အချဉ်ဓာတ်များ
Vol. 60 Ch. 4.418
အားလုံးက နှုတ်ဆိတ်နေကြသည်။ မမျှော်လင့်ဘဲ ယွင်ယင်က လောင်ကျိုကို မသတ်ခဲ့ပေ။
အပြင်လောကကို တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာပြီး ကွယ်လွန်သွားတဲ့ ဆရာတူအစ်ကိုကြီးလည်း ဖြစ်တဲ့ ဂိုဏ်းချုပ်ဟောင်းကို တွေးကြည့်လိုက်တော့ တခြားလူတွေ အားလုံး ခဏတာ ငြိမ်သက်သွားကုန်သည်။
ထိုအခိုက်တွင် လုရွှမ်က ဆက်ပြော၏။
"ဖြစ်ကောင်းဖြစ်နိုင်တာက အနာဂတ်မှာ ခင်ဗျား အရင်ဂိုဏ်းချုပ်ကြီးရဲ့ အလောင်းကို ပြန်ယူလာနိုင်လိမ့်မယ်... ဒါပေမဲ့ အဲဒီနေရာမှာ အပျက်အစီးတွေနဲ့ ပေါက်နေတဲ့ ပျက်စီးခြင်း နွယ်ပင်တွေ ရှိတဲ့နေရာပဲ ဖြစ်ရမယ်... ဘာလို့လဲဆိုတော့ လူသေပြီးရင် ခန္ဓာကိုယ်ထဲက ပျက်စီးခြင်း နွယ်ပင်တွေက ကွဲသွားလိမ့်မယ်.... ပြီးရင် မြေကြီးမှာ အမြစ်စွဲပြီး ကြောက်စရာကောင်းတဲ့ မြေကွက်တစ်ခု ဖြစ်လာလိမ့်မယ်"
တပည့်တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။
"အာ... အနောက်ဘက်က မိုင်ရာနဲ့ချီဝေးတဲ့ နေရာတစ်ခုမှာ လွန်ခဲ့တဲ့ အနှစ်တစ်ရာက ရုတ်တရက် ပေါ်လာတဲ့ ကြောက်စရာကောင်းတဲ့ မြေကြီးတစ်ခု ရှိတယ်တဲ့... အဲဒီမှာ အရမ်း ကြောက်စရာကောင်းတဲ့ နတ်ဆိုးသားရဲတွေလည်း ရှိတယ် တစ်ချိန်ကဆို ဝင်သွားတဲ့ လူတွေထဲမှာ ကောင်းကင်ဘုံသခင် တစ်ယောက်တည်းပဲ လွတ်မြောက်ခဲ့ပြီး အဲဒီသခင်နဲ့ ပတ်သက်တဲ့ သတင်းကတော့ မရှိတော့ဘူး"
“လွန်ခဲ့တဲ့ အနှစ်တစ်ရာက ဆရာတူအကိုကြီး... သူတကယ်ပဲ လွန်ခဲ့တဲ့ အနှစ်တစ်ရာက ထွက်သွားခဲ့တာ... အဲဒါက အကိုကြီးရဲ့ သင်္ချိုင်းနေရာ ဖြစ်ကောင်းဖြစ်မယ်... အကိုကြီးရဲ့ အလောင်းကို ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး အလောင်းကို ပြန်ရအောင် ကျွန်တော့်ကို သွားခွင့်ပေးပါလို့ ဂိုဏ်းချုပ်ကို တောင်းဆိုပါတယ်"
လောင်ကျိုက ရုတ်တရက် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ် သူ့ခေါင်းကို ပြင်းထန်စွာ ဦးတိုက်လိုက်သည်။
"ငါ ပြင်ဆင်မယ်" ယွင်ယင်က ရုတ်တရက် ပြောလိုက်သည်။
ဤအသံ လူတိုင်းနားသို့ ရောက်ရှိ သောအခါတွင် လောင်ကျိုသာမက တခြားအကြီးအကဲ တချို့လည်း ထိတ်လန့်သွားကြသည်။ ယွင်ယင် ဘာလုပ်နေတာလဲ?။ လောင်ကျို ထွက်ပြေးဖို့ အခွင့်အရေး ယူသွားမှာကို မကြောက်ဘူးလား။
လုရွှမ်က တခစ်ခစ် ရယ်လိုက်ပြီး
"လူတိုင်း ရှင်းရှင်းလင်းလင်း မမြင်ကြသေးဘူးလား? ဂိုဏ်းချုပ်က ခင်ဗျားတို့ကို တာဝန်ခံခိုင်းဖို့ ရည်ရွယ်ချက် မရှိဘူး... ကျုပ်ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ခင်ဗျား အားလုံးက ဂိုဏ်းချုပ်ယွင်ကို တွန်းချချင်ကြတယ် ဒါပေမဲ့ ဘာအကြောင်းကြောင့်လဲ? ဂိုဏ်းချုပ်ကတော့ အကြောင်းအရင်းကို စဉ်းစားထားပြီးသားပါ"
"နာတာရှည်ရောဂါက စိတ်ရှုပ်စရာပဲလေ!"
စာတစ်ကြောင်းရဲ့ အမှန်တရားက လူတိုင်းရဲ့ အတွေးတွေကို ထိမိသွားသည်။
"ကျင်းဟုန်က ပြောတယ် လွန်ခဲ့တဲ့ အနှစ်ငါးဆယ် ဒါမှမဟုတ် ခြောက်ဆယ်လောက်က ကျင်းဟုန်ကို ခင်ဗျားတို့အားလုံး ဝိုင်းချစ်ပေးခဲ့ကြတယ်... ကျင်းဟုန်ကို ကာကွယ်ပြီး သူမကို အရမ်းပျော်စေခဲ့တယ် ဒါပေမဲ့ ဂိုဏ်းချုပ်ယွင်က အသက်ကယ်ဆေးတွေနဲ့ မှော်လက်နက်မျိုးစုံကို ရှာဖို့ အလုပ်များနေခဲ့တယ်.. ဒါပေမဲ့ အသက်စွမ်းအင်က တဖြည်းဖြည်း မှေးမှိန်လာခဲ့တယ်... အဝေးမှာ ရှိသမျှ အရင်းအမြစ်တွေအထိ ဂိုဏ်းချုပ် သုံးစွဲထားပေမယ့် အလုပ် မဖြစ်ခဲ့ဘူး... ဘယ်လိုပဲ ကုသပါစေ အောက်ခြေမရှိတဲ့ တွင်းကြီးလိုပဲ ဖြစ်နေခဲ့တာ”
တပည့်များ အားလုံး နှုတ်ဆိတ်နေခဲ့ကြပြီး အကြီးအကဲများ အားလုံး ရှက်ကြသော်လည်း ထိုစဉ်က ဘယ်လောက် သာယာ ပျော်ရွှင်ခဲ့ကြတယ် ဆိုတာကို ပြန်မစဥ်းစားဘဲကို မနေနိုင်တော့ပေ။ လောင့ကျိုက ယွင်ယင်ရဲ့ လက်ထဲမှာ ကြီးပြင်းလာခဲ့ပေမယ့် တကယ်တော့ သူတို့ကတော့ မဟုတ်ဘူးလေ။
ဆရာသခင်က အစောကြီး ထွက်သွားခဲ့ပြီး ဆရာတူအစ်ကိုက သူတို့ရဲ့ စံပြအစ်ကို ဖြစ်လာခဲ့သည်။ ဒုတိယ ဆရာတူအစ်မက သူတို့ရဲ့ ကျင့်ကြံမှုကို ဂရုတစိုက် ကြပ်မတ်ပေးကာ ယနေ့ ကောင်းကင်အရိပ် ဂိုဏ်းကြီး ဖြစ်လာအောင် လုပ်ပေးခဲ့တာပါပဲ။
"ဥပမာပြောရရင်... အကြီးအကဲ၈.. ရှောင်အာ့က ခင်ဗျားလူ မဟုတ်လား?"
အကြီးအကဲ၈ရဲ့ အမူအရာလည်း ပြောင်းလဲသွားကာ ထွက်လာ၍ အကြီးအကဲ၉ လောင်ကျို၏ အနားတွင် ဒူးထောက်လိုက်သည်။ နတ်သမီးကျင်းဟုန်လည်း ထွက်လာပြီး သူ့အမေရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"အမေ... ဦးလေးတွေနဲ့ တခြားသူတွေက လူဆိုးတွေ မဟုတ်ပါဘူး...သူတို့ ခဏတာ စိတ်ရှုပ်နေကြလို့ ဖြစ်ပါလိမ့်မယ်!"
ယွင်ယင်က သူ့လက်ကို ဝှေ့ယမ်းပြီး
"မေ့လိုက်ပါ... အားလုံးထကြတော့ မင်းတို့ရဲ့ အစ်ကိုကြီးသာ ကောင်းကင်မှာ ရှိနေရင် ဒီမြင်ကွင်းကို မမြင်ချင်လောက်ဘူး"
နှစ်ယောက်သား ရှက်ရှက်ဖြင့် မတ်တပ်ရပ်ကာ ခေါင်းငုံ့ထားဆဲပင်။
"ငါ ဒီနေ့ မင်းတို့ကို ငါ ပင်ပန်းနေပြီလို့ ပြောဖို့ ဒီကိုလာခဲ့တာ.... အခု အစ်ကိုရှောက် နဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်လာပြီဆိုတော့ ငါဂိုဏ်းချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မင်းတို့ လက်ထဲ အပ်ခဲ့မယ်... ငါကျင်းဟုန် နဲ့ ထွက်သွားပြီး အစ်ကိုရှောက်အတွက် ကျိုးပဲ့တဲ့ဘဝနဲ့ပဲ ဆက်နေတော့မယ်"
လုရွှမ် အံ့အားသင့်သွားတာတောင် မထိန်းနိုင်လိုက်ချေ။ ယွင်ယင်က သူတို့ကို အရင် လက်လွှတ်ထားဖို့ ရည်မှန်းထားတာကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ မထင်မှတ်ပဲ ယွင်ယင်သည် သူ့စကားကြောင့် ပုလ္လင်ကို စွန့်ဖို့အထိ ဖြစ်လာခဲ့သည်။
အကြီးအကဲ ရှစ်ယောက် အတူတူ ထွက်လာကြသည်။
"ဂိုဏ်းချုပ်... အဲ့လို မဟုတ်ဘူး မတရားတဲ့သူက ဒီညီအကိုတွေပါပဲ... ဆရာတူအစ်မက ဂိုဏ်းချုပ် ရာထူးကနေ ဘယ်တော့မှ နှုတ်ထွက်ပေးဖို့ မလိုပါဘူး"
"ငါ ပင်ပန်းနေပါပြီ... ငါ့ခန္ဓာကိုယ်ထဲက မီးအဆိပ်တွေကို အမြန်ဆုံး ဖယ်ထုတ်ပြီး အစ်ကိုရှောက်ရဲ့ အလောင်းကို ပြန်ယူလာပေးမယ်... ဂိုဏ်းချုပ် ရာထူးနဲ့ ပတ်သက်ပြီးတော့ ငါတို့ ပြန်လာတဲ့အထိ စောင့်ကြရအောင်"
ယွင်ယင်သည် စကားဆုံးသောအခါတွင် ဂိုဏ်းချုပ်ရာထူးမှ နုတ်ထွက်ပြီး အိမ်နောက်ဘက် ခြံဝင်းထဲသို့ ၀င်သွားခဲ့သည်။ အကြီးအကဲ ၈ယောက်စလုံး အရှက်ကွဲကာ ထိုနေရာတွင် ရပ်နေခဲ့လေသည်။
လုရွှမ်သည် လူရှစ်ယောက်၏ အမူအရာကို တိတ်တဆိတ် စိုက်ကြည့်နေသော်လည်း သဲလွန်စကို အနည်းငယ်မျှ မမြင်နိုင်ပေ။ သူတို့တကယ် ရှက်နေသလား သို့မဟုတ် ဟန်ဆောင်နိုင်မလား မသိချေ။
ဤနေရာတွင် လွမ်းဆွတ်စရာ မရှိသဖြင့် ယွင်ယင်သည် နတ်သမီးကျင်းဟုန်နဲ့ အောင်ရှင်းကို ဆွဲခေါ်လျက် ကောင်းကင်အရိပ်ဂိုဏ်း ခန်းမကို ကျောခိုင်း ထွက်သွားခဲ့သည်။
နောက်လတွင် ကောင်းကင်အရိပ် ဂိုဏ်းတစ်ခုလုံးသည် အလွန် ငြိမ်သက်သွားခဲ့သည်။
လုရွှမ်နှင့် အောင်ရှင်းတို့ နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နောက်ဆုံးတွင် ယွင်ယင်ရဲ့ ခန္ဓာကိုယ်ထဲမှ မီးအဆိပ်ကို ဖယ်ရှားနိုင်ခဲ့ပြီး တစ်စိတ်တစ်ပိုင်းသာ ကျန်ရစ်ခဲ့သည်။ ယန်ကောင်းကင်မီးတောက်ရဲ့ အဆင့်ကို အဆင့်နှစ်ဆင့် လျှော့ချပြီးပြီဖြစ်လို့ ယန်ကောင်းကင်မီးတောက်က အနာဂတ်မှာ ယွင်ယင်ကို သခင်အဖြစ် အသိအမှတ် ပြုလာနိုင်သည်။
ကောင်းကင်ဘုံသခင်၏ ခွန်အားဖြင့် တတိယအဆင့် ဖြစ်သည့် လက်ကျန် ယန်ကောင်းကင်မီးတောက်ကို ကိုင်တွယ်ဖြေရှင်းရန် မခဲယဉ်းလှပေ။ ထို့ပြင် ယန်ကောင်းကင်မီးတောက်နှင့် နှစ်ပေါင်း တစ်ရာကျော် ကြာအောင် ပေါင်းစည်းပြီးနောက် ယွင်ယင်၏ ခန္ဓာကိုယ်သည် မီးတောက်နဲ့ အလိုလို ထိတွေ့ဆက်နွယ်နေပြီ ဖြစ်သည်။
လုရွှမ် ယန်ကောင်းကင်မီးတောက်ကို စိတ်ဝိညာဥ် မီးတောက်ထဲသို့ မျိုချလိုက်ပြီး တစ်ခုခု မှားယွင်းလုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်း ထောက်မစွာနဲ့ သူ့တွင် ရေဒြပ်စင် နတ်ပုတီးစေ့နဲ့ ပတ်ဝန်းကျင်တွင် စတုတ္ထအဆင့် ကောင်းကင်ဘုံ သခင်တစ်ဦး ရှိနေသဖြင့် သူရနိုင်ခဲ့သည်။
အန္တရာယ်မရှိဘဲ ဖြတ်ကျော်ပြီးတော့ ဝိညာဉ်မီးတေညက် အဆင့်ကို တတိယအဆင့်အထိ အဆင့်မြှင့်တင်ထားနိုင်ခဲ့သည်။
လုရွှမ် သူ့ခွန်အားများပါ တိုးလာသလို ခံစားလိုက်ရသည်။ ယခု သူသည် မဟာသူတော်စင်နဲ့ ရင်ဆိုင်ရပါက စိတ်ဝိညာဉ် မီးတောက်သည် လူသတ်လက်နက် တစ်ခု ဖြစ်လာနိုင်သည်။
ယွင်ယင်သည် အနှစ်တစ်သောင်း အနက်ရောင် ရေခဲတုံးကို တိုက်ရိုက် ထုချေလိုက်ရာ လုရွှမ် အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း သူ ဘာမှ မပြောဝံ့ပေ။ ယခု သူ့တွင် အနှစ်တစ်သောင်းရှိသော အနက်ရောင် ရေခဲတစ်ခုသာ ကျန်ရှိတော့ပြီး ၎င်းကို ယန်စွမ်းအင်ကိုးစင်းကို ပေါင်းစပ်ရန်အတွက် အသုံးပြုထားတာ ဖြစ်ပေသည်။ သေချာတာကတော့ သူသည် အနာဂတ်တွင် နောက်ထပ် သုံးစွဲနိုင်တော့မှာ မဟုတ်ပေ။
အနှစ်တစ်သောင်း အနက်ရောင် ရေခဲများသာ ကျန်သေးလျှင် တခြား အသုံးချရမယ့် နေရာတွေ ရှိနေပါသေးသည်။ ၎င်းတို့ကို အအေးစွမ်းအင် အဖြစ်သို့ ပြောင်းလဲရန် အတွက်သာ အသုံးပြုထားခြင်းက အမှန်တကယ် ဖြုန်းတီးမှုတစ်ခု ဖြစ်သည်။
လုရွှမ်ရဲ့ လမ်းညွှန်မှုအောက်တွင် အောင်ရှင်းသည် သူမရဲ့နှလုံးသွေး အနည်းငယ်ကို ထုတ်ပေးရင်းပင် နောက်ဆုံး၌ စိမ်းပြာနဂါးခြေသည်းကို သူမခန္ဓာကိုယ်ထဲသို့ လုံး၀ ပေါင်းစပ် နိုင်သွားခဲ့သည်။
သူမသည် သူမ၏ လက်ဖဝါးများကို ခွန်အားကြီးစွာဖြင့် ကပြကာ ခြိမ်းခြောက်မှုကို တိုးမြှင့်လိုက်ရာ ယွင်ယင်အား သူမကို တိတ်တဆိတ် ချီးမွမ်းစေခဲ့သည်။
လုရွှမ်သည် စိမ်းပြာနဂါး နှလုံးသား၊ နဂါးအရိုးကြီးနှင့် နဂါးအရွတ်တို့ကို ရရှိထားသော်လည်း ၎င်းတို့သည် တိုက်ခိုက်ရေးအပိုင်း မဟုတ်ပေ။ သူတို့က ထျန်းဝူ ကောင်းကင်ဓားကိုးစင်းသိုင်းရဲ့ ဒုတိယဓားထက် အားနည်းလေသည်။
ယွင်ယင် ပြင်ပ အခြေအနေများကို ဂရုမစိုက်ဘဲ သူ့စိတ်ဝိညာဉ် စွမ်းအားဖြင့်သာ အေးအေးဆေးဆေး ခံစားနိုင်၏။ အရာအားလုံးက ငြိမ်သက်နေသည်။
ထိုနေ့တွင် ဆွေးနွေးပြီးနောက် သူတို့လေးဦးသည် ယခင်ဂိုဏ်းချုပ်ဟောင်း ဟန်ရှောက်ရဲ့ အလောင်းကို ပြန်လည် သယ်ဆောင်ရန် အနောက်ဘက် မိုင်ပေါင်း သန်းချီဝေးသော နေရာသို့ ခရီးထွက်ခွာရန် ပြင်ဆင်ခဲ့ကြသည်။
ထွက်လာသည်နှင့် တပြိုင်နက် ဂိုဏ်းရှေ့တွင် ရပ်နေသော အကြီးအကဲ ရှစ်ဦးကို တွေ့လိုက်ကြရပြီး အားလုံးက အဝေးသို့ ခရီးသွားဖို့ ထားဟန်ရှိသည်။
လောင်ကျိုက မတ်တပ်ထရပ်လာပြီး ခေါင်းငုံ့ထားသည်။
"ဂိုဏ်းချုပ် ကျွန်တော်တို့ကိုပါ အဲဒီ့ကို ခေါ်သွားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်... အကိုကြီးအလောင်းကို ပြန်သယ်ပြီးရင် အစ်ကိုကြီးရဲ့ အုတ်ဂူရှေ့မှာ သက်ကယ်အိမ် ဆောက်မယ် ပြီးရင် ဘဝတစ်လျှောက်လုံး သူနဲ့အတူ အဖော်ပြုပေးချင်ပါတယ်"
ကျန်ခုနစ်ယောက်ကလည်း
“ဂိုဏ်းချုပ်ကြီး.. ကျွန်တော်တို့တွေ မမျှော်လင့်ရဲတော့လောက်အောင် လေးလေးနက်နက် ပြစ်မှားခဲ့ကြပါတယ်..... ဒါပေမဲ့ ကျွန်တော်တို့ ဆရာတူအစ်ကိုကြီးရဲ့ အလောင်းကို ပြန်ယူဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်”
ယွင်ယင်က စကားမပြောသော်လည်း လုရွှမ် သူမနောက်ကျောမှ နေ၍ သူမ လက်ဖဝါးများ အနည်းငယ် တုန်ရီနေတာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
လုရွှမ်လည်း ရယ်မောပြီး ဝင်ပြောလိုက်သည်။
"ဂိုဏ်းချုပ် အကြီးအကဲတွေ အားလုံး စုပေါင်းသွားရင် ပိုကောင်းမယ် ထင်တယ်... ပျက်စီးခြင်း နွယ်ပင်တွေရဲ့ ထိတ်လန့်တုန်လှုပ်ခြောက်ခြားမှုကို စကားလုံးနဲ့ မဖော်ပြနိုင်သလို လမ်းတစ်လျှောက်မှာ ဘယ်လို အန္တရာယ်တွေ ကြုံရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ"