← Chapters

ကျောက်တုံးလှေကားရဲ့ သည်းထိတ်ရင်ဖိုစရာ

Vol. 60 Ch. 4.410

ကျောက်တုံးလှေကားရဲ့ သည်းထိတ်ရင်ဖိုစရာ

Vol. 60 Ch. 4.410

"ဒီကကျင့်ကြံသူ မင်းကို ဘယ်လိုခေါ်လဲ? ဘယ်ကမ္ဘာငယ်လေးက လာတာလဲ?"

လုရွှမ် ရုတ်တရက် လေပြင်းတစ်ချက်ကို ခံစားလိုက်ရပြီး လူတစ်ယောက် သူ့ဘေးကို ပြေးထွက်လာသည်။ ထိုလူရဲ့ လက်ထဲမှာ ကျောက်ပြားလို တစ်ခုခုနဲ့ နောက်တစ်ဖက်မှာ စုတ်တံ တစ်ချောင်းကို ကိုင်ထားသည်။

သူ၏လက်ဖဝါးများသည် အလွန်ပျော့ပျောင်းပြီး စုတ်တံကလည်း ပျံဝံနေသည်။ လုရွှမ် သူ့ကို သတိပြုမိမှသာ သူ့ပုံသဏ္ဌာန်ကို သူ့စုတ်တံအောက်တွင် ​ရေးဆွဲထားတာ တွေ့လိုက်ရသည်။

အောက်တွင်တော့ သူ့အပေါ် မှတ်ချက်တစ်ခုအဖြစ် ပေါ်ထွက်လာသည့် လက်ရေးစာတန်း တစ်ခုဖြစ်သည်။ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ဇွဲလုံ့လရှိမှု​​​​တို့ ဖြစ်သည်။

"မင်းက ဘယ်သူလဲ?"

လုရွှမ် ရောက်လာတဲ့လူကို အာရုံစိုက်ပြီး မေးလိုက်သည်။ သူက နည်းနည်းတော့ မသေချာပေမယ့် ဒီလူရဲ့ ပုံစံက အရမ်းထူးခြားတယ်လို့ ယောင်ဝါးဝါး ခံစားနေရသလို အရင်က မြင်ဖူးတဲ့ ဝိညာဉ်ခန္ဓာနဲ့ ခပ်ဆင်ဆင် တူပေမယ့် အဲဒီအေးစက်တဲ့ လေတွေတော့ မရှိတော့ပေ။

"ငါက ၃၃၈ လို့ အမည်ပေးထားတဲ့ လျှို့ဝှက်ဆန်းကြယ် ရန်ရွှမ်လှေကားရဲ့ လောကဝိဉာဉ်တွေထဲက တစ်ယောက်ပါ... ဒီကကျင့်ကြံသူရဲ့ နာမည်က ဘယ်လိုခေါ်လဲ? ဘယ်က လာတာလဲ?"

လုရွှမ် တုံ့ဆိုင်းနေသေးသော်လည်း သူ့ဘေးနားမှ တစ်ယောက်ယောက်က ပြောလာခဲ့သည်။

"အစ်ကို အဲဒါကောင်းတယ်ဗျ... မှတ်တမ်းတင်ပြီးရင် မင်းရဲ့ ခြေလှမ်းတွေ အပေါ် မူတည်ပြီး အမှတ်တွေ ရမှာ ပြီးရင် အမှတ်တွေ အဆက်မပြတ် စုဆောင်းနိုင်တယ်... မင်းတောင်ထိပ်ကို ရောက်တဲ့အထိ ခံနိုင်ရည်ရှိရင် အဲဒီကိုရောက်ရင် ရတနာတွေကို ဖလှယ် ယူလို့ရတယ်.... တခြားလူတွေနဲ့လည်း ဖလှယ်နိုင်တယ်"

လောကဝိဉာဉ်က “ဒီကကျင့်ကြံသူ နာမည်က ဘယ်လိုခေါ်လဲ? ဘယ်ကလာတာလဲ?” လို့ ထပ်ပြန်မေးလာပေမယ့် အသံနဲ့ လေသံ အနေအထားက အရင်အတိုင်းပါပဲ။

လုရွှမ်သည် သဘာဝအတိုင်း တုံ့ဆိုင်းမနေတော့ဘဲ

"အိုး လုရွှမ်ပါ... တိမ်ပင်လယ်နယ်မြေက"

လောကဝိညာဥ်သည် ၎င်းကို ကျောက်ပြားပေါ်တွင် တစ်ဖန် မှတ်တမ်းတင်ပြီးနောက် ရုပ်လုံးပေါ်လာ၏။ လုရွှမ် မျက်လုံးများကို လျင်မြန်စွာ လှုပ်ရှား၍ တစ်ချက် ကြည့်လိုက်သည်။

"လုရွှမ်... တိမ်ပင်လယ်နယ်မြေ အသက် ၂၈ နှစ်၊ တတိယအဆင့် သူတော်စင်...ရန်ရွှမ်လှေကား အမှတ် ၁၀၀။ တိရွှမ်လှေကားရဲ့ ပထမထပ် ၇၂ထပ်ကို တက်ခဲ့တဲ့အတွက် ရန်ရွှမ်လှေကားမှာ စုစုပေါင်း အမှတ် ၁၇၂”

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး လေးလေးနက်နက် မထားနေတော့ဘဲ သူ့စိတ်တွေကို ပြန်ရှင်းထုတ်ပြီး အပေါ်ကို ဆက်တက်သွားလိုက်သည်။

လုရွှမ်သည် လုံးဝမတွန့်ဆုတ်ဘဲ ပြတ်ပြတ်သားသား လျှောက်သွားတာကို လူတိုင်း မြင်လိုက်သောအခါတွင် သူတို့၏ အထင်အမြင်သေးမှု အရိပ်အမြွက် ထွက်ပေါ်လာသည်။

လုရွှမ်၏ ခြေလှမ်းများသည် တည်ငြိမ်​နေဆဲ။ မြန်လည်းမမြန် နှေးလည်းမနှေးဘဲ အလျင်စလိုမလုပ်ပေ။ သို့သော် နောက်ကလူများသည် ဖြည်းညှင်းစွာ နောက်သို့ ဆုတ်သွားကြသည်။ လုရွှမ် ပြန်ပျောက်ကွယ် သွားတာကို ကြည့်ကာ သက်ပြင်းချကြသည်။

နောက်ဆုံးတော့ လုရွှမ် ရှေ့ကတက်သွားတဲ့ မိန်းကလေး နှစ်ယောက်ကို ပြန်တွေ့လာရသည်။ နတ်သမီးကျင်းဟုန်နဲ့ အောင်ရှင်းတို့ နှစ်ယောက်စလုံးသည် ရှေ့သို့ နောက်တစ်လှမ်း တိုးလိုက်တိုင်း အချိန်ပိုယူလာရလို့ ခြေလှမ်းများကို အရှိန်လျှော့လိုက်ကြသည်။

သို့သော် မိန်းကလေး နှစ်ယောက်ရဲ့ ခြေရာလက်ရာက တည်ငြိမ်နေဆဲ ဖြစ်ပြီး သူတို့မှာ လုံလောက်တဲ့ ခွန်အားတွေ ရှိနေဆဲဆိုတာ သိသာပါ၏။

မိန်းကလေး နှစ်ယောက်လည်း လုရွှမ်ရဲ့ ရုပ်သွင်ကို မြင်လိုက်​​ကြသည်။ နတ်သမီးကျင်းဟုန်က သူမမျက်နှာပေါ်တွင် လေးမြတ်သည့် ပုံစံရှိသော်လည်း အောင်ရှင်းက ပြင်းထန်စွာ ဟစ်အော်လိုက်သည်။

"အစောကတည်းက လာတက်လို့ ရတာကို အမြီးကြီး ဝံပုလွေလို ဟန်ဆောင်နေသေးတယ်... နင့်​ကို စောင့်နေတာ ကြာပြီ"

လက်ရှိအချိန်တွင် သူတို့တို့သည် အထပ်နှစ်ရာကျော်ကို ရောက်ရှိနေပြီ ဖြစ်ကာ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အရေးအကြီးဆုံး အရာမဟုတ်တော့ပါ။ ဝိညာဉ်စွမ်းအားအပေါ် ဖိအားများက တဖြည်းဖြည်း တိုးလာပြီး ဤနေရာတွင် သက်ရှိသတ္တဝါများ၏ သုံးပုံတစ်ပုံနီးပါးသာ ရှိတော့သည်။

လူတိုင်းရဲ့ ကြားထဲက အကွာအဝေးဟာ များစွာ ကျယ်ပြန့်လာခဲ့သည်။ လှေကားထစ်များသည် ဖြောင့်ဖြောင့်မတက်တော့ဘဲ အနည်းငယ် ကွေ့ကောက်နေသော ကောင်းကင်တံတား တစ်ခုနှင့် တူလာသည်။

သို့သော် နှစ်ဖက်စလုံးတွင် တောင်လမ်းများ မရှိတော့ဘဲ နက်နဲပြီး မမြင်နိုင်သော ချောက်များသာ ရှိသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ရေခိုးရေငွေ့တွေ တက်လာပြီး မြူခိုးတွေက ကျယ်ပြောပေမယ့် သေသေချာချာ နားထောင်ရင် ဘာမှ မကြားရသလို အော်ခေါ်ရင်တောင် အကြောင်း မပြန်နိုင်လောက်ချေ။

ဒီကနေ ပြုတ်ကျပြီးတာနဲ့ ဘာဖြစ်မယ်ဆိုတာ ဘုရားပဲ သိလိမ့်မည်။ အပိုင်းပိုင်း ကွဲသွားမလား? ဘယ်သူသိနိုင်မှာလဲ။

တစ်ယောက်ယောက်ဆီက တိုက်ခိုက်ခံရမှာကို ကြောက်တဲ့အတွက် လူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် ခပ်ဝေးဝေးမှာ နေ​ကြပြီး တစ်ယောက်ယောက်က အနားရောက်လာရင် မတော်တဆမှု မဖြစ်အောင် သူတို့ရဲ့လက်နက်တွေကို ချက်ချင်း ဆွဲထုတ်ကြလိမ့်မည်။

အောင်ရှင်းနဲ့ ကျင်းဟုန်တို့ရဲ့ ကျင့်​ကြံမှုအဆင့်သည် ပျမ်းမျှသာ ဖြစ်သော်လည်း စိတ်ဝိညာဥ် စွမ်းအားက ထက်မြက်သည်။ မိန်းကလေး နှစ်ဦး အတူရှိနေသောကြောင့် လူအများက သူတို့ကို မက်မောစွာ ကြည့်နေကြ၏။ ယခုအချိန်တွင် သူတို့ လုရွှမ်ကို တွေ့လိုက်တော့ ချက်ချင်းပင် အရှိန်အဟုန်က တိုးလာခဲ့သည်။

မိန်းက​လေး နှစ်ယောက်ကို မေးကြည့်တော့ သူတို့လည်း လောကဝိညယဉ်ကို မြင်ပြီး သူတို့နာမည်တွေ ထားခဲ့တာကို သိလိုက်ရသည်။

"အမှတ် ၅၀၀ ကျော် အောင်နိုင်သူတွေက ကျောက်နက် ကျောက်ပြားပေါ်မှာ သူတို့ရဲ့ နာမည်တွေကို ချန်ထားခဲ့ရပြီး ဆန္ဒတစ်ခု ဖြည့်ဆည်းပေးနိုင်မယ်လို့ လူတစ်ယောက် ပြောလိုက်တာ ကြားမိတယ်"

အောင်ရှင်းက စိတ်ဝင်တစားနဲ့ အော်လိုက်တယ်။

နတ်သမီးကျင်းဟုန်က ရှက်ရွံ့စွာ ကြည့်ရင်း

"ဒါက ခက်လောက်တယ်... အမှတ် ၅၀၀ မရခင်မှာ အနည်းဆုံး ကျောက်လှေကား အထပ်ငါးရာလောက် လျှောက်ရမယ် ဒါပေမဲ့ လက်ရှိအနေအထား အရတော့ နည်းနည်း ပင်ပန်းနေပြီလို့ ခံစားရတယ်.... ရှေ့မှာ ပိုခက်လာမယ် ထင်တယ်"

အောင်ရှင်းက မျက်မှောင်ကြုတ်သွားပြီး။

"အစ်မကျင်းဟုန်... အဲ့လိုပြောလို့ မရဘူး... အခက်အခဲတွေက ကြောက်စရာလို့ ထင်ရပေမယ့် တကယ် ဖြေရှင်းလိုက်တဲ့အခါ အဲဒါတွေက လုံးဝ မခက်ပါဘူး"

သူမသည် လုရွှမ်ကို စိုက်ကြည့်ရင်း

"ဥပမာ... ကျွိဟိုင်မြို့ကနေ ငါ့ကို ခေါ်ထုတ်ဖို့ ခက်တယ်မလား? ဒါပေမဲ့ နင်တို့ ဦးနှောက်သုံးလိုက်တော့လည်း အဲ့လောက် မခက်တော့ဘူးလေ"

လုရွှမ်ကတော့ ချွေးတွေ တသီကြီး စီးကျနေပြီ။​ အောင်ရှင်းဆိုတဲ့ ကလေးမကတော့ အကုန်လုံး ပြောပြနေပြန်ပြီ။

"ဒါဆို ဒါတွေအားလုံးက လုရွှမ်ရဲ့ အမှားပဲ... ဘာပဲဖြစ်ဖြစ် သူက ငါတို့ကို ရာဂဏန်း အထပ်အထိ ခေါ်သွားခဲ့တာဆိုတော့ ငါသူ့ကို ခွင့်လွှတ်လိုက်ပါပြီ"

သူမက ဒီကျောက်တုံး လှေကားထစ်တွေရဲ့ အခက်အခဲကို ကောင်းကောင်း သိလာပြီမို့ တခြားသူတွေကို အဲဒီလိုလုပ်ဖို့ အတင်းအကြပ် မခိုင်းချင်ပေ။ လုရွှမ်ကို လှေကားထစ် တစ်ရာအောက် ပြန်ဆင်းတဲ့အခါ ကူညီခိုင်းရင် ခက်ခဲတဲ့အလုပ် ဖြစ်သော်လည်း လှမ်းနိုင်သလောက်ပါပဲ။

လှေကားသုံးရာကို ဖြတ်ကျော်ပြီးနောက် မိန်းကလေး နှစ်ဦးရဲ့ မျက်နှာများသည် ချွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

နတ်သမီးကျင်းဟုန်ရဲ့ ဝိညာဉ်စွမ်းအားသည် အံ့အားသင့်စရာ ကောင်းသော်လည်း သူမ မခံနိုင်တော့ပေ။ သူမ၏ စိတ်ဝိညာဉ်က ဖိစီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အောင်ရှင်းသည် အချိန်အတော်ကြာ ရှင်သန်နိုင်စေရန် သူမရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ရေဒြပ်စင် နတ်ပုတီးစေ့ရဲ့ စွမ်းအားကို အားကိုးအားထား ပြုခဲ့သော်လည်း ခပ်ဝေးဝေး မသွားနိုင်တော့တာ ထင်ရှားလာသည်။

လုရွှမ်သည် လှေကား ထစ်များပေါ်တွင် မတ်တပ်ရပ်လိုက်ပြီ ဖြည်းညှင်းစွာ အသက်ပြင်းပြင်း ရှူကာ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကို ပြန်လည် အားယူစေသည်။

တိရွှမ် လှေကားထစ်များက ထိတ်လန့်မှုက တကယ်ကို ကွက်ကွက်ကွင်းကွင်း ဖြစ်ခဲ့ဖူးသည်။ သေခြင်းတရားရဲ့ အနီးနားကို ရောက်သွားသကဲ့သို့ စိတ်နှလုံး၏ အလုံးစုံကို ထိခိုက်စေသလို အန္တရာယ်ကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရန် လိုအပ်သည်။

ဒီအဖြူရောင် လှေကားထစ်များကို တက်လှမ်းရန်လည်း အလွန်ခက်ခဲပါ၏။ လူများစွာက ဆုတ်ခွာသွားကြပြီး တခြားကျင့်ကြံသူများကို မတွေ့မြင်ရတာ ကြာလှပြီဖြစ်ကာ အရှေ့မှာ အမှောင်အတိ ဖုံးလွှမ်းနေသည်။

"လုရွှမ် ကျေးဇူးပြုပြီး ဆက်လျှောက်ပါတော့ ကျွန်မတို့ ဆက်မထိန်းနိုင်တော့ဘူး"

ကျင်းဟုန်က ပြောလိုက်သည်။ အောင်ရှင်းက တခြားတစ်ခုခုကို ပြောချင်သော်လည်း ကျင်းဟုန်ကို သူမကို ဆွဲထားသည်။

"အနာဂတ်မှာ ရှင့်ရဲ့ အကူအညီကို မလိုအပ်ဘဲ ကျွန်မရဲ့ ကိုယ်ပိုင်ခွန်အားကို အားကိုးပြီး ဒီကိုပြန်လာမှာပါ"

ကျင်းဟုန်ရဲ့ မျက်လုံးများထဲက တည်ငြိမ်ပြီး မြဲမြံသော အကြည့်ကို မြင်လိုက်ရတော့ အောင်ရှင်းလည်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ လူဆိုး​ကြီး... ဆက်ကြိုးစားထား တခြားသူတွေရဲ့ လက်ထဲမှာ မသေသွားစေနဲ့"

ဆိုရိုးစကားအတိုင်း အချိန်ကြာလာသည်နှင့်အမျှ လူအများ၏ နှလုံးသားကို မြင်တွေ့ခဲ့ရသည်။ သူမတို့ မျက်လုံးများထဲက ရိုးသားမှုကို လုရွှမ် ခံစားရသည်။ လုရွှမ်ကို မိန်းကလေး နှစ်ယောက်က လက်ဝှေ့ယမ်း​​ပြကာ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းရင်း တခြားလှေကားထစ် တစ်ခုပေါ်သို့ တက်သွားကြသည်။

ဝိညာဉ်ရေး ကျင့်ကြံမှု လမ်းကြောင်းပေါ် စတင်သောအခါ အထီးကျန်ဆန်မှုကို ကြောက်နေမည်လော။

လျှောက်လှမ်းလေ ကောင်းကင်နှင့် မြေကြီးကြားတွင် ကျောက်လှေကား တစ်ခုသာ ကျန်ရှိကာ ရှေ့မျက်နှာစာသည် အကွေ့အကောက်များ​သော လှေကားထစ်များ ကဲ့သို့ ဖြစ်လာသည်။ ပတ်​ဝန်းကျင်​သည်​ လစ်ဟာနေပြီး အသံလုံးဝ မကြားရတာကြောင့် ဒီလို တိတ်ဆိတ်မှုကလည်း ​ကြောက်​စရာ​ ကောင်း​နေသည်​။

လေမရှိ၊ မိုးမရှိ၊ နေမရှိ၊ နေရောင်မရှိ၊ အမှောင်အကွက်များသာ ရှိသည်။

လုရွှမ်လည်း ဒီလမ်းက အဆုံးမရှိဘူးဟု ခံစားလိုက်ရပြီး သူ့စိတ်က တဖြည်းဖြည်း တိတ်ဆိတ်လာသည်။ အတိတ်က အရာအားလုံးဟာ မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွားခဲ့​ပြီ။ အဲဒါကို ဂရုမစိုက်ချင်သလို ပြန်လည်း မလှည့်ချင်တော့ဘူး။

All Chapters