← Chapters

ယန်စွမ်းအင်ကောင်းကင်မီး

Vol. 60 Ch. 4.415

ယန်စွမ်းအင်ကောင်းကင်မီး

Vol. 60 Ch. 4.415

"ဟုတ်​တယ်​ ဟုတ်တယ် ​မေ​မေ့ကို အရင်​ရှာ​ရမယ်"

လုရွှမ် ရှောင်အာ့ရဲ့ ခန္ဓာကိုယ်ကို ဖယ်လိုက်ပြီး သူ့ခန္ဓာကိုယ်ရဲ့ အငွေ့အသက်တွေ ပြောင်းလဲကာ ရှောင်အာ့အဖြစ် အသွင်ပြောင်းလိုက်သည်။ နတ်သမီးကျင်းဟုန်ဟာလည်း ​​ရုတ်တရက် အများကြီး ပြောင်းလဲသွားပြီး သူမရဲ့ အတွေးတွေ ပိုသတိထားတဲ့ အသွင်မျိုး ဖြစ်လာ၏။ လုရွှမ်က အရမ်း တော်တယ်လို့ ခံစားမိရင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

လုရွှမ်သည် ပို၍ထက်မြက်သော ရှောင်အာ့ အဖြစ်သို့ ပြောင်းလဲသွားသည်။

လုရွှမ်ရဲ့ သတိပေးချက်အတိုင်း သူတို့နှစ်ဦးသည် ဂိုဏ်း၏ နောက်ဘက် ခြံဝင်းဆီသို့ အဆောတလျင် ပြန်လာကြပြီး ကျင်းဟုန်၏ မိခင်အခန်းထဲသို့ ဝင်သွားကြသည်။

ယွင်ယင်က အနားယူနေပါ​​ပြီ။ အသက်တစ်ထောင် အရွယ်ရှိ အနက်ရောင် ရေခဲသည် လုံလောက်စွာ မထိရောက်သော်လည်း ၎င်းသည် နောက်ဆုံး နည်းလမ်းဖြစ်နေ၏။ မေ့မြောသွားမယ့်အစား လက်ရှိအချိန်မှာ သူမအား နိုးထနိုင်စေရန် အတွက် အခန်းကဏ္ဍ တချို့ကနေ လုပ်ဆောင်​ ပေးနိုင်ပါသေးသည်။

လူနှစ်ယောက် ဝင်လာတာကို မြင်တော့ ယွင်ယင်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး

"ရှောင်အာ့ မင်းဒီအချိန် အတောအတွင်းမှာ အလုပ်တွေ ကြိုးစားခဲ့တာပဲ... လက်ဖက်ရည် တစ်ခွက်​လောက် ငှဲ့ပေးပါ ကျင်းဟုန် ဒီကိုလာပြီး အမေနဲ့စကားပြောမလား?"

ကျင်းဟုန်က ကမန်းကတန်း လျှောက်သွားပေမယ့် လုရွှမ်က အဲ့ဒီ​​နေရာမှာပဲ ရပ်​နေပြီး

"မျှော်လင့်ထားတဲ့အတိုင်း ကောင်းကင်ဘုံသခင်ကိုတော့ ဖုံးကွယ်လို့ မရဘူးပဲ... ကျုပ်က လုရွှမ်ပါ ရှောင်အာ့ကို ကျုပ်နဲ့ကျင်းဟုန် သတ်လိုက်တာ"

လုရွှမ်ရဲ့ အမူအရာက ပြောင်းလဲသွားပြီး သူ့မူလအသွင်အပြင်ကို ပြန်လည် ရောက်ရှိသွားသည်။

ထိုမှသာလျှင် နတ်သမီးကျင်းဟုန်သည် လုရွှမ်ရဲ့ ကိုယ်ပိုင်လက္ခဏာကို မြင်ပြီး သူ့ကို သတ်ပစ်မည်ကို ကြောက်​​​သောကြောင့် သူမ၏မိခင်အား အလျင်အမြန် အော်လိုက်ပြီး အရင်က ဖြစ်ပျက်ခဲ့တာတွေကိုပါ ပြန်ပြောပြလိုက်သည်။

"အမေ သူကလုရွှမ် လူကောင်းပါ"

"သူဟာ မျက်လုံးဖြူ ဝံပုလွေမှန်း ငါသိထားပေမယ့် သမီးကို အခွင့်ကောင်းယူဖို့ အထိပါ သတ္တိရှိနေမယ်လို့ မထင်ထားဘူး... ​​ငါသာ သူ့ကို မခေါ်ထားခဲ့ရင် သူသေတာ ကြာပြီ... အခု သေသွားတော့လည်း ကောင်းတာပဲ"

သူမသည် လုရွှမ်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးလုရွှမ် ကျင်းဟုန်က မင်းအကြောင်း ကောင်းကွက်​တွေ ပြောထားတယ်... မင်းကတကယ်ပဲ ကောင်းကင်ဘုံအထိ မာနကြီးသူ တစ်ယောက်ပဲကိုး... မင်း အခုအချိန်အထိ ပေါ်မလာသေးဘူး ဆိုရင်တော့ ငါမေးမယ်... ရန်ရွှမ်လှေကားရဲ့ အထပ် ၅၀၀ကို ကျော်ပြီးပြီလား"

ရန်ရွှမ်လှေကားသည် ကောင်းကင်အရိပ်ဂိုဏ်း တွင် အမှန်တကယ် တည်ရှိခဲ့ပြီး ဂိုဏ်းက ခေါင်းဆောင်အနေဖြင့် ရန်ရွှမ်လှေကား အကြောင်းကို များစွာ သိထားသည်။

လုရွှမ်လည်း ၎င်းကို ဖုံးကွယ်လိုစိတ် မရှိသဖြင့် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ် ကျုပ်အထပ် ၅၀၀ကို ရောက်ခဲ့တယ်"

"ဒါဆို သခင်လေးလုရွှမ် ဘယ်မေးခွန်းကို မေးခဲ့တာလဲ သိလို့ရမလား"

ထိုစဥ် နတ်သမီးကျင်းဟုန်က ရုတ်တရက် ဝင်ထောက်လိုက်သည်။

"မေမေ ဒါက လုရွှမ်ရဲ့ ကိုယ်ရေးကိုယ်တာမေးခွန်းပါ... သမီးတို့က ဘာလို့ မေးခွန်းတွေ အများကြီး မေးနေရမှာလဲ? အခုမေးရမယ့် အချိန်မရောက်သေးဘူးလေ အောင်ရှင်းကို မြန်မြန်ရှာရအောင် မဟုတ်ဘူးလား?"

ယွင်ယင်က ခေါင်းခါလိုက်ပြီး

"မိန်းကလေး မွေးထားတဲ့ငါက ဘာလို့ မမေးရမှာလဲ?"

လုရွှမ် သူ့နောက်ကျောမှာ ဆံပင်တချို့ ပေါက်လာသလို ခံစားလိုက်ရသည်။ ယောက္ခမက သူ့သားမက်ကို ကြည့်နေသလိုမျိုး အကြည့်တွေက သိပ်ကြည့် မကောင်းပါဘူး။ အရမ်းဆိုးသလိုပဲ ခံစားရသည်။

"လုရွှမ် ငါ့မှာ ​တောင်းဆိုစရာ တစ်ခုရှိတယ် မင်းမှာအဲဒါ ရှိတယ်လို့ ကြားတယ်"

လုရွှမ်သည် အနှစ်တစ်​သောင်း သက်တမ်းရှိ ရေခဲတစ်ခုကို ရှောင်တခင် ထုတ်ယူကာ ယွင်ယင်အား ပေးအပ်လိုက်သည်။ ကျင်းဟုန်မှာ ရှက်ရွံ့စွာဖြင့် ကျေးဇူးတင်စကား ဆို၏။

ယွင်ယင်သည် နှစ်သောင်းချီရေခဲကို စိတ်လှုပ်ရှားစွာ ကိုင်ဆောင်ကာ သူမ၏ ခန္ဓာကိုယ်သည် ချက်ချင်း အေးခဲသွား​စေခဲ့သည်။ အကျိုး သက်ရောက်မှုသည် နှစ်တစ်ထောင် ရေခဲထက် ဆယ်ဆ ပိုပြင်းထန်သည်။

ယွင်ယင်က သက်ပြင်းတစ်ချက်ချကာ ပြုံးလျက် ပြောလာ၏။

"ငါ မီးအဆိပ်မိလာတာ နှစ်တွေအများကြီး ရှိပြီ ဒီနေ့က အသက်သာဆုံးနေ့ပဲ... အနှစ်တစ်သောင်း လောက်ရှိတဲ့ အနက်ရောင် ရေခဲတွေနဲ့ဆို ငါခွန်အားအပြည့်နဲ့ တိုက်ခိုက်နိုင်မှာ သေချာတယ်... ဘယ်သူက သတ္တိကောင်းပြီး ငါ့ရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်ကို ခိုးရဲတာလဲ ကြည့်ရသေးတာပေါ့"

"ဂိုဏ်းချုပ်

"အဒေါ်ယွင်လို့ ခေါ်ပါ!"

လုရွှမ် ခါးသက်သက်ကြီး ပြုံးလိုက်ပြီး

"အဒေါ်ယွင်... အဒေါ် ဘယ်လို မီးအဆိပ် မိခဲ့လဲလို့ မေးချင်ပါတယ်... ပြောရရင် ကျွန်တော်က မီးနဲ့ကစားရတာ ကျွမ်းကျင်တယ်... အဒေါ့်ရဲ့ ဝေဒနာတချို့ကို သက်သာအောင် ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်"

သူစကားပြောနေစဉ်တွင် လက်ဖဝါးများကို ဖွင့်လိုက်ရာ အနီရောင် စိတ်ဝိညာဥ် မီးဘောလုံးတစ်ခု ထွန်းတောက်လာခဲ့သည်။

ယွင်ယင်ရဲ့ မျက်လုံးများ တောက်ပလာသည်။

"ထူးဆန်းမီး စာရင်းထဲက ထိပ်တန်းသုံးမျိုး လက်နက်သန့်စင်မှုရဲ့ အမြင့်ဆုံး မီးလျှံအဖြစ် လူသိများတဲ့ စိတ်ဝိညာဉ်မီးတောက်ပဲ... အရင်က အဘိုးကြီးရွှမ်ဟွမ်က အားကိုးအားထား ပြုတဲ့ ထူးဆန်းမီးတောက်ပဲ! အဲဒါက မင်းကို သခင်အဖြစ် အသိအမှတ်ပြုပြီး အဆင့်၂ကိုတောင် ရောက်သွားပြီ မင်း အရမ်းကံကောင်းတာပဲ"

သူမကအသက် ရှူထုတ်ရင်း လက်ချောင်းကို နှစ်ခါ​လောက် ဝှေ့ယမ်းလိုက်တဲ့အခါ လက်ချောင်းများမှ အဖြူရောင် မီးတောက်တစ်ခု ထွက်လာသည်။

"ဒါကလည်း ထူးဆန်းတဲ့ မီး​တောက်တစ်မျိုးပဲ... ယန်စွမ်းအင် ကောင်းကင်မီးတောက်လို့ ခေါ်တယ်...ထူးဆန်းတဲ့ မီးတောက်စာရင်းမှာ အဆင့်နှစ်ဆယ်နဲ့ နောက်ဆုံးအဆင့်ပဲ"

ယွင်ယင်ရဲ့ အသံတွင် ခါးသက်မှုများ ပါဝင်နေသည်။

"ငါ ယန်ကောင်းကင်မီးတောက်ရဲ့ အဆင့်ကို နောက်ဆုံးအထိ ကြိုးစား ကြည့်ချင်နေခဲ့တာ... သိပ်​မြင့်​နေတာတော့ မဟုတ်ဘူး ဒါပေမဲ့ နောက်ဆုံးတော့ ဆုံးရှုံးမှုကြီးတစ်ခု ရှိနေခဲ့တယ်... ဒီ ယန်ကောင်းကင်မီးတောက်ကို ထိန်းနိုင်တဲ့သူ မရှိသလောက်ပဲ သူက ယန်စွမ်းအင်ရဲ့ အနှစ်သာရကို သူ့ဘာသာသူ စုပ်ယူသွားပြီး အဆင့်၄အထိပဲ တိုးမြှင့်နိုင်ခဲ့တယ်"

အတိတ်ကို ပြန်ကြည့်ရင်း အနည်းငယ် သည်းမခံနိုင်တော့တဲ့ ခံစားချက်နဲ့ ယွင်ယင်က ခေါင်းခါလိုက်ပြီး

"အဲဒီတုန်းက ငါက ကောင်းကင်ဘုံသခင် ပထမအဆင့်ပဲ ရှိသေးတယ်... ကောင်းကင်ဘုံသခင် ဖြစ်ရတာက ကြီးကျယ် ခမ်းနားတယ်လို့ ထင်ခဲ့တယ် ဒါကြောင့် ထူးဆန်းမီးတောက်ရဲ့ စွမ်းအားကို လျှော့တွက်ခဲ့မိတယ်... ငါ့ခန္ဓာကိုယ်ထဲ ထူးဆန်းမီးတောက် ဝင်သွားတဲ့အထိ ရူးရူးမိုက်မိုက် သန့်စင်ခဲ့တာ ရလဒ်အနေနဲ့ ငါ့ရဲ့ ကျင့်​ကြံမှုအဆင့်က မခံမရပ်နိုင် ဖြစ်ပြီး မီးကြောင့် အဆိပ်သင့်ခဲ့တာ... ဒီနှစ်တွေ အတွင်းမှာ ငါအများကြီး ခံစားခဲ့ရပြီးပြီ ရေငတ်ပြေဖို့အတွက် အဆိပ်ကို သောက်နေရသလိုပဲ... ကောင်းကင်ဘုံ သခင်ကို မြှင့်တင်ခဲ့တော့ ယန်ကောင်းကင်မီးတောက်ကပါ နောက်တစ်ဆင့် တက်သွားတယ်"

လုရွှမ်က တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။

ထူးဆန်းမီးတောက်ရဲ့ အရည်အသွေးက မြင့်လေ ပိုင်ရှင်ရဲ့ စွမ်းအားက မြင့်လေပဲ။ ဒါပေမဲ့ ထူးဆန်းမီးတောက်ကို မထိန်းနိုင်ရင်တော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မယ်။ ပိုင်ရှင် သေတဲ့အထိ ထူးဆန်းမီးတောက်က ရှိနေမှာပင်။

အဲဒီလို သေခြင်းတရားက အလွန်ရှည်လျားပြီး ကောင်းမွန်တဲ့ သေခြင်းတရားမျိုး မဟုတ်တာတော့ အသေအချာပါပဲ။

ထူးဆန်း မီး​တောက်သည် ကောင်းကင်နှင့် မြေကြီးတို့၏ ဝိညာဉ်အသိရှိသော သတ္တဝါတစ်မျိုး ဖြစ်သည်။ ၎င်းက အသိအမှတ် မပြုပါက သခင်ဖြစ်သူကို ဆန့်ကျင်ဖို့ ကောင်းကင်နဲ့ မြေကြီးကိုပါ အပြိုင်အဆိုင် လုပ်နေလိမ့်မည်။ သခင်နဲ့ မီးတောက်ကြား ပြိုင်ဆိုင်မှုမျိုးက သာမန်လူတို့ စိတ်ကူးမယဉ်နိုင်သော အရာပဲ ဖြစ်လေသည်။

ယခုဆိုလျှင် ယန်ကောင်းကင်မီးတောက်က အဆင့်၅ကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် ယွင်ယင်သာ ကောင်းကင်ဘုံသခင် အဆင့်၅ကို အောင်မြင်ပါက အဆုံးသတ်က သေခြင်းပဲ ဖြစ်လိမ့်မည်။

"မင်းရဲ့ စိတ်ဝိညာဉ်မီး အဆင့်ကို မြှင့်တင်ဖို့ ယန်ကောင်းကင်မီးကို မျိုချချင်သေးလား?"

လုရွှမ် ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။

"လုပ်ချင်ပါတယ် ဒါပေမဲ့ ရေဒြပ်စင် နတ်ပုတီးစေ့ကို ယူပြီး ယန်ကောင်းကင်မီးတောက်ရဲ့ အဆင့်ကို လျှော့ချဖို့ ကျန်နေသေးတယ်လို့ ကျွန်တော် ထင်တယ်.... တတိယအဆင့် ဆိုရင်တောင် ခံနိုင်ရည် မရှိဘူး စတုတ္ထအဆင့် ပဉ္စမအဆင့်ဆိုရင်တော့... ကျွန်တော် သေခြင်းတရားကို မရှာချင်သေးဘူး"

ယွင်ယင်က ပြုံးလိုက်သည်။

"ထက်မြက်တဲ့ ကောင်လေးပဲ... လုံလောက်တဲ့ အခြေအနေကို မင်းသိသားပဲ... ကောင်းပြီ အောင်ရှင်းကို အရင်သွားရှာရအောင် မင်း... "

"မေမေ လုရွှမ်က အောင်ရှင်း ဘယ်မှာလဲဆိုတာ သိတယ်တဲ့!"

"ငါသာဆိုရင် အောင်ရှင်းဆီမှာ အာရုံခံ စွမ်းအက်တချို့ ထားခဲ့မှာပဲလေ ငါသိတယ်"

ယခု နှစ်သောင်းချီ အနက်ရောင် ရေခဲ ရှိနေသဖြင့် ယွင်ယင်သည် နောက်ဆုံးတွင် သူ၏ ခွန်အားကို အပြည့်အဝ အသုံးချနိုင်ခဲ့သည်။ ကောင်းကင်ဘုံသခင် အဆင့်၄ ခွန်အားကို ထုတ်လွှတ်လိုက်တာနဲ့ တပြိုင်နက် လုရွှမ်နဲ့ နတ်သမီးကျင်းဟုန်တို့မှာ ကမ္ဘာကြီး ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

တောင်ကြီးတစ်ခု ရှေ့တွင် ပေါ်လာတဲ့အခိုက် လုရွှမ်က ဦးတည်တစ်ခုဘက်ကို ညွှန်ပြလိုက်သည်။

"မေမေ ဒါက ဦးလေးကျိုရဲ့ လှိုဏ်ဂူပဲ!"

နတ်သမီးကျင်းဟုန်မှာ မယုံနိုင်အောင် ဖြစ်သွားတော့သည်။ ယွင်ယင်က ကဲ့ရဲ့ရှုံ့ချတဲ့ အသံကို ထုတ်လွှတ်လာခဲ့၏။

"ဒီလူတွေရဲ့ အပြုအမူကို သမီး မြင်ပြီမလား? သူတို့ မျက်နှာရှေ့မှာ တစ်ခုခုကို ပြသထားရင်တောင် ကွယ်ရာမှာ ဆန့်ကျင်ဘက်တွေ လိုက်လုပ်တတ်ကြတယ်... သူတို့က သစ္စာဖောက် ဒါမှမဟုတ်ရင် သူခိုးပဲ ငါလောင်ကျိုကို သံသယဝင်နေတာ ကြာပြီ... ဘယ်လို ကျေးဇူးတင်ရမှန်း မသိတဲ့ မျက်လုံးဖြူ ဝံပုလွေကောင်!”

ယွင်ယင် သူ့လက်များကို ထပ်မံ ဝှေ့ယမ်းလိုက်တဲ့အခါ သုံးယောက်သား ဂူထဲ၌ ပေါ်လာခဲ့သည်။ ဂူထဲမှာတော့ အဘိုးကြီး တစ်ယောက်က အောင်ရှင်းကို တိုက်ခိုက်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသည်။

အောင်ရှင်း ခန္ဓာကိုယ်ပေါ်က ရေအစီအရင်ဟာ တုန်ခါနေပြီး ကွဲအက်တော့မည်။

"ဘယ်သူလဲ? ဟင် မရီး! ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ?"

လောင်ကျိုက အော်ပြီး လှည့်ထွက် ပြေးသွားခဲ့သည်။

"ဟမ့် ပြေးမယ်ပေါ့ နေစမ်းပါဦး!"

ယွင်ယင်က ဆိုလိုက်ပြီး သူမလက်ဖဝါးကို လှမ်းကြည့်လိုက်တဲ့အခါ အလင်းတန်းက မြင်းတစ်ကောင်လို ပြေးထွက်သွားသည်။ လောင်ကျိုလည်း ထိတ်လန့်သွားပြီး အထိတ်တလန့်နဲ့ အော်လိုက်၏။

"ပေါက်ကွဲတော့!"

သို့သော် ပတ်ဝန်းကျင် တစ်ခုလုံးမှာ အရာအားလုံးက တိတ်ဆိတ်နေပြီး ပေါက်ကွဲသံ လုံးဝမရှိပေ။ ထိုအခိုက် ယွင်ယင်က တိုးတိုးလေး ဟစ်အော်လိုက်သည်။

"လောင်ကျို မင်းဒါကို ရှာနေတာလား?"

All Chapters