကို အမြန် နှစ်သိမ့်ပေးခဲ့သော်လည်း လုရွှမ်ရဲ့ အသံက အနိုင်ယူသွား၏။
"မင်း သတိမေ့မြောနေတဲ့ အချိန်မှာ ရေဒြပ်စင် နတ်ပုတီးစေ့က မင်းကို အကာအကွယ် ပေးနိုင်မယ်လို့ မင်းထင်လား? ဟင်းခတ် အမွှေးအကြိုင်တွေထဲ နှစ်ပြီး ပြုတ်ရင်ပြုတ် နှပ်ရင်နှပ် ဒါမှမဟုတ် ကြော်လိုက်ရင် ဘယ်ဟာက ပိုအရသာရှိမလဲ? ဒါက ဆွေးနွေးလို့ရတဲ့ မေးခွန်းတစ်ခုပဲနော်"
အောင်ရှင်းရဲ့ မျက်နှာမှာ ရွံရှာစက်ဆုပ်သွားပြီး နဖူးက ချွေးအေးများဖြင့် ဖုံးလွှမ်းသွားသည်။ သူမက အလျင်အမြန် အော်လိုက်သည်။
"ဒီကအစ်မ... ကျွန်မ ကူညီမယ်... အစ်မရဲ့ အမေကို ကယ်တင်ပေးမယ် မစားပါနဲ့"
"ဟေး မင်းကိုဘယ်သူက ယုံမှာလဲ? မင်းကို ချက်ပြီးတဲ့အထိ စောင့်လိုက်တာ ပိုကောင်းမယ် ထင်တယ်"
"ငါ ကျိန်ဆိုဖို့ အဆင်သင့်ပါပဲ... ကျွန်မအောင်ရှင်း နဂါးနတ်ဘုရားကို ကျိန်ဆိုပါတယ်... ဒီအစ်မရဲ့အမေကို ကယ်တင်ဖို့ ရေဒြပ်စင် နတ်ပုတီးစေ့ကို အသုံးပြုဖို့ ဆန္ဒရှိပါတယ်... ဒီကတိကို ဖောက်ဖျက်ခဲ့ရင် ကောင်းကင်က လျှပ်စီးကြောင်းတွေကြောင့် အသေဆိုးနဲ့ သေပါစေ!"
အောင်ရှင်း၏ စကားလုံးများသည် လေထဲတွင် စွမ်းအင်တစ်ခု တဖြည်းဖြည်း ခိုင်မာလာပြီး အနီရောင် ပုတီးစေ့လေးများ ဖြစ်သွားသည်။
"အစကတည်းက ပြီးသွားရမှာကို စောစောက ပြောခဲ့တာမဟုတ်ဘူး"
လုရွှမ် ပြောပြီးတဲ့အခါ သူ့လက်ချောင်းတွေကို ဆုပ်ကိုင်လိုက်ရာ ဖောင်းကနဲ အသံနဲ့အတူ အစီအရင် တစ်ခုလုံး ပျောက်ကွယ်သွားပြီး လူသုံးယောက်ရဲ့ နေရာကို ထုတ်ဖော်လိုက်သည်။