← Chapters

တာအိုဖန်တီးရှင်အသစ်

Vol. 113 Ch. 1176

တာအိုဖန်တီးရှင်အသစ်

Vol. 113 Ch. 1176

ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ စကားက မှန်လောက်တယ်လို့ ခံစားလိုက်ရပါတယ်။ ဗလာနယ်မြေက တကယ်ကို စိတ်ဆန္ဒတစ်ခု မွေးဖွားလာနိုင်ပါတယ်။ သူ့စနစ်ကလည်း ဗလာနယ်မြေရဲ့ ဖန်တီးမှု စိတ်ဆန္ဒပါ။

ဒါပေမဲ့ အဲဒီစိတ်ဆန္ဒက ဗလာနယ်မြေဟာ သူ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ ဟန်ကျွယ်ကို ပြောခဲ့ဖူးပါတယ်။ နောက်ကျရင် ဗလာနယ်မြေက သူ့ကို ခုခံတာ ငြင်းဆန်တာတွေ ဖြစ်လာနိုင်တယ် ဆိုပြီးတော့ပေါ့။

ဒီအချက်တွေကနေ ဟန်ကျွယ်ဟာ ဆံဖြူအမျိုးသားက ဘယ်သူဘယ်ဝါ ဆိုတာကို ခန့်မှန်းလိုက်နိုင်ပါတယ်။ ဗလာနယ်မြေရဲ့ စိတ်ဆန္ဒ အသွင်ယူတာကနေ လွဲပြီး ဟန်ကျွယ်ဟာ လောလောဆယ်မှာ သူ့ကို ခြိမ်းခြောက်နိုင်တဲ့လူ တစ်ယောက်မှကို တွေးလို့မရပါဘူး။

နောက်ထပ် အန္တိမမူလ နတ်ဘီလူးတစ်ပါး ဒါမှမဟုတ် ဒီထက်စွမ်းအားကြီးမားတဲ့ တည်ရှိမှုတစ်ခု အနာဂတ်မှာ မွေးဖွားလာရင်တော့ တစ်မျိုးပေါ့။

“အနာဂတ်မှဆိုတော့ အေးဆေး စောင့်ကြည့်ကြတာပေါ့” ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ်။

နဝမပဋိပက္ခဟာ ခေါင်းညိတ်လိုက်ပါတယ်။

အိပ်မက်လည်း အဆုံးသတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဗလာနယ်မြေကို ဆက်ကြည့်ပြီး သက်ရှိအားလုံးရဲ့ အတွေ့အကြုံတွေကို သူကိုယ်တိုင် ခံစားနေသလိုမျိုး ကြည့်ရှုပါတယ်။ ဖန်တီးရှင်သခင်တောင် စိတ်ကူးရတာ ကြိုက်ပါတယ်။

အချိန်တစ်ခု ကြာတဲ့အခါ ဟန်ကျွယ်ဟာ ပျင်းသွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ တံခါးပိတ် ကျင့်ကြံတဲ့ ကြာချိန်ကို တိုးဖို့ ပြင်ဆင်ပါတယ်။

တစ်ဘီလီယံထိ တိုးမှာပါ။။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ သက်ရှိအားလုံးရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားပါပြီ။ သူ ဘယ်လောက်ပဲ တံခါးပိတ် ကျင့်ကြံ ကျင့်ကြံ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ သက်ရှိတွေရဲ့ အရေးကိစ္စမှာ ဝင်ပါရတာကိုလည်း စိတ်မဝင်စားပါဘူး။

သာလွန်နတ်ခန်းမ။

ခန်းမထဲမှာ တာအိုဖန်တီးရှင်ငါးပါး စုဝေးနေကြပါတယ်။ သူတို့တွေက သဏ္ဍာန်မဲ့နတ်မင်း၊ ယင်ယန်ချွမ်တုနတ်မင်း၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်၊ ပဋိပက္ခသိစိတ်နဲ့ နဝမပဋိပက္ခတို့ပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ ဘေးချင်းယှဉ်ရပ်ပြီး တံခါးဝကို ကြည့်နေကြပါတယ်။ တောက်ပတဲ့အလင်းရောင်က ခန်းမတံခါးဝမှာ ပြည့်နှက်နေတာကြောင့် သူတို့တွေဟာ အပြင်ဘက်က အရာတွေကို မမြင်နိုင်ကြပါဘူး။

“ဟန်ဟွမ်နဲ့ တာအိုဘိုးဘေးမှာ ဘယ်သူက အရင်ဆုံး တာအိုဖန်တီးရှင် ဖြစ်လာမယ်လို့ ထင်လဲ”

ပဋိပက္ခသိစိတ်ဟာ ပြုံးလိုက်ပါတယ်။ ရည်မှန်းချက်တွေကို ဘေးဖယ်လိုက်တာကြောင့် လွန်ခဲ့တဲ့ နှစ်တစ်ဘီလီယံမှာ သူတို့ရဲ့ ဆက်ဆံရေးတွေက ပြန်လည် ကောင်းမွန်လာပါတယ်။ သူတို့တွေဟာ ဟိုးအရင်တုန်းက အခြေအနေကို ပြန်ရောက်သွားကြပြီး သက်ရှိအားလုံးရဲ့ အောင်မြင်မှု ကျရှုံးမှုအပေါ်မှာ ပြုံးမိကြပါတယ်။

နဝမပဋိပက္ခက မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “တာအိုဘိုးဘေး ဖြစ်နိုင်တယ်၊ အရင်တုန်းကတောင် သူ မျှော်လင့်ချက် ရှိခဲ့တယ်၊ ဒါပေမဲ့...”

နဝမပဋိပက္ခက စကားကို ဆုံးအောင် မပြောပေမဲ့ တခြား တာအိုဖန်တီးရှင် လေးပါးဟာ ဘာကို ဆိုလိုလဲဆိုတာ နားလည်ပါတယ်။

ယင်ယန်ချွမ်တုနတ်မင်းဟာ သရော်ပြုံး ပြုံးလိုက်ပါတယ် “ငါတော့ ဟန်ဟွမ်လို့ ထင်တယ်၊ တာအိုဘိုးဘေးက လောကဦးနတ်ဘီလူး သုံးပါးပေါင်းကို မယှဉ်နိုင်လောက်ဘူး”

ပဋိပက္ခသိစိတ်နဲ့ သဏ္ဍာန်မဲ့နတ်မင်းဟာ တာအိုဘိုးဘေး အရင်ဆုံး တာအိုဖန်တီးရှင် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

တာအိုဖန်တီးရှင်က တခြား တာအိုဖန်တီးရှင်ကို တွက်ချက်လို့ မရပါဘူး။ အခု သူတို့မျက်လုံးထဲမှာ တာအိုဘိုးဘေးရော ဟန်ဟွမ်ရော နှစ်ယောက်စလုံး အောင်မြင်နိုင်ခြေ ရှိပါတယ်။ ဘယ်သူ အရင်ဆုံး တာအိုဖန်တီးရှင် ဖြစ်လာမလဲပဲ မသိတာပါ။

အဲဒီနောက် တာအိုဖန်တီးရှင် ငါးပါးဟာ ဘယ်သူက အရင်ဆုံး တာအိုဖန်တီးရှင် ဖြစ်လာမလဲဆိုတာကို ဆွေးနွေးကြပါတယ်။

အတန်ကြာသွားတဲ့အခါမှာတော့ ကြောက်မက်ဖွယ် ဖိအားတစ်ခု ဆင်းသက်လာပြီး သာလွန်နတ်ခန်းမ တစ်ခုလုံး တုန်ခါသွားပါတယ်။

အဲဒီနောက် ခန်းမထဲကို တောက်ပတဲ့ အလင်းရောင်တွေနဲ့ လူတစ်ယောက် ဝင်လာပါတယ်။

တာအိုဘိုးဘေးပါ။

တာအိုဘိုးဘေးဟာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်တွေ ဖြူဖွေးနေပါတယ်။ လက်ထဲမှာ မဟာတာအိုသုံးထောင် ကြိုးမျှင်တွေကနေ ဖြစ်တည်လာတဲ့ မြင်းမြီးယပ်ကို ကိုင်ထားပါတယ်။

သူ့ကို ကြည့်ပြီး နဝမပဋိပက္ခလွဲရင် ကျန်တဲ့ တာအိုဖန်တီးရှင် လေးပါးစလုံး မှင်တက်သွားကြပါတယ်။ သူတို့တွေဟာ သူတို့တွေ မှားလိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။ နဝမပဋိပက္ခ တစ်ယောက်ပဲ မှန်ပါတယ်။

တာအိုဘိုးဘေးဟာ သူတို့ရှေ့မှာရပ်ပြီး လက်သီးဆုပ်လိုက်ပါတယ် “ငါ့နာမည်က ဟုန်ကျွင်းပါ၊ တွေ့ရတာ ဝမ်းသာပါတယ်၊ တာအိုရောင်းရင်းတို့...”

‘တာအိုရောင်းရင်းတို့...’ တာအိုဖန်တီးရှင်ငါးပါးဟာ သက်ပြင်းချလိုက်ပါတယ်။ ဟုတ်ပါတယ်၊ ဒီနေ့ကစပြီး သူတို့တွေက တစ်တန်းတည်း ဖြစ်သွားကြပါပြီ။

သူတို့တွေ စကားမပြောနိုင်ခင်မှာပဲ နောက်ထပ် ကြောက်စရာကောင်းတဲ့ ရောင်ဝါတစ်ခု ဆင်းသက်လာပြီး ခန်းမထဲကို ဟန်ဟွမ် ဝင်လာပါတယ်။

ဟန်ဟွမ်ဟာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရန်လိုမှုတွေ လုံးဝ မရှိတော့ပါဘူး။ သူ့စရိုက်ကို လုံးဝ သိမ်းထားတဲ့အတွက် လောကဦးနတ်ဘီလူးနဲ့ ဆက်စပ်ဖို့ဆိုတာ ခက်ခဲသွားပါတယ်။

တာအိုဘိုးဘေးက ဟန်ဟွမ်ကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်းလည်း ရောက်လာပြီပဲ”

ဟန်ဟွမ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “မင်းက တကယ်ကို ပိုမြန်တာပဲ၊ ဒါပေမဲ့ ငါတို့တွေ အတွက် ဘယ်သူမြန်တယ် နှေးတယ်ဆိုတာက အရေးမကြီးပါဘူး၊ တစ်နေ့တည်းပဲမလား”

တာအိုဘိုးဘေးဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။

သူတို့နှစ်ယောက်က နှစ်တွေအကြာကြီး မိတ်ဆွေတွေ ဖြစ်ခဲ့သလိုမျိုးပါပဲ။

သဏ္ဍာန်မဲ့နတ်မင်းက အပြုံးနဲ့ မေးလိုက်ပါတယ် “မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်တို့ရော...”

“သူတို့တွေက သူတို့ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်နေတုန်း၊ မင်းတို့နဲ့ကြိုတွေ့ဖို့ ငါ့ကို လွှတ်လိုက်တာ”

ဒီနေ့ကစပြီး သူဟာ တာအိုဖန်တီးရှင် အသိုင်းအဝိုင်းထဲကို ရောက်သွားပါပြီ။ ဟန်ဟွမ်ဟာ အပြင်ပန်းမှာ တည်ငြိမ်တယ်လို့ ထင်ရပေမဲ့ အတွင်းထဲမှာတော့ စိတ်နည်းနည်း လှုပ်ရှားနေပါတယ်။

ဟန်ဟွမ်ဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ပြီး စပ်စုလိုက်ပါတယ် “ဖန်တီးရှင်က ဘယ်မှာလဲ”

‘တာအိုဖန်တီးရှင်တွေ အကုန်လုံး ဒီမှာ ရှိနေတာပဲ၊ ငါ့အဖေက ဘာဖြစ်လို့ ဒီကို မလာတာလဲ’

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ပြုံးလိုက်ပါတယ် “ဒါက တာအိုဖန်တီးရှင်ရဲ့ နယ်မြ၊ မင်းအဖေက တာအိုဖန်တီးရှင် မဟုတ်တော့ဘူး၊ သူက ဒီထက်မြင့်မားတဲ့အဆင့်ကို ရောက်သွားပြီ”

ဟန်ဟွမ်ဟာ တစ်ခဏမှင်တက်သွားပြီး ခေါင်းခါကာ ရယ်မောလိုက်ပါတယ်။ ဟန်ဟွမ်ဟာ အံ့အားသင့်ခြင်း မရှိဘဲ ဒါက ဖြစ်သင့်တယ်လို့ ခံစားလိုက်ရပါတယ်။

တာအိုဖန်တီးရှင် ၇ ပါးဟာ ဝိုင်းဖွဲ့ထိုင်ပြီး တာအိုအကြောင်း ဆွေးနွေးကြပါတယ်။ တာအိုဖန်တီးရှင်တိုင်းက လျှောက်တဲ့လမ်း မတူညီကြပါဘူး။ အဲဒါကြောင့် အချင်းချင်း တာအိုဆွေးနွေးတာက အကုန်လုံးအတွက် အကျိုးရှိပါတယ်။

တာအိုဘိုးဘေးနဲ့ လောကဦးနတ်ဘီလူးသုံးပါး တာအိုဖန်တီးရှင် ဖြစ်သွားတဲ့ သတင်းက အဆုံးမဲ့ခေတ်မှာ တောမီးလို ပျံ့နှံ့သွားပါတယ်။

ဟန်ကျွယ်လည်း တံခါးပိတ် ကျင့်ကြံတာကို အဆုံးသတ်လိုက်ပါတယ်။ ဒီတစ်ခါ တံခါးပိတ် ကျင့်ကြံတာက တစ်ဘီလီယံ ကြာပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး လျင်လျင်မြန်မြန် ကြီးမားကျယ်ပြန့်လာတဲ့ လောကဦးပဋိပက္ခနဲ့ ပဋိပက္ခကို ကြည့်ကာ သက်ပြင်းချလိုက်ပါတယ်။ ဒါက ဟန်ကျွယ် ခန့်မှန်းထားတဲ့ အနာဂတ်ထက် နည်းနည်း ပိုစောပါတယ်။

အနာဂတ်က ဆက်တိုက် ပြောင်းလဲနေတဲ့အတွက် ဟန်ကျွယ်လည်း ပြောင်းလဲမှုနောက်ကို လိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပြီးခဲ့တဲ့ တစ်ဘီလီယံမှာ ကျင့်ကြံအားထုတ်တာနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။

ဟန်ကျွယ်ဟာ ဂရုတစိုက် ကြည့်လိုက်တဲ့အခါ အနာဂတ် ပြောင်းလဲသွားတာက လောကဦးပဋိပက္ခနဲ့ ပဋိပက္ခကို အခြေခံနိယာမက ဓာတ်ပြုလိုက်လို့ဆိုတာ တွေ့လိုက်ရပါတယ်။ ဒါက တိုက်ဆိုင်မှုပဲလား၊ အဆုံးမဲ့ခေတ်ရဲ့ ဖန်တီးမှုပဲလား မသိနိုင်ပါဘူး။

ဟန်ဟွမ်နဲ့ တာအိုဘိုးဘေး ခုနစ်ပါးမြောက် အထွတ်အထိပ် နိယာမကို ခဲတုန်းက သူတို့ရဲ့ မဟာတာအိုကမ္ဘာထဲကို အခြေခံနိယာမတွေ ဝင်လာခဲ့တဲ့အတွက် သူတို့ကို ပိုပြီးတော့ စွမ်းအားကြီးသွားစေပါတယ်။

လက်ရှိမှာ ဟန်ဟွမ်နဲ့ တာအိုဘိုးဘေးက ပဋိပက္ခသိစိတ်နဲ့ တာအိုဖန်တီးရှင် အဆင့်ထဲကို ရောက်ခါစ တခြားလူတွေထက် စွမ်းအားပိုကြီးပါတယ်။ အများကြီး စွမ်းအားကြီးတာတော့ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ အနာဂတ်ကို လှမ်းကြည့်လိုက်တဲ့အခါ တတိယမြောက် တာအိုဖန်တီးရှင်က နှစ်ပေါင်း လေးဘီလီယံအတွင်း မွေးဖွားလာမှာကို တွေ့လိုက်ရပါတယ်။ ဒီတတိယမြောက် တာအိုဖန်တီးရှင်က ဟန်လင်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

ဟန်လင်ပြီးတဲ့အခါမှာတော့ တာအိုဖန်တီးရှင် ဖြစ်လာမဲ့ လူတွေက အစီအစဉ် နည်းနည်း ပြောင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်လင်ပြီးရင် တာအိုဖန်တီးရှင် ဖြစ်လာမဲ့လူက ဟန်လျန်ဖြစ်နေလို့ပါပဲ။

ဒါကလည်း မထူးဆန်းပါဘူး။ တာအိုဖန်တီးရှင်နှစ်ပါးက နောက်ကနေ ထောက်ပံ့ အားပေးနေတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲကနေ လမ်းလျှောက် ထွက်လိုက်ပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော်တွေဟာ ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းမှာ စုဝေးပြီး ဟန်ဟွမ် တာအိုဖန်တီးရှင် ဖြစ်လာမှုအတွက် ဂုဏ်ပြုပွဲ ကျင်းပနေကြပါတယ်။

သူတို့တွေဟာ ဟန်ကျွယ်ကို သတိမထားမိကြပါဘူး။ ဟန်ကျွယ်က သူ့ရောင်ဝါကို မထုတ်လွှတ်ရင် ဘယ်သူမှ သူ့ကို အာရုံမခံနိုင်ပါဘူး။

ချင်းလွမ်အာဟာ သက်ပြင်းချလိုက်ပါတယ် “ဟွမ်အာက တကယ်ကို စွမ်းအားကြီးတယ်၊ သူ့စရိုက်ကလည်း အများကြီး ပြောင်းလဲသွားပြီ၊ နားအထူဆုံး ကလေးက အသိတတ်ဆုံး ဖြစ်သွားလိမ့်မယ်လို့ ထင်မထားဘူး”

ချန်ယွီအာဟာ ပြုံးလိုက်ပါတယ် “ဟန်ထော်လည်း ရောက်လာမှာပါ”

“နောက်တစ်ယောက်က လင်အာပဲ”

“ဟုတ်လောက်တယ်၊ ဘာပဲဖြစ်ဖြစ် ချင်းအာနဲ့ ယွင်ကျင်းကတော့ အခွင့်အရေးရှိမှာ မဟုတ်ဘူး”

“ခစ်ခစ်... သူတို့တွေ တာအိုဖန်တီးရှင် မဖြစ်လာလည်း ကိစ္စမရှိပါဘူး၊ ဘယ်သူက သူတို့ကို အနိုင်ကျင့်ရဲမှာလဲ”

“ငါ့မြေး ဟန်လျန်ကလည်း ဖြစ်နိုင်ခြေတော့ ရှိပါတယ်”

“မြေးအကြောင်း ပြောရရင် ကောင်းကင်အရှင်ရွှင်နဲ့ ချူရှောင်ချီက မတည့်ဘူး၊ သူတို့ရဲ့ အဘွားအနေနဲ့ ဒီကိစ္စကို မဖြေရှင်းပေးသင့်ဘူးလား”

မိန်းမတွေဆုံရင် ပြောစရာစကား မကုန်ဘူးဆိုတာ အပိုပြောတာ မဟုတ်ပါဘူး။ သူတို့ထဲမှာ ရှင်းဟုန်ရွှမ်က အထင်ပေါ်ဆုံးပါ။ အိပ်မက်မယ်တော်အနေနဲ့ သက်ဝင်ယုံကြည်မှု အများကြီးကို စုပ်ယူခဲ့တာကြောင့် ရှင်းဟုန်ရွှမ်ဟာ နတ်ဘုရားမတစ်ပါး ဖြစ်နေပါပြီ။

အဲဒါကြောင့် ကျင့်ကြံမှုမှာ ထူးချွန်တဲ့ လီယောင်တောင် သူ့ရှေ့မှာ သာမန်လို့ ဖြစ်နေပါတယ်။

ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါတော့ လီယောင်လည်း တာအိုဖန်တီးရှင် ဖြစ်လာနိုင်တယ်လို့ ထင်တယ်”

မိန်းမတွေဟာ ဟန်ကျွယ်ကို တအံ့တဩ ဝိုင်းကြည့်ပြီး ချက်ချင်းဝန်းရံလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ လက်မောင်းတွေကို ဝိုင်းဆွဲပါတယ်။

ဟန်ကျွယ်ဟာ သူ့မိန်းမတွေ ခုတင်ပေါ် ဆွဲတင်တာခံရပြီး တစ်ကိုယ်လုံး ပွတ်သပ်ခံလိုက်ရပါတယ်။

သူတို့တွေဟာ ဟန်ကျွယ်ကို တစ်ဘီလီယံကြာအောင် မတွေ့ရတဲ့အတွက် အခုလိုမျိုး ရုတ်တရက် တွေ့လိုက်ရတဲ့အခါ ပျော်ရွှင်သွားကြပါတယ်။

လီယောင်က မျက်တောင်ခတ်ပြီး မေးလိုက်ပါတယ် “မိန်းမ တာအိုဖန်တီးရှင်ဖြစ်ဖို့က ဘယ်လောက်ကြာမှာလဲ”

အထွတ်အထိပ် နိယာမကို ခဲယူဖို့က လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ အဲဒါကြောင့် လီယောင်ဟာ ဘယ်လောက် ကြာမယ်ဆိုတာကို မခန့်မှန်းတက်ပါဘူး။

ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “နောက်ပြီးကျရင် ငါ မင်းကို လမ်းညွှန်ပေးမယ်”

လီယောင်ဟာ ကျေနပ်အံ့အားသင့်သွားပါတယ်။ သူမရဲ့ နူးညံသိမ်မွေ့တဲ့ အကြည့်က ဟန်ကျွယ်ရဲ့ နှလုံးသားကို အရည်ပျော်သွားစေပါတယ်။

ဝူတောက်ကျန့်က စိတ်လှုပ်တရှား မေးလိုက်ပါတယ် “ကျွန်မကရော... ကျွန်မကရော...”

“မင်းလား... အိပ်မက်မက်နေတာ ရပ်တော့”

ဟန်ကျွယ်ရဲ့ စကားကြောင့် ဝူတောက်ကျန့်ရဲ့ ချောမောလှပတဲ့ မျက်နှာလေးဟာ ဆူပုတ်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters