← Chapters

ရန်မြို့

Vol. 60 Ch. 4.419

ရန်မြို့

Vol. 60 Ch. 4.419

"ခြေထောက်တွေ​တောင် ​ပြင်ထားပြီဆိုတော့ ငါက ဘာပြောနိုင်ဦးမှာလဲ"

ယွင်ယင် သက်သာရာ ရသွားကြောင်း သိလိုက်ရသဖြင့် အကြီးအကဲ ရှစ်ယောက်လည်း လုရွှမ်အား ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

"ကောင်းပြီ မင်းအားလုံး အဆင်သင့် ဖြစ်နေပြီဆိုတော့ ထွက်ခွာကြရအောင်"

ယွင်ယင်ပြောပြီး ကျန်လူများကလည်း လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်ကြသည်။

ယွင်ယင်သည် လွန်းပျံယာဉ်ကို ထုတ်ကာ အားလုံးလည်း ခုန်တက်လိုက်ပြပြီး အနောက်ဘက်သို့ ဦးတည် ထွက်ခွာလာခဲ့ကြသည်။ ခရီးက မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာလှသည်။ ယခုအခါ လူတိုင်းသည် အနီးနားကို နေရာပြောင်း အစီအရင်ကို သုံး၍ ပျံသန်းလာခဲ့သည်။

သူတို့သည် နောက်ဆုံးတွင် ရန်မြို့ဟုခေါ်သော မြို့ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် အရှေ့မြောက်ထောင့်ရှိ အကြီးဆုံး မြို့များထဲမှ တစ်ခုဖြစ်ပြီး အကျော်ကြားဆုံး အရာမှာ မြို့တော်ရှိ အလွန်ဝေးဝေးကို နေရာကူးပြောင်း ပို့ဆောင်ပေးနိုင်သော အခင်းအကျင်း အစီအရင် ရှိခြင်းပဲ ဖြစ်သည်။

လွန်းပျံယာဉ်ပေါ်ကနေ ထွက်လာပြီး သူ့ရှေ့က ကြီးမားလှတဲ့ မြို့ကြီးကို ကြည့်လိုက်ချိန် လုရွှမ် သက်ပြင်းမချဘဲ မနေနိုင်လိုက်ချေ။ ဒီမြို့ကြီးရဲ့ အရွယ်အစားက သူ ထင်ထားတာထက်တောင် ပိုကြီးနေသေးသည်။

ခမ်းနားထည်ဝါသော ရောင်ဝါတစ်ခုက မြို့​ကြီးဆီမှ ထွက်ပေါ်လာသည်။ မြို့ကြီးထဲမှာတော့ တဟုန်းဟုန်း တောက်နေတဲ့ သားရဲ ရောင်ဝါများ အပြည့်ရှိသည်။ ထိုစွမ်းအားသည် စိတ်ဝိညာဉ်အပေါ် သက်ရောက်စေပြီး လူများကို အနည်းငယ် အံ့သြထိတ်လန့် သွားစေပါ၏။

"သတိထား... မာနမကြီးနဲ့ ဒီမြို့မှာ နတ်မီးနယ်ပယ်က အကြီးအကဲတွေ ရှိတယ်"

ယွင်ယင်က ပြောပြီး လုရွှမ်ကို ကြည့်လိုက်ရာ လုရွှမ်လည်း ထပ်ခါတလဲလဲ ခေါင်းညိတ်​ပြလိုက်သည်။ မြို့တော် တံတိုင်းကြီးက မြင့်မားလှပြီး ထက်မြက် တောက်ပနေသည်။ ယွင်ယင်က

"ရန်မြို့ရဲ့ သမိုင်းကြောင်းကို ဘယ်သူမှ တိတိကျကျ မပြောနိုင်ပေမယ့် နေရာကူးပြောင်းတဲ့ အစီအရင်ကတော့ အချိန်အကြာကြီး တည်ရှိနေခဲ့ပြီး ဘယ်သူက ဖန်တီးထားခဲ့လဲ ဆိုတာတော့ မသိရဘူးပေါ့"

"သမီး သိတယ်... ဒီအစီအရင်က ဒီမြို့ကို တည်ဆောက်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်တဲ့"

နတ်သမီးကျင်းဟုန်က ဝင်ထောက်လာ၏။

လုရွှမ်ရဲ့ နှလုံးသားဟာ ရင်ခုန် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လည်။ တိမ်ပင်လယ်နယ်မြေထဲကသာ မထွက်လာခဲ့ရင် ကောင်းကင်က ဘယ်လောက် မြင့်တယ်ဆိုတာ သူ မသိလောက်ချေ။ အပြင်လောကကိုသာ မလာခဲ့ရင် ကမ္ဘာကြီးက ဘယ်လောက်ကြီးတယ် ဆိုတာလည်း မသိလောက်ပေ။

ဤအရာသည် ခပ်သိမ်းသော နယ်ပယ်အားလုံး၏ နစ်မြုပ်ရာဖြစ်သည်။ မကြာခဏ တွေ့နေရသော လမ်းမပေါ်က လူတွေရဲ့ စိတ်သည် ပင်လယ်ကမ်းစပ်မှာ နေထိုင်ကြသူတွေရဲ့ စိတ်နဲ့ နှိုင်းယှဉ်နိုင်မည် မဟုတ်။

"ရန်မြို့မှာ မပျံသန်းနိုင်ဘူး... ကောင်းကင်ဘုံသခင် ခွန်အားမရှိရင် နိမ့်ကျတဲ့ အနေအထားကို ထိန်းထားရမယ်"

ယွင်ယင်က သူတို့ကို စကားအနည်းငယ် ပြောပြီး သတိပေးနေပေမယ့် သူမက လုရွှမ် နဲ့ အောင်ရှင်းတို့ကိုလည်း လိုက်လျောညီထွေ ဖြစ်အောင် လုပ်ပြနေတာပါပဲ။ သူတို့ကို မိမိရဲ့ အငယ်တန်းလေးလို့ မြင်တာကြောင့် အရမ်း ဂရုစိုက်ပေးသည်။

လုရွှမ် သူ့အရင်ဘဝက ကောင်းကင်ဘုံသခင်ဖြစ်ခဲ့သည်။ ထိုကောင်းကင်ဘုံသခင်သည် ကောင်းကင်သခင်အတု ဖြစ်သော်လည်း အောင်ရှင်း အတွက်ကတော့ သူမဟာ နတ်မိဖုရားတစ်ယောက်လို အော်ဟစ်နေပါပြီ။

လူတစ်စု မြို့တံခါးရှေ့သို့ ရောက်ရှိလာပြီး မြို့တံခါးကို ဖြတ်သန်းလာခဲ့သည်။

ရန်မြို့တွင် တံခါးရှစ်ပေါက် ရှိပြီး တစ်ခုစီသည် ရန်သူများကို အလိုအလျောက် ခုခံကာကွယ်နိုင်သော မှော်လက်နက် တစ်ခုစီ ရှိသည်။ ဒီလောက် ကြီးမားတဲ့ မြို့ကြီးကို တိုက်ခိုက်ဝံ့တဲ့သူ ရှိသေးတာလားဟု တွေးရင်း လုရွှမ် အံ့သြသွားခဲ့သည်။

လုရွှမ်တို့လို တခြား ကျင့်ကြံသူ များစွာသည်လည်း အရပ်ရပ်မှ ဤနေရာသို့ လာခဲ့ကြသည်။ သူတို့သည် ယာဉ်ပျံပေါ်မှ ဆင်းလာသလို တချို့ကဘည့း ပျံသန်းနေသော သားရဲပေါ်မှ မြေပြင်ပေါ်သို့ ဆင်းသက်ကာ ပင်မဝင်ပေါက်မှ ဝင်ရောက်လာကြသည်။

"အမ် သားရဲတွေလည်း လွတ်လွတ်လပ်လပ် ဝင်လို့ရလား?"

လုရွှမ် ​မေးလိုက်သည်။

"ဟုတ်တယ်...မဟာသူတော်စင် ဖြစ်လာပြီးရင် တချို့ သူတော်စင် သားရဲတွေက အလိုအလျောက် လူ့ခန္ဓာကိုယ် အဖြစ်ကို ပြောင်းလဲနိုင်တယ်... ဒါပေမဲ့ တချို့ သူတော်စင်အဆင့်ရှိတဲ့ သားရဲတွေကတော့ ငွေနည်းနည်း သုံးပေးဖို့ လိုအပ်တယ်... အဲဒါကလည်း အဆင်ပြေပါတယ်"

လုရွှမ် ဝမ်းသာသွားပြီး ကျားဖြူလေးကို အမြန် လွှတ်​ပေးလိုက်သည်။ လူတိုင်းမှာ သူတော်စင် သားရဲတွေကို ထိန်းထားနိုင်သော မှော်အိတ်များ ပါရှိတတ်တာကို သူမြင်ဖူးသောကြောင့် ကျောက်စိမ်းပြားထဲက ကျားဖြူလေး ထွက်လာရင် လူတိုင်းရဲ့ သံသယကို နှိုးဆော်မိမှာ အတွက် သူစိတ်မပူတော့ပေ။

ကျားဖြူလေးသည် အချိန်အတော်ကြာ သည်းခံထားခဲ့ရသည်။ အထူးသဖြင့် ရွှေကျီးကန်းနှင့် တနေကုန် ရန်ဖြစ်နေရတာကြောင့် ကျောက်စိမ်းပြားထဲမှာ နေရတာက ရံဖန်ရံခါ သူ့ကိုအလွန် စိတ်ဆိုးစေတာကြောင့် အပြင်ထွက်ချင်ခဲ့သည်။

လုရွှမ် ကျားဖြူလေး တစ်ကောင်ကို ထုတ်လိုက်တာ မြင်တော့ ကောင်းကင်ဘုံသခင် အဆင့်၄ ယွင်ယင်ပင် သူ့မျက်လုံးများထဲ ကြယ်ပွင့်လေးများ တောက်ပလာကြသည်။

ကျင်းဟုန်နဲ့ အောင်ရှင်းတို့က ကျားဖြူလေးကို ပထမဦးဆုံး ပြေး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကြသည်။

"ဝိုး... အရမ်း ချစ်စရာကောင်းတာပဲ"

ကျားဖြူကလေးက လုရွှမ်ကို စကားမပြောဘဲ ​​ပြန်ကြည့်နေသည်။ သူ ​​စိတ်ရှုပ်နေတုန်းပဲ။ ဒါက ဘာတွေ ဖြစ်ကုန်တာလဲ?

"ရှောင်ပိုင်လို့ ခေါ်တယ်... သူက တိမ်ပင်လယ်နယ်​မြေက ကျွန်တော့် အကြီးအကဲတစ်ယောက်ရဲ့ ကလေးပါ...ရှောင်ပိုင်ရဲ့ အရည်အချင်းက မြင့်မားလွန်းတယ် သူအဲဒီမှာပဲ နေနေမယ်ဆိုရင် အလဟသ ဖြစ်သွားနယ် အချိန်တန်ရင် သူ့ရဲ့ကြီးထွားမှုက အချည်းနှီး ဖြစ်သွားမှာ.. ဒါကြောင့် ကျွန်တော် ခေါ်လာခဲ့တာ”

ယွင်ယင်က ရှောင်ပိုင်ရဲ့ခေါင်းကို တစ်ချက် ပုတ်ပြီး

"သူမက အမ လေးပဲ... သူ့အသွေးအသားက အရမ်း ဖြူစင်တယ် အရမ်းထက်မြက်တယ်... သူမရဲ့ ကျင့်ကြံမှုက အနာဂတ်မှာ အောင်ရှင်းထက်တောင် မနိမ့်ကျမှာကို ကြောက်ရတယ်"

ရှောင်ပိုင်သည် မကြာမီ မိန်းကလေးများ၏ ရင်းနှီးမှုကို ခံစားသိရှိသွားကာ ပျော်ရွှင်စရာကောင်းသော အချိန်ကို ပိုင်ဆိုင်လာကြောင်း ညည်းတွား​ပြလာသည်။

"ကောင်းပြီ မြို့တံခါးထဲကို ဝင်ရအောင်!"

မြို့တံခါးရှေ့သို့ ရောက်သောအခါတွင် ထိုနေရာ၌ တပ်စွဲထားသော အဖွဲ့နှစ်ဖွဲ့ရှိပြီး တစ်ဖွဲ့မှာ လူသုံးဆယ် ကျော်ရှိကာ အားလုံးက ကျင့်​ကြံမှုအဆင့် မြင့်ကြသည်။ တူညီသောစံနှုန်းရှိ ချပ်ဝတ်တန်ဆာများက နေအလင်းရောင် အောက်မှာ တောက်ပနေပြီး ပြင်းထန်သော မကောင်းဆိုးဝါး ရောင်ဝါကို ထုတ်ဖော်ပြသ​နေသည်။

လုရွှမ် တစ်ချက် ကြည့်လိုက်ပြီး သူ့ရဲ့ ဝိညာဉ်စွမ်းအားကို အမြန် ပြန်သိမ်းယူလိုက်သည်။ ဒီလူတွေဟာ အနိမ့်ဆုံး သိုင်းပညာရှိသူတွေ ဖြစ်လာပုံပဲ။ သာမာန် သူတော်စင်များနှင့် နှိုင်းယှဉ်ပါက ဤလူများဟာ သိသိသာသာ အားကောင်းနေပါ၏။

ရွယ်တူများကြားတွင် ၎င်းတို့သည် ထူးထူးခြားခြား ကျင့်ကြံသူများ ဖြစ်လာကြသည်မှာ သေချာပါသည်။

ကျင့်​ကြံမှုအဆင့် အမြင့်ဆုံး လူဆယ်ဦးသည် မဟာသူတော်စင် အဆင့်၉ ဖြစ်ကြပြီး မဟာသူတော်စင် အဆင့်၉ ခွန်အားရှိသော စစ်သူကြီးနှစ်ဦးဆိုလျှင် ကောင်းကင်ဘုံသခင် ဖြစ်ရန် ခြေတစ်လှမ်းသာ ကွာတော့လေသည်။

ဒီလိုကြီးမားတဲ့ ဖွဲ့စည်းမှုကြောင့် ဘယ်သူမှ ကြားဖြတ်ပြီး မတန်းစီဝံ့ပေ။ ကောင်းကင်ဘုံသခင် ပင်လျှင် ထိုလူများက မြို့တံခါးရှေ့တွင် စည်းစနစ်တကျ တန်းစီစေခဲ့သည်။

လုရွှမ်သည် ကောင်းကင်ဘုံသခင် များစွာကို တစ်နေရာတည်းမှာ မြင်တွေ့ရခြင်းက ပထမဦးဆုံး အကြိမ်ပဲ ဖြစ်သည်။ အထူးသဖြင့် လုရွှမ် အနားတွင်ရှိသော ကျားဖြူလေးမှာ ညည်းတွားကာ အလွန် စိတ်လှုပ်ရှားနေပုံရသည်။

ကျားဖြူလေးသည် အဖွဲ့ထဲတွင် အလွန်ထင်ရှားသော အသွင်အပြင်ဖြစ်ပြီး သူ့ပတ်ဝန်းကျင်မှ လူများကို အဆက်မပြတ် စွဲဆောင်နေ၏။

“ကြည့်လိုက် ဟိုမှာ ကျားဖြူလေး!!”

ကလေးမလေးက ရုတ်တရက် အော်လိုက်သည်။ သူမက အသက်သုံးနှစ်ပဲ ရှိသေးပြီး မဟာသူတော်စင် တစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ပွေ့ဖက်ခံထားရပြီး အရမ်းချစ်စရာ ကောင်းလှသည်။

ရှောင်ပိုင်က မျက်လုံးကြီးကြီးဖြင့် ကလေးမလေးအား မျက်တောင် ခတ်​ပြလိုက်ပြီး နှစ်ကြိမ်လောက် ညည်းတွားလိုက်ရာ ကလေးမလေးက တခစ်ခစ် ရယ်မောလိုက်​လေသည်။

မဟာသူတော်စင် အမျိုးသမီးက လေးလေးစားစား ပြုံးပြီး ကောင်မလေးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ကောင်းကင်ဘုံသခင် ကိုးပါးပါဝင်ထားလို့ တစ်ဖက်က လူအုပ်စုဟာ သူမကို သေတဲ့အထိ ကြောက်လန့်စေတာကြောင့် သူတို့ကို မနှိုးဆော်ဝံ့ပါဘူး။

လူတန်းသည် အလွန်လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။ နောက်ဆုံးတွင် နတ်မီးနယ်ပယ် အကြီးအကဲများ ထိုင်နေသောကြောင့် စစ်​​ဆေးသူတို့သည် ယုံကြည်မှုအပြည့် ရှိ​​​နေကြသည်။ မြို့တွင်းသို့ ဝင်ရောက်သူများမှာ သူတို့ရဲ့ ကြံ့ခိုင်မှု သို့မဟုတ် နောက်ခံအင်အား ဘယ်လိုပဲ ရှိစေကာမူ မြို့တံခါးရှေ့မှာတော့ ဘယ်သူမှ ဒုက္ခမပေးသင့်ကြောင်းကိုတော့ သိကြသည်။

သို့သော် လူတစ်ဦးလျှင် သူတော်စင် ဝိညာဉ်ကျောက် တစ်ရာပမာဏသည် အမှန်တကယ် ကြီးမားလှ၏။

မကြာခင်မှာပဲ လုရွှမ်နဲ့ သူ့အဖွဲ့ဟာ မြို့တံခါးရှေ့ကို ရောက်လာ​ကြသည်။ ကောင်းကင်ဘုံသခင် ကိုးပါးကို မျက်နှာမူပြီး စစ်သူကြီးနှစ်ယောက်တောင် သူတို့ကို လျစ်လျူ မရှုဝံ့ကြပါဘူး။ ကမန်းကတန်း နှုတ်ဆက်ပြီး ကောင်းကင်ဘုံရှင် ကိုးပါးအတွက် ဝင်ကြေးကို လျှော့​ပေးလိုက်ကာ ခဏကြာတော့ မြို့ထဲကို ဝင်ခွင့်ပေးလိုက်သည်။

ပွဲစားများစွာတို့သည် မြို့တံခါး အတွင်းထဲ၌ စောင့်နေကြ၍ လူတစ်စု ဝင်လာတာကို တွေ့လိုက်ရသည်နှင့် လှုပ်ရှားလာကြသည်။ မဟာသူ​တော်စင်ကြီးများမှ လွဲ၍ တခြားလူများသည် မကျော်ဝံ့တာကြောင့် နေရာတွင်ပင် ရပ်နေကြ၏။

ဒါက လုပ်ငန်းကြီး တစ်ခုလို့ ထင်ရပေမယ့် လူတွေကို စကားနဲ့ ဖျော်ဖြေဖို့ အရင်းအနှီးလည်း ရှိထားရသည်။

"ဒီက အကြီးအကဲ ခင်ဗျားရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပန်းသဏ္ဌာန်ကို ကြည့်ရတာ ဒီအရေးကြီးတဲ့ လေလံပွဲကို တက်ရောက်ဖို့ ရောက်လာခဲ့​တာ ဖြစ်မယ်... ကျုပ်တို့ရဲ့ အိမ်ခန်းက အနားယူဖို့ နေရာတစ်ခု ပြင်ဆင်ထားပြီးသား ရှိပါတယ် အကြီးအကဲတို့ ကျေးဇူးပြုပြီး ကြွပါ"

"ကျွန်မလည်း အစကတော့ နေရာကူးပြောင်း အစီအရင်နဲ့ တိုက်ရိုက် ထွက်သွားချင်ခဲ့တာ.. ဒါပေမဲ့ တပ်မှူးလျောင်က ဒီရက်ပိုင်း အတွင်းမှာ လေလံပွဲ ကျင်းပတော့မယ်ဆိုတဲ့ ကောလဟာလတွေ ဖြန့်လိုက်တယ်... ရှားပါးပြီး ပစ္စည်းကောင်းတွေကို လေလံတင်မယ်လို့ ကြားတယ်... ဒါကြောင့် ဒီနားမှာ ရက်အနည်းငယ် ကြာအောင် နေကြတာပေါ့"

All Chapters