← Chapters

ကြိုးကိုင်သူ ပေါ်လာခြင်း

Vol. 113 Ch. 1171

ကြိုးကိုင်သူ ပေါ်လာခြင်း

Vol. 113 Ch. 1171

ဂျိရှင်းရှန်၊ ဖန်းလျန်နဲ့ ကောင်းကင်အရှင်ရွှင်တို့ဟာ ဘေးချင်းယှဉ်လျက် တရားထိုင်နေပါတယ်။ သူတို့ရှေ့မှာတော့ သွေးနီရောင် လူတစ်ယောက် ရှိနေပါတယ်။ ချူရှောင်ချီပါ။ ချူ‌ရောင်ချီရဲ့ ခန္ဓာကိုယ်ကို သွေးချီတွေ ဝိုင်းနေပြီး ကြမ်းတမ်းခက်ထန်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ချူရှောင်ချီဟာ တစ်ကိုယ်လုံး တုန်တက်နေပြီး စိတ်လွတ်သွားတဲ့ လူသားပုံစံ သားရဲတစ်ကောင်လိုမျိုး မျက်နှာကလည်း ရက်စက်ကြမ်းတမ်းနေပါတယ်။

ဖန်းလျန်က စိုးရိမ်တကြီး ပြောလိုက်ပါတယ် “ခံစားချက်တွေ မကောင်းဘူး၊ ငါတို့ ကစားခံလိုက်ရတာလား”

ဂျိရှင်းရှန်ဟာ မျက်လုံးတောင် မဖွင့်ပါဘူး “တစ်ဖက်လူက သူ့နာမည်ကိုတောင် ထုတ်မပြောဘူးဆိုတော့ တစ်ခုခု ကြံစည်နေတာ သေချာတယ်၊ ဒါပေမဲ့ ငါတို့မှာလည်း ငါတို့ လိုအပ်တာ ရှိတယ်၊ ငါတို့တွေ တာအိုဖန်တီးရှင် ဖြစ်ချင်ကြတာပဲ၊ ငါတို့တွေ အောင်မြင်ရင် သူ့ကို ယွမ်ရှီကျယ်ဝမ်ရဲ့ အကုသိုလ်ကံတွေ ကင်းစင်သွားအောင် ဝိုင်းဆေးကြောပေးကြမယ်”

ကောင်းကင်အရှင်ရွှင်က မေးလိုက်ပါတယ် “ဖန်တီးရှင်ကို ဘာလို့ သွားမရှာတာလဲ”

ဂျိရှင်းရှန်ဟာ မျက်လုံးဖွင့်ပြီး ကောင်းကင်အရှင်ရွှင်ကို တစ်ချက် ကြည့်လိုက်ပါတယ် “ဖန်တီးရှင်ကို အဲဒီလောက် လွယ်လွယ် တွေ့လို့ရမယ်ထင်နေတာလား”

“မင်း ဖန်တီးရှင်ကို တွေ့ရင်တောင် ဘာပြောမှာလဲ၊ မင်းရဲ့ ပညာသင်ညီအစ်ကိုတွေကို ရှာခိုင်းမှာလား၊ ဒါမှမဟုတ် တာအိုဖန်တီးရှင် ဖြစ်လာအောင် ကူညီခိုင်းရမှာလား၊ တာအိုဖန်တီးရှင် ဖြစ်လာဖို့ အဲဒီလောက် လွယ်နေလို့လား၊ ဟန်ဟွမ် ဟန်ထော်နဲ့ တခြားလူတွေတောင် အောင်မြင်ဖို့ အဝေးကြီး လိုသေးတယ်”

ကောင်းကင်အရှင်ရွှင်ဟာ တိတ်ဆိတ်သွားပါတယ်။ ကောင်းကင်အရှင်ရွှင်ဟာ ငယ်ငယ်လေးကတည်းက ဟန်ကျွယ်ကို လေးစားကြည်ညိုလာခဲ့တာပါ။ ဒါပေမဲ့ သူဟာ ဟန်ကျွယ်ကို တစ်ခါမှ ကိုယ်ပိုင်မျက်စိနဲ့ မမြင်ဖူးပါဘူး။ ဒီလိုဆိုပေမဲ့ ဟန်ကျွယ်က သူ့ရင်ထဲမှာ အရေးပါတဲ့နေရာကို ယူထားတုန်းပါ။

ဂျိရှင်းရှန် “တာအိုဖန်တီးရှင်က မဟာတာအိုပညာရှိချုပ် အားလုံးရဲ့ ဦးတည်ရာပဲ၊ ငါတို့တွေ ချူရှောင်ချီကို အသုံးချပေမဲ့ သူ ထိခိုက်သွားမှာကိုလည်း မလိုချင်ဘူး၊ ငါတို့တွေ တာအိုဖန်တီးရှင် ဖြစ်လာရင် သူ့ကို ငါတို့ဘက်ပါအောင် ဆွဲလိုက်တာ မကောင်းဘူးလား”

“သူ ယွမ်ရှီကျယ်ဝမ်ဆိုတာက မကြာခင် ပေါ်လာမှာပဲ၊ အဲဒီအချိန်ကျရင် လူတိုင်းက သူ့ကို ဝိုင်းသတ်လိမ့်မယ်၊ ဒါပေမဲ့ သူ တာအိုဖန်တီးရှင် ဖြစ်လာရင် ဒီအနှိုင်းမဲ့ပျက်စီးခြင်းဘေးကနေ လွတ်မြောက်သွားလိမ့်မယ်”

အဆုံးမဲ့ခေတ်တစ်ခုလုံးမှာ ခေတ်စားနေတဲ့ စကားတစ်ခု ရှိပါတယ်။ တာအိုဖန်တီးရှင်က အမွေဆက်ခံလို့ မရဘူး ဆိုတာပါ။ တာအိုဖန်တီးရှင် ဖြစ်လာဖို့ အခွင့်အရေး ကြီးကြီးမားမားနဲ့ အချိန်အကြာကြီး လိုအပ်ပါတယ်။

မဟုတ်ရင် ရှေးခေတ်ကစလို့ တာအိုဖန်တီးရှင်က လေးငါးပါးပဲ ရှိမှာ မဟုတ်ပါဘူး။

ဖန်တီးရှင်က သူ့ကို တာအိုဖန်တီးရှင် ဖြစ်လာအောင် မကူညီနိုင်ပါဘူး။ မဟုတ်ရင် ဖန်တီးရှင်ရဲ့ ကလေးတွေက တာအိုဖန်တီးရှင် ဖြစ်သွားတာ ကြာပါပြီ။ ဟန်ဟွမ်နဲ့ ဟန်လင်က ထိပ်တန်း တည်ရှိမှုတွေပါ။ သူတို့တောင် တာအိုဖန်တီးရှင် ဖြစ်လာဖို့ ကြိုးစားနေရပါတယ်။

ဖန်းလျန် “တော်ပြီ၊ ကျင့်ကြံအားထုတ်ကြတော့၊ ငါတို့တွေ ဗလာနယ်မြေကို အချိန်တစ်ခုအထိ ပြန်သွားလို့ရမှာ မဟုတ်ဘူး၊ ဒါက ငါတို့ရဲ့ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ဖို့ အခွင့်ကောင်းပဲ၊ ကောင်းကင်အရှင်ရွှင်... မင်းရဲ့ မဟာတာအိုကမ္ဘာကို မြန်မြန်ဖွင့်လှစ်တော့...”

ကောင်းကင်အရှင်ရွှင်ဟာ ခေါင်းညိတ်ပြီး မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံပါတယ်။

ချူရှောင်ချီဟာ ရုတ်တရက် ငြိမ်သက်သွားပြီး သူ့မျက်လုံးတွေဟာ မှင်တက်သွားပါတယ်။ ဒီအချိန်မှာ သူ့ဝိညာနက်ထဲက ချူရှောင်ချီဟာ ဖြည်းဖြည်းချင်း နိုးထလာပါတယ်။

ချူရှောင်ချီ မျက်လုံးဖွင့်လိုက်တဲ့အခါ အမှောင်ထုကို တွေ့မြင်လိုက်ရပါတယ်။ ချူ‌ရှောင်ချီဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်တဲ့အခါ တရင်းတနှီးရှိတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။

“ဘိုးဘိုး...”

ဟန်ကျွယ်က သူ့ကို အပြုံးနဲ့ ကြည့်နေပါတယ်။

ချူရှောင်ချီဟာ ဟန်ကျွယ်ဆီ အပြေးသွားပြီး စိတ်လှုပ်တရှား မေးလိုက်ပါတယ် “ဘိုးဘိုး... ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ၊ ဒါကရော ဘယ်နေရာလဲ”

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ချူရှောင်ချီကို သူ့ခန္ဓာကိုယ် အပြင်ဘက်က အခြေအနေကို ပြသလိုက်ပါတယ်။ ဒီအချိန် အတောအတွင်းမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ မှတ်ဉာဏ်အသွင် ပြောင်းလဲပြီး ချူရှောင်ချီရဲ့ စိတ်ထဲကို ဝင်လာတာကြောင့် ချူရှောင်ချီဟာ မှင်တက်သွားပါတယ်။

မကြာခင်မှာပဲ ချူရှောင်ချီဟာ တုန်ယင်သွားပါတယ်။ ချူရှောင်ချီဟာ ကြောက်လည်း ကြောက်သွားသလို ဒေါသလည်း ထွက်သွားပါတယ်။ တစ်ယောက်ယောက်က ဒီလို မကောင်းမှုတွေကို ကျူးလွန်ဖို့ သူ့ကို အသုံးချခဲ့တယ် မဟုတ်ပါလား။

တစ်ချိန်တည်းမှာပဲ ချူရှောင်ချီဟာ သူဘယ်သူလဲဆိုတာကို သိသွားပါတယ်။

ယွမ်ရှီကျယ်ဝမ်။

ချူရှောင်ချီဟာ ယွမ်ရှီကျယ်ဝမ်က မဟာတာအို အနန္တကပ်ဘေးမှာ သောင်းကျန်းခဲ့တဲ့ ကြောက်စရာကောင်းတဲ့ သားရဲမိစ္ဆာဆိုတာကို သိထားပါတယ်။ တစ်ခါတုန်းက ချူရှောင်ချီဟာ ယွမ်ရှီကျယ်ဝမ် သေမျိုးကမ္ဘာမှာ ပေါ်လာရင် ယွမ်ရှီကျယ်ဝမ်ကို သတ်ပြီး ကယ်တင်ရှင်လုပ်မယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ချူရှောင်ချီဟာ သူက ပုံပြင်ထဲက သူရဲကောင်းလည်း မဟုတ် ကယ်တင်ရှင်လည်း မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးကြီး ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။

ချူရှောင်ချီဟာ သူ့စိတ်ဆန္ဒက ခုန်ထွက်လို့ မရသေးတာကို ရှာတွေ့သွားပါတယ်။ အဲဒါကြောင့် ချူ‌ရှောင်ချီဟာ ဟန်ကျွယ်ကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ် “ဘိုးဘိုး... ကျွန်တော် ဘာလုပ်သင့်လဲ၊ ဘိုးဘိုး ကျွန်တော်ကို လာကယ်တာလား”

ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ဆက်ပြီးတော့ စောင့်ကြည့်ရအောင်”

ချူရှောင်ချီဟာ ချက်ချင်း စိတ်ငြိမ်သွားပါတယ်။

ဟန်ကျွယ်ဟာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ချူရှောင်ချီကိုလည်း သူ့ရှေ့မှာထိုင်ဖို့ အချက်ပြလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားပါတယ်။ ချူရှောင်ချီဟာ တာအိုနားထောင်ရင် သူ အန္တရာယ်ကြားထဲ ရောက်နေတယ် ဆိုတာကို မေ့သွားပါတယ်။

ဒီလိုနဲ့ နှစ်သန်းခြောက်ဆယ် ကုန်ဆုံးသွားပါတယ်။

ချူရှောင်ချီဟာ ဂျိရှင်းရှန်တို့သုံးယောက် ရုတ်တရက် မတ်တတ်ရပ်ပြီး သူ့ကို ဗလာနယ်မြေဆီ ခေါ်သွားကာ ထပ်သတ်ဖြတ်တော့မှာကို တွေ့လိုက်ရပါတယ်။ ဒေါသထွက်သွားတဲ့ ချူရှောင်ချီဟာ ဟန်ကျွယ်ဘက်လှည့်ပြီး မေးလိုက်ပါတယ် “ဘိုးဘိုး... ကျွန်တော်ကို ဘာလို့ မကယ်တာလဲ”

ဟန်ကျွယ် “မစိုးရိမ်ပါနဲ့၊ သူတို့လည်း အသုံးချခံနေရတာ၊ တကယ့် တရားခံက အခုထိ ပေါ်မလာသေးဘူး”

‘နောက်ကွယ်က ကြိုးကိုင်နေတဲ့သူ ရှိသေးတယ်’ ချူရှောင်ချီဟာ စိတ်တောင် မကူးရဲတော့ပါဘူး။ ဂျိရှင်းရှန်တို့ သုံးယောက်က သူ့အတွက် စွမ်းအားကြီးလှပါပြီ။ အခု သူတို့သုံးယောက်လည်း အသုံးချခံနေရတယ်ဆိုတော့...။

‘နောက်ကွယ်ကလူက တာအိုဖန်တီးရှင်လား...’

ဒီအတွေးကြောင့် ချူရှောင်ချီဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဘိုးဘိုး တစ်ဖက်လူက တာအိုဖန်တီးရှင်ဆိုရင် ဘိုးဘိုး သူ့ကို ရင်ဆိုင်နိုင်ပါ့မလား”

ဒဏ္ဍာရီထဲမှာ တာအိုဖန်တီးရှင်အဆင့်က အမြင့်ဆုံးပါ။ ပြိုင်ဘက်ကင်းပါတယ်။ ဖန်တီးရှင်က တာအိုဖန်တီးရှင်တွေထက် အဆင့်အတန်း မြင့်မားရုံပါ။ တကယ်တမ်း တိုက်ခိုက်ရင် ဖန်တီးရှင်က တာအိုဖန်တီးရှင်တွေကို သတ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုသာဆိုရင် တာအိုဖန်တီးရှင်တွေကြားထဲမှာ ရန်ငြိုးရန်စတွေ ရှိတော့မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းရဲ့ ဘိုးဘိုးကို အဲဒီလောက်တောင် အထင်သေးတာလား”

ချူရှောင်ချီဟာ မှင်တက်သွားပြီး မျက်လုံးထဲမှာ မျှော်လင့်ချက်တွေ ပြည့်သွားပါတယ်။ တာအိုဖန်တီးရှင်တွေရဲ့ တိုက်ပွဲကိုလည်း ကြည့်ချင်လာပါတယ်။

ဂျိရှင်းရှန်တို့သုံးယောက်ဟာ အဆုံးမဲ့ခေတ်မှာ သောင်းကျန်းဖို့ ချူရှောင်ချီကို ခေါ်သွားပါတယ်။ ဒါပေမဲ့ သူတို့တွေ ပေါ်လာပြီး အသက်ရှူကြိမ် နှစ်ကြိမ် မပြည့်ခင်မှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ လူသုံးယောက် ပေါ်လာပါတယ်။ ဒီသုံးယောက်က လောကဦး နတ်ဘီလူးတွေပါ။

“ဆရာ...”

ချူရှောင်ချီဟာ စိတ်လှုပ်တရှား လက်သီးဆုပ်လိုက်ပါတယ်။ ချူရှောင်ချီဟာ ရင်ထဲမှာလည်း ထိသွားပါတယ်။ သူ့ဆရာက သူ့ကိုလာကယ်တယ် မဟုတ်ပါလား။

ဟန်ဟွမ်တို့ သုံးယောက်ဟာ စကားတစ်ခွန်း အပိုမဆိုဘဲ တိုက်ခိုက်ပါတယ်။ လောကဦးပဋိပက္ခ သုံးပါး ပေါင်းစည်းသွားကတည်းက ဟွမ်ဇွမ်တျန်နဲ့ မူလလောကဦးရဲ့ ကျင့်ကြံမှုတွေဟာ ဟန်ဟွမ်ရဲ့ ကျင့်ကြံမှုကို လိုက်မီလာပါတယ်။

သူတို့ရဲ့ ကျင့်ကြံမှုတွေက ထပ်တူကျပါတယ်။ သူတို့ရဲ့ စွမ်းအားတွေ မတူညီတာက အရည်အချင်းနဲ့ ဆန်းကြယ်စွမ်းအားမှာပါ။

သူတို့သုံးယောက်ဟာ လောကဦးနတ်ဘီလူးအသွင် ပြောင်းလဲလိုက်ပါတယ်။ သူတို့ရဲ့ ကိုယ်ဟန် အနေအထားက လောကဦးနတ်ဘီလူးလို့ ခေါ်ဖို့ ထိုက်တန်ပါတယ်။

ချူရှောင်ချီဟာ အံ့ဩတကြီး ဖြစ်သွားပါတယ်။ မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်ဟာ ဖိနှိပ်ခံလိုက်ရပါတယ်။

ဟန်ဟွမ်ဟာ ဂျိရှင်းရှန်တို့ သုံးယောက်ကို တိုက်ခိုက်ပါတယ်။ ပထမတော့ ဟန်ဟွမ်ဟာ ဂျိရှင်းရှန်တို့ သုံးယောက်ကို မထိနိုင်ပါဘူး။ ဒါပေမဲ့ ဟန်ဟွမ်ဟာ တာအိုဖန်တီးရှင် အဆင့်အောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူတို့ရဲ့ အားနည်းချက်ကို ရှာတွေ့သွားပြီး သူတို့သုံးယောက်ကို မူလ ကာလဒေသထဲကနေ ဆွဲထုတ်လိုက်ပါတယ်။

တကယ့်စွမ်းအားချင်းယှဉ်ရင် ဂျိရှင်းရှန်တို့ သုံးယောက်က ဟန်ဟွမ်ကို မယှဉ်နိုင်ပါဘူး။ သူတို့သုံးယောက်ဟာ ခပ်မြန်မြန်ပဲ ရှုံးနိမ့်သွားပါတယ်။ တကယ့် အရေးကြီး အခြေအနေမှာပဲ လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခု ဆင်းသက်လာပြီး ဂျိရှင်းရှန်တို့ သုံးယောက်ကို လွှမ်းမိုးသွားပါတယ်။

“သူ ရောက်လာပြီ” ဟန်ကျွယ်ဟာ ပြုံးပြီး အသာပြောလိုက်ပါတယ်။

ချူရှောင်ချီ “နောက်ကွယ်က ကြိုးကိုင်တဲ့လူလား”

ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ပါဘူး။ ပြုံးပဲ ပြုံးလိုက်ပါတယ်။

ဂျိရှင်းရှန်တို့ သုံးယောက်ဟာ မူလ ကာလဒေသကို ပြန်ရောက်သွားပါတယ်။ ဒီနေရာမှာရှိတဲ့ မူလ ကာလဒေသဟာ သီးခြားတည်ရှိတဲ့ ပြင်ညီတစ်ခုပါ။ မူလ ကာလဒေသရဲ့ အကိုင်းအခက် တစ်ခုလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ပုန်းဖို့ သုံးတဲ့နေရာပါ။

ဒီအချိန်မှာပဲ ချူရှောင်ချီရဲ့ ဝိညာဉ်နက်ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရောင်ဝါတစ်ရောင် ပေါ်လာပါတယ်။ အရိပ်နက်ဟာ ဟန်ကျွယ်ဘေးမှာ ပေါ်လာပြီးနောက် ချက်ချင်း ပြန်ပျောက်ကွယ်သွားပါတယ်။

“မင်းက ထွက်သွားချင်တာလား၊ နောက်ကျသွားပြီ” ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ဘေးပတ်ဝန်းကျင်က အမှောင်ထုဟာ ကွဲကြေသွားပြီး ဟန်ကျွယ်နဲ့ ချူရှောင်ချီရဲ့ သိစိတ်ဟာ နောက်ထပ် ဟင်းလင်းပြင်တစ်ခုဆီ ရောက်သွားပါတယ်။

သူတို့ရှေ့မှာတော့ နက်မှောင်နီရဲနေပါတယ်။ ဒီအထဲမှာ အလွန်တရာ တန်ခိုးစွမ်းအား ကြီးမားတဲ့ ရုပ်သွင်တစ်သွင် ပုန်းအောင်းနေပါတယ်။ မဟာတာအိုပညာရှိချုပ်ဖြစ်တဲ့ ချူရှောင်ချီတောင် သူ့ကို ကြည့်ပြီး လန့်သွားပါတယ်။

“မင်း...”

ဒေါသထွက်နေတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ထူးဆန်းတယ်လို့ မထင်ဘူးလား၊ သူက မင်းခန္ဓာကိုယ်ထဲမှာ မင်းသိစိတ်ကိုပဲ မြင်တယ်၊ ဒါပေမဲ့ အထဲကို ရောက်တာနဲ့ ငါ့ကို ရှာတွေ့သွားတယ်”

ချူရှောင်ချီဟာ တော်တော်လေးကိုမှ ရင်ထိတ်သွားပြီး စကားမပြောရဲပါဘူး။

“ဟမ်... ဒါက ဖန်တီးရှင်ရဲ့ စွမ်းအားလား၊ ငါ တကယ်ပဲ မထင်ထားမိဘူး၊ ဖန်တီးရှင်က စွမ်းအားကြီးပေမဲ့ အနည်းဆုံးတော့ တာအိုဖန်တီးရှင်နဲ့ လောကကြီး ခြားမနေဘူး၊ ငါ ဒီလောက် အချိန်အကြာကြီး ဂရုစိုက်လာခဲ့တာတောင် နောက်ဆုံးတော့ ဖမ်းမိသွားသေးတာပဲ”

ဒီစွမ်းအားကြီးပုဂ္ဂိုလ်က နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးပါ။ သူ့ခန္ဓာကိုယ်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးအဖြစ် အသွင်ပြောင်းလဲထားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters