အဖမ်းခံလိုက်ရပြီ
Vol. 60 Ch. 4.412
အောင်ရှင်း နောက်ဆုံးတွင် တုံ့ပြန်နိုင်ခဲ့ပြီး အဘိုးအိုကို မကျေနပ်ချက်ဖြင့် ကြည့်လိုက်သည်။ သူ မသိဘူးလေ။ ပေါ့ပေါ့ပါးပါး ထိုင်ပြီး သက်တောင့်သက်သာနဲ့ နေချင်ပေမယ့် တကယ်ကို လေးလံတဲ့ လှည့်ကွက်တစ်ခုကို ကစားခံခဲ့ရတာပဲ။
မုတ်ဆိတ်ဖြူနဲ့ အဘိုးကြီး တစ်ယောက်ကြောင့် အေးချမ်းတဲ့လေထု လုံးဝမရှိတော့ဘူး။
အောင်ရှင်းရဲ့ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး သူမ နှလုံးသားထဲတွင် အော်ဟစ်လိုက်သည်။ ထိုအဘိုးကြီးရဲ့ အရိပ်အယောင်ကို အလွန်ရင်းနှီးနေသလို ခံစားရသည်။ သူသည် သူမအဖေလောက် အစွမ်းထက်တာ မဟုတ်သော်လည်း ကောင်းကင်ဘုံသခင် ဖြစ်တာတော့ သေချာပါသည်။
အဘိုးအိုက အားပါးတရ ရယ်မောရင်း
"ကောင်မလေး... အခုမှ ငါ့ကို ဘယ်လိုကြောက်ရမှန်း သိတယ်ပေါ့ ဟမ့် အခုနက ဘယ်လို ရတနာမျိုးလဲ? ငါ့လက်ဖဝါး စွမ်းအင်ကိုတောင်မှ တန်ပြန် တိုက်ခိုက်နိုင်တယ် ဆိုတော့ အစွမ်းထက်လွန်းတယ်"
အောင်ရှင်း သူမ နှလုံးသားထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်ကာ
"အစ်မကျင်းဟုန် ညီမကို ကူညီပါဦး... မုတ်ဆိတ်ဖြူနဲ့ အဖိုးအိုက ညီမကို အနိုင်ကျင့်ဖို့ ကြိုးစားနေတယ်!!"
အဘိုးအိုက လက်ဖဝါးကို ဝှေ့ယမ်းလိုက်တဲ့အခါ ပတ်ဝန်းကျင် နေရာက ချက်ချင်း အကျဉ်းချပစ်သလို လှောင်ပိတ်သွားတော့သည်။
"အော်လေ.. အသေ အော်ရင်တောင် မင်းအသံကို ဘယ်သူမှ မကြားရဘူး... ပြောစမ်း အဲဒီ မှော်လက်နက်က ဘာလဲ?"
အောင်ရှင်း နှစ်ကြိမ်လောက် ထပ်ခေါ်သော်လည်း တုံ့ပြန်မှု မရှိလာခဲ့ပေ။ သူမ နှုတ်ခမ်းကို ကိုက်ရင်း ရုတ်တရက် သနားစရာကောင်းတဲ့ အကြည့်မျိုး လုပ်လိုက်ကာ
"အဘိုး... ကျွန်မ မှားသွားပါတယ် အဲဒါက တမင်လုပ်တာ မဟုတ်ပါဘူး ထပ်လည်း မလုပ်ရဲတော့ပါဘူး.... အစ်မကျင်းဟုန်ကို ဒီကိုလာဖို့ ခေါ်ပေးပါလား? ဂိုဏ်းဆရာကြီးရဲ့ ဇနီးက မီးအဆိပ် မိနေတယ်တဲ့... ကျွန်မက ကုသပေးဖို့ သူမဖိတ်ကြားခဲ့တဲ့ သူငယ်ချင်းပါ"
အဘိုးအို၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာကာ
"မင်းပြောတာ အခုမှော်လက်နက်က ရေဒြပ်စင် နတ်ပုတီးစေ့ပဲပေါ့... ငါ့ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်တယ်ဆိုတာ အံ့သြစရာ မရှိပါဘူး ကမ္ဘာ့ရတနာ ဖြစ်ထိုက်ပါတယ်!"
သူ့မျက်လုံးများသည် လောဘကြီးသော အလင်းရောင်များ ပြည့်နှက်လာပြီး သူ့လက်ဖဝါးများကို ပွတ်သပ်ရင်း ထူးထူးဆန်းဆန်းကြီး ရယ်မောနေတော့သည်။ သူက လှည့်ကြည့်ကာ လက်ဖဝါးများကို ခြေသည်းများအဖြစ်ပြောင်းကာ အောင်ရှင်းကို လှမ်းဆွဲယူလိုက်၏။
"သွားရအောင်!"
အောင်ရှင်း အော်ဟစ်လိုက်သည်။ သူမ လက်ဖဝါးမှ တောက်ပ ပြင်းထန်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသော ဒီလှိုင်းလုံးကြီးကဲ့သို့ တဟုန်းဟုန်းအော်သံများ ထွက်ပေါ်လာသည်။
ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ လူနှစ်ယောက်၏ ခွန်အားများက အချင်းချင်း ထိမိသွားသည်။
အဘိုးအိုသည် ပါးစပ်မှ သွေးများ ထွက်ကျလာပြီး သူ၏ အနက်ရောင် ပါးပြင်တွင် ရွှေရောင် အရိပ်အမြွက်များ ရှိနေ၏။ အောင်ရှင်းက ပိုဆိုးပါသည်။ သူမကို ရေဒြပ်စင် နတ်ပုတီးစေ့က ကာကွယ်ထားပေမယ့် သူမဟာ မဟာသူတော်စင် ပထမအဆင့်မှာပဲ ရှိပါသေးသည်။
ရေဒြပ်စင် နတ်ပုတီးစေ့က ဘယ်လောက်ပဲ မှော်ဆန်ပြီး အစွမ်းထက်နေပါစေ စွမ်းအားအများကြီး မထုတ်နိုင်သေးပါဘူး။
အဘိုးအို ကောင်းကင်ဘုံသခင်ရဲ့ ထိုးနှက်ချက်ကို အပြည့်အ၀ တွန်းလှန်နိုင်ခဲ့ပြီး စွမ်းအားအများစုကို ခုခံထားနိုင်တာကိုက ကံကောင်းခြင်းတစ်ခု ဖြစ်နေပါပြီ။ သူမ ခန္ဓာကိုယ်သည် အိတ်တစ်လုံးကဲ့သို့ နောက်ပြန် လွင့်ကျသွားကာ ပါးစပ်မှ သွေးများထွက်ကျလာပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။ မတ်တပ်ရပ်ဖို့ ကြိုးစားပေမယ့် နောက်ဆုံးမှာတော့ သူ့မျက်လုံးတွေ ဝေးဝါလာသည်။
အဘိုးအိုက သူ့ပါးစပ်ထောင့်က သွေးတွေကို သုတ်လိုက်ပြီး အောင်ရှင်းကို ရတနာတစ်ခုလို ကြည့်နေသည်။ သူမ၏လက်ကို လှိုင်းလုံးများဖြင့် အလင်းတန်းတစ်ခုက သူမကို လွှမ်းခြုံကာ သူမလက်ကိုတွဲလျက် လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။
တောင်ထိပ်လေး တစ်ခုဆီကို အပြေးအလွှား သွားရင်း အဖိုးအိုက အောင်ရှင်းကို လှဲချလိုက်ပြီး ရေဒြပ်စင် နတ်ပုတီးစေ့ကို ဖမ်းဖို့လုပ်တော့ သူ့အကြည့်တွေ အေးခဲသွားတော့သည်။ ထိုအခိုက်တွင် အောင်ရှင်းရဲ့ ခန္ဓာကိုယ်၌ ဘယ်အချိန်က ရေပုံစံ ချပ်ဝတ်တန်ဆာတစ်ခု ရှိနေမှန်း မသိလိုက်ချေ။ ထိုချပ်ဝတ်တန်ဆာက သူ့တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် ကာကွယ်ပေးထားသည်။
သူ ဘယ်လိုပဲ ဖမ်းဆုပ်ထားပါစေ သူ့လက်ဖဝါးက သမုဒ္ဒရာထဲကို နစ်မြုပ်နေပုံရပြီး ဘာကိုမှ ဖမ်းလို့မရဘဲ ဖြစ်နေသည်။
“ကောင်းပြီ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့က တကယ့်ကို ကောင်းတဲ့ အရာပဲ”
အဘိုးအိုက ဒေါသမထွက်ဘဲ ပိုပို၍ ပျော်ရွှင်လာသည်။
သူ့လက်ဖဝါးကို တင်းတင်းကြပ်ကြပ် လှုပ်ရှားရင်း ရေသုံးပုံ တစ်ပုံလောက်ကို အင်အားသုံး၍ အလွယ်တကူ ဖယ်ရှားပစ်လိုသည်။ သူ့စွမ်းအားကို ၁၀၀% လုံးလုံး အသုံးချလိုက်သော်ငြား ရေအစီအရင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး အဖိုးအို၏ ကြိုးစားအားထုတ်မှုကို အချည်းနှီး ဖြစ်သွားစေသည်။
သို့သော် ရေအစီအရင်ရဲ့ အားကောင်းမှုက အားနည်းသွားကြောင်း သူ လျင်မြန်စွာ သတိပြုလာမိခဲ့သည်။ ရေဒြပ်စင် နတ်ပုတီးစေ့က ဘယ်လောက်ပဲ ပြင်းထန်နေပါစေ စိတ်ရှည်ရှည်နှင့် အကြိမ်အနည်းငယ် ရိုက်လိုက်သမျှ လွင့်ထွက်သွားနိုင်တာ ထင်ရှားပါ၏။
ရွှင်း!
ဓားအလင်းတစ်ချက် ဂူထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
အဘိုးကြီးသည် အောင်ရှင်းကို အလျင်စလို ဝှက်ထားလိုက်သည်။ ဂိုဏ်းချုပ်ကြီးရဲ့ ဇနီးထံမှ အမိန့်ဖြစ်ကြောင်း အသံတစ်သံကို ကြားလိုက်ရကာ လူအားလုံးကို စုရုံးစေခိုင်းနေတာပဲ ဖြစ်လေသည်။
အဘိုးကြီးက ရယ်မောကာ အောင်ရှင်းကို ဂရုတစိုက် ဖွက်ထားလိုက်ပြီး အမြန်ထွက်ခွာသွားခဲ့သည်။
ဂိုဏ်းချုပ်ခန်းမ၌
ဂိုဏ်းချုပ်၏ ထိုင်ခုံနေရာတွင် ထိုင်နေသူမှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်ပြီး အသွင်အပြင်မှာ နတ်သမီးကျင်းဟုန်နဲ့ ၈၀% နီးပါးခန့် တူညီရှိသော်လည်း သူမက ပိုမိုရင့်ကျက်သည်။
သူမသည် ကောင်းကင်အရိပ်ဂိုဏ်းမှ ယခင်ဂိုဏ်းချုပ်၏ ဇနီး ယွင်ယင်မှလွဲ၍ တခြားဘယ်သူမှ မဟုတ်ချေ။
ယခုအခိုက်အတန့်တွင် သူမ မျက်နှာပေါ်တွင် နာမကျန်းဖြစ်နေသော အသွင်အပြင်ကြောင့် သက်လတ်ပိုင်း ထိုအမျိုးသမီး၏ ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းနေသော စွမ်းအင်များမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေပြီဟု ရှင်းရှင်းလင်းလင်း ခံစားလိုက်နိုင်လေသည်။
၎င်းသည် မီးအဆိပ်သင့်ခြင်း၏ လက္ခဏာဖြစ်ပြီး ကောင်းကင်ဘုံသခင် ကျင့်ကြံမှုကြောင့်သာ လုံးလုံးလျားလျား ဖိနှိပ်ထားနိုင်တာ ဖြစ်သည်။ သို့သော် သူမရဲ့ အသွင်အပြင်ကို ကြည့်လိုက်လျှင် သူမသည် သူမရဲ့ အလိုဆန္ဒအတိုင်း မလုပ်ဆောင်နိုင်တော့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားရနိုင်ပေသည်။
အဘိုးအို ရောက်ရှိလာသောအခါတွင် ဂိုဏ်းဝင်အားလုံးနီးပါး ရောက်ရှိနေကြတာကို တွေ့ရကာ ယာယီဂိုဏ်းချုပ်ကို ဂါရဝပြုပြီးနောက် ဘေးတွင် ရပ်လိုက်သည်။
ယာယီဂိုဏ်းချုပ်၏ မျက်နှာသည် သွေးရောင်များဖြင့် နီရဲနေပြီး မျက်လုံးများက လူတိုင်းကို စေ့စေ့စပ်စပ် ကြည့်နေရာ ကျင့်ကြံသူတွေ အားလုံး ထိတ်လန့်သွားကြသည်။
ယာယီဂိုဏ်းချုပ် ယွင်ယင်သည် မီးအဆိပ်သင့်နေပြီ ဖြစ်သော်လည်း သူမခွန်အားကို လျှော့တွက်လို့ မရချေ။ သူမ သေလိမ့်မည်ဟု ရည်မှန်းထားပေမယ့် မပြောသင့်ပေ။ သူမ မကြိုက်လို့ တိုက်ခိုက်လာရင် သေနိုင်လောက်သည်။
"ကျင်းဟုန်က နဂါးငယ်လေး ကိုယ်ပေါ်မှာရှိတဲ့ ရေဒြပ်စင် နတ်ပုတီးစေ့ကို ရှာတွေ့ခဲ့တယ် ဒါပေမဲ့ အခု နဂါးငယ်လေးက ပျောက်နေပြီ သူ့ကို ဘယ်သူက ပြန်ပေးဆွဲသွားတာလဲ? ပြောကြ!"
သူမပြောပြီးသည်နှင့် တစ်ပြိုင်နက် ဂိုဏ်းချုပ်ခန်းမ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။ ကောင်းကင်ဘုံသခင် အဆင့်ရှိ အကြီးအကဲ ရှစ်ယောက်က မယုံနိုင်စွာ ကြည့်နေကြသည်။
ယွင်ယင် သူမနှလုံးသားထဲက လှောင်ရယ်လိုက်သည်။ သူ့သမီး အောင်ရှင်းကို ခြေရာ မခံနိုင်တော့တဲ့အထိ ပျောက်သွားတယ် ဆိုတော့ ဂိုဏ်းထဲမှ အကြီးအကဲများသာ ဖြစ်ရမည်ကို သိလိုက်သည်။
ဒီကောင်တွေက သူမကို သေစေချင်နေတာ ထင်ရှားနေပြီ။
သူမ သမီးကတော့ တကယ်ကို ဒူလှသည်။
သူမသည် သမီးဖြစ်သူရဲ့ လက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ နတ်သမီးကျင်းဟုန်က နောင်တရနေပုံ ရသည်။
သူမအရမ်း တုံးအနေလို့သာ မဟုတ်ရင် အောင်ရှင်း ဘယ်လိုလုပ် အဖမ်းခံရမှာလဲ။ အောင်ရှင်း အခု ဘေးကင်းပါ့မလား။ အမေ့ဒဏ်ရာနဲ့ ပတ်သက်ပြီး သူမ ဘာလုပ်သင့်လဲ။
အကယ်၍ လုရွှမ်သာ ဒီနေရာမှာ ရှိနေခဲ့ပါက သူသည် ဤအရာများအတွက် သေချာပေါက် ဖြေရှင်းပေးနိုင်လိမ့်မည်။
အခု လုရွှမ် ဘယ်များရောက်နေလဲ?
"လောင်ကျို မင်းက နောက်ဆုံး ရောက်လာတဲ့လူပဲ... မင်းသမီးအောင်ရှင်းကို မင်းဖွက်ထွက်ထားတာလား? သူမက နဂါးမျိုးရိုးရဲ့ မင်းသမီးပဲ... ဒါကြောင့် မင်း သူနဲ့ ပတ်သက်ပြီး မလှုပ်ရှားတာ ပိုကောင်းမယ်"
အရင်က မင်းသမီးအောင်ရှင်းကို အနိုင်ယူခဲ့တဲ့ အဘိုးအိုက မည်းမှောင်နေတဲ့ မျက်နှာနဲ့ မတ်တပ်ထရပ်ပြီး သူမမျက်နှာကို မော့ကြည့်ရင်း
"ဆရာတူမအစ်မ ဒီမှာ အငယ်တန်းတွေ အများကြီး ရှိနေတာကို ဘာတွေပြောနေတာလဲ? ကျုပ် လောင်ကျိုက မိန်းမလှလေးတွေကို တော်တော် တပ်မက်တယ် အဲဒီလိုလူကိုတော့ မဆက်ဆံရဲပါဘူး... နဂါးမိန်းကလေးကို ဘယ်လိုလုပ် တပ်မက်ရဲပါ့မလဲ?"
"ဒါ့အပြင် သူမကို ကျုပ်တစ်ခါမှတောင် မမြင်ဖူးတာ ဘယ်လိုလုပ် သူ့ကို စိတ်လှုပ်ရှားမိမှာလဲ?"
နတ်သမီးကျင်းဟုန်က ရုတ်တရက် ထရပ်ပြီး အကြီးအကဲလောင်ကျို ရှေ့မှာ ဦးညွှတ်လိုက်သည်။
"ဦးလေးကျို... အောင်ရှင်းကို တကယ် ဖမ်းထားတာဆိုရင် ကျေးဇူးပြုပြီး ပြန်လွှတ်ပေးပါလား? သမီးအမေရဲ့ ရောဂါကို ကုသဖို့ သူ့ဆီမှာပဲ မျှော်လင့်ချက်ရှိတာပါ... သမီး ငယ်ငယ်တုန်းက ဦးလေးသမီးကို အချစ်ဆုံးပဲမလား? ဒီတစ်ခါတော့ ကူညီပါနော်"
သူမမျက်နှာပေါ်မှ မျက်ရည်များ စီးကျလာခဲ့သည်။ အဘိုးအိုသည် ခဏတာ စိတ်ပျက်လုနီးပါး ဖြစ်သွားပေမယ့် သူက အလျင်အမြန်ဖြင့်။
"လိမ္မာတဲ့ ကျင်းဟုန်လေးရယ်... မငိုနဲ့ မငိုနဲ့ မင်းရဲ့ဦးလေးကျို မှားယွင်းစွပ်စွဲနေပါပြီကွာ!"