← Chapters

အောက်ကိုကျခြင်း

Vol. 60 Ch. 4.411

အောက်ကိုကျခြင်း

Vol. 60 Ch. 4.411

သတ်!

လုရွှမ် မိုးနတ်ဘုရားဓားကို ဘယ်အချိန်ကတည်းက ဆွဲထုတ်ပြီး ဓားကို အပေါ်ဘက်သို့ တွန်းတင်လိုက်တယ် မသိ။

အနှစ်သုံးရာကျော် ဖိနှိပ်ခံခဲ့ရတဲ့ သူ့​​နှလုံးသားထဲက အကြမ်းဖက်မှုဟာ နောက်ဆုံးတော့ ဒီအချိန်မှာ ပေါက်ထွက်လာခဲ့သည်။

အချိန်အတော်ကြာ မောပန်းလာပြီးနောက်မှ လုရွှမ် ရပ်တန့်သွားသည်။

ရှေ့က ကွက်လပ်နဲ့ အဆုံးမရှိတဲ့ ကျောက်လှေကားတွေကို ကြည့်ရင်း လုရွှမ် မိုးနတ်ဘုရားဓားကို တိတ်တဆိတ် ဖယ်ပစ်လိုက်သည်။ ကျောက်တုံးလှေကားထစ် တစ်လှမ်းကို နောက်ပြန်လှည့်၍ တိုးတိုးလေး ရွတ်ဆိုနေ၏။

"ကျင့်ကြံသူ​တွေလည်း လူသားတွေရဲ့ ခံစားမှု ခုနစ်ပါးနှင့် ကာမဆန္ဒ ခြောက်ပါးတို့ ရှိကြကုန်တယ်... တပ်မက်ခြင်း ကင်းတဲ့အရာ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ... အရာရာကို စွန့်လွှတ်ပြီး မသေနိုင်တဲ့ ဘဝသို့ လျှောက်လှမ်းချင်ရင် တစ်ယောက်တည်းပဲ သွားရမယ်... ဘာလိုသေးလို့လဲ"

လုရွှမ် ခြေချလိုက်တာနဲ့ ကောင်းကင်နဲ့ မြေကြီးဟာ တောက်ပနေပြီး ပတ်ဝန်းကျင်က တောင်တန်းနဲ့ မြစ်တွေ စိမ်းလန်းနေကာ လယ်ကွင်းတွေရဲ့ မွှေးကြိုင်တဲ့ ရနံ့တွေကိုလည်း ခံစားလိုက်ရသည်။ သူ့ခြေထောက်အောက်မှာ ကျောက်ခြေရာ မရှိဘဲ လှပသော ချိုင့်ဝှမ်းထဲတွင် သူရပ်နေ၏။

"ဒီနေရာက..."

လုရွှမ် ပတ်ပတ်လည်ကို လှည့်ကြည့်တော့ အလွန်တရာမှ သပ်ရပ်နေပြီး လူသားတစ်ယောက်မှ မရှိပုံရသည်။

"လူငယ်လေး မင်း အရမ်းတော်တယ်... နောက်ဆုံးတော့ ငါမလုပ်ဖူးတဲ့ ခြေလှမ်းကို လှမ်းနိုင်သွားခဲ့ပြီ"

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာရာ လုရွှမ်လည်း လျင်မြန်စွာ လှည့်ကြည့်လိုက်ပေမယ့် ထိုနေရာတွင် လူတစ်ယောက်မှ မရှိခဲ့ပေ။

"မင်းက ဘယ်သူလဲ"

လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားက တုန်လှုပ်သွားသော်လည်း စကားပြောသော လူရဲ့ ခြေရာလက်ရာကို ရှာမတွေ့ချေ။

ရယ်မောသံက သူ့နားထဲမှ မြည်နေပုံရသည်။ အသံသည် ပေါ့ပါးသလို ရင်းနှီးနေသလိုနှင့် အသံထဲက တောက်ပမှုဟာ လူများကို အဆုံးမရှိ နူးညံ့သိမ်မွေ့စေသည်။

"ယွီအာ... မင်းလား?" (ယွီရှန်)

မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ လုရွှမ် သူ့ရှေ့က လှပသော ချိုင့်ဝှမ်းကို ကြည့်လိုက်သည်။ ရုတ်တရက် သာမန်မျက်စိဖြင့် ရှင်းရှင်းလင်းလင်း မြင်ရတဲ့အထိ တဖြည်းဖြည်း ပြောင်းလဲ ပျောက်ကွယ်သွားသည်။

လုရွှမ် ခန္ဓာကိုယ်သည်လည်း တုန်လှုပ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးများပေါ်တွင် ရှိနေသေးသည်ကို တွေ့လိုက်ရကာ စတင် နိုးထလာခဲ့သည်။

သူ နောက်ပြန် လှည့်ကြည့်လိုက်ပြီး ခဏလောက်တော့ လုရွှမ်ရဲ့ နောက်ကျောက ချွေးအေးတွေနဲ့ ရွှဲနေခဲ့သည်။ ရှေ့မှာလမ်း မရှိတော့ဘဲ ချောက်ကမ်းပါး တစ်ခုသာ ရှိသည်။ သူမနိုးလာဘဲ ဆက်လျှောက်သွားရင် ချောက်ကမ်းပါးထဲကို ခြေချမိပြီး လဲကျသွားလိမ့်မည်။

အောက်ကို ငုံ့ကြည့်လိုက်တော့ လုရွှမ် သူ့ရဲ့ဘယ်ခြေရပ်နေတဲ့ ကျောက်လှေကားလေးပေါ်မှာ နံပါတ် ၄၉၉ဆိုတဲ့ စာတန်းငယ်ကို တွေ့လိုက်ရပြီးနောက် ကျောက်လှေကားပေါ်မှာ ၅၀၀ ဆိုတဲ့ နံပါတ်က တိတ်တဆိတ် ပေါ်လာ၏။

ဝူး!

လေထုအလယ်မှ နဂါးဟောက်သံ ထွက်ပေါ်လာပြီး လုရွှမ်လည်း အသံ၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ ကြည့်လိုက်သည်။

ဧရာမ နဂါးနက်ကြီးသည် လေထုအား ဖြတ်ကျော် ပျံသန်းကာ သူ့နံဘေးသို့ ပျံသန်းလာနေ၏။ ကျောက်ပြားတစ်ချပ် တိတ်တိတ်ဆိတ်ဆိတ် ပြုတ်ကျလာပြီး လုရွှမ် ၎င်းကို လျင်မြန်စွာ ဖမ်းမိပြီးနောက် ဧရာမနဂါးကြီးရှိရာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကျောက်ပြားပေါ်တွင် သူနှင့် အလွန်ရင်းနှီးသော မျက်နှာတစ်ခု ရှိသည်။ အမှန်တကယ် ယွီရှန်ပင်။ အောက်က အတန်းထဲမှာတော့ ကောင်လေးတစ်ယောက်ဟာ တိမ်ပင်လယ်နယ်မြေက လာပြီးတော့ အခု အလယ်အလတ် ကမ္ဘာမှာ ရောက်ရှိနေပြီ။

စာအရေးအသားက ပေါ်လာပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားကာ အပိုင်းပိုင်း ကွဲထွက်သွားပြီး သူ့ကိုယ်ထဲသို့ ပေါင်းထည့်လိုက်သည်။ ကြည်လင်သော နွေဦးလေပြေလေး သူ့နှလုံးသားထဲ တိုက်ခတ်သွားသလို အကြမ်းဖက်ချင်တဲ့ သဲလွန်စတိုင်း လွင့်စင်သွားသည်။

ကျောက်လှေကားထစ်တွေကို လှမ်းကြည့်လိုက်တော့ ၎င်းတို့က ရိုးရှင်းပြီး လျှို့ဝှက်ဆန်းကြယ်နေသေးတာပဲ။ ရုတ်တရက် သူအရင်ကလို ကြောက်ရွံ့မှု​တွေကို မခံစားရတော့ဘဲ တောင်တန်းတွေ ရေတွေကို ဘာမှ မထူးခြားသလို ကြည့်နေခဲ့သည်။

ငြိမ်သက်​နေသော စိတ်ဖြင့် ကျိုးပဲ့နေသော ကျောက်တုံးကြီးရှေ့တွင် ရုတ်တရက် ပေါ်လာစဥ် သူ့ရှေ့က ချောက်ကမ်းပါးဟာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ ခြေတစ်လှမ်း လှမ်းနေသရွေ့ ကျော်ဖြတ်နိုင်လောက်၏။

လုရွှမ် ရှေ့ကို ဆက်မလှမ်းတော့ဘဲ လှည့်ကာ ငြိမ်သက်စွာ ထွက်သွားခဲ့လေသည်။ ရှေ့ဆက်ရမယ့် လမ်းက ခက်ခဲပြီး အန္တရာယ်များလွန်းသည်။ သူ့ရဲ့လက်ရှိ အင်အားဖြင့် တောက်လျှောက် တက်သွားရန် မလုံလောက်ချေ။

သူ့စိတ်နှလုံးက ရွှင်လန်းမှုအပြည့် ရှိနေပါပြီ။ ယခုအချိန်တွင် အလယ်အလတ် ကမ္ဘာထဲက ဘယ်နေရာမှာ ယွီရှန် ရှိနေပြီလဲ ဆိုတာကို သူ သိလိုက်ပြီ။

အလယ်အလတ် ကမ္ဘာက ဒီနေရာနဲ့ ဝေးနေ​သေးသော်လည်း လုရွှမ် ယခုအခိုက်အတန့်တွင် ယုံကြည်မှုအပြည့် ရှိနေသည်။ အဲဒီ​နေရာနဲ့ ဘယ်လောက်ပဲ ဝေးနေပါစေ သေချာပေါက် ရောက်ကိုရောက်ရမည်။

လုရွှမ်သည် သူ့ခန္ဓာကိုယ်မှာ လင်းထိန်သွားတာကို ခံစားလိုက်ရပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

"လုရွှမ် ပြန်လာနေပြီလား ဒါမှမဟုတ် တစ်ချက်တည်းနဲ့ အရေးကြီးတဲ့ တစ်နေရာကို ရောက်သွားတာလား?"

အောင်ရှင်းမှ မေးလိုက်သည်။ နတ်သမီးကျင်းဟုန်က သူမလည်း မသိကြောင်း ပြောလိုက်သည် ။

"လျှို့ဝှက်ဆန်းကြယ် ရန်ရွှမ်လှေကားက အနည်းဆုံး မဟာသူတော်စင်တွေနဲ့ ကောင်းကင်ဘုံသခင်တွေ လျှောက်လှမ်းနိုင်တဲ့ လမ်းကြောင်းတစ်ခုလို အမေပြောဖူးတယ်.. လုရွှမ်က အံ့သြစရာကောင်းတဲ့ ပါရမီရှင် ဖြစ်နေရင်တောင် ပြီးမြောက်နိုင်မှာ မဟုတ်ဘူး"

အောင်ရှင်းလည်း ဪ ဟုသာ အသံပြုကာ ဆက်မမေးတော့ချေ။

မိန်းကလေး နှစ်ဦးသည် လှေကားထစ်များပေါ်တွင် အချိန်အတော် ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း လုရွှမ် ပြန်လှည့်လာတာကို မတွေ့ခဲ့ရပေ။

"ငါတို့ပြန်သွားလိုက်တာ ပိုကောင်းမယ်... ခဏနေတဲ့အထိ သူပြန်လာမှာ မဟုတ်​သေးဘူး"

မိန်းက​လေး နှစ်ဦးသည် လာရာလမ်းအတိုင်း ပြန်လှည့်သွားကြသည်။ ကျောက်လှေကား ထစ်များအောက်မှ လူတစ်စုသည် ဒေါသအမျက်ထွက်ကာ လှေကားများပေါ်မှ နတ်သမီးကျင်းဟုန်ရဲ့ ရုပ်လွှာ ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ကြရတော့ စိတ်အားထက်သန်စွာ အော်ဟစ်လိုက်ကြသည်။

"ကျုပ်တို့ရဲ့ သခင်မလေးရယ်.... သခင်မ​လေးကို အရမ်းစိတ်ပူနေတာ သိရဲ့လား?"

ရှောင်အာ့က နှာရည်ယိုပြီး မျက်ရည်တွေနဲ့ အော်လိုက်လေ၏။

အောင်ရှင်းက ရွံရှာစွာ မတ်တပ်ထရပ်​နေပြီး နတ်သမီးကျင်းဟုန်ကတော့ လူတိုင်းကို နီရဲ​နေသော မျက်နှာဖြင့် တောင်းပန်လိုက်သည်။

"ဟေ့ လူယုတ်မာလုရွှမ် ဘယ်မှာလဲ?"

ရှောင်အာ့က လုရွှမ် ပျောက်နေကြောင်း ရုတ်တရက် သိလိုက်သည်။ လူသုံးယောက် တက်သွားသော်လည်း နှစ်ယောက်သာ နောက်ပြန် ဆုတ်လာကြသည်။

ရှောင်အာ့က

"လှေကားပေါ်မှာ သေသွားတာလား? ဒါဆို ထိုက်တန်ပါတယ် အဲဒီလူယုတ်မာက သေဖို့ထိုက်တန်တယ်.... သခင်မလေး ကျုပ်သာ အဲဒီလူယုတ်မာရဲ့ အရိုက်မခံခဲ့ရရင် သခင်မလေးတို့ကို လှေကားပေါ် တက်သွားခွင့်ပြုမှာ မဟုတ်ဘူး သခင်မလေးသာ တစ်ခုခုဖြစ်သွားရင် ရှောင်အာ့ သခင်မကြီးကို ဘယ်လို ရှင်းပြရမလဲ"

နတ်သမီးကျင်းဟုန်က ရှောင်အာ့ကို ဘာမှမဖြစ်ပါဘူး ဆိုပြီး အမြန်နှစ်သိမ့်ပေးကာ သူ့အမေကိုတွေ့ဖို့ အမြန် ထွက်သွားလိုက်သည်။ လူတစ်စုသည် တောင်တံခါးပေါ်သို့ အမြန်တက်ကာ ဂိုဏ်းထဲသို့ ဝင်သွားကြသည်။

"ညီမကျင်းဟုန် မင်း ဒီခရီးမှာ ခက်ခဲခဲ့ပါပြီ"

လော့ချောင်ထျန်း နောက်ဆုံးတော့ ကျင်းဟုန်ရှေ့မှာ ရပ်ခွင့်ရခဲ့သည်။

"ဆရာတူအစ်ကိုချောင်ထျန်း အစ်ကို့ကို စိတ်ပူစေမိပါပြီ... ကျွန်မ အမေ့ကို တွေ့ချင်တယ်"

"ဒါပေါ့... ဆရာအ​မေရဲ့ အခြေအနေက ပိုဆိုးလာပါပြီ သူနိုးလာတိုင်း သူခေါ်တဲ့ ပထမဆုံးလူက မင်းပဲ"

အောင်ရှင်း ယခုအခါ လူသားများနှင့် ဆက်ဆံရာတွင် လုံးဝ လွတ်ကင်းသွားပြီ ဖြစ်သည်။ အကြီးတန်း ညီအစ်ကို မောင်နှမများ ဝိုင်းရံထားသော သူမသည် မိခင်၏ အနားယူခန်းထဲသို့ ဝင်သွားကာ အောင်ရှင်းကို တစ်ယောက်တည်း ခန်းမထဲတွင် ထားခဲ့သည်။

အောင်ရှင်းက ကြင်နာတတ်သူ ဖြစ်ပြီး နေ့စဉ်ဘ၀တွင် အရာအားလုံးကို သူ့လက်အောက် ငယ်သားများက ဂရုစိုက်​ပေးသည်။ သူဘာကိုမှ ဂရုမစိုက်ခဲ့ဘဲ အခု သူမပတ်ဝန်းကျင်မှာ အလှဆင်ထားတဲ့ အလှဆင် ပစ္စည်းတွေကို ငေးကြည့်ရင်း အသိစိတ် ဝင်လာတော့ တစ်ယောက်ပဲ ကျန်ခဲ့တာကို သိလိုက်ရ၏။

သို့နှင့် ငြီးငွေ့လာတာကြောင့် သူမ ခန်းမကို ပေါ့ပေါ့ပါးပါး လှည့်ပတ်ကြည့်ရင်း ဆော့ကစားနေလိုက်သည်။

"ဒါက ဂိုဏ်းခေါင်းဆောင်ကသာ သိမ်းပိုက်နိုင်တဲ့ နေရာပဲ... မင်းဘယ်သူပဲ ဖြစ်ဖြစ် မင်းထိုင်နိုင်တဲ့ နေရာ မဟုတ်ဘူး... ဒီကနေ ထွက်သွား!!"

အသံတစ်ခု ကြွေးကြော်ပြီတာနဲ့ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် အင်အားကြီးတစ်ခု ရောက်လာသည်။ အောင်ရှင်းသည် သူမအား ဤနေရာတွင် တစ်စုံတစ်ယောက်မှ ခိုးဝင်တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ပေ။

သူမလုံးဝ မရှောင်နိုင်ခဲ့ပေမဲ့ ကံကောင်းစွာပဲ ရေဒြပ်စင် နတ်ပုတီးစေ့က အလိုအလျောက် ကာကွယ်ပေးခဲ့သည်။ ရေလှိုင်းများ ပျံ့နှံ့သွားပြီး အောင်ရှင်းအား တိုက်ခိုက်လာသော စွမ်းအင်ကို ဟန့်တားထားလိုက်သည်။

ရေလှိုင်းများ တုန်ခါသွားကာ အောင်ရှင်းကို တိုက်ခိုက်လာသူဘက် တိုက်ရိုက် ပြန်ဟပ်သွားသည်။

ထိုလူသည် ပို၍ပင် အံ့အားသင့်သွားကာ လျင်မြန်စွာပင် နောက်ထပ် လက်ဖဝါးဖြင့် ထုလိုက်ရာ သူခွန်အား အရှိန်နှင့်ပင် ရှက်ရွံ့စွာနဲ့ သွေးတစ်လုတ် ထွေးထုတ်ပြီး ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားရ၏။

တိုက်ခိုက်ခဲ့သူမှာ နှင်းဖြူဆံပင်နှင့် မျက်ခုံးမွှေးရှိ အဘိုးအိုတစ်ဦး ဖြစ်ပြီး အသားအရေက မည်းတူချာလန်နေသည်။ သူ၏မျက်ခုံးများသည် အလွန်ကျယ်သော်လည်း မျက်လုံးများက အလွန်ကျဉ်းမြောင်းပြီး အနည်းငယ် မာနကြီးနေပုံရသည်။

ယခုအချိန်တွင် အဘိုးအိုသည် မျက်မှောင်ကြုတ်ထားပေမယ့် ပို၍ပင် ရဲရင့်စွာ ကြည့်နေသည်။

ဘာသာပြန် - အထပ် ၅၀၀မှာ ပေါ်လာတဲ့ လုရွှမ်ရဲ့ဆန္ဒက ယွီရှန် ဘယ်မှာလဲဆိုတာ ဖြစ်မယ်။

All Chapters