ပျက်စီးခြင်း နွယ်ပင်
Vol. 60 Ch. 4.417
ယွင်ယင်သည် စိတ်ဝိညာဉ် စွမ်းအင်စီးကြောင်းကို ပစ်လွှတ်လိုက်ပြီး လောင်ကျိုရဲ့ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားစေခဲ့သည်။
လောင်ကျိုသည် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးပြီးမှသာ နောက်ဆုံးတွင် စကားပြောနိုင်ခဲ့သည်။
"လောင်ကျို လူတိုင်းရှေ့မှာ ငါ့ကိုပြောပါ... မင်းဘာလို့ ဒီလိုလုပ်တာလဲ"
ယွင်ယင်ရဲ့ လှုပ်ရှားမှုက အကြီးအကဲ အားလုံးကို ရုတ်တရက် ထိတ်လန့်သွားသည်။ သူတို့အားလုံးသည် လှည့်စားသူများ ဖြစ်ကြသော်လည်း ဤအခိုက်အတန့်တွင် ထိတ်လန့်စွာ ကြည့်နေကြရသည်။
လောင်ကျိုကို ပြောခိုင်းမယ်။ ကိုက်တတ်တဲ့ ခွေးဖြစ်အောင် လုပ်လိုက်မှတော့ သူတို့ကိုပါ ဖော်ထုတ်လိုက်ရင် ဘာဖြစ်သွားမလဲ။
လုရွှမ် မထိန်းနိုင်ဘဲ ယွင်ယင်ကို မော့ကြည့်လိုက်သည်။ နည်းနည်း မြန်လွန်းတယ် မဟုတ်လား?
လောင်ကျိုက ရယ်မောလိုက်ပြီး မတ်တတ် ထရပ်လိုက်သည်။ တခြားအကြီးအကဲ ခုနစ်ယောက်ရဲ့ မျက်နှာများလည်း ပျက်ရွံ့လာကာ တစ်ယောက်ကို တစ်ယောက် ကြည့်လာ၏။ လောင်ကျိုက ပြုံးလျက် ပြောလိုက်သည်။
"ယွင်ယင် မင်း ဘာလုပ်ချင်နေတာလဲ? ဟားဟား ငါလောင်ကျိုကို သုံးပြီး ဒီကိစ္စကို ပြေလည်စေချင်တယ်ပေါ့... ဟုတ်ပြီ သူတို့အားလုံး ပါဝင်နေတယ် ဆိုရင် မင်းဘာလုပ်နိုင်မှာလဲ? မင်းတစ်ယောက်တည်းနဲ့ ငါတို့ရှစ်ယောက်ကို ယှဉ်နိုင်မယ်လို့ မင်းထင်နေတာလား?"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် အကြီးအကဲ ခုနစ်ဦးသည် တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးစွာ ကြည့်နေကြသည်။ လောင်ကျို ပြောစကားက အမှန်ပဲ ဖြစ်၏။ သူတို့တကယ် စည်းလုံးညီညွတ်ပါက ယွင်ယင်ရဲ့ စွမ်းအားက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ သူတို့ကို မနိုင်လောက်ချေ။
ယွင်ယင်က သက်ပြင်းချရင်း
"လောက်ကျို မင်းငါ့ကို အရမ်းစိတ်ပျက်စေတယ်"
လုရွှမ်သည် သူ့စိတ်ထဲတွင် ရုတ်တရက် သဘောပေါက်သွား၏။ သူမသည် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင် ဖြစ်ထိုက်သူ ဖြစ်ပြီး အမှန်တကယ် တွက်ဆတတ်သည်။ ယွင်ယင်သည် သူမ၏အာဏာကို ထူထောင်ခဲ့ပြီး နောက်ပိုင်းတွင် သီလရှိသူ ဖြစ်လာခဲ့ပုံရသည်။
ထိုအခိုက် လောင်ကျိုက အော်လိုက်သည်။
"ဟန်ဆောင်မနေပါနဲ့ ညီအစ်ကိုတို့ မင်းတို့အားလုံးလည်း သူ့အုပ်စိုးမှုကို အကြာကြီး ငြီးငွေ့နေကြပြီ မဟုတ်ဘူးလား? အခု သူမကို ဖြုတ်ချဖို့ အတူတူ ပူးပေါင်းလုပ်ဆောင်ရမယ့် အချိန်ရောက်နေပါပြီ.. မင်းတို့ဘာကို စောင့်နေတာလဲ? ငါ့လိုမျိုး တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ထုတ်ခံမလို့လား?"
"ဒီကလေးမလေးကို ဖုံးကွယ်ထားခဲ့တာ ငါတစ်ယောက်တည်းပဲလို့ မင်းတကယ် ထင်နေတာလား? ဟမ့် ငါ့ကို အပြစ်ပေးဖို့ ကြိုးပမ်းနေတာ ကိစ္စမရှိပါဘူး.... စုန်းမကြီးက ငါတို့ကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူဖို့ ဒီအဖြစ်အပျက်ကို သုံးချင်နေတာ ထင်ရှားတယ်"
"ဒီနေ့ မင်းတို့ငါ့ကို အပြစ်တင်လို့ ရပေမယ့် မနက်ဖြန်ဆို မင်းတို့ပဲ ဖြစ်သွားလိမ့်မယ်"
လုရွှမ် သွေးတစ်လုတ်ကို ထွေးထုတ်မိလုနီးပါးပင်။ အရည်အချင်း ရှိသူကသာ ဒီအရာအားလုံးကို ပြောနိုင်သူပဲ။
ယွင်ယင် ကျယ်လောင်စွာ ရယ်မောကာ လောင်ကျိုရဲ့ အသံကို လုံး၀ ထိန်းထားနိုင်ခဲ့သည်။
"မင်းရဲ့အမှားကို ဝန်ခံဖို့ အခွင့်အရေး ပေးလိုက်ရုံနဲ့ မင်းကို ဒီအတိုင်း ထားထားပါ... လူတိုင်းရှေ့မှာ အရင်က ခင်မင်ရင်းနှီးမှုကို ထောက်ပြီး မင်းအမှားကို ဝန်ခံသရွေ့တော့ ငါခွင့်လွှတ်မယ်... နောက်ဆုံးတော့ မင်းက ငါ့လက်အောက်မှာ ကြီးပြင်းလာတဲ့ လူပဲလေ.. ငယ်ငယ်ကတည်းက မင်းကို ငါ့မောင်လေးလို သဘောထားတာ ဒါပေမဲ့ မင်းက တကယ်ကို မသိနားမလည်တဲ့ မျက်လုံးဖြူ ဝံပုလွေတစ်ကောင် ဖြစ်နေတာပဲ"
လောင်ကျို ခဏမျှ အေးခဲသွားပြီး မယုံချင်သလို ကြည့်နေမိသည်။
"ဟားဟား ဒီက အကြီးအကဲလောင်ကျို ဂိုဏ်းချုပ်ယွင်ယင်မှာ အကြံအစည်ကောင်း ရှိမယ်ဆိုတာ အာမခံပါတယ်"
လုရွှမ် မတ်တပ်ထရပ်ပြီး လူကြီးတွေဘက်ကို လက်ဆုပ်လျက် ဦးညွှတ်လိုက်သည်။
ယွင်ယင်ရဲ့ အစီအစဥ်ကို ယခုသူတို့ သိပြီးဖြစ်သော်လည်း ဘယ်လိုပဲပြောပြော ယုံကြည် ကိုးစားမှုလောက် မလုံလောက်ပေ။ တခြားသူများကို ကြည့်ခြင်းအားဖြင့် သူတို့ကို သက်သေအဖြစ် မှတ်ယူနိုင်သည်။ ဂိုဏ်းခေါင်းဆောင် တစ်ဦးအနေဖြင့် ယွင်ယင်သည်လည်း သဘာဝကျကျ မျက်နှာသာ ရှိထားရမည်။
"ကျုပ်က လုရွှမ်ပါ... ခင်ဗျားတို့အားလုံး ကောင်းကင်ဘုံသခင်တွေ ကျုပ်နာမည်ကို ကြားဖူးကြမှာပါ... ဒါက နဂါးမျိုးနွယ်ရဲ့ မင်းသမီးလေး အောင်ရှင်း... ဂိုဏ်းချုပ်ယွင်ယင်ရဲ့ မီးအဆိပ်ကို ဖယ်ရှားဖို့ ဒီတစ်ခေါက် လာခဲ့ဖို့ ဖိတ်ခေါ်လိုက်တာပါ"
ကောင်းကင်ဘုံသခင် တော်တော်များများလည်း နှုတ်ခွန်းဆက်စကား ဖလှယ်ကြပြီး သူတို့ရဲ့ အမူအရာတွေလည်း တော်တော် ပျော့ပြောင်းသွားကြသည်။ တိုက်ပွဲကို ရှောင်နိုင်ရင် အကောင်းဆုံးပဲလေ။ ဘယ်သူက ပြင်းပြင်းထန်ထန် ရန်ဖြစ်ချင်မှာလဲ?
ဒါတင်မကသေးပါဘူး။ ဒါက သူတို့ရဲ့ဂိုဏ်းပဲလေ။ တကယ်လို့ ထချလိုက်ရင် လောကကို ဘယ်လို မျက်နှာပြတော့မလဲ။
လုရွှမ် လောင်ကျိုဆီကို လျှောက်လာပြီး
"အကြီးအကဲလောင်ကျို... ကျုပ်က ဆေးပညာ ကျွမ်းကျင်မှုအကြောင်း နည်းနည်းတော့ သိတယ် ခင်ဗျားရဲ့ ယွမ်ချီတွေ လျော့ကျသွားတာကို ကျုပ်မြင်ရတယ်...ခင်ဗျားရဲ့ အသက်စွမ်းအင်ကို နတ်ဆိုးအပင် တစ်ပင်က စုပ်ယူသွားတာ ဖြစ်မယ်ထင်တယ် ဟုတ်တယ်မလား?"
လောင်ကျိုက ဟမ့်ကနဲ ဟစ်အော်လိုက်သော်လည်း ပြန်မဖြေချေ။ လောင်ကျို ဒဏ်ရာရသွားတာကို သူတို့သိပေမယ့် ယွင်ယင် သိမလား ဆိုတာတော့ မသေချာပါဘူး။
"အဲဒီအပင်ကို ပျက်စီးခြင်း နွယ်ပင်လို့ ခေါ်တယ်... အဲဒါက ဘာကိုဆိုလိုတာလဲ? သဘောက ဘယ်သွားသွား အရာအားလုံး ပျက်စီးသွားမှာပဲတဲ့ ဒါပေါ့ တခြား နာမည်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်... အရင်က ကြုံဖူးလို့ ငါကိုယ်တိုင်ပဲ နာမည်ပေးခဲ့တာ"
လောင်ကျို နောက်ဆုံးတွင် ခေါင်းကို မော့ကာ လုရွှမ်ကို ကြည့်လာ၏။
"မင်း မင်း မင်းက သူတော်စင် နယ်ပယ်ပဲ ရှိသေးတာကို ဘယ်လိုလုပ် လွတ်မြောက်လာခဲ့တာလဲ?"
ဒါက လုရွှမ်ရဲ့ စကားများကို ထောက်ခံလိုက်သလိုပါပဲ။
တခြား ကောင်းကင်ဘုံသခင် တွေလည်း သတိအနေအထား ဖြစ်သွားသည်။ ကောင်းကင်ဘုံသခင်တောင် အဲဒီအထဲကို ပြုတ်ကျရင် အန္တရာယ် ကြီးကြီးမားမား ရှိသွားမှာ သေချာပေသည်။ အနာဂတ်မှာ အကြပ်အတည်းတွေကို ကာကွယ်ဖို့ သတိထားနေရုံနဲ့ မပြီးချေ။
"ပျက်စီးခြင်းနွယ်ပင်ကို အကြောက်ရဆုံး အရာက မသေနိုင်တာပဲ.. ထူးဆန်းတဲ့ မီးတောက်နဲ့ မဟုတ်ရင် ခန္ဓာကိုယ်ထဲမှာ ကျန်နေပြီး ကျင့်ကြံသူရဲ့ အသက်စွမ်းအင်တွေကို တဖြည်းဖြည်း လုယက်သွားနိုင်တယ်... ဒါပေမဲ့ မသေခင်မှာ ဘယ်လို ဖြစ်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်သလို သေသွားရင်လည်း သေရတဲ့ အကြောင်းအရင်း အမှန်ကို ဘယ်သူမှ မသိနိုင်ဘူး"
လုရွှမ် အဲဒီလိုပြောလိုက်တဲ့အခါ လိုက်ပါလာသူ အားလုံးရဲ့ အမူအရာများ ပြောင်းသွားကြသည်။ အကြီးအကဲ ခုနစ်ယောက်က ယွင်ယင်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြပြီး နတ်သမီးကျင်းဟုန်လည်း သူမအမေကို မော့ကြည့်လိုက်၏။
ယွင်ယင်ရဲ့ အမူအရာမှာ ပို၍ပင် ပြောင်းလဲသွားကာ သူမ မျက်နှာပေါ်က တုန်လှုပ်သွားမှုကို ပြသလာခဲ့သည်။
"လုရွှမ်... မင်း ဘာကိုပြောချင်နေတာလဲ?"
လုရွှမ် သက်ပြင်းချလိုက်ပြီး
"သူ့အဖေက ပျောက်ဆုံးနေခဲ့တယ်လို့ ကျင်းဟုန် ပြောခဲ့တာကို ကြားမိတယ် ဒါပေမဲ့ ခင်ဗျားတို့ သိတယ် မဟုတ်လား? သူ့ရဲ့ ကြံ့ခိုင်မှုက ပြင်းပြင်းထန်ထန် ပျက်စီးသွားပြီး သူ အသက်ရှင်ဖို့ အခွင့်အလမ်းကို ရှာမတွေ့ရင် တကယ်ပဲ ဟိုးအရင်ကတည်းက ကွယ်လွန်သွားခဲ့ပြီ"
ခန်းမထဲတွင် တိတ်ဆိတ် ငြိမ်သက်နေ၏။ ယွင်ယင်သည် ဂိုဏ်းချုပ်၏ နေရာတွင် ထိုင်ရင်း မျက်ရည်များ စီးကျလာသည်။
လုရွှမ် ထပ်မံ၍ သက်ပြင်းချလိုက်ပြီး
"အကြီးအကဲလောင်ကျို ခင်ဗျားရဲ့ အသက်စွမ်းအင်က တစ်ချိန်လုံး ပျောက်ကွယ်နေတာကို ခံစားရလား? ဒါပေမဲ့ ခင်ဗျားဘယ်လိုပဲ စုံစမ်း ရှာဖွေနေပါစေ အကြောင်းပြချက် လုံးဝမရှာနိုင်ဘူး ဟုတ်တယ်မလား?"
အကြီးအကဲလောင်ကျိုက အံ့အားသင့်စွာ ခေါင်းညိတ်ပြလိုက်သည်။
"အဲ့လိုပဲ!"
"မှန်တယ်... ဒါက ပျက်စီးခြင်းနွယ်ပင်ရဲ့ တကယ့် ထိတ်လန့်စရာကောင်းတဲ့ အချက်ပဲ ခင်ဗျားနဲ့ ထိတွေ့မိသမျှတော့ နွယ်ပင်ရဲ့ အမြစ်က ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ မွေးဖွားပြီးသွားပြီ... ထူးဆန်းတဲ့ မီးတောက်မှ မဟုတ်ရင် ဘယ်အရာကမှ မသုတ်သင်နိုင်ဘူး"
နတ်သမီး ကျင်းဟုန်က ရုတ်တရက် ဝင်မေးလိုက်သည်။
"လုရွှမ် ရှင် ကျွန်မအဖေနဲ့ အမေအကြောင်းကို ပြောနေတာလား?"
အားလုံးက ယွင်ယင်ကို ပြန်ကြည့်လိုက်ချိန် ယွင်ယင်မှာလည်း မယုံကြည်နိုင်စွာနဲ့
"မင်းဆိုလိုချင်တာက ငါ့ခန္ဓာကိုယ်ထဲမှာလည်း ဒီလိုနွယ်ပင်မျိုး ရှိတယ်ပေါ့"
လုရွှမ်က ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး...ခင်ဗျားမှာ မရှိဘူး မဟုတ်ရင် ကျင်းဟုန်မှာလည်း သေချာပေါက် ရှိလိမ့်မယ်.... ဂိုဏ်းချုပ်ကြီး... ခင်ဗျားက ရုပ်ဖျက်တဲ့ နေရာမှာ ကောင်းချီးတစ်ခု ရထားတာပဲ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက အပျက်အစီးတွေကြောင့် အခုအချိန်အထိ အသက်ရှင်နေနိုင်တာ... မဟုတ်ရင် အရင်ဂိုဏ်းချုပ်ကြီးလို ဖြစ်မှာ သေချာတယ်"
"အကြီးအကဲ လောင်ကျိုအတွက်ကတော့ ကျုပ်အထင် မှန်မယ်ဆိုရင် ခင်ဗျားကို သူတို့ ကယ်တင်တဲ့ အချိန်တုန်းက ခင်ဗျား ခန္ဓာကိုယ်ပေါ်က အပျက်အစီးတွေ သူတို့ဆီကို ဖြတ်သွားခဲ့တာပဲ"
လောင်ကျို ဘာမှ ပြန်မပြောပေမယ့် သူ့ခန္ဓာကိုယ်က ပြေလျော့သွားကာ မျက်ရည်တွေ စီးကျလာကာ ဒူးထောက်လျက်သား လဲကျသွားသည်။
"ဆရာတူအစ်ကို တောင်းပန်ပါတယ်... ငါ မရီးကိုလည်း တောင်းပန်ပါတယ်... မင်းခန္ဓာကိုယ်မှာ အဆိပ်ဖြေဆေး ရှိရဲ့သားနဲ့ ငါ့ကိုမပေးဘူးလို့ ထင်ပြီး ဂိုဏ်းချုပ်ရာထူးကို ယူချင်ခဲ့တာ... ဆရာတူအစ်ကို လောင်ကျို တောင်းပန်ပါတယ်... ငါအခုပဲ မင်းကို အဖော်လာပြုပေးမယ်"
ရုတ်တရက် ခေါင်းကို လက်ဖဝါးနဲ့ ရိုက်ပြီး ကိုယ့်ကိုကိုယ် သတ်သေတော့မယ့် အချိန်မှာ ယွင်ယင်က သူ့လက်ကို ဝှေ့ယမ်းပြီး လောင်ကျိုကို တားထားလိုက်သည်။
လောင်ကျို ယွင်ယင်ဆီကို လှမ်းကြည့်လိုက်တော့ ယွင်ယင်ရဲ့ မျက်နှာက တုန်လှုပ်နေပြီး ခဏကြာမှ စကားပြောလာသည်။
"မင်းရဲ့အစ်ကို ထွက်သွားတုန်းက ကျင်းဟုန်နဲ့ မင်းကို ကောင်းကောင်း ဂရုစိုက်ဖို့ ပြောခဲ့တယ်... ငါ မင်းတို့ကို ကောင်းကောင်း စောင့်ရှောက်ပေးမယ်လို့ ကျိန်ဆိုခဲ့တယ်"
လောင်ကျို စကား မပြောနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ခေါင်းငုံ့သွားပြီး ရုတ်တရက် ကြေကွဲစွာ အော်ဟစ်သံကြီးကို ထုတ်လွှတ်လာတော့သည်။