← Chapters

လုရွှမ် ပေါ်လာပြီ

Vol. 60 Ch. 4.414

လုရွှမ် ပေါ်လာပြီ

Vol. 60 Ch. 4.414

ရှောင်အာ့သည် သူ့နှလုံးသား၏ အပျော့ပြောင်းဆုံး အစိတ်အပိုင်းက ကွဲအက်ကာ အနံ့ဆိုးထွက်နေသော ရေအိုင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့မလို ခံစားလိုက်ရသည်။

"သခင်မလေး မင်းက သူ့ကို သိပ်ကြိုက်တာပဲလား?"

ရှောင်အာ့က နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း ဒေါသကို ထိန်းဖို့ ခက်ခက်ခဲခဲ ကြိုးစားရင်း သူ့အသံက တုန်ရီလာသည်။

နတ်သမီးကျင်းဟုန်က သေချာ မကြားလိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း လုံးဝ နှုတ်ဆိတ်နေခဲ့သည်။

"သူက သန်မာတယ် ထက်မြက်တယ် ကြင်နာတယ်"

ရှောင်အာ့မှာ သည်းမခံနိုင်တော့တာကြောင့် ရုတ်တရက် နတ်သမီးကျင်းဟုန်ကို လက်တစ်ဖက်နဲ့ လှမ်းဆွဲလိုက်တယ်။

နတ်သမီးကျင်းဟုန်သည် သာမန်သဘာဝ ရှိသော်လည်း သူမ၏ စိတ်ဝိညာဉ် စွမ်းအားင အလွန်ထက်မြက်သည်။ ရှောင်အာ့ လှုပ်ရှားလိုက်တဲ့အခါ ရှောင်အာ့ တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။ သို့သော် သူမရဲ့ ကြင်နာတတ့သော နှလုံးသားသည် တစ်ဖန်ဝင်ရောက် စွက်ဖက်လာပြန်သည်။ သူမသည် တွန်းလှန်ခြင်း မပြုတော့ဘဲ သူမ မျက်နှာကို လှည့်ကြည့်လိုက်တော့

"ရှောင်အာ့ ဘာဖြစ်နေတာလဲ? မျက်နှာက ဘာလို့ အရမ်းနီနေတာလဲ?"

ရှောင်အာ့ စိတ်က ရုတ်တရက် လှုပ်ရှားသွားကာ သူ၏ လက်ဖဝါးများသည် နတ်သမီးကျင်းဟုန်၏ လည်ပင်းကို တိုက်ရိုက် ဖမ်းဆုပ်ရန် ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုမှသာ နတ်သမီးကျင်းဟုန်လည်း ထိတ်လန့်တကြားနဲ့ အော်လိုက်သည်။

"ရှောင်အာ့ ဘာလုပ်နေတာလဲ? မြန်မြန်လွှတ်စမ်း!"

ရှောင်အာ့က ကျယ်လောင်စွာ ရယ်မောပြီး ဒေါသတကြီးလည်း အော်ဟစ်လာခဲ့သည်။

"ဘာလုပ်နေတာလဲ? ငါဘာလုပ်နေတယ်လို့ မင်းထင်လဲ!... မင်းကငါ့အပိုင် အမြဲတမ်း ငါ့ရဲ့အပိုင် ဖြစ်လာမယ့်သူပါ... အခု ငါမင်းကို နမ်းချင်တယ်!"

သူ့လက်ဖဝါးများ တင်းကျပ်လာကာ နတ်သမီးကျင်းဟုန် မလှုပ်ရှားနိုင်တော့ဘဲ သူ၏ပါးစပ်ကြီးသည် နတ်သမီးကျင်းဟုန်ရဲ့ အနီရောင်နှုတ်ခမ်းများကို ရုတ်တရက် နမ်းလိုက်သည်။

"မဟုတ်ဘူး... ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ...."

နတ်သမီးကျင်းဟုန်မှာ ပြင်းပြင်းထန်ထန် ရုန်းကန်သော်လည်း တစ်ဖက်က သူမလည်ပင်းကို ဖမ်းဆုပ်ထားသည်။ သို့သော် သူ၏ ကာယဗလအား ထိန်းထားနိုင်လို့ ကျင်းဟုန် ခွန်အားလုံးဝ မထုတ်နိုင်ခဲ့ပေ။

"အား!"

ရုတ်တရက် အော်သံတစ်ခု ကြားလိုက်ရပြီး ရှောင်အာ့သည် သူ့နှုတ်ခမ်းကို ဖုံးကာ ဘေးဘက်သို့ ခုန်ဆင်းသွားသည်။ သွေးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သော နှုတ်ခမ်းများကို ဂရုတစိုက် ထိလိုက်မိသည်။

ညဘက်တွင် လေပြေလေလွင့်နှင့် အမှီအခိုကင်းသော အသွင်အပြင်သည် ကျောက်လှေကားထစ်များ ပေါ်တွင် မတ်တပ်ရပ်လျက် ရှိသည်။

"အိုး စိတ်မရှည်လွန်းလို့ မိန်းကလေး တစ်ယောက်ကို နမ်းဝံ့တဲ့သူကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ... အံ့သြစရာ အံ့သြစရာပဲ!"

သူ့လက်ဖဝါးထဲတွင် ထူးဆန်းသော အနီရောင် မီးတောက်များ လွင့်ပျံ​နေကာ လောင်မြိုက်နေသော အပူများ ပျံ့နှံ့သွားခဲ့သည်။

"လုရွှမ်!"

ရှောင်အာ့မှာ အံ့သြစွာအော်လိုက်ပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်သည့် အကြည့်များဖြင့် ပြည့်နှက်နေသည်။

"လုရွှမ်!"

နတ်သမီးကျင်းဟုန်က အော်ဟစ်လိုက်ပြီး သူမရဲ့ မျက်နှာမှာလည်း အံ့သြပြီး မယုံနိုင်စရာကို တွေ့လိုက်ရသလိုပင်။

နတ်သမီးကျင်းဟုန်၏ မျက်နှာပေါ်က သစ်တော်သီးပွင့်များ ပြည့်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ရှောင်အာ့ ခြေတစ်လှမ်းမှ မခွာနိုင်ဘဲ ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမရဲ့ ဝမ်းနည်းခြင်းမှ ဝမ်းမြောက်ခြင်းသို့ ကူးပြောင်းသွားတာကို မြင်လိုက်ရတော့ သူ့စိတ်ထဲက ဒေါသတွေ ပြန်လည်ထကြွလာကာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ

"ကောင်းပြီ မင်းမသေသေးဘူးပေါ့လေ အရမ်းကောင်းတယ် ဒါဆို ငါ့လက်ထဲမှာ သေလိုက်တော့! အရိပ်မဲ့ လက်သီး!"

ရှောင်အာ့က အရိပ်အယောင်မရှိဘဲ လေထုကို အေးအေးဆေးဆေး လက်သီးနဲ့ ထိုးချလိုက်လေ၏။

လေထုထဲတွင် လက်သီးတစ်ချက်မှ နှစ်ချက်၊ လေးချက်သို့ ပြောင်းသွားပြီးနောက် ဆက်လက် ကွဲထွက်သွားခဲ့သည်။ ခဏအတွင်းမှာပင် ကောင်းကင်တစ်ခွင်လုံး လက်သီးရိပ်များ ဖြစ်ပေါ်လာပြီး လုရွှမ်ဆီကို ဗုံးကြဲချလိုက်လေသည်။

လုရွှမ်၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ဖြစ်​နေပြီး မျက်လုံးများမှာ မီးတောက်များဖြင့် တောက်လောင်နေသည်။ ကောင်းကင်ယံတွင် မီးတောက်အလင်းမှုန်တွေ တောက်ပနေတာကြောင့် ရှောင်အာ့ ထိုးချက်များ၏ မူလအစကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ဒီလက်သီးတွေက တကယ့် အစစ်အမှန်တွေပဲ။

လက်သီးကို ချက်ချင်း ထိုးလိုက်ချိန်မှာတော့ နိယာမစွမ်းအင်လိုင်းတွေ တောက်ပြီး လက်သီးတစ်လုံးတည်း အဖြစ် ပေါင်းထည့်လိုက်တာဟာ တကယ့်လက်သီးချက်နဲ့ လုံးဝနီးပါးတူပြီး သူ့ရဲ့ စွမ်းအားကလည်း မနည်းချေ။

မရေမတွက်နိုင်သော လက်သီးချက်များက ပြင်းထန်လှသည်။ ရိုက်ခတ်လာတဲ့ လေထုရဲ့ တုန်လှုပ်မှုက အလွန်ပြင်းထန်သဖြင့် တိမ်ပင်လယ်နယ်မြေရှိ မြွေအိုကြီးရဲ့ ထိုးနှက်မှုထက် များစွာ ပိုမိုပြင်းထန်သည်။

လုရွှမ်သည် သူ့အင်အား မပြင်းထန်သောကြောင့် သူ့အား ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲခဲ့ပေ။ ယခု သူ၏ ခွန်အားကို အားကိုးကာ ​ရှောင်အာ့နှင့် ထိပ်တိုက်တွေ့ပြီး အနိုင်ရရန် အခွင့်အလမ်းက နည်းသည်။

ဒါပေမဲ့ ပြင်းပြင်းထန်ထန် ခုခံဖို့ မလိုအပ်ပါဘူး။ အထူးသဖြင့် ကိုယ့်ထက် သန်မာတဲ့သူတွေကို သတ်ချင်ရင် ကိုယ့်မှာ နည်းလမ်းတွေ အများကြီး ရှိထားရမယ်လေ။

"ကျင်းဟုန်! ကောင်းကောင်းလေး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ကြည့်စမ်းပါ!"

လုရွှမ် အော်ဟစ်လိုက်ပြီး ကောင်းကင်က မီးလုံးကြီး ပေါက်ကွဲသွားကာ မီးလုံး​လေးတွေ ဖြစ်သွားပြီး ရှောင်အာ့ကို ထိသွားသည်။

ကျင်းဟုန် အနည်းငယ် အံ့အားသင့်သွားပြီး ရုတ်တရက် လုရွှမ် ဘာပြောနေမှန်း မသိလိုက်ပေ။ ရှောင်အာ့ကတော့ ထိတ်လန့်သွားသည်။ သူ လုရွှမ်ကို အလေးအနက် မထားသော်လည်း နတ်သမီးကျင်းဟုန်ရဲ့ အင်အားကိုတော့ ကောင်းကောင်း သိသည်။

နယ်ပယ်က သူ့လောက် မကောင်းပေမယ့် ခွန်အားက လုံးဝ မပျော့ဘူး။

သူသည် သူ့နောက်ကို အမြန်အာရုံစိုက်ပြီးနောက် နတ်သမီးကျင်းဟုန်က လုံးဝ မလှုပ်မယှက် အဝေးမှာ ရပ်နေတာကို တွေ့လိုက်ရသည်။

ကောင်လေး ကောက်ကျစ်နေကြောင်း သိကာ တိတ်တိတ်လေး ကျိန်ဆဲရင်း မီးတောက်တွေကို ငြှိမ်းသတ်ဖို့ အရိပ်မဲ့ လက်သီးတွေကို ပစ်လွှတ်လိုက်သည်။ မီးတောက်တွေရဲ့ အပူချိန်က ပိုပြင်းလာတာကြောင့် လူကိုယ်တိုင် ရင်မဆိုင်ရဲတော့အောင် ဖြစ်သွားသည်။

လုရွှမ်သည် စိတ်ဝိညာဥ်မီး​တောက်ရဲ့ အဆင့်က နိမ့်နေသေးတဲ့အတွက် တိတ်တဆိတ် စိတ်မကောင်းဖြစ်မိသည်။ မဟာသူတော်စင်နဲ့ ဆက်ဆံရန် အလွန်ဝန်လေး လွန်းလှသည်။

သို့သော် လုရွှမ်သည် ရန်သူများကို ဖျက်ဆီးရန် စိတ်ဝိညာဥ် မီးတောက်ကို အသုံးပြုရန် မတွေးထားခဲ့ပေ။ ရှောင်အာ့ကို လှည့်ကြည့်ရင်း သူက ဓားရှည်ကို ဆွဲထုတ်ပြီး နောက်ပြန် ဝေ့ယမ်းလိုက်သည်။

ဓားရှည်သည် ဘယ်လို သတိပေးချက် ဘယ်လို ဝိညာဉ်စွမ်းအင် တစ်စုံတစ်ရာမှ မရှိဘဲ တခဏချင်း ပွင့်လာသော ပန်းတစ်ပွင့်တစ်ပွင့် သာယာစွာ ပွင့်လာသကဲ့သို့ မသိမသာ လှုပ်ရှားနေသည်။

၎င်းသည် ကောင်းကင် ဓားကိုးစင်းသိုင်းထဲက တတိယဓား ဖြစ်ပြီး ဓားသည် လူကိုယ်တိုင်မပါဘဲ ထွက်လာ​ခြင်း ဖြစ်သည်။

ဒါက ထျန်းဝူမိသားစုရဲ့ ဓားကိုးစင်းသိုင်း အစစ်မဟုတ်ဘဲ ဓားတွေရဲ့ လှုပ်ရှားမှုကို မြင်ပြီးနောက် လုရွှမ် သူ့ဘာသာသူ လေ့လာသင်ယူခဲ့တဲ့ လှုပ်ရှားမှုတစ်ခုပဲ ဖြစ်သည်။ ဒါပေမဲ့ ဓားကိုးချောင်းထက် ပိုရိုးရှင်းပါ၏။

ရှောင်အာ့မှာ ရုတ်တရတ် ရင်တုန်သွားသလိုပင် ခံစားလိုက်ရသည်။ သူ အမြန် လှည့်ကြည့်လိုက်တော့ လုရွှမ် ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲမှာ အံ့သြပြီး သံသယစိတ်တွေလည်း ပေါ်လာ၏။

သို့သော် ရှောင်အာ့မျက်လုံးတွေ မှိတ်သွားခဲ့သည်။ မမြင်နိုင်တဲ့ ဓားတစ်ချောင်းက သူ့ဘဝကို နိဂုံးချုပ်သွားအောင် တိတ်တဆိတ် လုပ်ဆောင်သွားတာကြောင့်ပါပဲ။

ထိုမှပင် နတ်သမီးကျင်းဟုန် သူမကို သတိထားမိသွားသည်။ သူမ အလိုလို အော်လိုက်ချင်ပေမယ့် သူမ ပါးစပ်ကို လက်တစ်ဖက်က လာအုပ်​လေသည်။

"မအော်နဲ့ မဟုတ်ရင် မင်းမြွေကို သတိပေးမိသွားလိမ့်မယ်!"

နတ်သမီးကျင်းဟုန် သူမ၏ နားလည်မှုကို ထုတ်ဖော်ရန် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။ လုရွှမ် သူမကို လွှတ်လိုက်သော်လည်း နတ်သမီးကျင်းဟုန် မျက်နှာတွင် မျက်ရည်များ ပြည့်နေပြီး မျက်လုံးများကလည်း နီရဲ​နေကာ ရှောင်အာ့ရဲ့ ခန္ဓာကိုယ်ဘက်ကို ကြည့်နေလိုက်သည်။

နောက်ဆုံးတော့ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ အတူ ကြီးပြင်းလာခဲ့ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပေမယ့် အခုချိန်မှာတော့ တစ်ဖက်လူက သေဆုံးသွားခဲ့ပါပြီ။ သူ့အစ်ကိုလို့ မှတ်ယူတဲ့ လူမှာ အစီအစဉ်တွေ ရှိ​နေခဲ့တယ် ဆိုတာကို အခုမှသာ သူမ သဘောပေါက်လိုက်သလိုပါပဲ။

ဘယ်သူ့ကိုမှ မယုံကြည်ဖို့ အမေက သူမကို သတိပေးနေခဲ့တာ အံ့သြစရာတော့ မရှိပါဘူး။ သူတို့က တကယ်ကို ယုံကြည်ထိုက်တဲ့ လူတွေမဟုတ်ဘူးပဲ။

သူမရဲ့ ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားပြီး ခဏကြာမှ တုံ့ပြန်လာခဲ့သည်။

"လုရွှမ်... အောင်ရှင်း အဖမ်းခံလိုက်ရပြီ မဟုတ်မှ သူဖမ်းထားတာများလား?"

လုရွှမ်လည်း မျက်မှောင်ကြုတ်သွားသည်။ မထင်မှတ်ပဲ ဒီကိစ္စက သူထင်တာထက် ပိုပြီး မြန်နေတာပဲ။

လုရွှမ် ဒီရှောင်အာ့ အကြောင်း ရှင်းရှင်းလင်းလင်း မြင်ဖူးပြီးသားပါ။ ဒီကမ္ဘာမှာ အကြောင်းပြချက်မရှိဘဲ ချစ်ခြင်းမေတ္တာ ဆိုတာ မရှိလာနိုင်ဘူး။ အရှင်သခင်နဲ့ ကျွန်ကြားက ဆက်ဆံရေးက အရမ်းနီးစပ်တယ်လို့ သူတကယ် ထင်နေပုံပဲ။ ဒါကြောင့် သူ့မှာ အစီအစဥ်တစ်ခု ရှိရမယ် ဆိုရင်တောင် နတ်သမီးကျင်းဟုန်ပဲ ဖြစ်နေမှာ မဟုတ်ဘူးလား။

ရှောင်အာ့က အရည်အချင်း ရှိသူပါပဲ။ ဒါပေမဲ့ ကံမကောင်းစွာပဲ သူ့မှာ ရည်မှန်းချက်ကြီးပြီး အရည်အချင်း မရှိတဲ့အတွက် တန်ပြန် တိုက်စစ်ဆင်ဖို့ ဆုံးဖြတ်သွားခဲ့တယ်။ စိတ်ပျက်မှု၊ ဝမ်းနည်းမှုတွေ၊ ဒေါသတွေကြောင့် လူ့သဘောသဘာဝက တဖြည်းဖြည်းနဲ့ ပုံပျက်ပန်းပျက် ဖြစ်သွားပါလိမ့်မယ်။

လုရွှမ်ကတော့ ရှောင်အာ့ကို အရင်ကတည်းက သဘောကျခဲ့တာ မဟုတ်ပါဘူး။

ရှောင်အာ့က ဝမ်းနည်းနေတဲ့ သူ့နှလုံးသားကို ထုတ်ပြဖို့ သတ္တိရှိခဲ့တာပဲ။ ဂိုဏ်းက အကြပ်အတည်း ဖြစ်နေပေမယ့် အောင်ရှင်း ဖမ်းမိသွားတာကတော့ ဒုက္ခ ဖြစ်လာလိမ့်မယ်။

"ရှောင်အာ့ အဲဒီစွမ်းရည် မရှိသေးပါဘူး... အောင်ရှင်းကို ရေဒြပ်စင် နတ်ပုတီးစေ့က ကာကွယ်ထားတယ်... ကောင်းကင်ဘုံသခင် မဟုတ်ရင် တခြားဘယ်သူမှ သူမကို မထိခိုက်​စေနိုင်ပါဘူး.... မင်းစိတ်မပူပါနဲ့ ငါအောင်ရှင်းမှာ တစ်ခုခု ချန်ထားခဲ့ပြီးသား... သူဘယ်ရောက်နေလဲ ဆိုတာ ငါ ရှင်းရှင်းလင်းလင်း ခံစားရတယ်"

နတ်သမီးကျင်းဟုန်ရဲ့ မျက်လုံးများလည်း တောက်ပလာပြီး

"ဒါဆို မြန်မြန် သွားရအောင်!"

"စိတ်မပူပါနဲ့ မင်းအမေကို အရင်သွားရှာရအောင်"

လုရွှမ်သည် တိမ်ပင်လယ်နယ်မြေက မြွေအိုကြီးနဲ့ ဆက်ဆံရာတွင် ယုံကြည်မှု ရှိခဲ့သည်။ သို့သော် ရှေးဟောင်းလျှပ်စီးကမ္ဘာမှာတော့ လုရွှမ်သည် မဟာသူတော်စင် တစ်ယောက်ကို အနိုင်ယူရန် ၁၀%ပင် ဖြစ်နိုင်​လောက်မည် မဟုတ်ပေ။

All Chapters