← Chapters

၇၂ထပ် ပြီးနောက်

Vol. 60 Ch. 4.409

၇၂ထပ် ပြီးနောက်

Vol. 60 Ch. 4.409

"အစ်ကိုရှောင်အာ့ ဘာဖြစ်တာလဲ? ဆရာတူ ညီမလေး တစ်ခုခု ဖြစ်သွားတာလား?"

လော့ချောင်ထျန်း အလျင်စလို အော်မေးလိုက်သည်။

"သခင်မလေး လျှို့ဝှက်ဆန်းကြယ်တဲ့ ရန်ရွှမ်လှေကား​ပေါ်ကို တက်သွားပြီ"

လော့ချောင်ထျန်းလည်း အငယ်တန်းညီမ ကျင်းဟုန် ဆိုတာကို ရုတ်တရက် သိလိုက်ရပေမယ့် သိပ်မအံ့သြသွားပေ။ တက်သွားတာက လူသုံးယောက် မဟုတ်လား ကျန်တဲ့နှစ်ယောက်က ဘယ်သူတွေလဲ။

"နောက်တစ်ယောက်က စက်ဆုပ်ရွံရှာ စရာကောင်းပြီး အရှက်ကင်းမဲ့တဲ့ ခွေးတစ်ကောင်ပဲ... ငါ့မျက်လုံးတွေက သူ့ဆီက တိုက်ခိုက်ခံလိုက်ရတာကွ! ကျန်တဲ့တစ်ကောင်က နဂါးတစ်ကောင်ပဲ သူ့ခန္ဓာကိုယ်မှာ ရေဒြပ်စင် နတ်ပုတီးစေ့ ရှိတယ်"

လော့ချောင်ထျန်းရဲ့ မျက်လုံးများ ရုတ်တရက် အလွန်အနင်း တောက်ပသွားသည်။ ဒါက အကြီးဆုံး သခင်မလေးရဲ့ တောင်းဆိုချက် ဖြစ်ပြီး ၎င်းက ရေဒြပ်စင် နတ်ပုတီးစေ့ကို ရှာဖွေရန်သာ ဖြစ်သည်။ ဒီအကြံအစည်ကို သူမ ပထမဆုံး ကြားရတဲ့အခါ သခင်မတောင်မှ ကယောင်ကတမ်း ဖြစ်နေပြီး ဒီကိစ္စက ရိုးရိုးရှင်းရှင်း မဖြစ်လာနိုင်ဘူးလို့ ခံစားခဲ့ရသည်။

သူမက ဂိုဏ်းထဲမှာ ပုန်းနေပြီး တစ်ခုခု မှားသွားမှာကို စိုးရိမ်နေတာကြောင့် စိတ်သက်သာရာ ရဖို့အတွက် ရှောင်အာ့ကို ကျင်းဟုန်နောက် လိုက်သွားပေးဖို့ တောင်းဆိုခဲ့သည်။

"လုရွှမ်လို့ ခေါ်တဲ့ အဲဒီလူယုတ်မာက ငါ့ကို သတိလစ်သွားအောင် ရိုက်ခဲ့တာ... ငါ သူတို့​​နောက်ကို လိုက်သွားတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရန်ရွှမ်လှေကားကိုတောင် တက်နေပြီ!"

ရှောင်အာ့က ဒေါသကြီးစွာနဲ့ အော်ဟစ်လိုက်သည်။ လော့ချောင်ထျန်းက သူ့အား စကားအနည်းငယ်ဖြင့် အမြန် နှစ်သိမ့်ပေးလိုက်သည်။

"အစ်ကို ဒါက အစ်ကို့အပြစ် မဟုတ်ပါဘူး... ဆရာတူညီမလေး ကျင်းဟုန်က အရမ်းထက်မြက်တယ်... ဒါကြောင့် တက်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး အန္တရာယ်လည်း မရှိဘူး.... ကျွန်တော်တို့လည်း အရင်က အကြိမ်ပေါင်းများစွာ တက်ခဲ့တာပဲ အန္တရာယ် မရှိဘူးမလား?”

ဆရာတူ ညီအစ်ကို ညီအစ်မများစွာက လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသော်လည်း နှလုံးသားထဲတွင် ကွဲပြားသော သဘောထားများ ရှိခဲ့ကြသည်။ လျှို့ဝှက်ဆန်းကြယ်သော ရန်ရွှမ်လှေကားက အလွန် ထူးဆန်းပါသည်။ သူတို့ ဘာအဖြစ်အပျက်မှ မရှိဘဲ အကြိမ်များစွာ တက်ခဲ့ကြသော်လည်း တစ်ခါတလေ တိုက်ရိုက် ပြုတ်ကျပြီး ကျင့်ကြံမှုပင် လုံးဝ ပျက်စီးသွားခဲ့သည်။

အန္တရာယ် ဟမ့် အဲဒီအန္တရာယ် ဆိုတာကို သွားမထိဘူး ဆိုရင်တော့ ကောင်းတာပေါ့။ ထိရင်တော့ သေပြီပဲ။

လုရွှမ် တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်းပြီး သူ၏ လှုပ်ရှားမှုများသည် နှေးကွေးသော်လည်း တည်ငြိမ်နေသည်။

နတ်သမီးကျင်းဟုန်နဲ့ အောင်ရှင်းတို့က သူ့ကို စွန့်ပစ်ထားတာ ကြာပြီ ဖြစ်သော်လည်း လုရွှမ် ဘာမှ အလျင်စလို မလုပ်ခဲ့ပါဘူး။ ခြေထောက်အောက်က လှေကားထစ်တွေရဲ့ စွမ်းအားကို တိတ်တိတ်ဆိတ်ဆိတ် ခံစားရင်း ပတ်ဝန်းကျင်ရှုခင်းကို ကြည့်လိုက်သည်။

ယခုသေချာနိုင်သည့် တစ်ခုတည်းသော အချက်မှာ သူအခု ဤတောင်ထိပ်တွင် ရှိနေလောက်ပြီ။ ဤတောင်ထွတ်သည် တိမ်ပင်လယ်နယ်မြေရဲ့ နတ်တောင်တန်းရဲ့ အထက်မှာ ရှိနေပြီး အမှန်တကယ် ကြီးကျယ်ခမ်းနားတဲ့ ရှုခင်းသည် အလွန်လှပပြီး ယွမ်ချီအပြည့် ရှိသောကြောင့် ထိုနတ်တောင်တန်းနှင့် ယှဉ်လို့ မရနိုင်ပေ။

ဖိအားများက ဆက်လက် တိုးလာနေသည်။ လုရွှမ်ရဲ့ ခြေလှမ်းများက တည်ငြိမ်နေပြီး ကြီးမားသော ဖိအားသည် သူ့ခန္ဓာကိုယ်ကို လုံးဝမကွေး​စေနိုင်သကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဖြောင့်တန်းထားသည်။

လုရွှမ် ခြေလှမ်း ၇၂လှမ်းကို ဖြတ်လျှောက်ပြီးတာတောင် မသိလိုက်ဘဲ လှည့်ကြည့်လိုက်ရာ သူသည် ရှေးဟောင်းလျှပ်စီးကမ္ဘာမှာ မရှိတော့သလိုတောင် ခံစားလိုက်ရသည်။

ပေပေါင်းသောင်းချီမြင့်တဲ့ စိမ်းလန်း​နေသော သစ်တောတွေနဲ့ ဝန်းရံထားပြီး လှေကားက ကောင်းကင်ကို ဦးတည်နေပုံရ၏။ ဝိညာဉ် စွမ်းအင်များသည် ဖြတ်သန်း စီးဆင်းနေသော အရည်များကဲ့သို့ စုစည်းကာ ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသည့် ကိုးရောင်သက်တံ့တံတားများ အဖြစ် ရှေးခေတ်နှင့် ယခုခေတ်ကာလကို အစီအရီ ဖြတ်သန်းလျက်ရှိသည်။

သက်တံ့တံတားကနေ ဧကရာဇ်မင်းမြတ်လို ဂုဏ်ယူဝံ့ကြွားတဲ့ ပါရမီရှင်တွေဟာ ဒီဘက်ခြမ်းကို လျှောက်လာနေတာကို သူမြင်နေရ၏။ ထို့နောက် ကျောက်လှေကား ထစ်များပေါ်တွင် လူ၊ နတ်ဆိုးများနှင့် သားရဲများ အပါအဝင် ကျောက်လှေကားများပေါ်တွင် တဖြည်းဖြည်း လူပိုများလာသည်။

ကျင့်​ကြံမှုအဆင့် အများစုဟာ သူတော်စင်များထက် မြင့်မားသည်။ အမှန်ပင် မဟာသူတော်စင်ကြီးသည် အဓိကကိုယ်ခန္ဓာတွေနဲ့ လူတွေလည်း ပါသည်။ တတိယအဆင့် သူတော်စင် လုရွှမ်ရဲ့ ​​ခွန်အားမှာ ထိုမဟာ သူတော်စင်တွေကြား အနည်းငယ် ထူးချွန်​နေပုံရသည်။

"ကောင်လေး မင်း သန်မာနေတယ်ပေါ့? မင်းကိုမြင်ရတာ ငါ စိတ်မချမ်းသာဘူး ဆင်းသွားလိုက်တော့!"

ခေါင်းမာတဲ့လူက အော်ဟစ်ပြီး လုရွှမ်ကို လက်သီးနဲ့ ထိုးချလိုက်လေ၏။

လုရွှမ်က အလိုလို ရယ်ချင်ပေမယ့် ခဏကြာတော့ သူ မရယ်နိုင်တော့ပါဘူး။ လှိုင်းထန်တဲ့ လေဟာ အတုမဟုတ်သလို မီးတောက်နေတဲ့ လက်သီးဟာ အရိပ်တစ်ခု မဟုတ်ပေ။ ထိုလူကြီး ပါးစပ်ထဲက တံတွေးတွေဟာ သူ့ဆီကို လွင့်ထွက်လုနီးပါး ဖြစ်နေပြီ။

သူက တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ သူတို့က ဒီမှာ တစ်ယောက်ကို တစ်ယောက် ဘာလို့ တိုက်ခိုက်နေကြတာလဲ။

အံ့သြစရာ မရှိတော့ပါဘူး။ နတ်သမီးကျင်းဟုန်ရဲ့ မိခင် ဒီနေရာကို မတက်ခိုင်းတာဟာ ဒီနေရာဟာ အလွန်အန္တရာယ် များလွန်းလှပေ၏။

လုရွှမ် ခြေလှမ်း အနည်းငယ်ဖြင့် အမြန်ခုန်ပြီး ဘေးသို့ ထွက်သွားသည်။ ထိုလူက ရယ်မောရင်း ပြေးချလာကာ သူ့ကို ထပ်မံ ထိုးကြိတ်​​ပြန်​သည်။

စိတ်လှုပ်ရှားစွာနဲ့ ဝိုင်းကြည့်နေကြ သူတွေကလည်း အများကြီးပါပဲ။

သူတော်စင် တတိယအဆင့်က လျှို့ဝှက်ဆန်းကြယ် ရန်ရွှမ်လှေကားရဲ ၇၂ ထပ်သို့ တက်နိုင်လာတယ် ဆိုတာ ထိုတစ်ယောက်ရဲ့ အရည်အချင်းဟာ သိသိသာသာ ထူးကဲလိမ့်မည်။ ဒီလိုလူတွေက ကျင့်ကြံသူတွေ အချင်းချင်း ရန်သူတွေအဖြစ် ကြီးပြင်းလာလို့ ဘယ်လိုလုပ် လူမသတ်ဘဲ နေပါ့မလဲ။

လုရွှမ် သူ့စိတ်ထဲတွင် အတွေးတစ်ခုဖြင့် မိုးနတ်ဘုရားဓားကို ထုတ်ယူကာ ရန်သူကို တစ်ချက်တည်းဖြင့် အနိုင်ယူလိုခဲ့သည်။ သူ့ပတ်ဝန်းကျင်မှာ သူ့ကို စိုက်ကြည့်နေတဲ့ လူတွေ အများကြီးရှိသည်။ သူဟာ အစွမ်းအစတွေ မပြဘဲ လူတိုင်းကို လွှမ်းမိုးနိုင်ခဲ့ရင် သူမျှော်လင့်နိုင်သမျှ တိုက်ပွဲတစ်ခုက ငြိမ်းချမ်းသွားနိုင်၏။

သို့သော် ဘာမှမထုတ်ခဲ့ချေ။

"ဟေး... မင်းတစ်ခုခုတော့ မလိုချင်ဘူး ဟာဟာ မင်းက ငယ်ငယ်လေးပဲ ရှိပါသေးတယ်...၁၀၈ထပ် မရောက်ခင်အထိ မင်းရဲ့ခန္ဓာကိုယ်ထဲက လျှို့ဝှက်နည်းပညာတွေ၊ လက်နက်တွေနဲ့ ရှားပါးရတနာတွေကို ဘာအကြောင်းနဲ့မှ သုံးလို့ မရဘူး"

ထိုလူက ရယ်မောကာ ကြွက်သားများ ဖောင်းပွလာပြီး လုရွှမ်ကို ထပ်မံ ထိုးကြိတ်လာသည်။ လုရွှမ်ကတော့ လူတိုင်း မျှော်လင့်ထားသလို ထိတ်လန့်နေမည့်အစား သူက တကယ်ကြီး ရယ်မောလိုက်သည်။

"သြော် ဒါဆို ဒီမှာ လက်သီးအကြီးဆုံးက အနိုင်ရသူပေါ့.... ဘယ်သူပဲပြောပြော ဒီစည်းကမ်းကို ငါတော့ အရမ်း ကြိုက်တယ်"

နောက်မဆုတ်သွားဘဲ လုရွှမ်သည် ဤတစ်ကြိမ်တွင် ထိုလူကို မျက်နှာချင်းဆိုင်ရန် ပြေးထွက်သွားခဲ့သည်။ ထိုလူကြီးက သူ့ကို အထင်အမြင်သေးစွာဖြင့် ရိုက်နှက်လာ၏။

"ကောင်လေး မင်းက ယုံကြည်မှု လွန်ကဲနေတာပဲကွ!!"

ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ သူတို့ရဲ့ လက်သီးများ ထိမိသွားသည်နှင့် လူကြီးရဲ့ လက်နှစ်ဖက်မှ ကြွက်သားများဟာ ဂျုံလှိုင်းလုံးများကဲ့သို့ လှုပ်ခါသွားသည်။ ထို့နောက် အော်သံတစ်သံ ထွက်ပေါ်လာကာ လူကြီးသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။

လုရွှမ်ရဲ့ ထိုးချက်ကြောင့် ကျိုးသွားသော လက်များသည် သူ့ခါးတွင် တွဲလောင်းကျနေ၏။ တခဏချင်းမှာပဲ အနီးနားက ခြေလှမ်းပိုင်ရှင်တွေဆီက အပြုံးတွေနဲ့ ကဲ့ရဲ့သံတွေ ရပ်သွား​တော့သည်။

မျက်လုံးဝိုင်းဝိုင်းကြီး တစ်စုံက ပိန်လှီသော လုရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်နေ၏။

ဘန်း!

မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရပြီ။

“တကယ်ကြီး ဟဲလောင်စန်းရဲ့ လက်သီးထက် ပိုအစွမ်းထက်တဲ့ လူတစ်ယောက် ရှိနေတာလားဟ!”

လုရွှမ်သည် ရှေ့တစ်လှမ်း တိုးကာ ဟဲလောင်စန်းရှေ့ ရောက်လာသည်။ ထိုသူက ကျယ်လောင်စွာအော်ပြီး လုရွှမ်ကို အလွန်မိုက်မဲသော ကန်ချက်ဖြင့် ကန်ထုတ်လာသည်။ သူ့ခြေဖဝါးမှာ အမှန်တကယ်ပင် လုရွှမ်ရဲ့ အသက်သွေးကြော နေရာကို တိုက်ရိုက် ထိသွားနိုင်၏။

လုရွှမ် ရယ်မောလိုက်ပြီး သူ့လက်ဖဝါး အရှိန်က ရုတ်တရက် ထိုးတက်လာကာ ဟဲလောင်စန်းရဲ့ လည်ပင်းကို ဖမ်းကိုင်ကာ သူ့ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ဟဲလောင်စန်းခမျာ ပါးစပ်မှ သွေးများ ထွက်ကျလာကာ မျက်နှာပေါ်ရှိ ကြွက်သားများလည်း တုန်ခါနေတာကြောင့် ပြင်းထန်စွာ နာကျင်နေကြောင်း သိသာစေသည်။

"ခွန်အားက နည်းတယ် အရှိန်က နှေးတယ် ဟမ့် ဒါပေမယ့် နှလုံးသားကတော့ ရက်စက်တတ်သားပဲ!"

လုရွှမ်က လှမ်းအော်လိုက်ပြီး သူ့ခြေထောက်ကို မြင့်မြင့်တင်လိုက်ကာ ကလစ်တစ်ချက် နှိပ်ရုံဖြင့် နင်းလိုက်ကာ ဟဲလောင်စန်း အကျယ်ကြီး အော်ဟစ်လိုက်၏။ သူ့ခြေသလုံး ကြွက်သားမှာ လုရွှမ်ရဲ့ ခြေနင်းချက်ကြောင့် ကျိုးသွားခဲ့​ပြီ။

အရင်ကတော့ ဟဲလောင်စန်း မာနကြီး​နေခဲ့​တာကို လူတိုင်း မြင်ခဲ့ကြရာ အခု လုရွှမ်ကတော့ အင်မတန် ရက်စက်တယ်လို့ လူတွေ မြင်လာပြီး ဘယ်သူမှ စကားမပြောရဲကြ​​တော့ပါဘူး။

"မင်းမှာ အရိုး မရှိဘူးလား? ဒီနာကျင်မှုလေးတောင် သည်းမခံနိုင်ဘူး!"

လုရွှမ်က သူ့ကို ထပ်မံ ကန်ထုတ်ခဲ့ပြန်သည်။ ဒီတစ်ကြိမ်မှာတော့ ဟဲလောင်စန်းရဲ့ အသက်သွေးကို တိုက်ရိုက် နင်းချေပစ်လိုက်​ပြီ။

ဟဲလောင်စန်းရဲ့ မျက်လုံးများ ရုတ်တရက် ပြူးထွက်လာကာ ကျွတ်ထွက်လုမတတ်ပင်။ သူ့ပါးစပ်မှာ ရေနွေးပူထဲ ပွက်ပွက်ဆူနေသော ပုဇွန်တစ်ကောင်လို တစ်ကိုယ်လုံး ရံဖန်ရံခါ လှုပ်ခါနေသော်လည်း စကားသံက ထွက်မလာချေ။

လူတွေက ကွဲအက်နေတဲ့ အသံနှစ်ခုကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီဖြစ်လို့ ဟဲလောင်စန်း ဆွံ့အသွားမှန်း သိလိုက်ကြသည်။

"မင်းက မဟာသူတော်စင်ပဲ! ခြေလက်တွေ ကျိုးသွားတယ် ဆိုရင်တောင် မင်း အဲဒါတွေကို ပြန်ကုသနိုင်မှာပဲမလား!"

လုရွှမ် ဟဲလောင်စန်းကို လှေကားထစ်တွေ အတိုင်း လှိမ့်ချပစ်လိုက်သည်။

သူ တခြားလူတွေကို လှည့်ကြည့်လိုက်တော့ သူတို့ရဲ့ မျက်လုံးထဲမှာ အရင်က မောက်မာမှုတွေနဲ့ အထင်အမြင်သေးမှုတွေ မပါဝင်တော့ဘဲ ထိတ်လန့် ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေတော့သည်။

ဒီလူက ရက်စက်တဲ့လူပဲ! သူနဲ့ သွားမရှုပ်တာ အကောင်းဆုံးပဲ!

All Chapters